Go to full page →

မည်သူမျှ သခင်နှစ်ဦး၏ အစေကို မခံနိုင်။ CCB2 337

သခင်ခရစ်တော်သည် ကျွန်ုပ်တို့အား သခင်နှစ်ဦး ဖြစ်သော ဘုရားသခင် နှင့် လောကကို ဖော်ပြထားတော်မူ၏။ ၎င်းပြင် ကျွန်ုပ်တို့သည် နှစ်ဦးစလုံး၏ အစေကို မခံနိုင်ကြောင်း ထင်ရှားစွာ ဖော်ပြတော်မူ၏။ ကျွန်ုပ်တို့သည် လောက၌ စိတ်ဝင်စားခြင်း၊ လောကကို ချစ်ခြင်း ရှိနေကြလျှင်၊ အခြားအရာများထက် ကျွန်ုပ်တို့ ဂရုစိုက်သင့်သော အရာတို့ကို ကျွန်ုပ်တို့သည် နှစ်သက်ကြလိမ့်မည် မဟုတ်၊ လောကကို ချစ်ခြင်းဖြင့် ဘုရားသခင်ကို ချစ်ခြင်း မရှိသဖြင့် ကျွန်ုပ်တို့၏ အမြတ်ဆုံး စိတ်ဝင်စားမှုတို့သည် လောကနှင့် ဆိုင်သော အရာတို့၌ ဆင်ခြင် စွဲလမ်းနေခြင်း၏ လက်အောက်သို့ ရောက်သွားလေ၏။ ထိုသို့အားဖြင့် လောက၏ အရာများလောက် ဘုရားသခင်ကို စွဲလမ်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း အမှုတို့ကို မြင့်မြတ်သော နေရာ၌ မထားကြတော့ချေ။ CCB2 337.1

စာတန်သည် တောထဲ၌ သခင်ခရစ်တော်ကို သွေးဆောင်ရာတွင် ပြုမူသည်ထက် လူတို့အား ပြုမူရာတွင် သာ၍ သတိထားရ၏၊ အကြောင်းကား ထိုနေရာ၌ မိမိ၏ အမှုကိစ္စသည် ဆုံးရှုံးသွားပြီဟု သူ့အား ဆုံးမ သွန်သင်ထားလေပြီ။ သူသည် ဆုံးရှုံးသွားသော ရန်သူ ဖြစ်၏။ သူသည် လူထံသို့ တိုက်ရိုက် လာ၍ အပြင် လက္ခဏာအားဖြင့် သူ့ကို ကိုးကွယ်ရန် သူက မတောင်းဆိုချေ။ လူတို့အား လောက၏ ကောင်းသော အရာတို့ကို စွဲလမ်းစေရန် ပြုလုပ်၏။ သူသည် လူတို့၏ စိတ် နှင့် စွဲလမ်းမှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်လျှင်၊ ကောင်းကင်အရာတို့၌ စွဲလမ်းမှုသည် ပျောက်ကွယ်သွားလိမ့်မည်။ လူအတွက် သူ အလိုရှိသော အရာ အားလုံးတို့မှာ၊ လူအား လှည့်ဖြား သွေးဆောင်ခြင်း တန်ခိုးအောက်သို့ ရောက်ရှိသွားစေခြင်း၊ လောကကို ချစ်ခြင်း၊ ရာထူး အဆင့်အတန်းကို နှစ်သက်ခြင်း၊ ငွေကို တပ်မက်ခြင်း၊ လောကီ ဘဏ္ဍာတို့၌ စွဲလမ်းခြင်း ဖြစ်ကြသတည်း။ သူသည် ဤ အရာကို ရရှိလျှင်၊ သခင်ခရစ်တော်ထံ သူ တောင်းသော အရာ အားလုံးကို ရရှိလေ၏။ 43T 478, 480. CCB2 337.2

* * * * *