Go to full page →

မည်သူ အပေါ်၌မျှ အကြွေးမတင်စေနှင့်။ CCB2 91

အများသော အိမ်ထောင်တို့သည် ငွေရသောအခါ ချက်ချင်း သုံးဖြုန်းပစ်ကြသောကြောင့်၊ ဆင်းရဲဒုက္ခတွေ့ရကြသည်။ CCB2 91.3

ငွေကို မရခင်၊ အကြောင်း တစ်ခုအတွက် သုံးစွဲရန် ကန့်သတ်ခြင်း၊ ကြိုတင် သုံးစွဲခြင်းသည် သွေးဆောင်ခြင်း တစ်ခု ဖြစ်သည်။3AH 392; CCB2 91.4

ကျမ်းစာ၏ ခရစ်ယာန်များ ဖြစ်ကြသည်ဟု ခေါ်နေကြသော သူတို့တွင် ကြပ်တည်းစွာ ဖြောင့်မတ်ခြင်း ရှိအပ်သည်ဟု လောကသည် မျှော်လင့်ခွင့် ရှိပေသည်။ လူတစ်ယောက်သည် မိမိ ပေးအပ်သော အရာကို ဂရုမစိုက် အမှုမထားဘဲ နေခြင်းဖြင့်၊ ကျွန်ုပ်တို့ လူမျိုး အပေါင်းသည် အားမကိုးရဟု ထင်မှတ်ခြင်း ခံရကြလိမ့်မည်။ CCB2 92.1

ဘုရားဝတ်၌ မွေ့လျော် ဟန်ဆောင်သော သူတို့သည် မိမိတို့ ဝန်ခံသော သြဝါဒများအတိုင်း လိုက်နာ ဆောင်ရွက်သင့်ကြသည်။ ၎င်းပြင် မိမိတို့၏ မသင့်တော်သော အပြုအမူအားဖြင့် သမ္မာတရားကို ကဲ့ရဲ့စရာ ဖြစ်အောင် မပြုလုပ်သင့်။ တမန်တော်က၊ “မည်သူ အပေါ်၌မျှ အကြွေးမတင်စေနှင့်” ဟု ပြောဆိုထား၏။45T 179-182; CCB2 92.2

များစွာသော သူတို့သည် များစွာ သင်ကြားခြင်း အခွင့် မရကြသဖြင့်၊ မိမိတို့၏ ဝင်ငွေနှင့် မျှတအောင် မသုံးနိုင်ကြ။ သူတို့သည် အခြေအနေကို လိုက်၍ ပြုပြင်နေထိုင်ဖို့ မသိရှိကြသဖြင့်၊ ထပ်ခါထပ်ခါ ငွေချေးယူနေကြရာ ကြွေးတင်လာလျက် သူတို့သည် စိတ်ပျက်အားလျော့နေကြ၏။5AH 374; CCB2 92.3

တစ်စုံတစ်ယောက်သည် ကြွေးတင်အောင် မိမိ၏ အမှုကိစ္စများကို စီမံဖို့ မသင့်ကြောင်း သင်တို့သည် သိမြင်ရကြမည်။ တစ်စုံတစ်ယောက်သည် ကြွေးတင်နေသောအခါ၊ သူသည် စာတန်က ထောင်ထားသော ပိုက်ကွန်ထဲ၌ မိနေ၏။ CCB2 92.4

ဘယ်အခါမျှ ကြွေးမတင်အောင် စိတ်ပြဋ္ဌာန်းပါ။ အကြွေးတင်ခြင်းထက် တစ်ထောင်လောက် ရှိသော အရာတို့ကို သင့် ကိုယ်တိုင် ငြင်းပယ်ပါ။ ၎င်းအကြွေးကို ကျောက်ကြီးရောဂါကဲ့သို့ ရှောင်ကြဉ်ပါ။6AH 392, 393; CCB2 92.5