Go to full page →

သမ္မာကျမ်းစာတွင်ရှိသောတန်ခိုးတော် HFB 385

ဒေါက်တာဝုလ်ဖ်သည် လူရိုင်းတိုင်းပြည်များသို့ အကာအကွယ်မဲ့ ခရီးသွားခဲ့ရာ ဒုက္ခဆင်းရဲခြင်းများနှင့် မရေမတွက်နိုင်သော အန္တရာယ်များကို ရင်ဆိုင်ခံစားခဲ့ရပါသည်။ သူသည် ထမင်းငတ်ခဲ့ဖူးသည်။ ကျွန်အဖြစ် အရောင်းစားခံခဲ့ဖူးသည်။ (၃) ကြိမ်တိုင်တိုင် သေဒဏ်အပေးခံရဖူးသည်။ ဓါးပြ အတိုက်ခံခဲ့ဖူးသည်။ တစ်ခါတစ်ရံတွင် ရေငတ်သဖြင့် သေတော့မလောက် ခံစားခဲ့ဖူးသည်။ သူသည် အရိုက်ခံရရုံသာမက အေးစက်နေသောမြေကြီး ပေါ်တွင် မိုင်ပေါင်းများစွာဖိနပ်မပါဘဲ နှင်းတောထဲတွင် ခြေလျင်အလျှောက် ခိုင်းသည်ကိုလည်း ခံခဲ့ဖူးသည်။ HFB 385.1

လူရိုင်းတွေကြားထဲမှာ လက်နက်မပါဘဲသွားခြင်းမှာ အန္တရာယ် များကြောင်း သူ့အားသတိပေးသောအခါ သူက ‘‘ကျွန်တော့်မှာ လက်နက်တွေ ပါပါတယ်။ ဆုတောင်းခြင်းလက်နက်၊ ခရစ်တော်အတွက် စိတ်အားထက်သန်ခြင်း လက်နက်၊ ကိုယ်တော်မစမည်ကို စိတ်ချသော လက်နက်တွေပေါ့။ ဘုရားကိုချစ်၊ အိမ်နီးချင်းကိုချစ်တယ်ဆိုတဲ့ လက်နက် ကိုလည်း နှလုံးသားမှာတပ်ဆင်ထားပါတယ်။ သမ္မာကျမ်းစာလက်နက် ကလည်း လက်ထဲမှာ ပါပါတယ်။ ကျွန်တော့်တန်ခိုးဟာ ကျမ်းစာမှာရှိတယ်။ ကျမ်းစာကပဲ ကျွန်တော့်ကို ထောက်မလိမ့်မယ်လို့ ကျွန်တော်ခံစားမိတယ်’’ ဟု ပြောခဲ့သည်။ HFB 385.2

သူသည် ကမ္ဘာ့နေရာများစွာသို့ သတင်းစကားရောက်သွားသည့် တိုင်အောင် ဇွဲရှိရှိဖြင် ကြိုးစားလုပ်ဆောင်ခဲ့သည်။ ဂျူးလူမျိုး၊ တူရကီလူမျိုး၊ ပါစီလူမျိုး၊ ဟင်ဒူများနှင့် အခြားလူမျိုးအသီးသီး ကြားတွင် ဘာသာစကားအမျိုးမျိုးဖြင့် နှုတ်ကပတ်တော်ကို ဟောကြားကာ မေရှိယကြွလာမည့် သတင်းစကားကို ရှေ့ပြေးဟောကြားခဲ့ပါသည်။ HFB 385.3

သီးသီးခြားခြားနေထိုင်သည့်လူတစ်စုက ခရစ်တော်ကြွလာခြင်း သတင်းစကားကို လက်ခံကိုင်စွဲထားသည်ကို ဘိုခါးရားတွင် သူတွေ့ခဲ့ရပါသည်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာကာ ဘုန်းတန်ခိုးကြီးစွာဖြင့် စိုးစံမည့်သတင်းကို သတိပေးထားသည့် ဆီးရာ (Seera) ခေါ်စာအုပ်တစ်အုပ် ကို ယေမင်နိုင်ငံမှ အာရပ်များပိုင်ဆိုင်ထားကြောင်း၊ ကြီးကျယ်သည့်ဖြစ်ရပ် တစ်ခု ၁၈၄၀ ခုနှစ်တွင် ဖြစ်ပျက်ဖို့ ထိုအာရပ်များက မြော်လင့်ထားကြောင်း ဝုလ်ဖ်ပြောဆိုခဲ့ပါသည်။ ဣသရေလ၊ ဒန်နှင့် ရေခပ်အမျိုးအနွယ်မှ သက်ဆင်းလာသည့် သားသမီးများသည် မိုးတိမ်ကိုစီး၍ အလျင်အမြန် ကြွလာသည့် ခရစ်တော်ကို မြော်လင့်နေကြကြောင်းကို သူတွေ့ခဲ့၏။ HFB 386.1

တာတာရီတိုင်းပြည်တွင်လည်း ထိုကဲ့သို့သောယုံကြည်ခြင်းမျိုး ရှိနေကြောင်း၊ အခြားသာသနာပြုတစ်ဦးက တွေ့ရှိခဲ့ပါသည်။ တာတာယဇ်ပုရောဟိတ်တစ်ပါးက ထိုသာသနာပြုကို ခရစ်တော် ဒုတိယအကြိမ်ကြွလာမည့်အချိန်ကိုမေးရာ ထိုသာသနာပြုက ထိုအရာနှင့် ပတ်သက်၍ သူဘာမှမသိကြောင်း ပြောဆိုခဲ့ပါသည်။ ကြားရသောအဖြေကြောင့် ထိုယဇ်ပုရောဟိတ်ကြီးသည် အလွန်အံ့အားသင့်သွားကာ ၁၈၄၄ ခုနှစ် လောက်တွင် ခရစ်တော်ကြွလာမည်ဟု ဖေါ်ပြထားသော အနာဂတ္တိကျမ်းကို ဖေါ်ပြပြီး ၎င်း၏ကိုယ်ပိုင်ယုံကြည်ခြင်းကို ဖွင့်ဟခဲ့ပါသည်။ HFB 386.2