Go to full page →

၁၈၄၄ သတင်းစကားကို တမန်တော်များဟောကြားသည် သတင်းစကားနှင့် နှိုင်းယှဉ်ကြည့်ခြင်း HFB 372

ခရစ်တော်ပထမအကြိမ်ကြွလာစဉ်က အမှုတော်ဆောင်ခဲ့သည့် တပည့်တော်များ၏ အတွေ့အကြုံနှင့် ဒုတိယအကြိမ်ကြွလာခြင်းသတင်းကို ဟောကြားသူများ၏ အတွေ့အကြုံများ၌ တူညီမှုများရှိပါသည်။ တမန်တော် များက အချိန်ပြည့်စုံပြီ။ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးပြီဟု ဟောကြားခဲ့သကဲ့သို့ မီလာတို့အဖွဲ့ကလည်း သမ္မာကျမ်းစာတွင် ဖေါ်ပြထားသည့် အနာဂတ္တိဆိုင်ရာအချိန်သည် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း၊ တရားစီရင်ဖို့အချိန်နီးလာပြီဖြစ်ကြောင်း၊ ထာဝရနိုင်ငံတော်တည်ထောင်လုပြီ ဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြပါသည်။ အချိန်နှင့်ပတ်သက်သော တမန်တော် များ၏ ဟောကြားချက်များသည် ဒံယေလ ၉ တွင်ပါရှိသည့် သီတင်းခုနစ်ဆယ် အပေါ်တွင်အခြေခံသည်။ မီလာတို့အဖွဲ့က ကဏ္ဍတစ်ခုအဖြစ် သီတင်း ခုနစ်ဆယ် ပါဝင်နေသည့် ဒံယေလ ၈:၁၄ မှ ရက်ပေါင်း ၂၃၀၀ ကုန်ဆုံးမည့်အချိန်ကို ကြေညာခဲ့သည်။ ဟောကြားမှုအသီးသီးသည် တူညီသောအချိန်နှင့်ပတ်သက်သည့် အနာဂတ္တိစကားမှ မတူညီသောကဏ္ဍများ ၏ ပြည့်စုံခြင်းအပေါ်တွင် အခြေပြုခဲ့ကြပါသည်။ HFB 372.1

ဝီလာယမ်မီလာတို့သည် ရှေးဦးတမန်တော်များကဲ့သို့ပင် မိမိတို့ ဟောကြားသည့် သတင်းစကားကို လုံးစေ့ပတ်စေ့နားမလည်ခဲ့ကြချေ။ အသင်းတော်တွင် အချိန်ကြာမြင့်စွာကတည်းက တည်ရှိနေခဲ့သည့် အမှားအယွင်းများက အနာဂတ္တိစကားများမှ အရေးပါသော အချက်တစ်ခုကို မှန်ကန်စွာအနက်ဖွင့်ရန် အခက်တွေ့စေခဲ့ပါသည်။ ထိုကြောင့် ဘုရားသခင်က အပ်နှံထားသည့် သတင်းစကားကို သူတို့ကြွေးကြော်ခဲ့ကြသော်လည်း အနက်အဓိပ္ပါယ်ကို နားလည်မှုမှားခဲ့သောကြောင့် စိတ်ပျက်ခဲ့ကြရပါသည်။ HFB 373.1

ဤကမ္ဘာကြီးသည် ဗိမာန်တော်ဖြစ်သည်ဟူသော အယူအဆကို မီလာလက်ခံခဲ့သဖြင့် ဗိမာန်တော်ကိုဆေးကြောခြင်းသည် သခင်ဘုရား ကြွလာသောအခါ ကမ္ဘာကြီးကို မီးဖြင့်သန့်စင်စေခြင်းကို ပုံဆောင်သည်ဟု သူယုံကြည်ခဲ့သည်။ ထိုကြောင့် နှစ်ပေါင်း ၂၃၀၀ ၏ အဆုံးတွင် ခရစ်တော်ကြွလာမည်ဟု သူကောက်ချက်ချခဲ့ပါသည်။ HFB 373.2

