Go to full page →

ဘဏ္ဍာကို ငြင်းပယ်လျှင် COLB 114

အံ့သြဖွယ်ကောင်းသော အတတ်ပညာများကို ဆည်းပူးရယူရန်အတွက် ဘုရားသခင်ကို ကိုးစားရန် မလိုဟု လူတို့ ထင်မြင်ယူဆရလေအောင် စာတန်သည် အမြဲတစေ ကြံစည်လျက်နေပါသည်။ ယင်း လိမ်လည် လှည့်ဖြားသော နည်းလမ်းဖြင့်ပင် အာဒံ နှင့် ဧဝတို့အား ဘုရားသခင်၏ စကားတော်ကို သံသယ ဖြစ်၍ နားမထောင်သည်တိုင်အောင် ဖြားယောင်းခဲ့၏။ သူ၏ စဉ်းလဲသော ဉာဏ်ဆင်မှုဖြင့် ဧဒင်အရပ်တွင် အလုပ် လုပ်ခဲ့သကဲ့သို့ ယနေ့လည်း လုပ်ဆဲပင်။ လူငယ်များအား ပညာသင်ပေးရာတွင် ဘုရားတရား မကြည်ညိုသော စာရေးဆရာတို့၏ သဘောတရားများကို ရောပြွမ်း၍ သင်ပေးသော ဆရာတို့သည် လူငယ်များအား ဘုရားသခင်ကို မယုံကြည် မကိုးစားစေသည် သာမက ပညတ်တော်များကို လွန်ကျူးစေမည့် အတွေးအခေါ်များကို သင်ပေးနေခြင်း ဖြစ်ပါသည်။ ထိုကြောင့် မည်သည့်အမှုကို ပြုလုပ်နေကြသည်ဟု သူတို့ မသိကြ။ သူတို့၏ လုပ်ငန်းအတွက် မည်သို့ အကျိုး သက်ရောက်လိမ့်မည်ဟုလည်း သူတို့ သဘောမပေါက်ကြ။ COLB 114.1

စာသင်သား တစ်ဦးသည် ယနေ့ လောကတွင် ကျောင်းသားများ နှင့် တက္ကသိုလ်များတွင် ပညာ ဆည်းပူးပြီးကောင်း ပြီးပေလိမ့်မည်။ ပညာ ရရှိရန် စွမ်းအား ရှိသမျှနှင့် အားထုတ်ကောင်း အားထုတ်ပေလိမ့်မည်။ သို့သော် ဘုရားသခင်၏ အကြောင်းကို မသိပေးပါက လည်းကောင်း၊ သူ၏ ခန္ဓာကိုယ် ဖြစ်ပျက်နေပုံကို စိုးမိုးသည့် တရားဥပဒေများကို မလိုက်နာပါက လည်းကောင်း သူသည် ကိုယ်ကိုကိုယ် ဖျက်ဆီးလိမ့်မည်။ လွဲမှားသော အကျင့်ဓလေ့များကြောင့် ကိုယ်သိက္ခာ ကိုယ်မရိုသေဘဲ နေလိမ့်မည်။ ကိုယ်ကိုကိုယ် မချုပ်တည်းနိုင်သည့် အခြသို့ ရောက်လိမ့်မည်။ ကိုယ်တိုင်နှင့် ပတ်သက်သော အကြာင်းအရာများကို မှန်ကန်စွာ မစဉ်းစားနိုင်ဘဲ ရှိလိမ့်မည်။ မဆင်ခြင် မစူးစမ်းဘဲ ကိုယ်ရောစိတ်ပါ မသင့်မလျော် ပြုလိမ့်မည်။ မကောင်းသော အကျင့်ဓလေ့တို့ဖြင့် ကိုယ်ကိုကိုယ် ဖျက်ဆီးလိမ့်မည်။ သန့်ရှင်းစင်ကြယ်သော ကျန်းမာရေး အခြေခံ သဘောတရားများကို ဂရုမစိုက်ဘဲ ငြိမ်သက်ခြင်းကို ပျက်စီးစေသည် အလေ့အကျင့်များကို ဦးစားပေးခဲ့သောကြောင့် သူသည် ပျော်ရွှင်မှုစစ်ကို မရနိုင်။ ကိုယ်ကိုကိုယ် ဖျက်ဆီးထားသောကြောင့် ကြိုးစားအားထုတ်၍ သင်ကြားလေ့လာနိုင်သည့် ပညာသင်နှစ်များ ဆုံးရှုံးရ၏။ ကာယစွမ်းအား နှင့် ဉာဏစွမ်းအင်များကို အလွဲသုံးစားပြုသောကြောင့် ခန္ဓာကိုယ် ဗိမာန်ပျက်စီးရ၏။ ယခု ဘဝ အသက်တာ သာမက နောင်ဘဝ ထာဝရအသက်တာကိုပါ ပျက်စီးစေ၏။ လောကီပညာကို ဆည်းပူးခြင်းအားဖြင့် ဘဏ္ဍာကို ရလိမ့်မည်ဟု သူ ယူဆခဲ့သော်လည်း သမ္မာကျမ်းစာကို ပယ်ထားသောကြောင့် အရာခပ်သိမ်းထက် တန်ဖိုးကြီးသော ဘဏ္ဍာ ရတနာကို ဆုံးရှုံးရ၏။ COLB 114.2