Go to full page →

“ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော။” CCB1 103

အိမ်ထောင်၌ လည်းကောင်း၊ အသင်းတော်၌ လည်းကောင်း သူတစ်ပါး၏ အကျိုးကျေးဇူးကို ရှာဖွေအပ်သော သဘောကို ထင်ရှားစေရမည်။ ကျွန်ုပ်တို့အား လောကီ အလုပ်ကို ဆောင်ရွက်ရန် ခြောက်ရက်ကို ပေးတော်မူသော အရှင်သည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ လျက် ထိုနေ့ကို မိမိ ကိုယ်တော်တိုင်အဖို့ သီးသန့်ထားတော်မူ၏။ ထိုနေ့၌ ဘုရားသခင်၏ အမှုတော်အတွက် မိမိတို့ ကိုယ်ကို ဆက်ကပ် ပူဇော်သော သူတို့အား ဘုရားသခင်သည် ထူးခြားသော နည်းဖြင့် ကောင်းကြီးပေးတော်မူလိမ့်မည်။ CCB1 103.3

ကောင်းကင်တစ်ဝှမ်းလုံးသည် ဥပုသ်နေ့ကို စောင့်ကြ၏၊ သို့သော် ဘာမျှ မလုပ်ဘဲ ပျင်းရိစွာ နေကြသည် မဟုတ်။ ဤနေ့တွင် စိတ်ဝိညာဉ်၏ ခွန်အား ရှိသမျှသည် ထကြွနှိုးကြားရမည်။ အကြောင်းမူကား ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် လည်းကောင်း၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင် သခင်ခရစ်တော်နှင့် လည်းကောင်း တွေ့ဆုံရကြမည် မဟုတ်လော။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကြည့်ရှုနိုင်ကြသည်။ ဘုရားသခင်သည် ဝိညာဉ်တိုင်းအား ခွန်အားကို ပေးလျက် ကောင်းကြီးပေးခြင်းငှါ တောင့်တလျက် နေတော်မူ၏။ 116T 361, 362. CCB1 104.1

ဘုရားသခင်၏ ကရုဏာ တရားတော်က၊ နာဖျားသော သူ၊ ဒုက္ခရောက်သော သူတို့ကို စောင့်ရှောက်ပြုစုရမည်ဟု ညွှန်ကြားထား၏။ သူတို့အား သက်သာစေဖို့ရန် ပြုလုပ်အပ်သော အမှုသည် လိုအပ်သော အရာ ဖြစ်၍ ဥပုသ်နေ့ကို ဖျက်ဆီးခြင်း မဟုတ်။ သို့သော် မလိုအပ်သော အလုပ် မှန်သမျှကို ရှောင်ကြဉ်အပ်သည်။အဘိတ်နေ့တွင် ပြုနိုင်သော အမှုငယ်များကို အများသော သူတို့သည် အမှုမဲ့ အမှတ်မဲ့ ဥပုသ်နေ့ အစပြုသော အချိန်တိုင်အောင် ရွှေ့ဆိုင်းထားတတ်ကြသည်။ ဤကဲ့သို့ မပြုသင့်။ ဂရုမစိုက်သဖြင့် ဥပုသ် အစပြုသည်တိုင်အောင် မေ့လျော့ခဲ့သော အလုပ် တစ်စုံတစ်ခုကို ဥပုသ်နေ့ ကုန်လွန်သည်တိုင်အောင် ဆက်လက် မလုပ်ဘဲ ရပ်ဆိုင်းထားရမည်။ 122TT 184, 185. CCB1 104.2

ဥပုသ်နေ့၌ ထမင်းဟင်းချက်ပြုမှုကို ရှောင်အပ်သော်လည်း၊ အေးနေသော အစာကို စားသောက်ဖို့ မသင့်။ ဆောင်းဥတုတွင် အဘိတ်နေ့၌ ပြင်ဆင်ချက်ပြုတ်ထားသော စားစရာတို့ကို ပြန်၍ နွေးနိုင်သည်။ စားစရာတို့မှာ ရိုးရိုးကလေး ဖြစ်ရမည်။ သို့သော် အရသာ ရှိလျက် နှစ်သက်ဖွယ် ဖြစ်စေရမည်။ အိမ်ထောင်သားတို့ နေ့တိုင်း မသုံးဆောင်ရခဲ့သော စားစရာမျိုးကို ပျော်ပွဲစားသည့် သဘောမျိုး ပြင်ဆင်ပေးရမည်။ CCB1 104.3