ဗိမာန်တော်ဆေးကြောခြင်းအမှုသည် တစ်နှစ်အတွင်း ယဇ်ပုရောဟိတ် မင်းထမ်းဆောင်ရသည့်အမှုတော်များ၏ နောက်ဆုံးသောအမှုတော်ဖြစ်သည်။ ထိုအရာသည် အပြစ်ဖြေခြင်းတည်းဟူသော ဣသရေလများ၏ အပြစ်များကို ဖယ်ရှားခြင်းဆိုင်ရာ အဆုံးသတ်လုပ်ငန်းတစ်ခုဖြစ်သည်။ ကောင်းကင်နိုင်ငံ တော်ရှိ မှတ်တမ်းများတွင် မှတ်တမ်းတင်ထားခြင်းခံရသည့် မိမိလူတို့၏ အပြစ်များကိုဆေးကြော ဖယ်ရှားခြင်းအမှု၌ ယဇ်ပုရောဟိတ်မင်းဆောင်ရွက်ရသည့် အဆုံးသတ် လုပ်ငန်းကို ပုံဆောင်ပါသည်။ ဤအမှုတော်တွင် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ တရားစီရင်ခြင်းလည်းပါဝင်ပါသည်။ ၎င်းပြင် အမှုအားလုံးကို စီရင်ချက်ချပြီးနောက် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းမတိုင်မီ ကလေးတွင် ပြုလုပ်သည့် တရားစီရင်ခြင်းအမှုတော်လည်း ပါဝင်ပတ်သက်ပါသည်။ ‘‘ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်းဆပ်ပေးမည်’’ ဟု ခရစ်တော်မိန့်တော်မူထားပါသည်။ ဗျာ၊ ၂၂:၁၂။ ထိုအရာသည် ‘‘ဘုရားသခင်ကိုကြောက်ရွံ၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ’’ ဟု ဗျာဒိတ်၊ ၁၄:၇ တွင်ဖေါ်ပြထားသည့် ပထမကောင်းကင် တမန်သတင်းစကားတွင် ကြွေးကြော်ထားသော တရားစီရင်ခြင်းအမှုတော် လုပ်ငန်းပင် ဖြစ်ပါသည်။ HFB 373.3

ဤသတိပေးစကားကို ကြွေးကြော်ခဲ့ကြသူများသည် အသင့်လျော်ဆုံး သောအချိန်တွင် အသင့်လျော်ဆုံးသော သတင်းစကားကို ပေးခဲ့ကြခြင်း ဖြစ်သည်။ တမန်တော်များသည် သီတင်းခုနစ်ဆယ်အဆုံး၌ နိုင်ငံတော်တည်ထောင်လိမ့်မည်ဟု မှားယွင်းစွာယူဆခဲ့ကြပြန်သည်။ ဤအကြောင်းအရာနှစ်ခုစလုံးတွင် ရေပန်းစားနေသော မှားယွင်းမှုများက သမ္မာတရားကိုမမြင်စေရန် ၎င်းတို့၏ဉာဏ်မျက်စိကို ကွယ်စေခဲ့သည်။ နှစ်ဖွဲ့စလုံးသည် ဘုရားသခင်ပေးစေ လိုသောသတင်းစကားများကို ဟောပြောခဲ့ခြင်းဖြင့် အလိုတော်ကို ပြည့်စုံစေခဲ့ သော်လည်း နှစ်ဖွဲ့စလုံးသည် သတင်းစကား၏ အနက်အဓိပ္ပါယ်ကို နားလည်မှု မှားသဖြင့် စိတ်ပျက်ဝမ်းနည်းခဲ့ကြရသည်။ HFB 374.1

သို့စေကာမူ တရားစီရင်ခြင်းဆိုင်ရာ သတိပေးစကားကို အရှိအတိုင်း ဟောကြားခွင့်ပြုခြင်းဖြင့် ဘုရားရှင်သည် မိမိ၏အကြံအစည်တော်ကို အထမြောက်စေတော်မူခဲ့သည်။ ကိုယ်တော်ရှင်၏ အစီအစဉ်တွင် ဤသတင်းစကားသည် အသင်းတော်ကို စမ်းသပ်စစ်ဆေးခြင်း၊ သန့်စင်ခြင်းများအတွက် အထောက်အကူပြုခဲ့ပါသည်။ ၎င်းတို့သည် လောကကို ချစ်သလား။ ခရစ်တော်နှင့် ကောင်းကင်နိုင်ငံတော်ကိုချစ်ကြသလား။ သူတို့သည် လောကီရည်မှန်းချက်များကိုစွန့်ပစ်ကာ ၎င်းတို့၏သခင် ကြွလာခြင်းကို ကြိုဆိုဖို့အဆင်သင့်ရှိကြသလား။ HFB 375.1

