Go to full page →

ဆေးလိပ် အခိုးသည် မိန်းမ နှင့် ကလေးသူငယ်တို့ကို ဘေး ဖြစ်စေခြင်း။ CCB2 280

မိန်းမများ နှင့် ကလေးသူငယ်တို့သည် ဆေးတံ၊ ဆေးပြင်းလိပ် သို့မဟုတ် ဆေးရွက်၊ ဆေးလိပ် သုံးဆောင်သူတို့၏ ညစ်ညူးသော အငွေ့အသက်တို့အားဖြင့် ညစ်ညူးသွားသော လေကို ရှူရှိုက်ရခြင်းဖြင့် ဒုက္ခရောက်ရကြသည်။ ဤ ပတ်ဝန်းကျင် လေထဲတွင် နေထိုင်ရသော သူတို့သည် အမြဲ ရောဂါ စွဲကပ်နေတတ်သည်။ 155T 440; CCB2 280.5

အဆုတ် နှင့် အသားအရေ၏ ခေါင်းပေါက်ကလေးများမှ ထုတ်လိုက်သော အဆိပ် ဖြစ်စေသော ဆေး အနံ့အသက်တို့ကို ရှူရှိုက်ရခြင်းဖြင့်၊ ကလေးသူငယ်၏ ကိုယ်အင်္ဂါသည် အဆိပ်များနှင့် ပြည့်နေ၏။ ထို အနံ့အသက်သည် အချို့သော ကလေးသူငယ်တို့ အပေါ်၌ အဆိပ်အတောက်ကဲ့သို့ ဖြစ်စေလျက် ဦးနှောက်၊ နှလုံး၊ အသည်း နှင့် အဆုတ်များကို ထိခိုက်ပြီးလျှင်၊ ထိုသူငယ်တို့ သည် အားအင် ကုန်ခန်းလျက် ညှိုးနွမ်းသွားကြစဉ်၊ အခြားသော ကလေးသူငယ်တို့ အပေါ်၌ တိုက်ရိုက် ထိခိုက်ခြင်း ဖြစ်စေလျက်အကြောဆွဲခြင်း၊ တက်ခြင်း၊ ရုတ်တရက် သေဆုံးခြင်း အမှုများကို ဖြစ်စေ၏။ ဆေးလိပ်သောက်၊ ဆေးငုံသော သူ၏ အဆုတ်မှ မှုတ်ထုတ်လိုက်သော အနံ့အသက်တိုင်းသည် ပတ်ဝန်းကျင်ရှိ လေကို အဆိပ်အတောက် ဖြစ်စေ၏။ 16Te 58, 59; CCB2 280.6

လွန်ခဲ့သော အမျိုးအနွယ်တို့၏ မကျန်းမမာစေတတ်သော အလေ့အကျင့်တို့သည် ယခု ခေတ်ရှိ သားသမီးတို့ အပေါ်သို့ ထိခိုက်စေ၏။ စိတ်ဉာဏ်စွမ်း မကောင်းခြင်း၊ ကိုယ်ကာယ အားနည်းခြင်း၊ အာရုံကြောများ ချွတ်ယွင်းခြင်း နှင့် သဘာဝအတိုင်း မဟုတ်သော တောင့်တခြင်းတို့ကား မိဘများမှ သားသမီးတို့ ဆက်ခံရရှိသော အမွေ ဖြစ်ပေသည်။ ၎င်းပြင် သားသမီးများက ဆက်လက် ပြုကျင့်လာကြသော ထိုအလားတူ အကျင့်ဓလေ့တို့သည် ပွားများလာကြလျက် မကောင်းမှုတို့ကို ဆက်လက် ဖြစ်ပေါ်လာစေလျက် ရှိ၏။17MH 328; CCB2 281.1