Go to full page →

သန့်ရှင်းရာဌာနနှင့်ပတ်သက်သည့်နက်နဲမှုကိုဖြေရှင်းခြင်း HFB 444

ထိုကောင်းကင်ရှိတဲတော်စစ်သည် ပဋိညာဉ်သစ်၏သန့်ရှင်းရာ ဌာနတော်ဖြစ်၏။ ခရစ်တော်အသေခံသည့်အချိန်တွင် ပုံဆောင်မှုများ ဆုံးခန်းတိုင်သို့ရောက်သွားခဲ့ပါသည်။ ဒံယေလ ၈:၁၄ သည် ဤကာလအငန်း အတာတွင် ပြည့်စုံသည်ဖြစ်ရာ ထိုကျမ်းချက်တွင် ဖေါ်ညွှန်းထားသည့် သန့်ရှင်းရာဌာနတော်သည် ပဋိညာဉ်သစ်၏ သန့်ရှင်းရာဌာနတော် ဖြစ်ရပါမည်။ ထိုကြောင့် ‘‘ရက်ပေါင်း နှစ်ထောင့်သုံးရာတိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်’’ ဆိုသည့် အနာဂတ္တိကျမ်းသည် ကောင်းကင်ဘုံရှိ သန့်ရှင်းရာဌာနတော်ကို ညွှန်ပြပါသည်။ HFB 444.1

သို့သော် ဆေးကြောသုတ်သင်သည်ဆိုသည်မှာ ဘာကိုဆိုလိုချင် ပါသနည်း။ ကောင်းကင်ဘုံမှာရှိနေသည့် တစ်စုံတစ်ခုကို ဆေးကြောသုတ်သင်ဖို့ လိုပါသလား။ ကောင်းကင်နှင့်မြေကြီးရှိ သန့်ရှင်းရာဌာနတော် နှစ်ခုစလုံးအား ဆေးကြောသုတ်သင်ခြင်းနှင့် စပ်လျဉ်း၍ ဟေဗြဲ ၉:၂၂-၂၃ တွင် ရှင်းလင်းစွာ သွန်သင်ထားပါသည်။ ‘‘ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။ ထိုကြောင့် ကောင်းကင်ဘုံ၌ရှိသောအရာတို့၏ ပုံရိပ်များကို ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရသည်ဖြစ်၍ ကောင်းကင်အရာတို့ကို သာ၍မြတ်သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။’’ HFB 444.2