Go to full page →

လူအပေါင်းတို့၏ကံကြမ္မာကိုဆုံးဖြတ်ချက်ချခြင်း HFB 530

ခရစ်တော်မိုးတိမ်စီး၍ ကြွမလာမီကလေးတွင် ကရုဏာတော် အချိန်သည် ကုန်ဆုံးသွားပါသည်။ ကိုယ်တော်သည် ထိုအချိန်ကို မှန်းမျှော်ကာ ‘‘မတရားသောသူသည် မတရားသဖြင့်ပြုနေဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။’’ ဗျာ၊ ၂၂:၁၁-၁၂။ HFB 530.3

လူသားများသည် စားလျက်၊ သောက်လျက်၊ ဆောက်လျက်၊ စိုက်ပျိုးလျက် သတိမမူဘဲရှိစဉ်တွင် ကောင်းကင်ဗိမာန်တော်၌ အပြီးသတ် စီရင်ချက်ချမှတ်တော်မူလိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ ဝင်သွားပြီးနောက် ရေလွှမ်းမိုးခြင်းမတိုင်မီ (၇) ရက်အချိန်အတွင်း နောဧအား သင်္ဘောထဲတွင် လည်းကောင်း၊ ဘုရားမဲ့သူများအား သင်္ဘောအပြင်တွင်လည်းကောင်း ကန့်သတ်ထားစဉ် ထိုလူများသည် အပျော်အပါးကိုလိုက်စားကာ တရားစီရင် ခြင်းဆိုင်ရာ သတိပေးစကားများကို ပြက်ရယ် ‘‘ပြုကြသည်နည်းတူ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။’’ မဿဲ ၂၄:၃၉။ ညသန်းခေါင်အချိန် တိတ်တဆိတ်သူခိုးလာသကဲ့သို့ ‘‘အဘယ်အချိန်၌လာမည်ကို သင်တို့မသိ သောကြောင့် စောင့်နေကြလော့။ (သို့မဟုတ်) အမှတ်တမဲ့လာ၍ သင်တို့ အိပ်ပျော်နေသည်ကိုတွေ့လိမ့်မည်။’’ မာကု ၁၃:၃၅-၃၆။ HFB 531.1

စောင့်နေရသည်ကိုငြီးငွေ့ကာ လောကအပျော်အပါးများနောက်သို့ လိုက်သွားသည့်သူများသည် အန္တရာယ်ကြီးအေသာအခြေအနေနှင့်ရင်ဆိုင်ကြ ရလိမ့်မည်။ စီးပွားရေးသမားများသည် အမြတ်အစွန်းရရှိရေးအတွက်သာ လုံးပမ်းနေစဉ် ပျော်ပါးလိုသူများသည် အပျော် အပါးလိုက်စားနေစဉ် ဖက်ရှင်အလှမယ်များသည် အလှပြင်ဆင်နေကြစဉ် ‘‘သင့်ကို ချိန်ခွင်နှင့်ချိန်၍ လျော့ကြောင်းကို တွေ့မြင်တော်မူပြီ’’ ဟု ထာဝရ ဘုရားသည် ၎င်းတို့ကို စီရင်ချက်ချတော်မူလိမ့်မည်။ ဒံယေလ ၅:၂၇။ HFB 531.2

*****