Go to full page →

အခန်း ၂၄။—ဆုတောင်းစည်းဝေး။ CCB1 326

ပြုလုပ်ကျင်းပသော စည်းဝေးတို့တွင် ဆုတောင်းစည်းဝေးများသည် အလွန် စိတ်ပါဝင်စားဖွယ် အကောင်းဆုံး ဖြစ်ရမည်။ သို့ရာတွင် ဤစည်းဝေးများကို မကြာခဏ ညံ့ဖျင်းစွာ ကျင်းပတတ်ကြသည်။ အများသော သူတို့သည် တရားဟော စည်းဝေးများကို တက်ကြသော်လည်း ဆုတောင်းစည်းဝေးကိုကား ဂရုမစိုက်ကြချေ။ ဤနေရာ၌ တစ်ဖန် စည်းဝေးဖို့ လိုပေသည်။ ဘုရားသခင် ထံမှ ဉာဏ်ပညာကို တောင်း၍၊ စည်းဝေးများသည် စိတ်ပါဝင်စား၍ နှစ်သက်ဖွယ် ဖြစ်မည် အကြောင်း စည်းဝေးများ ကျင်းပရန် စီမံကိန်းများကို ရေးဆွဲ ပြုလုပ်ရမည်။ လူများတို့သည် အသက်မုန့်ကို ဆာငတ်မွတ်ကြသည်။ သူတို့သည် ၎င်းကို ဆုတောင်းစည်းဝေး၌ တွေ့ကြလျှင်၊ ၎င်းကို လက်ခံရန် ထိုနေရာသို့ သွားကြလိမ့်မည်။ CCB1 326.1

ရှည်လျား၍ ကဗျာဆန်သော ဟောပြောခြင်း နှင့် ဆုတောင်းခြင်းတို့ကို မည်သည့် နေရာ၌ မဆို ပြုဖို့ မသင့်တော့ချေ။ အထူးသဖြင့် ပေါင်းသင်းဆက်ဆံရေး စည်းဝေးတွင် ပြုဖို့ မသင့်။ ကြောက်ရွံ့၍ ဆုတ်ကန်နေသော သူတို့၏ သက်သေခံချက်တို့ကို ပြည့်လာအောင် ပြုလုပ်ဖို့ ရဲရင့်၍ စကားပြောရန် အသင့်ရှိသော သူတို့ကို အခွင့်ပေးရမည်။ အထူးသဖြင့် အပေါ်ယိကလောက်သာ ဖြစ်ကြသော သူတို့သည် စကား အများဆုံးပြောသော သူများ ဖြစ်ကြသည်။ သူတို့၏ ဆုတောင်းချက်များသည် ရှည်လျား၍ စက်ကဲ့သို့ ထိုသို့ ပြုရန် အကျင့် ဖြစ်နေ၏။ သူတို့သည် ၎င်းတို့ကို နားထောင်နေကြသော ကောင်းကင်တမန် နှင့် လူတို့ကို ငြီးငွေ့ ပင်ပန်းစေကြပြီ။ ကျွန်ုပ်တို့၏ ဆုတောင်းချက်များသည် တို၍ အချက်ကျရမည်။ တစ်စုံတစ်ယောက်တွင် ရှည်လျား ငြီးငွေ့ဖွယ် ဆုတောင်းချက်များ ရှိလျှင်၊ ၎င်းတို့ကို တစ်ယောက်တည်း တိတ်ဆိတ်စွာ ဆုတောင်းဖို့အတွက် ဖယ်ထားရမည်။ ဘုရားသခင်၏ ဝိညာဉ်သည် သင်၏ စိတ်နှလုံးထဲ၌ တည်ရှိပါစေ၊ သို့ပြုလျှင် ၎င်းသည် ပျင်းစရာ ကောင်းသော ဟန်ဆောင်မှုတို့ကို ပယ်ရှားလိမ့်မည်။14T 70, 71, CCB1 326.2