ထိုစိတ်ပျက်ဝမ်းနည်းခြင်းသည်လည်း သတိပေးစကားကို လက်ခံရန် ဝန်ခံခဲ့သူများ၏ စိတ်နှလုံးကို စမ်းသပ်ခဲ့ခြင်းဖြစ်ပါသည်။ သူတို့သည် ခရစ်တော်ကြွလာခြင်းကြန့်ကြာမှုကြောင့် စိတ်ပျက်အားငယ်ခဲ့ရသည့်ပြင် လူများ၏ ပြစ်တင်ဝေဖန်မှုများကို ခံရသောအခါ လက်မြှောက်အရှုံးပေးကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ထားရှိသည့် ယုံကြည်စိတ်ချမှုကို ကရောသောပါး စွန့်လွှတ်ခဲ့ကြလိမ့်မည်လား။ သူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ပုံကို ရုတ်တရက်နားမလည်ကြသောကြောင့် နှုတ်ကပတ်တော်က ရှင်းလင်းစွာ သက်သေခံထားသည့် သမ္မာတရားကို ဘေးဖယ်ထားကြလိမ့်မည်လား။ HFB 375.2

သမ္မာကျမ်းစာကို သမ္မာကျမ်းစာအားဖြင့် အနက်ပြန်ဆိုရမည့်အစား လူတို့၏အနက်ပြန်ဆိုမှုကို လက်ခံအသုံးပြုခြင်းသည် အန္တရာယ်ရှိကြောင်း ဤစမ်းသပ်မှုက သွန်သင်ပါသည်။ နှုတ်ကပတ်တော်ကို အနီးကပ်လေ့လာရန် မိမိတို့၏ယုံကြည်ခြင်းအုတ်မြစ်ကို သတိကြီးစွာထားကာ ဆန်းစစ်ရန်နှင့် ခရစ်ယာန်လောကမှ ကျယ်ကျယ်ပြန့်ပြန့်လက်ခံကျင့်သုံးသော်လည်း နှုတ်ကပတ်တော်တွင် အခြေမပြုသောအရာခပ်သိမ်းတို့ကိုငြင်းပယ်ရန် ယုံကြည်ခြင်း၏ သားသမီးများကို လမ်းပြရမည်။ HFB 376.1

အစမ်းသပ်ခံကာလတွင် မှောင်မည်းသယောင်ဖြစ်ခဲ့သော အရာများသည် နောက်ပိုင်းတွင် ရှင်းလင်းလာလိမ့်မည်။ မိမိတို့၏ မှားယွင်းမှု များကြောင့် စမ်းသပ်မှု၊ စစ်ဆေးမှုနှင့် ရင်ဆိုင်ကြရသော်လည်း ထာဝရဘုရားသည် သနားခြင်းကရုဏာနှင့်ပြည့်စုံ၍ ‘‘လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သော သူတို့အား ကရုဏာနှင့်သစ္စာဖြစ်ကြသတည်း။’’ ဆာလံ ၂၅:၁၀။ HFB 376.2

အချိန်အရှည်ဆုံး အနာဂတ္တိစကားကို ဒံယေလအခန်းကြီး ၈ တွင် မှတ်တမ်းတင်ထားပြီး။ အသေးစိတ်ကို ဒံယေလအခန်းကြီး ၉ တွင် ဖေါ်ပြထားပါသည်။ ခရစ်တော်ကပ်တိုင်အတင်ခံရမည့်အချိန်နှင့် ခရစ်တော် မကြွလာမီ ကောင်းကင်နိုင်ငံတော်တွင်ကျင်းပမည့် တရားစီရင်ခြင်း၏ အစပျိုးခြင်းများကို ဤအနာဂတ္တိကျမ်းတွင် ရှင်းလင်းစွာဖေါ်ပြထားပါသည်။ HFB 376.3

‘‘ရက်ပေါင်း ၂၃၀၀ တိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနတော်ကို တစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်။’’ HFB 377.1

“Unto 2300 days; then shall the sanctuary be cleaned” HFB 377.2

(အမိန့်တော်ထုတ်ပြန်ခြင်း) (တစ်ပါးအမျိုးသားများထံသို့ ဧဝံဂေလိရောက်ခြင်း) (စုံစမ်းစစ်ဆေးခြင်းဆိုင်ရာတရားစီရင်ခြင်းအစ) (ခရစ်တော်နှစ်ခြင်းခံခြင်း) HFB 377.3

*****