Go to full page →

ငွေကြေး ကိစ္စ၌ ခင်ပွန်းများ နှင့် ဇနီးများအား အကြံဉာဏ်များ ပေးခြင်း။ CCB2 95

မည်ကဲ့သို့ စာရင်းအင်းထားရမည်ကို အားလုံးတို့သည် သိနားလည်ရကြမည်။ အချို့တို့သည် ဤ အလုပ်ကို မလိုဟု သဘောထားကြသည်။ သို့သော် ဤသို့ ထင်မှတ်ခြင်းသည် မှား၏။ သုံးသမျှတို့ကို သေချာစွာ စာရင်းမှတ်သားထားရမည်။14AH 375; CCB2 95.4

သင်သည် ချွေတာသင့်သည်အတိုင်း ချွေတာခဲ့လျှင်၊ ယနေ့ သင်၌ အရေးကြီးသောအခါ အသုံးပြုရန် နှင့် ဘုရားသခင်၏ အမှုတော်အတွက် ကူညီရန် ငွေရင်း အတော်အတန် စုဆောင်းမိလိမ့်မည်။ ရက်သတ္တပတ်တိုင်း သင် ၏ လခထဲမှ ငွေ အနည်းငယ်ကို စုဆောင်းထား၍ အကယ်ပင် ငွေလိုသောအခါ သို့မဟုတ် ဘုရားသခင်အား ပေးလှူရန် ရှိသောအခါ မဟုတ်လျှင်၊ ၎င်းငွေကို ဘယ်အခါမျှ မထိမကိုင်သင့်ပေ။ CCB2 95.5

သင်သည် ဖျားနာ၍ သင်၏ အိမ်ထောင်၌ သင်က ထောက်ပံ့ရသော ငွေများ ကုန်ခန်းလျှင် ငွေပို ရှိနိုင်ရန် သင် ရရှိသော အခငွေများကို လိမ္မာချွေတာစွာ မသုံးဘဲ နေခဲ့ပြီ။ သင်သည် ခက်ခဲသော အခြေအနေများသို့ ရောက်လာလျှင်၊ သင်၏ အိမ်ထောင်သည် အားကိုးဖို့ရန် တစ်စုံတစ်ခု ရှိရမည်။15AH 395, 396; CCB2 96.1

သင်တို့သည် တစ်ယောက်ကို တစ်ယောက် မစကူညီရမည်။ သင်၏ ဇနီးအား ငွေ အနည်းငယ်ကို မပေးဘဲ၊ မိမိ၏ ပိုက်ဆံအိတ်ကို ပိတ်ပင်ထားခြင်းသည် ကောင်းသော အကျင့်ဟု သဘောမထားပါနှင့်။ CCB2 96.2

သင်၏ ဇနီးအား အပါတ်တိုင်း ငွေ အချို့ကို ပေးရမည်။ ၎င်းပြင် သူမ သဘောအတိုင်း ဤ ငွေကို သုံးပါစေ။ ဇနီးသည် မိမိ နေရာ၌ နေအပ်ကြောင်းကို သင်သည် ကောင်းစွာ မသိသောကြောင့်၊ သင်သည် ဇနီးအား ကောင်းစွာ စီမံအုပ်ချုပ်စေရန် သို့မဟုတ် ဝါသနာအလျောက် ပြုကျင့်ရန် အခွင့်မပေးဘဲ နေခဲ့လေပြီ။ သင်၏ ဇနီး၌ အလွန် ကောင်းမြတ်၍ မျှတစေသော စိတ်သဘော ရှိ၏။ CCB2 96.3

သင် ရရှိသော ငွေကို အသုံးပြုဖို့ သင်၏ ဇနီးအား ဝေငှပေးရမည်။ ထိုငွေကို သူမ၏ ငွေ အဖြစ် သဘောအတိုင်း အသုံးပြုပါစေ။ သူမ၏ အလုပ်အကိုင်အားဖြင့် ရရှိသော ငွေကိုလည်း၊ သူမ သဘောအတိုင်း အသင့်တော်ဆုံး နည်းဖြင့် အသုံးပြုဖို့ အခွင့်ပြုရမည်။ အပြစ်ရှာခြင်း မရှိဘဲ၊ မိမိ၏ ငွေ အဖြစ် အသုံးပြုနိုင်ရန် သူမ၌ ငွေ အချို့ ရှိခဲ့လျှင်၊ သူမ၏ စိတ်ထဲမှ ကြီးလေးသော ဝန်ထုပ်သည် ပေါ့ပါးသွားလိမ့်မည်။16AH 378. CCB2 96.4