Go to full page →

စကင်ဒီနေးဗီးယားမှကလေးတရားဟောဆရာများ HFB 390

စကင်ဒီနေးဗီးယားတွင်လည်း ဒုတိယအကြိမ်ကြွလာခြင်းသတင်း စကားများကို ဟောကြားခဲ့ကြပါသည်။ လူများစွာတို့သည် အပြစ်များကိုဝန်ချတောင်းပန်ကာ ခရစ်တော်၏ နာမတော်အားဖြင့် အပြစ်လွှတ်ခွင့်တောင်းခံရန် နိုးကြားလာကြပါသည်။ သို့သော် ထိုနိုင်ငံရှိ အသင်းတော်မှ ဘာသာရေးခေါင်းဆောင်များက ထိုလှုပ်ရှားမှုကိုဆန့်ကျင်ကာ သတင်းစကားဟောကြားသူများအား ထောင်ချခဲ့ကြပါသည်။ HFB 390.4

တရားဟောဆရာကြီးများကို နှုတ်ပိတ်ခဲ့သည့်နေရာတော်တော် များများသို့ ကလေးတရားဟောဆရာများ စေလွှတ်ကာ သတင်းစကားကို ဘုရားသခင်ဖြန့်ချိခဲ့ပါသည်။ ကလေးများသည် အသက်မပြည့်ကြသေးသဖြင့် နိုင်ငံတော်အနေဖြင့် ၎င်းကိုချိန်းချုပ်ခွင့်မရှိရာ ၎င်းတို့သည် အနှောင့်အယှက် ကင်းမဲ့စွာဖြင့် ဟောကြားနိုင်ခဲ့ကြသည်။ HFB 391.1

အလုပ်သမားများ၏ တဲများတွင် သတိပေးစကားများကိုနာကြားရန် လူအများစုရုံးခဲ့ကြပါသည်။ တချို့ကလေးတရားဟောဆရာကလေးများသည် အသက် (၆) နှစ် (သို့မဟုတ်) (၈) နှစ်ထက်မကြီးကြသေးချေ။ ပရိတ်သတ် ရှေ့တွင်ထ၍ တရားဟောသောအချိန်တွင် ၎င်းတို့သည် ဘုရားဝိညာဉ်တော်၏ လွှမ်းမိုးမှုအောက်တွင် လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ သူတို့၏ အသံအနေအထားနှင့် ဟန်ပန်လက္ခဏာများပြောင်းလဲသွားကာ ‘‘ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ’’ ဟူသော သတိပေးစကားများကို ဣန္ဒြေကြီးစွာဖြင့် ဟောကြားခဲ့ကြသည်။ HFB 391.2

ထိုလူတို့သည် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် နာကြားခဲ့ကြသည်။ ဘုရား၏ဝိညာဉ်တော်သည စိတ်နှလုံးများနှင့် စကားပြောနေရာ လူအများသည် ကျမ်းစာကိုလေ့လာလာကြပါသည်။ ချုပ်တည်းခြင်းမရှိသောအသက်တာ၊ စာရိတ္တဖေါက်ပြန်သော အသက်တာ များမှ ပြောင်းလဲလာကြရာ ဤလှုပ်ရှားမှုတွင် ဘုရားသခင်၏ လက်တော် ပါဝင်ကြောင်း ထိုအသင်းတော်မှတရားဟောဆရာများ အသိအမှတ် ပြုလာသည့်အဆင့်အထိ ထူးခြားစွာအောင်မြင်လာပါသည်။ HFB 391.3

စကင်ဒီနေးဗီးယားတွင် ကြွလာခြင်းဆိုင်ရာသတင်းစကား ပျံ့နှံ့သွားရန် ဘုရားသခင်အလိုရှိတော်မူသည်။ ထိုကြောင့် ကလေးတရားဟော ဆရားများအပေါ်သို့ ဝိညာဉ်တော်သက်ဆင်းစေကာ အမှုတော်ကို ထိုအရပ်တွင် ကြီးပွားစေခဲ့ပါသည်။ ယေရုရှလင်မြို့နားသို့ ခရစ်တော်ချဉ်းကပ်လာသော အချိန်တွင် ယဇ်ပုရောဟိတ်များနှင့် နယ်စားကြီးများ၏ ခြိမ်းခြောက်မှုကြောင့် လူအပေါင်းတို့သည် ဝမ်းသာအားရ ကြိုဆိုကြွေးကြော်ခြင်းများကို ရပ်ခဲ့ကြ သော်လည်း ဗိမာန်တော်ဝင်းအတွင်းရှိ ကလေးငယ်များက ‘‘ဒါဝိဒ်၏သားတော် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကာ ပထမအကြိမ်ကြွလာစဉ်က ကလေးငယ်များအားဖြင့် အမှုတော်ကိုပြုပြင်ခဲ့သလို ဒုတိယအကြိမ်ကြွလာခြင်း သတင်းစကားကို ဟောကြားရာတွင်လည်း ၎င်းတို့ကို အသုံးပြုတော် မူခဲ့ပါသည်။ HFB 392.1