Go to full page →

ဓမ္မသစ်ကျမ်း၌ထောက်ခံမှုမရှိခြင်း HFB 481

တနင်္ဂနွေနေ့သည် ဥပုသ်နေ့ဖြစ်ကြောင်းကိုလည်းကောင်း၊ တနင်္ဂနွေနေ့တွင် ဥပုသ်စောင့်ရှောက်ခြင်းနှင့်စပ်လျဉ်းသည့် တိကျသော စည်းမျဉ်းများအကြောင်းကိုလည်းကောင်း ဓမ္မသစ်ကျမ်းက လုံးဝ ထောက်ခံ တင်ပြထားခြင်းမရှိသည်ကို ပရိုတက်စတင့်များက အသိအမှတ်ပြုကြပါသည်။ HFB 481.1

ခရစ်တော်အသေခံပြီးသည့်အချိန်အထိ နေ့ရက်အပြောင်းအလဲ မရှိသည်ကိုလည်းကောင်း၊ သတ္တမနေ့ရက်ဥပုသ်စောင့်ခြင်းကို လျစ်လျူရှု၍ ပထမနေ့တွင်ဥပုသ်စောင့်ရန် ပြဌာန်းသည့်အမိန့်များကို တမန်တော်များက ပေးမထားခဲ့သည်ကိုလည်းကောင်း မှတ်တမ်းများအရ သိရပါသည်။ HFB 481.2

ဥပုသ်နေ့ပြောင်းလဲခြင်းအမှုကို မိမိတို့ကပြုလုပ်ခဲ့ကြောင်း ကာတိုလိတ်အသင်းတော်က အသိအမှတ်ပြုနေရုံသာမက တနင်္ဂနွေဥပုသ်ကို စောင့်ရှောက်ခြင်းအားဖြင့် ပရိုတက်စတင့်များသည် မိမိတို့၏ဩဇာခံများ ဖြစ်လာကြောင်း အောက်ပါအတိုင်းသူတို့မှတ်တမ်းတင်ခဲ့ကြသည်။ ‘‘ပညတ်တော်ဟောင်းအချိန်တုန်းက စနေနေ့သည် သန့်ရှင်းသောနေ့တစ်နေ့ဖြစ်ခဲ့သည်။ သို့သော်ခရစ်တော်တည်ထောင်ကာ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြနေသော ဤအသင်းတော်သည် စနေနေ့အစား တနင်္ဂနွေနေ့ကို (ဥပုသ်နေ့အဖြစ်) တည်ထောင်ပြဌာန်းခဲ့ပြီး ဖြစ်သည်။ ထိုကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ပထမနေ့ကို သန့်ရှင်းစေကြပြီ။ ယခုတွင် တနင်္ဂနွေနေ့သည် သခင်ဘုရား၏နေ့ဟု အဓိပ္ပါယ်ရသည်’’ ဟု (Catholic Catechism of Christian Religion) တွင် ထုတ်ပြန်ထားပါသည်။ HFB 481.3

‘‘ပရိုတက်စတင့်များလက်ခံစောင့်ရှောက်နေသော တနင်္ဂနွေ ဥပုသ်သည် မိမိတို့ပြောင်းလဲခဲ့သည့်ဥပုသ်ဖြစ်ကြောင်း ၎င်းတို့သည် ထိုဥပုသ်ကို စောင့်ရှောက်ခြင်းအားဖြင့် ပွဲနေ့အခမ်းအနားများကို ဘိသိက်ပေးရန်အတွက် သော်လည်းကောင်း၊ ထိုသူများအား အပြစ်ဒုစရိုက်အောက်တွင်ရှိကြောင်း အမိန့်ချမှတ်ရန်အတွက်သော်လည်းကောင်း မိမိတို့၏အသင်းတော်တွင် တန်ခိုးအာဏာရှိကြောင်း အသိအမှတ်ပြုနေကြသည်’’ ဟု ကာတိုလိတ် အသင်းတော်၏ တန်ခိုးအာဏာရှိကြောင်း အထိမ်းအမှတ်အဖြစ် ရဟန်းမင်းက ဖွင့်ဆိုခဲ့ပါသည်။ HFB 482.1

မည်သည့်အရာသည် သားရဲ၏တံဆိပ်တည်းဟူသော ရောမအသင်း တော်၏ ဩဇာအာဏာအထိမ်းအမှတ်ဖြစ်သနည်း။ HFB 482.2

