Go to full page →

အနာဂတ္တိအချိန်ဇယားကိုပြန်လည်ဖေါ်နိုင်ခြင်း HFB 344

မီလာသည် အံ့ဖွယ်သရဲအရေးကြီးပုံပေါ်နေသည့် ထိုအချက်များကို နေ့ရောညပါအချိန်ယူလေ့လာလျက် အနာဂတ္တိစကားများကို ဆက်လက်စစ်ဆေးနေပါသည်။ နှစ်ပေါင်းနှစ်ထောင့်သုံးရာ၏အစကို ဒံယေလ (၈) ထဲတွင် သူမတွေ့ရချေ။ ရူပါရုံကိုနားလည်အောင် ရှင်းပြခဲ့သည့် ကောင်းကင်တမန်ဂါဗြေလသည်လည်း တစ်ပိုင်းတစ်စရှင်းလင်းချက်ကိုသာ သူ့အားပေးခဲ့သည်။ အသင်းတော်အပေါ် ကျရောက်မည့် ကြောက်လန့်ဖွယ် နှိပ်စက်ညှဉ်းပန်းခြင်းအကြောင်းကို ရူပါရုံတွင်ဖေါ်ပြသောအခါ ဒံယေလသည် ခံနိုင်ရည်မရှိတော့ချေ။ ‘‘ဒံယေလသည် မော၍နာလျက်ရှိနေ၏။’’ ‘‘မြင်ပြီးသောဗျာဒိတ်ရူပါရုံကို ငါအံ့ဩသော်လည်း ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။’’ ဒံယေလ ၈:၂၇။ HFB 344.2

သို့သော် ထာဝရဘုရားက ‘‘အိုဂါဗြေလ၊ ထိုသူသည် ယခုမြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှာ အနက်ကိုပြန်ပြောလော့’’ ဟု မိန့်တော်မူရာ ဂါဗြေလက အမိန့်တော်ကိုနာခံလျက် ‘‘အချင်းဒံယေလ၊ ငါသည် သင်၌ ဉာဏ်ပညာတိုးပွားစေမည်အကြောင်း ထွက်လာပြီ။--- ထိုကြောင့် ဗျာဒိတ်တော်အချက်ကိုဆင်ခြင်၍ နားထောင်ရသောအခွင့်ရှိ၏။’’ ‘‘သီတင်းခုနစ်ဆယ်ကို သင်၏အမျိုးသားချင်းတို့အဖို့နှင့် သင်၏သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။ ထိုကြောင့် ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည့်နေ့မှစ၍ ခရစ်တော် သခင်လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အယှက်ခံရသောကာလ၌ မြို့လမ်းကိုတစ်ဖန်တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။ ထိုသီတင်း ခြောက်ဆယ့်နှစ်သီတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။---တစ်သီတင်းတွင်လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကိုပပျောက် စေလိမ့်မည်။’’ ဒံယေလ ၈:၁၆။ ၉:၂၂၊ ၂၃၊ ၂၄-၂၇။ HFB 345.1

ရက်ပေါင်းနှစ်ထောင့်သုံးရာတည်ပြီးနောက် ဗိမာန်တော်ကို ဆေးကြောမည်ဆိုသည့် အနာဂတ္တိစကားကိုနားလည်အောင်ရှင်းပြရန် ဘုရားသခင်သည် ထိုကောင်းကင်တမန်ကို ဒံယေလထံ စေလွှတ်တော် မူခဲ့ခြင်းဖြစ်သည်။ ထိုကောင်းကင်တမန်၏ ပထမစကားမှာ သီတင်းခုနစ်ဆယ် ကို သင်၏အမျိုးသားချင်းအဖို့နှင့် သင်၏သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်သည် ဟူ၍ဖြစ်သည်။ ‘‘ဆုံးဖြတ်သည်’’ (determine) ဟူသောဝေါဟာရသည် ‘‘ပယ်ရှင်းသည်’’ (cut off) ကိုဆိုလိုချင်ပါသည်။ ထိုသီတင်းခုနစ်ဆယ် (သို့မဟုတ်) နှစ်ပေါင်း ၄၉၀ သည် အထူးသဖြင့် ယဒလူများအတွက် ပယ်ရှင်းထားရန် ဖြစ်သည်။ (ရှင်းရှင်းလေးပယ်ထားရန်ဖြစ်သည်)။ HFB 346.1