Go to full page →

နောက်ကျမိုးနှင့်ကျယ်သောကြွေးကြော်သံ HFB 667

ကောင်းကင်တမန်သုံးပါးနှင့်အတူ ပူးပေါင်းလာသည့် ထိုကောင်းကင် တမန်သည် မိမိဘုန်းရောင်ခြင်ဖြင့် ကမ္ဘာကြီးအား ထွန်းလင်းစေပါလိမ့်မည်။ ပထမကောင်းကင်တမန်သတင်းစကားကို ကမ္ဘာအရပ်ရပ်သို့ဖြန့်ချိခဲ့ရာ ပြုပြင်ပြောင်းလဲရေးအချိန်မှစ၍ တချို့နိုင်ငံများသည် ဘာသာရေးနိုးကြားမှု များရှိနေပေပြီ။ သို့ရာတွင် ထိုနိုင်ငံများကို တတိယကောင်းကင်တမန်၏ သတင်းစကားဖြင့် ပို၍အရှိန်ရစေရန်ဖြစ်ပါသည်။ HFB 667.1

ဤအမှုအရာသည် ပင်တေကုတ္တေပွဲနေ့တွင်ဖြစ်ပျက်ခဲ့သည့် အရာနှင့် ဆင်တူနေပါသည်။ အမှုတော်အစတွင် အဖိုးထိုက်တန်သော မျိုးစေ့များကို အပင်ပေါက်ရန် အရင်မိုးကိုပေးခဲ့ပြီး အမှုတော်အဆုံးတွင် ရင့်မှည့်သောအသီး များကိုရိတ်သိမ်းနိုင်ရန် နောက်မိုးကိုပေးတော်မူခဲ့ပါသည်။ (ဟောရှေ၊ ၆:၃။ ယောလ ၂:၂၃)။ ဧဝံဂေလိအမှုတော်လုပ်ငန်းသည် အဖွင့်တွင်ထင်ရှားခဲ့သော ဘုရားသခင်၏ တန်ခိုးတော်ထက် လျော့နည်းသောတန်ခိုးတော်ထင်ရှားမှုဖြင့် အဆုံးသတ်ရမည်မဟုတ်ပါ။ ဧဝံဂေလိအမှုတော်အဖွင့်တွင် အရင်မိုးအားဖြင့် ပြည့်စုံစေခဲ့သည့် အနာဂတ္တိစကားသည် အမှုတော်အပိတ်တွင် နောက်မိုးအားဖြင့် တစ်ဖန်ပြည့်စုံခြင်းသို့ရောက်ပါလိမ့်မည်။ ‘‘ထိုကြောင့် ထာဝရဘုရားသခင်ထံတော်မှ ချမ်းအေးသောအချိန်ကာလသည် ရောက်လာ၍ သင်တို့အဖို့အလို့ငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း သင်တို့အပြစ်များကိုပြေစေခြင်းငှာ နောင်တရ၍စိတ်ပြောင်းလဲခြင်းသို့ရောက်ကြလော့’’ ဟု ပေတရုက အနာဂတ်ကိုမျှော်မှန်းလျက် အကြံပြုဖွင့်ဆိုထားပါသည်။ တမန်၊ ၃:၁၉-၂၀။ HFB 667.2

သန့်ရှင်းသောဆက်ကပ်မှုဘုန်းရောင်ခြည်များဖြင့် ထွန်းလင်းနေသော မျက်နှာများဖြင့် ဘုရားသခင်၏ကျွန်တို့သည် ကောင်းကင်မှလာသော သတင်း စကားကိုကြွေးကြော်ရန် တစ်နေရာမှတစ်နေရာသို့ အမြန်သွားကြလိမ့်မည်။ နိမိတ်လက္ခဏာများကိုပြကြလိမ့်မည်။ လူနာများကို ရောဂါပျောက်ကင်းစေကြ လိမ့်မည်။ စာတန်ကလည်း ကောင်းကင်မှမီးကျလာသည်နိမိတ်လက္ခဏာ အတုများကိုပြသလိမ့်မည်။ (ဗျာ၊ ၁၃:၁၃)။ ကမ္ဘာသူကမ္ဘာသားများသည် ထိုအချိန်တွင် မည်သည့်ဘက်တွင်ရပ်တည်မည်ကို ဆုံးဖြတ်ရပေတော့မည်။ HFB 668.1

ဆွေးနွေးငြင်းခုံခြင်းသည် ဝိညာဉ်တော်၏နက်နဲသောသွန်သင် မှုလောက် သတင်းစကားကို ကျယ်ပြန့်စွာမဖြန့်ချိနိုင်ချေ။ ဆွေးနွေးဖြေရှင်းမှု များနှင့် စာအုပ်စာပေများကိုတင်ပြပြီးဖြစ်သော်လည်း တချို့မှာသမ္မာတရားကို လက်ခံရန် ငြင်းဆိုနေကြဆဲဖြစ်ပါသည်။ ယခုတွင်မူ သမ္မာတရားကို အရှိအတိုင်းထင်ရှားစွာမြင်တွေ့ကြရပြီး မိသားစုသံယောဇဉ်နှင့် အသင်းတော်၏ ပေါင်းသင်းဆက်ဆံရေးများက ဘုရားသခင်၏ရိုးစင်းသော သားသမီးများကို ယခုတွင်မဟန့်တားနိုင်တော့ချေ။ သမ္မာတရားကို အင်နှင့်အားနှင့်ဆန့်ကျင်နေသည့်ကြားမှ များပြားစွာသောလူတို့သည် ဘုရားသခင်ဘက်တွင် ရပ်တည်နေကြပါသည်။ HFB 668.2

*****