Go to full page →

အသင်းတော်တွင် ရှိသော ဆင်းရဲသူတို့အဖို့ ကျွန်ုပ်တို့၏ တာဝန်။ CCB1 253

ကျွန်ုပ်တို့ အသင်းတော်အတွင်း၌ပင် အမြဲသဖြင့် ဆင်းရဲသော လူ နှစ်စား ရှိပေသည်။ မိမိတို့ သဘောအတိုင်း ပြုမူနေထိုင်လျက် မိမိတို့၏ ကျူးလွန်ခြင်း အမှုတွင် ဆက်လက် ပြုကျင့်နေသော သူများ နှင့် သမ္မာတရားကြောင့် ကြပ်တည်းသော အခြေအနေသို့ ရောက်သွားရသော သူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်နှင့် စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ရကြမည် ဖြစ်၍ ကျွန်ုပ်တို့သည် ကောင်းသော ဉာဏ်ပညာဖြင့် လမ်းပြ အကြံပေးသည်အတိုင်း ဤလူ နှစ်စားတို့အား မှန်ကန်သော အရာကို ပြုလုပ်ပေးရကြမည်။ CCB1 253.2

သခင်ဘုရား၏ ဆင်းရဲသူများအတွက် ဆင်ခြင်နေစရာ အကြောင်း မရှိ။ သူတို့၌ အကျိုး ရှိစေဖို့ရန် အမှုကိစ္စတိုင်း၌ သူတို့ကို မစကူညီရမည်။ CCB1 253.3

ဘုရားသခင်သည် သူတို့ကို ပျက်စီးစေရန် စွန့်ပစ်ထားတော်မမူကြောင်း အပြစ်ရှိသော လောကအား ဘုရားသခင်၏ လူများက ဖော်ပြစေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။ သမ္မာတရားအတွက် မိမိတို့၏ အိမ်မှ နှင်ထုတ်ခြင်း ခံရ၍ ဒုက္ခရောက်နေသော သူတို့ကို မစကူညီရန် အထူးသဖြင့် ပင်ပန်းခံရ မည်။ စိတ်သဘောထားကြီး၍ ရက်ရောစွာ ပေးကမ်းသော သူ၊ မိမိ ကိုယ်ကို ငြင်းပယ်၍ သခင်ဘုရား ချစ်တော်မူသော ဤသူတို့၏ ကိစ္စကို ဂရုစိုက် သတိပြုသော သူ သာ၍ များပြားလာဖို့ လိုပေသည်။ ဘုရားသခင်၏ လူတို့အထဲတွင် ဆင်းရဲသူတို့၌ လိုအပ်သော အရာတို့ကို ပေးကမ်း ဖြည့်စွက်ရမည်။ သူတို့သည် အသက်မွေးမှုအတွက် အလုပ်ကိစ္စ တစ်ခုခု ရရှိနိုင်မည် အကြောင်း သူတို့အတွက် နည်းလမ်း တစ်ခုခုကို ရှာဖွေပေးရမည်။ အချို့တို့သည် အလုပ်လုပ်ဖို့ သင်ကြား ပြသပေးခြင်းကို လိုကြသည်။ အလုပ်ကို ပင်ပန်းစွာ လုပ်၍ အိမ်ထောင်ကို ထောက်ပံ့ရန် မိမိတို့ အစွမ်းကုန် ကြိုးစား ပင်ပန်းခံနေရသော အခြား သူတို့အား အထူး အကူအညီကို ပေးရမည်။ ဤကဲ့သို့သော ကိစ္စတို့၌ ကျွန်ုပ်တို့သည် စိတ်ဝင်စားခြင်း ရှိလျက် သူတို့အား အလုပ် ရရှိစေဖို့ ကူညီရမည်။ ဘုရားသခင်ကို ချစ်၍ ပညတ်တော်ကို စောင့်လျက် ဆင်းရဲသော အိမ်ထောင်များကို ထိုကန်တန်သလောက် ကူညီရန် ရံပုံငွေများ ထားသင့်သည်။ CCB1 253.4

ဘုရားသခင်ကို ချစ်၍ စကားတော်ကို နားထောင်သော သူ အချို့သည် အကြောင်းအရာ တစ်ချို့ကြောင့် ဆင်းရဲခြင်းသို့ ရောက်ရကြ၏။အချို့တို့သည် သတိမရှိကြ၊သူတို့သည် မည်ကဲ့သို့ စီမံအုပ်ချုပ်ရမည်ကို မသိကြ။ အခြားသူတို့သည် ဖျားနာခြင်း အကြောင်း မကောင်းခြင်းကြောင့် ဆင်းရဲလာကြ၏။ မည်ကဲ့သို့သော အကြောင်းပင် ဖြစ်သော်လည်း၊ သူတို့သည် ဒုက္ခရောက်လာသဖြင့်၊ သူတို့အား မစကူညီခြင်း အမှုသည် အရေးကြီးသော သာသနာပြု လုပ်ငန်း တစ်ခု ဖြစ်လာ၏။ CCB1 254.1

အသင်းတော် တစ်ခု တည်ထောင်ထားသော နေရာတိုင်း၌ အသင်းသားတို့သည် ဆင်းရဲသော အသင်းသားတို့အတွက် သစ္စာနှင့် အမှုဆောင်ရွက်ရမည်။ သို့ရာတွင် သူတို့သည် ဤမျှလောက်နှင့် ရပ်မနေသင့်။ မည်ကဲ့သို့သော ဘာသာတရားကို ယုံကြည်သည် ဖြစ်စေ၊ အခြားသူတို့ကိုလည်း သူတို့သည် မစကူညီပေးရမည်။ ဤကဲ့သို့ ကြိုးပမ်းမှုအားဖြင့် သူတို့အထဲမှ အချို့သော သူတို့သည် ဤခေတ်ကာလအတွက် ထူးခြားသော သမ္မာတရားကို လက်ခံလာကြလိမ့်မည်။76T 269-271; CCB1 254.2