Go to full page →

နှစ်စဉ် စည်းဝေးများ။ CCB1 225

ဘုရားသခင်၏ လူများ စည်းဝေး ပြုလုပ်သော နေရာသို့ သွားရောက်ရန် အထူးသဖြင့် ကြိုးစား အားထုတ်ပါ။ ညီအစ်ကို မောင်နှမများတို့၊ သင့်အတွက် ဘုရားသခင် ပေးတော်မူသော သတင်းစကားကို နားထောင်ခြင်း အခွင့်ကို ဂရုမစိုက်ဘဲ နေခြင်းထက် သင်၏ အလုပ်အကိုင် ပျက်ကွက်စေခြင်းက သာ၍ ကောင်းလိမ့်မည်။ ရရှိနိုင်သမျှသော ဝိညာဉ် အခွင့်အရေးများကို လက်မလွတ်ပါစေနှင့်။ သင်သည် အလင်း၏ ရောင်ခြည်တိုင်းကို ရရှိသင့်ပေသည်။ သင့်အထဲ၌ ရှိသော မျှော်လင့်ခြင်း၏ အကြောင်းကို နှိမ့်ချခြင်း၊ ကြောက်ရွံ့ခြင်းနှင့် သင်သည် ဖော်ပြနိုင်အောင် ကျွမ်းကျင်လာသော သူ ဖြစ်ဖို့ လိုပေသည်။ သင်သည် ထိုကဲ့သို့သော အခွင့်အရေးကို လက်လွတ်ဖို့ မသင့်ပေ။ CCB1 225.1

တောစခန်း စည်းဝေး (နှစ်စဉ် စည်းဝေး) ကို ကျွန်ုပ်တို့အတွက် ကောင်းကြီးမင်္ဂလာ ဖြစ်စေဖို့ သင်းအုပ်ဆရာ သို့မဟုတ် ကျမ်းစာ သင်ဆရာများကို အားကိုးနေကြလျှင်၊ ကျွန်ုပ်တို့သည် ထိုစည်းဝေးသို့ သွားဖို့ မသင့်။ မိမိတို့၏ တာဝန်ကို ဘုရားသခင်၏ လူများတို့သည် သင်းအုပ်ဆရာ အပေါ်၌ တင်ထားစေဖို့ ဘုရားသခင်သည် အလိုရှိတော်မမူ။ သူတို့သည် အားကိုးရာမဲ့သော ကလေးများကဲ့သို့ သူတစ်ပါးကို အထောက်အခံ ကဲ့သို့ မှီမနေအပ်။ ဘုရားသခင့် ကျေးဇူးတော်၏ ဘဏ္ဍာစိုးကဲ့သို့ အသင်းတော်သားတိုင်းသည် မိမိ ကိုယ်တိုင်၌ အသက် နှင့် အမြစ် တည်ရှိစေရန် ကိုယ့်တာဝန်ကို သိရှိအပ်သည်။ CCB1 225.2

စည်းဝေး၏ အောင်မြင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက်ခြင်း နှင့် ၎င်း၏ တန်ခိုး အပေါ်တွင် မှီခိုပေသည်။ သမ္မာတရားကို နှစ်သက်သော သူတိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခြင်း ခံစားဖို့အတွက် ဆုတောင်းရကြမည်။ ကျွန်ုပ်တို့၌ အစွမ်းသတ္တိ ရှိသမျှ ဝိညာဉ်တော်၏ ပြုပြင်ခြင်းကို ရရှိရန် မိမိတို့၌ တားဆီးခြင်း ရှိသမျှကို ပယ်ရှားရကြမည်။ အသင်းတော်သားတို့သည် တစ်ယောက် အပေါ် တစ်ယောက် စိတ်သဘော ကွဲပြားခြင်း၊ စိတ်နာခြင်း ရှိနေကြလျှင် ဝိညာဉ်တော်ကို ဘယ်အခါမျှ သွန်းလောင်းတော်မူမည် မဟုတ်။ မနာလိုခြင်း၊ ငြူစူခြင်း၊ မကောင်း ထင်မြင်ခြင်း၊ မကောင်း ပြောဆိုခြင်းတို့သည် စာတန်နှင့် သက်ဆိုင်သဖြင့်၊ အဆုံး၌ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြုပြင်ခြင်း အမှုကို တားဆီးတတ်ကြသည်။ CCB1 226.1

ဘုရားသခင်သည် ဤလောက၌ မိမိ၏ အသင်းတော်လောက် အဘယ်အရာကိုမျှ နှစ်သက်တော်မမူ။ ဘုရားသခင်သည် အသင်းတော်အပြင် ဘယ်အရာကိုမျှ စိုးရိမ်ကြောင့်ကြသော စိတ်နှင့် စောင့်ရှောက်တော်မမူ။ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်သော သူတို့၏ သြဇာ အရှိန်ကို ထိခိုက် ပျက်စီးစေခြင်းလောက် ဘုရားသခင်ကို ပြစ်မှားစေသော အမှု တစ်စုံတစ်ခုမျှ မရှိချေ။ အပြစ်ရှာခြင်း၊ စိတ်ပျက်အောင် ပြုလုပ်ခြင်း အမှုတို့တွင် စာတန်ကို ကူညီသော သူအပေါင်းတို့အား ဘုရားသခင်သည် စစ်ဆေးရန် ခေါ်တော်မူလိမ့်မည်။136T 39-42; CCB1 226.2