Go to full page →

ခရစ်ယာန်တို့သည် ကောင်းကင်အရာတို့ အကြောင်း ဆင်ခြင် ပြောဆိုရန် နှစ်သက်ခြင်း။ CCB2 385

ကောင်းကင်၌ ဘုရားသခင်သည် အလုံးစုံတို့တွင် အလုံးစုံ ဖြစ်တော်မူ၏။ ထိုနေရာ၌ သန့်ရှင်းခြင်းသည် အမြတ်ဆုံး နေရာ၌ တည်ရှိ၏။ ဘုရားသခင်နှင့် စုံလင်သော ညီညွတ်မှုကို ပျက်စီးစေသော အရာ တစ်စုံတစ်ခုမျှ မရှိ။ ကျွန်ုပ်တို့သည် အမှန်ပင် ထိုနေရာသို့ ခရီးသွားနေကြလျှင်၊ ဤ နေရာ၌ပင် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ကောင်းကင် သဘောများသည် တည်ရှိနေကြလိမ့်မည်။ သို့ရာတွင် ယခု ကျွန်ုပ်တို့သည် ကောင်းကင် အရာများ၌ ဆင်ခြင် စဉ်းစားခြင်း၌ ပျော်မွေ့ခြင်း မတွေ့ကြလျှင်၊ ဘုရားသခင်ကို သိကျွမ်းခြင်း ပညာကို ရှာဖွေရာ၌ စိတ်ဝင်စားခြင်း မရှိ၊ သခင်ခရစ်တော်၏ အကျင့်စာရိတ္တကို ကြည့်ရှု ဆင်ခြင်ရာ၌ ပျော်မွေ့ခြင်း မရှိလျှင်၊ ကျွန်ုပ်တို့သည် သန့်ရှင်းခြင်းကို စိတ်စွဲလမ်းခြင်း မရှိကြလျှင်၊ ကျွန်ုပ်တို့သည် ကောင်းကင်၌ မျှော်လင့်စရာ မရှိသည်မှာ သေချာလိမ့်မည်။ CCB2 385.2

ဘုရားသခင်၏ အလိုတော်ကို လုံးလုံး လိုက်ခြင်းသည် အမြဲသဖြင့် ခရစ်ယာန်၏ မြင့်မြတ်သော ရည်ရွယ်ချက် ဖြစ်ရမည်။ သူသည် ဘုရားသခင် အ ကြောင်း၊ သခင်ယေရှု အကြောင်း၊ သခင်ခရစ်တော်ကို ချစ်သော သူတို့အတွက် ကိုယ်တော်ကို ပြင်ဆင်နေသော ချမ်းသာ၍ သန့်ရှင်းသော အိမ် အကြောင်းတို့ကို ပြောဆိုရန် နှစ်သက်လိမ့်မည်။ စိတ်ဝိညာဉ်သည် ဘုရားသခင်၏ မင်္ဂလာ ရှိသော ဂတိတော်တို့ကို စွဲလမ်းသောအခါ၊ ဤ အချက်များကို ဆင်ခြင် စဉ်းစားခြင်းသည် နောင်လာလတ္တံ့သော လောက၏ တန်ခိုးများကို မြည်းစမ်းခြင်း ဖြစ်သည်ဟု တမန်တော်က ပုံဆောင်ထား၏။ CCB2 385.3

ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားမည် အကြောင်း၊ မုသာနှင့် ဆိုင်သော ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှု အမျိုးမျိုးဖြင့် လည်းကောင်း၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့် လည်းကောင်း၊ စာတန်သည် ဘုရားသခင်၏ ဂုဏ်တော်၊ သဘောတော်တို့ကို အလွဲ ဖော်ပြရန် ကြံစည် ပြုလုပ်သောအခါ၊ ကြီးစွာသော တိုက်လှန်ပွဲကြီးသည် မကြာမီ ကျွန်ုပ်တို့ ရှေ့၌ ပြီးဆုံးသွားလိမ့်မည်။ ကောင်းကင်မှ အလင်းကို အမြဲ တိုး၍ ရရှိဖို့ လိုသော လူမျိုး ရှိဘူးသည်ဟု ဆိုရလျှင်၊ ထို လူမျိုးမှာ ဤ ဆိုးယုတ်သော ကာလတွင် မိမိ၏ သန့်ရှင်းသော ပညတ်တရားတော်ကို ထိန်းသိမ်းထား၍ လောကရှေ့တွင် ဘုရားသခင်၏ ဂုဏ်တော်၊ သဘောတော်ကို ထင်ရှားစေရန် ခေါ်တော်မူခြင်း ခံရသော လူမျိုး ဖြစ်သည်။ အလွန် သန့်ရှင်းသော တာဝန်ကို ပေးအပ်ထားခြင်း ခံရသော သူတို့သည် မိမိတို့ ယုံကြည်သည်ဟု ဆိုသော သမ္မာတရားအားဖြင့် ဝိညာဉ်ရေး၌ မြင့်မြတ်၍ ချီးမြှင့်ခြင်း ခံရလျက် အသက်ရှင်နေရကြမည်။ 115T 745, 746; CCB2 386.1