နားထောင်လိုက်နာသော သူအား ဂတိထားသော ကောင်းကြီးမင်္ဂလာကို အလိုရှိကြလျှင်၊ ကျွန်ုပ်တို့သည် ဥပုသ်နေ့ကို သာ၍ ကျပ်တည်းစွာ စောင့်ရှောက်ရကြမည်။ မကြာခဏ ကျွန်ုပ်တို့သည် ရှောင်ကြဉ်နိုင်သော်လည်း၊ ဥပုသ်နေ့၌ ခရီးသွားတတ်ကြသည်။ ဥပုသ်နေ့ကို စောင့်ရှောက်ခြင်း အကြောင်းနှင့် စပ်ဆိုင်၍ ထာဝရဘုရားက ကျွန်ုပ်အား ပေးတော်မူသော အ လင်းတရားနှင့် အညီ၊ ကျွန်ုပ်တို့သည် ဤနေ့၌ သင်္ဘောဖြင့် လည်းကောင်း၊ မော်တော်ကားဖြင့် လည်းကောင်း၊ ခရီးသွားခြင်း အမှုကို သာ၍ ဂရုစိုက် ရှောင်ကြဉ်ရမည်။ ဤကိစ္စများတွင် ကျွန်ုပ်တို့၏ သားသမီးများ နှင့် ပျိုရွယ်သူတို့ ရှေ့တွင် မှန်ကန်သော ပုံသက်သေကို ပြရကြမည်။ ကျွန်ုပ်တို့၏ အကူအညီကို လိုသော အသင်းတော်ကို ရောက်ရှိလျက် ဘုရားသခင်က သူတို့အား ကြားသိစေဖို့ အလိုရှိသော သတင်းစကားကို ကြားပြောဖို့ရန် ကျွန်ုပ်တို့သည် ဥပုသ်နေ့၌ သွားဖို့ လိုလိမ့်မည်။ သို့ရာတွင် တတ်နိုင်လျှင် လက်မှတ်ဝယ်ခြင်း၊ လိုအပ်သော အရာတို့ကို စီမံခြင်း အမှုတို့ကို ဥပုသ်နေ့ မရောက်ခင်က ကြိုတင် ပြုလုပ်ထားရမည်။ ခရီးကို အစပြုသောအခါ၌ ဥပုသ်နေ့တွင် ခရီးလမ်းဆုံးသို့ မရောက်စေရန် တတ်နိုင်သမျှ ကြိုတင်စီမံရမည်။ CCB1 104.4

ဥပုသ်နေ့၌ ခရီးသွားစရာ အကြောင်း ဖြစ်ပေါ်လာလျှင်၊ ကျွန်ုပ်တို့အား လောကီ အရာများ ဘက်သို့ ဆွဲဆောင်တတ်သော လူစုကို ကျွန်ုပ်တို့ ရှောင်ရကြမည်။ ကျွန်ုပ်တို့သည် အမြဲသဖြင့် ဘုရားသခင် အပေါ်၌ စိတ်စွဲလမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရမည်။ အခွင့်သာသော အခါတိုင်း သမ္မာတရားနှင့် စပ်ဆိုင်သော စကားများကို အခြားသူတို့အား ပြောပြရမည်။ ဒုက္ခရောက်သော သူတို့ကို သက်သာစေလျက် အကူအညီ လိုသော သူတို့ကို မစကူညီရန် အမြဲသဖြင့် အသင့်ရှိရမည်။ ဤကဲ့သို့သော ကိစ္စများတွင် ဘုရားသခင် ပေးတော်မူသော ဉာဏ်ပညာကို ကျွန်ုပ်တို့သည် အသုံးပြုကြဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် လောကီ အလုပ်ကိစ္စများ အကြောင်းကို မပြောရ၊ လောကနှင့် ဆိုင်သော စကားများကို မပြောရကြ။ အချိန်ရှိသမျှ နေရာတိုင်းတွင် ဥပုသ်နေ့ကို ရိုသေစွာ စောင့်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင် ဘက်၌ သစ္စာစောင့်ကြကြောင်းကို ပြစေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။ 136T 357-360, CCB1 105.1