Go to full page →

နှုတ်ကပတ်တော်ကို နှစ်သက်၊ သိကျွမ်းခြင်းသည် ကျွန်ုပ်တို့၏ လုံခြုံမှု။ CCB2 350

သမ္မာတရားဘက်၌ ကြာမြင့်စွာ တည်ရှိနေသော သူတို့၏ စိတ်ထဲတွင် ကြမ်းတမ်း၍ ဝေဖန်တတ်သော သဘော ဝင်လာလေပြီ။ ၎င်းတို့သည် ထိခိုက်စေတတ်လျက် ဝေဖန်ပြီး အပြစ်ရှာသော အရာများ ဖြစ်၏။ သူတို့သည် မိမိတို့ အယူအဆတို့ကို မလိုက်လျောသော သူတို့ အပေါ်၌ အပြစ် စီရင်ရန် တရားပလ္လင်ပေါ်သို့ တက်ကြပြီ။ သူတို့အား ဆင်းလာလျက် နောင်တရခြင်း အပြစ်ကို ဝန်ချ တောင်းပန်ခြင်း နှင့် ရှေ့တော်၌ ဦးညွှတ်နေစေရန် ဘုရားသခင်က ခေါ်တော်မူ၏။ “သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာ ရှိ၏။ ထိုကြောင့် သင်သည် မရွေ့လျော့မီ၊ အရင် နေရာ အရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့။ သို့မဟုတ် သင် ရှိရာသို့ ငါသည် အလျင်အမြန် လာမည်။ နောင်တမရလျှင်၊ သင်၏ မီးခွက်ကို နေရာမှ ရွှေ့မည်” ဟု ဘုရားသခင်က သူတို့အား မိန့်တော်မူ၏။ ဗျာ၊ ၂: ၄၊ ၅။ သူတို့သည် ပထမ နေရာအတွက် ကြိုးစား အားထုတ်နေကြသဖြင့်၊ သူတို့၏ အပြောအဆို၊ အပြုအမူတို့အားဖြင့် အများသော သူတို့ကို စိတ်နာအောင် ပြုလုပ်ကြ၏။ CCB2 350.2

သခင်ခရစ်တော်က မိမိ၏ လူများအား မိမိ၏ နှုတ်ကပတ်တော်ကို ယုံကြည်လျက် လေ့ကျင့် လိုက်နာစေရန် ခေါ်ဖိတ်တော်မူ၏။ ဤ နှုတ်ကပတ်တော်ကို လက်ခံ၍ အပြုအမူတိုင်း နှင့် အကျင့်စာရိတ္တတိုင်း၏ အစိတ်အပိုင်း ဖြစ်စေလျက် ၎င်းကို အသုံးပြုသော သူတို့သည် ဘုရားသခင်၏ ခွန်အား၌ ခိုင်ခံ့ကြီးပွားခြင်း ရှိကြလိမ့်မည်။ သူတို့၏ ယုံကြည်ခြင်း တရားသည် ကောင်းကင်က အစပြုကြောင့် သိမြင်ရကြလိမ့်မည်။ သူတို့သည် ထူးခြားသော လမ်းများတွင် လှည့်လည်နေရကြမည် မဟုတ်။ သူတို့၏ စိတ်သည် စိတ်ကူးယဉ်၍ စိတ်ထကြွစေသော ဘာသာတရား ဘက်သို့ ပြောင်းလဲသွားလိမ့်မည် မဟုတ်။ သူတို့သည် ကောင်းကင်တမန်တို့ ရှေ့၊ လူတို့ ရှေ့တွင် ခိုင်ခံ့မြဲမြံသော ခရစ်ယာန် အကျင့်စာရိတ္တ ရှိသော သူတို့ကဲ့သို့ ရပ်တည်နေကြလိမ့်မည်။ CCB2 351.1

သခင်ခရစ်တော်၏ သြဝါဒများတွင် ဖော်ပြထားသည်အတိုင်း၊ သမ္မာတရား၏ ရွှေလင်ပန်းတွင် ဝိညာဉ်များအား အပြစ်ကို မြင်၍ စိတ်ပြောင်းလဲစေသော အရာကို ကျွန်ုပ်တို့ တွေ့ရှိရကြသည်။ သခင်ခရစ်တော်သည် ဤ လောကသို့ ကြွလာ၍ ကြွေးကြော်တော်မူသော သမ္မာတရားကို သခင်ခရစ်တော် နည်းတူ လွယ်ကူ ရိုးသားစွာ ဖော်ပြလော့၊ ၎င်းပြင် သင်၏ သတင်းစကား၏ တန်ခိုးကို မိမိ ကိုယ်တိုင် ထင်ရှားစွာ သိစေလိမ့်မည်။ သခင်ခရစ်တော်က ဘယ်အခါမျှ ဖော်ပြတော်မမူ၊ ကျမ်းစာတွင် အခြေအမြစ် မရှိသော အယူအဆ သို့မဟုတ် စမ်းသပ်ချက်များကို မဖော်ပြပါနှင့်။ ကျွန်ုပ်တို့၌ ဖော်ပြရန် အလွန် ကြီးကျယ်၊ ကြည်ညိုဖွယ် သမ္မာတရား ရှိပါသည်။ “ကျမ်းစာ၌ ရေးထားသည်ကား” ဆိုသော စမ်းသပ်ချက်ကို အိမ်တွင် ရှိသော လူ အသီးအသီးတို့အား ဖော်ပြရမည်။ CCB2 351.2

ကျွန်ုပ်တို့သည် လမ်းညွှန်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်သို့ ချဉ်းကပ်ကြစို့။ “ထာဝရဘုရား မိန့်တော်မူသည်ကား” ဆိုသော စကားကို ရှာဖွေ ကြည့်ကြစို့။ ကျွန်ုပ်တို့၌ လူတို့၏ နည်းနာများ လုံလောက်စွာ ရှိပြီ။ လောကီ အတတ်ပညာ၌သာ လေ့ကျင့်ထားသော စိတ်သည် ဘုရားသခင်၏ အရာများကို နားမလည်ချေ။ သို့ရာတွင် ပြောင်းလဲ၍ သန့်ရှင်းခြင်းသို့ ရောက်သော ထိုစိတ်သည် နှုတ်ကပတ်တော်၌ ဘုရားသခင်၏ တန်ခိုးတော်ကို မြင်ရလိမ့်မည်။ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေခြင်းငှါ ဆေးကြောခြင်း ခံရသော စိတ် နှင့် နှလုံးသည် ကောင်းကင်နှင့် ဆိုင်သော အရာတို့ကို ဝေဖန် သိနားလည်နိုင်လိမ့်မည်။88T 298-301; CCB2 352.1