Go to full page →

မသင့်တော်သော စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်ပယ်ရန် သာ၍ ကောင်း၏။ CCB2 32

သခင်ခရစ်တော်၌သာ ထိမ်းမြားစုံဖက်ခြင်း အမှုကို ဘေးကင်းစွာ ပြုလုပ်နိုင်သည်။ လူတို့၏ မေတ္တာသည် အရင်းနှီးဆုံး ဆက်သွယ်မှု သဘောကို ဘုရား၏ မေတ္တာတော်မှ ဆွဲယူရမည်။ သခင်ခရစ်တော် အုပ်စိုးတော်မူသော နေရာ၌သာ ပြင်းထန်၊ မှန်ကန်၍ ကိုယ်ကျိုး မရှာသော ချစ်ခြင်း မေတ္တာမျိုးသည် တည်ရှိနိုင်၏။ CCB2 32.2

မိမိနှင့် စုံဖက်ရန် ကြံစည်ထားသော သူ၏ အကျင့်စာရိတ္တကို ပြည့်စုံစွာ မသိသေးဘဲ၊ စေ့စပ် ကြောင်းလမ်းထားခြင်း အမှုကိုပင် ပြုလုပ်ခဲ့ပြီးသော်လည်း၊ ထိုသို့ စေ့စပ်ထားမှုကြောင့်၊ သင် မချစ်ခင် မလေးစားနိုင်သော သူနှင့် စုံဖက်ရမည်ဟု ဂတိသစ္စာ အသေအချာ ပြုလုပ်ထားသည်ဟု မထင်မှတ်ပါနှင့်။ သင်သည် မည်ကဲ့သို့သော စည်းကမ်းချက်များဖြင့် စေ့စပ်မှု ပြုခဲ့သည်ကို အထူး သတိပြုပါ။ သို့ရာတွင် အမှားပြုသကဲ့သို့ နောက်မှ ကွဲသွားရခြင်းထက် လက်မထပ်ခင် စေ့စပ်ခြင်းကို ဖျက်ခြင်းသည် သာ၍ ကောင်း၊ အလွန် သာ၍ ကောင်းပေသည်။ CCB2 32.3

သို့သော် ကျွန်ုပ်သည် ဂတိပေးခဲ့ပြီ၊ ယခု ထိုဂတိကို ပြန်၍ ဖျက်ရမည်လောဟု သင်က ပြောဆိုလိမ့်မည်။ ကျမ်းစာနှင့် မညီညွတ်ဘဲ သင်သည် ဂတိပြုခဲ့လျှင်၊ နှောင့်နှေးခြင်း မရှိဘဲ တတ်နိုင်သမျှ ၎င်းကို ပြန်၍ ဖျက်ပြီးလျှင် ထိုမျှ လျင်မြန်စွာ ဂတိပြုစေရန် တိုက်တွန်းသော အမှားအတွက် နှိမ့်ချခြင်းနှင့် ဘုရားသခင် ရှေ့တွင် နောင်တရလော့ဟု ကျွန်ုပ်က ပြောဆိုလိုပါသည်။ ထိုသို့သော ဂတိကို တည်စေ၍ သင့်ကို ဖန်ဆင်းတော်မူသော သူကို ရှုတ်ချခြင်းထက် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ထိုဂတိကို ပြန်၍ ရုပ်သိမ်းလျှင် သာ၍ ကောင်း၏။ CCB2 33.1

ထိမ်းမြားစုံဖက်ခြင်း အမှုကို ပြုလုပ်ရာ၌ ဣန္ဒြေစောင့်ခြင်း၊ ရိုးသား ဖြောင့်မှန်ခြင်း၊ ဘုရားသခင် နှစ်သက်တော်မူ၍ ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေခြင်းငှါ ရည်ရွယ်ချက်များ ရှိပါစေ။ ထိမ်းမြားစုံဖက်ခြင်း အမှုသည် ဤ လောက၌ ဖြစ်စေ၊ လာလတ္တံ့သော လောက၌ ဖြစ်စေ၊ နောင် အသက်တာကို ထိခိုက်စေတတ်သည်။ ရိုးဖြောင့်သော ခရစ်ယာန်သည် ဘုရားသခင် နှစ်သက်တော်မမူသော အရာတို့ကို ကြံစည် ပြုလုပ်လိမ့်မည် မဟုတ်။ CCB2 33.2

စိတ်သည် လူ၏ မေတ္တာကို တောင့်တလျက် ရှိ၏။ သို့ရာတွင် ဤ မေတ္တာသည် သခင်ခရစ်တော်၏ မေတ္တာ နေရာတွင် အစားထိုးဖို့ရန် ခိုင်ခံ့ခြင်း၊ သန့်ရှင်း ဖြူစင်ခြင်း သို့မဟုတ် အဖိုးထိုက်တန်ခြင်း မရှိလှချေ။ အသက်တာ၏ စိုးရိမ်ပူပန်ခြင်း၊ တာဝန်များ နှင့် ဝမ်းနည်းခြင်းတို့ကို ရင်ဆိုင်ရန် မိမိ၏ ကယ်တင်ရှင်၌သာလျှင် ဇနီးသည် ဉာဏ်ပညာ၊ ခွန်အား နှင့် ကျေးဇူးတော်ကို တွေ့ရှိနိုင်သည်။ သူမသည် ကိုယ်တော်ကို မိမိ၏ ခွန်အား နှင့် လမ်းပြ ဖြစ်စေရမည်။ မိန်းမသည် လောကီ မိတ်ဆွေ တစ်စုံတစ်ယောက်အား မိမိ ကိုယ်ကို မပေးအပ်မီ သခင်ခရစ်တော်အား မိမိ ကိုယ်ကို ပေးအပ်ပါစေ။ ၎င်းပြင် ဤ အမှုနှင့် ဆန့်ကျင်သော ပေါင်းသင်း ဆက်ဆံခြင်းကို မပြုရ။ မှန်သော ပျော်မွေ့ခြင်းကို တွေ့ရှိလိုသော သူတို့သည် မိမိတို့ ပိုင်ဆိုင်သမျှ နှင့် မိမိတို့ ပြုလုပ်သမျှ အပေါ်သို့ ကောင်းကင်မှ ကောင်းကြီးမင်္ဂလာ သက်ရောက်စေရမည်။ ဘုရားသခင်၏ စကားကို နားမထောင်ခြင်းကြောင့် အများသူတို့၏ စိတ်နှလုံး နှင့် အိမ်ထောင်များသည် ဒုက္ခဆင်းရဲခြင်းနှင့် ပြည့်ဝနေကြ၏။ ကျွန်ုပ်၏ ညီမ၊ သင်၌ မှောင်ရိပ်များကို ဘယ်အခါမျှ မပယ်ရှားသော အိမ်ထောင် မရှိသေးလျှင်၊ ဘုရားသခင်၏ ရန်သူနှင့် သင့် ကိုယ်တိုင် စုံဖက်ခြင်း မပြုပါနှင့်။ CCB2 33.3