Go to full page →

အသိပညာရှင်များသို့ စာတန်၏တောင်းဆိုချက် HFB 603

စာတန်သည် ပို၍ယဉ်ကျေးသိမ်မွေ့၍ ပညာသားပါသောနည်းများကို အသုံးပြုကာ နံဝိညာဉ်ဝါဒကို ပညာတတ်၊ အထက်တန်းလွှာများထံ တင်ပြတတ်ပါသည်။ သူသည် ဘဝင်ခိုက်စေသည့် မြင်ကွင်းများ၊ မေတ္တာအကြောင်း စကားလုံးလှလှများဖြင့်ဖွင့်ဆိုမှုများဖြင့်ပြီးသည့် စိတ်ကူးယဉ်ခြင်းကို နှစ်ခြိုက်ပါသည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဉာဏ်ကို အထူးဂုဏ်ယူကာ စိတ်ထဲက ဘုရားသခင်ကို အထင်အမြင်သေးနေအောင် လည်း လူလမ်းပြတတ်ပါသည်။ စာတန်သည် အာဒံနှင့်ဧဝအား အပြော ကောင်းကောင်းနှင့်ဆွဲဆောင်ကာ နားယောင်စေသကဲ့သို့ လူသားများကိုလည်း ယနေ့တွင် နားယောင်စေလျက်ရှိပါသည်။ ‘‘သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလိမ့်မည်’’ ဟူသော မြှောက်ပင့်စကားများဖြင့် လူတို့အား ကိုယ့်ကိုကိုယ်မြှောက်စားလာအောင် လှုံ့ဆော်ကာ သွေးဆောင်နေပါသည်။ ကမ္ဘာ၊ ၃:၅။ ‘‘လူဆိုသည်မှာ သုံးပါးတစ်ဆူဘုရားဇာတိထိအောင် စိုက်လိုက်မတ်တတ်တိုးတက်နေသော သတ္တဝါမျိုးဖြစ်သည်။ ကိုယ်ကိုတိုင်ဆုံးဖြတ်ချက်ကျသည်ဖြစ်၍ ထိုစီရင်ချက် သည် မှန်ကန်လိမ့်မည်။ အုပ်စိုးခြင်းတန်ခိုးသည် သင့်အထဲတွင်သာရှိသည်’’ ဟု နံဝိညာဉ်ဝါဒက သွန်သင်နေသော်လည်း အခြားတစ်ဘက်ကမူ ‘‘ဖြောင့်မတ် စုံလင်သောပုဂ္ဂိုလ်မှာ ခရစ်တော်သာဖြစ်သည်’’ ဟု သွန်သင်နေပါသည်။ HFB 603.1

စာတန်သည် ဤနည်းအားဖြင့် အပြစ်နှင့်ပြည့်ဝသော လူသားဇာတိကို မိမိကိုယ်တိုင်နှင့် အစားထိုးခဲ့ပါသည်။ ဤအရာသည် တိုးတက်မှုတစ်ခု ဖြစ်သည်။ သို့ရာတွင် အကောင်းဖက်သို့ တိုးတက်သွားခြင်းမဟုတ်ဘဲ အဆိုးဖက်သို့ တိုးတက်လာခြင်းဖြစ်နေပါသည်။ လူသည် မိမိ၏ရှိရင်းစွဲ ကောင်းမတ်သန့်ရှင်းခြင်းစံထက် ပို၍မတိုးတက်နိုင်ပါချေ။ အတ္တကိုရှေ့န်း တင်ထားနေသမျှကာလပတ်လုံး သူသည် မြင့်မြတ်သောအခြေအနေတစ်ခုသို့ မည်သည့်အခါမှ ရောက်နိုင်လိမ့်မည်မဟုတ်ချေ။ ဘုရားသခင်၏ ကျေးဇူးတော် ၌သာ လူသားများအား မြှင့်တင်ပေးနိုင်သည့်တန်ခိုးရှိပါသည်။ လူကို သူ့အလို အတိုင်းလုပ်ရန် ပစ်ထားလိုက်မည်ဆိုလျှင် သူ၏လုပ်ဆောင်မှုများသည် အဆိုးဖက်ကိုသာ ဦးတည်နေလိမ့်မည်။ HFB 604.1