Go to full page →

ယုံကြည်ခြင်း၏ ပဋ္ဌနာ။ CCB2 359

မိမိတို့ ကိုယ်ကို ဘေးကင်းသည်ဟု ထင်လျက် အေးဆေးစွာ နေတတ်သော သူတို့အတွက် ကျဆုံးသော တမန်တို့က ပြုမူနေကြသော အမှုကို ကျွန်ုပ်တို့သည် ဝေဖန် သိမြင်နိုင်အောင် ကျွန်ုပ်တို့၏ မျက်စိများကို ဖွင့်ကြည့်နိုင်ကြလျှင်၊ ကျွန်ုပ်တို့သည် လုံခြုံလိမ့်မည်ဟု ထင်မှတ်ကြမည် မဟုတ်။ ဆိုးသော တမန်တို့သည် ကျွန်ုပ်တို့၏ နောက်၌ အမြဲ လိုက်နေကြ၏။ ဆိုးသော သူတို့သည် စာတန်က အကြံပေးသည် အတိုင်း ပြုလုပ်ရန် အသင့် ရှိနေတတ်သည်ကို ကျွန်ုပ်တို့သည် သတိပြုနေရကြမည်။ သို့ရာတွင် ကျွန်ုပ်တို့၏ စိတ်သည် သူ၏ မမြင်ရသော ကိုယ်စားလှယ်တို့ကို ကာကွယ်မထားဘဲ နေကြစဉ်အခါ၊ သူတို့သည် အသစ်သော နည်းကို အသုံးပြုလျက် ကျွန်ုပ်တို့၏ မျက်မှောက်၌ အံ့သြဖွယ်ရာများ နှင့် နိမိတ်လက္ခဏာများကို ပြုလုပ်လိမ့်မည်။ ကျွန်ုပ်တို့သည် အောင်မြင်စွာ အသုံးပြုနိုင်သော တစ်ခုတည်းသော လက်နက် တည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် သူတို့ကို တားဆီး ခုခံရန် ကျွန်ုပ်တို့သည် အသင့် ရှိကြသလာ။ CCB2 359.2

အချို့သော သူတို့သည် ဤ အံ့သြဖွယ်များကို ဘုရားသခင်ထံမှ လာသည်ဟု လက်ခံရန် သွေးဆောင်ခြင်း ခံရကြလိမ့်မည်။ ကျွန်ုပ်တို့ ရှေ့၌ပင် လူနာများကို ရောဂါမှ ပျောက်ကင်းစေလိမ့်မည်။ ကျွန်ုပ်တို့ မျက်မှောက်၌ နိမိတ်လက္ခဏာများကို ပြုလုပ်ပြကြလိမ့်မည်။ စာတန်၏ လှည့်ဖြားသော အံ့သြဖွယ် အမှုများကို သာ၍ ပြည့်စုံစွာ ပြုလုပ်ပြသောအခါ၌၊ ကျွန်ုပ်တို့ တွေ့ကြုံရမည့် စုံစမ်းခြင်းအတွက် ကျွန်ုပ်တို့သည် အသင့် ပြင်ဆင်လျက် ရှိကြသလား။ များစွာသော ဝိညာဉ်တို့သည် ထောက်ချောက်၌ ဖမ်းမိခြင်း ခံရကြမည် မဟုတ်လော့။ ဘုရားသခင်၏ ထင်ရှားသော ပညတ်တရားများမှ လွဲသွား၍ ဒဏ္ဍာရီ စကားများကို နားထောင် ဂရုစိုက်ခြင်းဖြင့် အများသော သူတို့၏ စိတ်သည် လှည့်ဖြားသော အံ့သြဖွယ်ရာများကို လက်ခံရန် အသင့် ရှိနေကြသည်။ မကြာမီ တိုက်ခိုက်ရမည့် တိုက်ခိုက်ပွဲအတွက် ယခု ကျွန်ုပ်တို့သည် မိမိတို့ ကိုယ်ကို လက်နက်များဖြင့် ဝတ်ဆင်ထားကြပြီလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ယုံကြည်အားကိုးခြင်း၊ နှုတ်ကပတ်တော်ကို ဆုတောင်းလျက် လေ့ကျက်ခြင်း၊ လက်တွေ့ အသုံးပြုခြင်းအားဖြင့်၊ ကျွန်ုပ်တို့အား စာတန်၏ တန်ခိုးမှ ကာကွယ်ထားလိမ့်မည်၊ ၎င်းပြင် သခင်ခရစ်တော်၏ အသွေးတော်အားဖြင့် အောင်မြင်ခြင်း ရရှိကြလိမ့်မည်။61T 301. CCB2 360.1

* * * * *