Go to full page →

ဆက်ဆံရေးကျွမ်းကျင်မှုအားဖြင့် အဖြားယောင်းခံရခြင်း HFB 108

ရဟန်းမင်း၏အဖွဲ့မှခေါင်းဆောင်များသည် နောက်ဆုံးတွင် ဆက်ဆံရေးကျွမ်းကျင်မှုကို လက်ခံအသုံးပြုခဲ့ကြသည်။ ရဟန်းမင်းအဖွဲ့နှင့် ဘူဟီးမီးယားများအကြား ပြုလုပ်ခဲ့သောညှိနှိုင်းမှုသည် ဘူဟီးမီးယားအား ရောမအသင်းတော်၏ လက်အောက်သို့ တစ်ဖန် ရောက်ရှိသွားစေခဲ့ပါသည်။ ရောမများနှင့် ငြိမ်းချမ်းရေးရယူနိုင်ရန် အချက် (၄) ချက်ကို ဘူဟီးမီးယားများက တောင်းဆိုခဲ့ပါသည်။ (၁) သမ္မာကျမ်းစာကို လွတ်လပ်စွာ ဟောကြားခွင့်ရရှိရေး၊ (၂) ပွဲတော်မင်္ဂလာတွင် မုန့်နှင့်စပျစ်ရည်နှစ်မျိုးစလုံးက အသင်းသားများ ပါဝင်စားသောက်ခွင့်နှင့် တိုင်းရင်းသားဘာသာစကားဖြင့် ဝတ်ပြုကိုးကွယ်ပွဲများ ကျင်းပခွင့်ရရှိရေး၊ (၃) ဘာသာရေးခေါင်းဆောင် များသည် လောကီရာထူး၊ အာဏာများနှင့်ကင်းရှင်းရေး၊ (၄) ရာဇဝတ်မှုနှင့် ပတ်သက်၍ အသင်းအုပ်ဆရာနှင့် အသင်းသားများအား တန်းတူအရေးယူ တရားစီရင်ရေး စသည့်အချက် (၄) ချက်ကို ဘူဟီးမီးယားများက တောင်းဆိုပါသည်။ ဤအဆိုပြုချက် (၄) ရပ်ကို လက်ခံသင့်သော်လည်း ထိုအချက်များ၏ ရှင်းလင်းချက်ကိုမူ အဖွဲ့ဝင် (ရဟန်းမင်းနှင့်ဧကရာဇ်ဘုရင်) ကသာပိုင်ဆိုင်သည်ဟု ရဟန်းမင်းအဖွဲ့က သဘောတူကြပါသည်။ ရောမအသင်းတော်သည် တိုက်ခိုက်ခြင်းဖြင် မရယူနိုင်ခဲ့သောအရာကို လှည့်စားခြင်း၊ ကောက်ကျစ်ခြင်း များဖြင့်ရယူနိုင်ခဲ့ပါသည်။ ထိုအသင်းတော်သည် သမ္မာကျမ်းစာကို မိမိတို့ လိုသလိုအနက်ပြန်ခဲ့သကဲ့သို့ မိမိတို့၏ အကြံအစည်ကို အကောင်အထည် ဖေါ်ရန် ဟပ်ဆိုက်တို့၏ အဆိုပြုချက်များကို လိုသလိုအနက်ဖွင့်ဆိုကြပါသည်။ HFB 108.1

ထိုလုပ်ရပ်သည် မိမိတို့၏လွတ်လပ်မှုကို ထိပါးနိုင်ကြောင်း မြင်တွေ့ကြသည်။ ဘူဟီးမီးယားအများစုက ထိုသဘောတူညီမှုကို မကျေနပ်ကြချေ။ ထိုကြောင့် အချင်းချင်းတိုက်ခိုက်မှုများကိုဖြစ်ပေါ်စေသည့် မညီညွတ်မှုများ ပေါ်ပေါက်လာခဲ့ပါသည်။ ခေါင်းဆောင်ကြီး ပရိုကိုပီးယပ်စ် ကျဆုံးသွားပြီးနောက် ဘူဟီးမီးယား၏ လွတ်လပ်ရေးသည်လည်း ဆုံးရှုံးခဲ့ရပါသည်။ HFB 109.1

ယခုတစ်ဖန် ရဟန်းမင်း၏လူများသည် ဘူဟီးမီးယားကို ကျူးကျော်တိုက်ခိုက်လာပြန်ရာ ဧဝံဂေလိတရားအပေါ် သစ္စာရှိဆဲပုဂ္ဂိုလ် များသည် နှိပ်စက်ညှဉ်းပန်းခြင်း၏ သားကောင်များဖြစ်သွားကြရပါသည်။ သို့စေကာမူ သူတို့၏ခိုင်မာမှုသည် မယိမ်းယိုင်ခဲ့ချေ။ လိုဏ်ဂူများထဲသို့ သွားရောက်နေထိုင်ကာ နှုတ်ကပတ်တော်ကို ဖတ်ကြားရန် စုရုံးခဲ့ကြပါသည်။ ကိုယ်တော်ကိုဝတ်ပြုရန် စည်းလုံးခဲ့ကြပါသည်။ ၎င်းပြင် သမ္မာတရားကို အုတ်မြစ်သဖွယ်လက်ခံလျက် ရောမ၏ဖေါက်ပြန်မှုများကို ကန့်ကွက်ဆန့်ကျင် နေသော ရှေးရိုးအသင်းတော်တစ်ခုသည် အဲလ်ပ်စ် တောင်တန်းပေါ်တွင် ရှိနေကြောင်း နေရာအသီးသီးသို့ စေလွှတ်ထားသည့် စေတမန်များမှတစ်ဆင့် သူတို့သိကြရသည်။ သို့ဖြင့် ဝေါလ်ဒင်းဆီးခရစ်ယာန်များနှင့် ဝမ်းပန်းတသာ သူတို့အဆက်အသွယ် ပြုခဲ့ကြပါသည်။ ညအမှောင်ကြီးထဲတွင် မိုးကုပ်စက်ဝိုင်းကြီးကိုကြည့်ကာ နံနက်ချိန်ကို မျှော်နေသောလူများ ကဲ့သို့ ဘူဟီးမီးယားများသည်လည်း ဧဝံဂေလိတရားတော်ကို ရင်ဝယ် ပိုက်လျက် နှိပ်စက်ညှဉ်းပန်းခြင်းညများ ကုန်ဆုံးမည့်အချိန်ကို စောင့်စားနေကြပါသည်။ HFB 109.2

*****