Go to full page →

အခန်း (၃၁) - မကောင်းသောနာမ်ဝိညာဉ်များ (ဆိုးယုတ်သောကောင်းကင်တမန်များ) HFB 555

ဘုရားသခင်၏ ကောင်းကင်တမန်များနှင့် ဆိုးယုတ်သော ကောင်းကင်တမန်များအကြောင်းကို သမ္မာကျမ်းစာတွင် ရှင်းလင်းစွာ ဖော်ပြ ထားပါသည်။ ၎င်းပြင် ထိုကောင်းကင်တမန်များသည် လူသားများ၏ သမိုင်းစဉ်တွင် ပါဝင်ပတ်သက်နေကြပါသည်။ ကယ်တင်ခြင်းခံရသူများကို အလုပ်အကျွေးပြုနေသော ကောင်းကင်တမန်များကို သေဆုံးသူများ၏ ဝိညာဉ်များအဖြစ် အများကမှတ်ယူကြပါသည်။ သို့ရာတွင် ထိုကောင်းကင် တမန်များသည် နာမ်ဝိညာဉ်ရိုးရိုး (ဝါ) ကိုယ်ခန္ဓာမဲ့ဝိညာဉ်များ မဟုတ်ကြောင်းကို သမ္မာကျမ်းစာက သက်သေပြထားပါသည်။ ဤကမ္ဘာကြီး စတင်ဖန်ဆင်းသည့် အချိန်ကတည်းက ‘‘နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်’’ ကြသဖြင့် လူသားများကို မဖန်ဆင်းမီကပင် ကောင်းကင် တမန်များသည် ရှိနှင့်ပြီးသားဖြစ်ပါသည်။ (ယောဘ ၃၈:၇)။ လူသားများ အပြစ်တွင်ကျဆုံးပြီးနောက် လူတစ်ဦးတစ်ယောက်မျှ မသေဆုံးမီတွင် ထိုအသက်ကိုပင် ကောင်းကင်တမန်များအား စောင့်ကြပ်စေခဲ့သည်။ လူသားများကို ‘‘ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူ’’ သဖြင့် ကောင်းကင်တမန်များသည် လူတို့ထက်အနည်းငယ်သာလွန် ကြီးမြတ် ပါသည်။ ဆာလံ ၈:၄။ HFB 555.1

‘‘ အတိုင်းမသိများစွာသော ကောင်းကင်တမန်များ၏ အသံကို ငါကြား၏’’ ဟု ရှင်ယောဟန်ဖွင့်ဆိုခဲ့သည်။ ‘‘အတိုင်းမသိများစွာသော ကောင်းကင်တမန်များသည်’’ ‘‘နှုတ်ကပတ်တော်သံကို နားထောင်လျက်၊ အမိန့်တော်အတိုင်းဆောင်ရွက်’’ လျက် ဘုရင်တကာတို့၏ဘုရင် ရှေ့မှောက်တွင် ခစားနေကြပါသည်။ ဟေဗြဲ ၁၂:၂၂။ ဗျာ၊ ၅:၁၁။ ဆာလံ ၁၀၃:၂၀-၂၁။ ‘‘လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်နေသော’’ ဘုရားသခင်၏ စေတမန်ဖြစ်သော ကောင်းကင်တမန်များသည် ပျံသန်းရာတွင် အလွန်လျင်မြန် ကြ၏။ ခရစ်တော်၏သင်္ချိုင်းဂူသို့ရောက်လာသည့် ကောင်းကင်တမန်၏ ‘‘မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။---လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍သေမတတ်ဖြစ်ကြ၏။’’ သနာခရိပ်မင်းသည် ဘုရားသခင်ကိုစော်ကားရုံသာမက ဣသရေလများ အားလည်း ခြိမ်းခြောက်သောအချိန်တွင် ‘‘ထာဝရဘုရားသခင်၏ ကောင်းကင်တမန်သည် ထွက်၍ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။’’ ယေဇကျေလ ၁:၁၄။ မဿဲ ၂၈:၃-၄။ ၄ရာ၊ ၁၉:၃၅။ HFB 556.1

ဘုရားသခင်၏ သားသမီးများအား မေတ္တာပြသည့်အမှုတော်များ အတွက်လည်း ကောင်းကင်တမန်များကို စေလွှတ်လေ့ရှိပါသည်။ ကောင်းချီး ပေးမည့်ကတိတော်များနှင့်အတူ အာဗြဟံထံသို့လည်းကောင်း၊ လောတကိုကယ်ဆယ်ရန် သောဒုံသို့လည်းကောင်း၊ ကန္တာရထဲတွင် ရင်ဆိုင် နေရသည့်ဒုက္ခမှကယ်တင်ရန် ဧလိယထံသို့လည်းကောင်း ပိတ်မိနေသော အခြေအနေမှကယ်တင်ရန် မီးမြင်းရထားနှင့်အတူ ဧလိရှဲထံသို့လည်းကောင်း ခြင်္သေ့စာဖြစ်မည့်ဘေးမှကယ်ရန် ဒံယေလထံသို့လည်းကောင်း၊ ဟေရုဒ်မင်း၏ အကျဉ်းထောင်တွင် သေဘေးနှင့်ရင်ဆိုင်နေရသည့် အခြေအနေမှကယ်တင်ရန် ပေတရုထံသို့ လည်းကောင်း၊ အကျဉ်းသမားများကိုကယ်တင်ရန် ဖိလိပိမြို့သို့လည်းကောင်း၊ ညကြီးအချိန်မတော်တွင် ပင်လယ်လှိုင်းလေများမှ ကယ်တင်ရန် ပေါလုထံသို့ လည်းကောင်း၊ စိတ်နှလုံးဖွင့်၍ ဧဝံဂေလိတရားတော်ကိုလက်ခံစေရန် ကောနေလိထံသို့လည်းကောင်း၊ ခရစ်ယာန်မဟုတ်သူတစ်ဦး၏ ကယ်တင်ခြင်း ကိစ္စအတွက် သတင်းစကားသွားရောက်ဟောကြားဖို့ သတိပေးရန် ပေတရုထံသို့လည်းကောင်း ကောင်းကင်တမန်တို့အား စေလွှတ်တော်မူခဲ့ ပါသည်။ ထိုကြောင့် ကောင်းကင်တမန်များသည် ဘုရားသခင်၏ သားသမီး များအား အလုပ်အကျွေးပြုလျက်ရှိကြောင်း ထင်ရှားနေပါသည်။ HFB 556.2