Go to full page →

ဗာဟီရဝါဒ (Paganism) နှင့် ခရစ်ယာန်အယူဝါဒတို့ကိုပူးပေါင်းလိုက်ခြင်း HFB 620

ဗာဟီရဝါဒနှင့် ခရစ်ယာန်အယူဝါဒကို ပေါင်စည်းပစ်လိုက်သည့် ရောမအသင်းတော်သည် ဗာဟီရဝါဒများကဲ့သို့ပင် ဘုရား၏စာရိတ္တတော်ကို တလွဲဖော်ပြကာ ရက်စက်ကြမ်းကြုတ်မှုများကို ကျင့်သုံးခဲ့ကြပါသည်။ အသင်းတော်၏ ယုံကြည်ချက်များကို လက်ခံလာအောင် နှိပ်စက်ညှဉ်းပန်းမှု များကို လက်နက်ပစ္စည်းတစ်ခုအဖြစ် အသုံးချခဲ့ကြပါသည်။ အသင်းတော် အကြီးအကဲများသည် အထိရောက်ဆုံးသော ညှဉ်းပန်းနည်းများကို တီထွင်နိုင်ရန် နည်းလမ်းများကို ရှာကြံခဲ့ကြသည်။ အသင်းတော်၏ ယုံကြည်ချက်များကိုလက်ခံရန် ငြင်းဆိုသူများအား မသေမရှင်ဘဝဖြင့် အကြာကြီးဝေဒနာခံစေသည့် နည်းများကို ရှာကြံခဲ့ကြသည်။ အညှဉ်းပန်း ခံရသူများသည် သေခြင်းကို ကောင်းမြတ်သောလွတ်ငြိမ်းခွင့်တစ်ခုအဖြစ် ကြိုဆိုခဲ့ကြသည်အထိ ၎င်းတို့၏ညှဉ်းပန်းမှုများသည် ရက်စက်လှပါသည်။ HFB 620.1

ရောမယုံကြည်ချက်များကို ထောက်ခံသူများအတွက်မူ ကြိမ်ဒဏ်ပေးခြင်း၊ အစာအငတ်ထားခြင်းနှင့် အစာရေစာများကို မဝတဝ ကျွေးခြင်း စသည့်အပြစ်ပေးခြင်းများကို အသုံးပြုပါသည်။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကိုခံရစေရန် လောကခရီးတွင် လျှောက်လှမ်းနေသော လူသားများသည် ဝမ်းမြောက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများချပေးရန် ဘုရား တည်ဆောက်ထားသည့်နှောင်ကြိုးကို ဖြတ်တောက်ပစ်ရမည်ဟု အာပတ်ဖြေသူ များအား အသင်းတော်ကသွန်သင်ပါသည်။ ဝေနေယျသတ္တဝါအချင်းချင်း ကြင်နာသနားရမည်ဟူသောအသိစိတ်များကို မျိုသိပ်ချုပ်တည်းထားရန် အချည်းနှီးကြိုးစားနေသော သန်းပေါင်းများစွာသော လူတို့ဖြင့် အသင်းတော် ပုရဝုဏ်သည် ပြည့်နှက်နေပါသည်။ HFB 621.1

ထာဝရဘုရားသည် လူသားများအပေါ် လေးလံသည့် မည်သည့်ဝန် ကိုမျှ တင်တော်မူခြင်းမရှိပါ။ ကောင်းကင်နိုင်ငံသို့ ဝင်ထိုက်သောသူများ ဖြစ်လာရန် သာသနာ့အဆောက်အအုံများထဲတွင် သီးသန့်နေထိုင်ရမည် ဟုလည်း လူသားများအတွက် ခရစ်တော်နမူနာပြတော်မမူခဲ့ပါ။ မေတ္တာစိတ်ကို မျိုသိပ်ချုပ်တည်းထားရမည်ဟုလည်း ၎င်းတို့အား ကိုယ်တော်ရှင် မသွန်သင်ဖူးပါ။ HFB 621.2

မိမိသည် ခရစ်တော်၏ ကိုယ်စားလှယ် (Vacar of Christ) ဖြစ်သည်ဟု ရောမဂိုဏ်းချုပ်ကြီးက ဖွင့်ဆိုပါသည်။ မိမိအား စကြဝဠာ၏ ရှင်ဘုရင်တစ်ပါးအဖြစ် အရိုအသေမပေးသည့်အတွက် လူသားများအား ခရစ်တော်က ထောင်ချခဲ့သည်ဟူသောသတင်းမျိုးကို ကြားဖူးပါသလား။ မိမိအား လက်မခံသောသူများအား သေဒဏ်ချမှတ်ခဲ့သည့် ခရစ်တော်၏ အသံကိုကြားခဲ့ဖူးပါသလား။ HFB 621.3

ရောမအသင်းတော်သည် မိမိ၏ကြောက်စရာရက်စက်ကြမ်းကြုတ်မှု မှတ်တမ်းများအတွက် တောင်းပန်ရိုကျိုးလျက် တရား မျှတစွာကျင့်ကြံသည့်ဟန်မျိုးကို ယနေ့တွင်ပြနေပါသည်။ အသင်းတော်၏ အတွင်းသဏ္ဌာန်ပြောင်းလဲမှုမရှိသော်လည်း ခရစ်တော်နှင့် တူသည်ဝတ်ရုံကို သူမခြုံထားပါသည်။ အတိတ်တုန်းက အသုံးပြုခဲ့သည် အခြေခံစည်းမျဉ်း များကို ယနေ့ထက်တိုင် အသုံးပြုဆဲဖြစ်ပါသည်။ အမှောင်ခေတ်တုန်းက တီထွင်ခဲ့သည့် ယုံကြည်ချက်များကိုလည်း ယနေ့ထက်တိုင် စွဲကိုင်ထားဆဲ ဖြစ်သည်။ ယနေ့ပရိုတက်စတင့်များ အလေးအမြတ်ပြုနေသည့် ရောမအသင်းတော်သည် ၎င်း၏မှားယွင်းမှုများကို ထုတ်ဖော်မိသည့် ယုံကြည်သူ အစစ်အမှန်များ၏ အသက်ကိုသတ်ဖြတ်ခဲ့သည့် ဘာသာရေး ပြုပြင်ပြောင်းလဲရေးအချိန်က အုပ်စိုးခဲ့သော ရောမအသင်းတော်ပင် ဖြစ်ပါသည်။ HFB 621.4

ထိုအသင်းတော်သည် အနာဂတ္တိကျမ်းစကားများဖွင့်ဆိုထားသည့် အတိုင်း ယနေ့တည်ရှိနေပါသည်။ (၂သက်၊ ၂:၃-၄ ကိုကြည့်ပါ)။ သူမသည် ပုတ်သင်ညိုအရောင်အမျိုးမျိုးပြောင်းသကဲ့သို့ ပုံစံအမျိုးမျိုးပြောင်းကာ ပြောင်းလဲမှုမရှိသောမြွေဆိပ်များကို ဖုံးကွယ်ထားပါသည်။ နှစ်ပေါင်းများစွာ ကတည်းက သူတော်စင်များ၏ အသွေးနှင့်ရေးခဲ့သည့်မှတ်တမ်းများကို ပိုင်ဆိုင်သောထိုတန်ခိုးရှင်သည် ခရစ်တော့်အသင်းတော်၏အစိတ်အပိုင်းတစ်ခု အဖြစ်ယနေ့ အသိအမှတ်ပြုခံသင့်ပါသလား။ HFB 622.1