Go to full page →

မယုံကြည်သော သူတို့၏ အလုပ်ကို ဘုရားသခင် တားမြစ်တော်မူခြင်း။ CCB2 214

စာတန်၏ မှားယွင်းသော မူလ တရားများ၊ မမှန်သော ဆင်ခြေများ နှင့် လည်ဆယ် ပရိယာယ်ဆင်မှုများကို ကျွန်ုပ်တို့၏ ပျိုရွယ်သူ နှင့် ကလေးသူငယ်များတို့အား စဉ်းစား တွေးတောနေစေဖို့ အခွင့်ပြုထားခြင်းသည် ထာဝရဘုရား၏ ရည်ရွယ်ချက် ဖြစ်ပါသလော။ သူတို့၏ ပညာဗဟုသုတ ဆည်းပူးရေးအတွက် ထပ်ဖြည့်ရန် အဖိုးတန်သော အရာများအဖြစ် ရုပ်ဆင်းတု ကိုးကွယ်၍ ဘုရားတရားကို မယုံကြည်သော သူတို့၏ အယူအဆ၊ ထင်မြင်ချက်တို့ကို ကျွန်ုပ်တို့၏ တပည့်များအား ဖော်ပြရကြမည်လော။ ပညာဉာဏ် အလွန် ထက်မြက်သော ဘုရားတရားမဲ့သူ၏ လုပ်ငန်းများကား၊ ရန်သူ၏ အမှုကို ယုတ်ညံ့စွာ ထမ်းဆောင်သော သဘောရှိသူ၏ လုပ်ငန်းများပင် ဖြစ်သည်။ ၎င်းပြင် အသစ် ပြုပြင် ပြောင်းလဲပေးသူများဟု မိမိတို့ကို ခေါ်နေသူများ၊ ကလေးသူငယ်များ နှင့် ပျိုရွယ်သူများအား မှန်သော လမ်း၊ ထာဝရဘုရား၏ ရွေးနှုတ်ခြင်း ခံရသူများ လျှောက်သွားဖို့ ခင်းပေးသော လမ်းသို့ ပို့ဆောင် ညွှန်ပြရန် ကြိုးစားနေသော သူများက၊ ဘုရားသခင်သည် မိမိ၏ ဂုဏ်အင်္ဂါများကို အလွဲ ဖော်ပြ၍ မိမိကို မှားသော အလင်းတရား၌ ဖော်ပြထားသော အရာတို့ကို လူငယ်တို့အား လေ့ကျက် ဖတ်ရှုစေရန် ပေးတော်မူလိမ့်မည်ဟု ထင်မြင် တွေးဆနေကြရမည်လော။ ထိုသို့ မဖြစ်ရ၊ ဘုရားသခင် ခွင့်ပြုတော်မမူ။40CT 25, 26; CCB2 214.2