ရောမအသင်းတော်သည် မိမိ၏အစိုးတရရှိမှုကို ကြွေးကြော်ရန် မနှောင့်နှေးခဲ့ချေ။ ကမ္ဘာ့လူသားများနှင့် ပရိုတက်စတင့်အသင်းတော်များက ၎င်းတီထွင်ထားသည့် ဥပုသ်ကိုလက်ခံကာ ကျမ်းစာဥပုသ်နေ့ကို ငြင်းပယ် ကြသောအချိန်တွင် သူတို့သည် ၎င်း၏မှားယွင်းသောယူဆချက်ကို လက်ခံသည့်သဘောဖြစ်သွားပါသည်။ ဤသို့ သောအားဖြင့် မိမိတို့နှင့်ရောမများအကြား အဓိကခြားနားချက်ဖြစ်သည့် သမ္မာကျမ်းစာသည်သာလျှင် ပရိုတက်စတင့်များ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်သည်ဆိုသည့်အချက်ကို မသိကျိုးကျွန်ပြုလိုက်ကြပါသည်။ တနင်္ဂနွေဥပုသ် လှုပ်ရှားမှုများသည် အောင်မြင်လာသည်နှင့်အမျှ ပရိုတက်စတင့်ကမ္ဘာ သည်လည်း အဆုံးတွင် ရောမ၏အလံအောက်သို့ ရောက်ရှိသွားပါတော့သည်။ HFB 482.3

‘‘ပရိုတက်စတင့်များသည် တနင်္ဂနွေဥပုသ်ကို စောင့်ရှောက်ခြင်းဖြင့် ရောမအသင်းတော်၏ တန်ခိုးအာဏာကို ဂါရဝပြုနေကြသည်’’ ဟု ရောမအသင်းသားများက ပြောကြပါသည်။ HFB 483.1

နိုင်ငံတော်အစိုးရ၏ အာဏာတန်ခိုးကိုအသုံးပြုကာ ဘာသာရေး တာဝန်တစ်ခုကို အတင်းအကျပ်လုပ်ဆောင်စေခြင်းသည် ထိုသားရဲအတွက် တံဆိပ်တစ်ခုကိုတည်ဆောက်နေခြင်းဖြစ်ရာ အမေရိကန်ပြည်ထောင်စုတွင် တနင်္ဂနွေဥပုသ်စောင့်ရန် အတင်းအကျပ်လုပ်ဆောင်နေခြင်းသည် သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်ရန် တိုက်တွန်းနေခြင်းဖြစ်သည်။ HFB 483.2

အတိတ်မှခရစ်ယာန်မျိုးဆက်များသည် တနင်္ဂနွေအား သမ္မာ ကျမ်းစာတွင် ဖေါ်ပြထားသည့် ဥပုသ်နေ့အထင်ဖြင့် စောင့်ရှောက်ခဲ့ကြပါသည်။ ယခုခေတ်တွင်လည်း တနင်္ဂနွေနေ့အား ဘုရားသခင်သတ်မှတ်ထားသည့် ဥပုသ်နေ့ဟု ရိုးရိုးသားသားယုံကြည်နေသည့် စစ်မှန်သောခရစ်ယာန်များ အသင်းတော်တိုင်းတွင် ရှိနေပါသည်။ သို့သော် ဥပဒေပြဌာန်းကာ တနင်္ဂနွေဥပုသ်ကို စောင့်ခိုင်းလာသော အချိန်တွင် စစ်မှန်သော ဥပုသ်နေ့နှင့် ပတ်သက်သည့်အလင်းတရားကို ကမ္ဘာအားထွန်းလင်းလာပါက ရောမ၏ သွန်သင်ချက်ကိုလိုက်နာရန် ဘုရား၏ပညတ်တော်ကိုချိုးဖောက်သူတိုင်းသည် ဘုရားသခင်ထက် ရဟန်းမင်းကို ဂုဏ်ပြုနေခြင်းဖြစ်သည်။ ထိုသူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်နေပါသည်။ ဤနည်းအားဖြင့် လူသားများသည် ရောမနှင့် မဟာမိတ် ဖွဲ့သည့်အထိမ်းအမှတ်ဖြစ်သော သားရဲ၏တံဆိပ်ကိုလက်ခံကြပါသည်။ သို့ရာတွင် ထိုတနင်္ဂနွေဥပုသ်အမိန့်ကို ထုတ်ပြန်ကာ ဘုရားပညတ်တော်နှင့် လူ့ပညတ်များအကြား ရွေးချယ်မှုမပြုခိုင်းမချင်း ထိုသို့မဖြစ်သေးပါ။ ထုတ်ပြန်ပြီးအချိန်တွင် ဘုရားပညတ်ကို ချိုးဖေါက်သောသူများသည်သာ သားရဲ၏တံဆိပ်ကို လက်ခံခြင်းဖြစ်ပါလိမ့်မည်။ HFB 483.3