Go to full page →

ဖြစ်ပျက်သမျှသည် ဘုရားသခင်ပြုပြင်တော်မူရာဖြစ်ခြင်း GCBur 305

နိုင်ငံတစ်ခုကိုတည်ထောင်ကာ သားသမီးများအား ဘာသာ ရေးလွတ်လပ်ခွင့်အမွေအနှစ်ကိုပေးထားနိုင်မည့် ပင်လယ်ကြီး၏ တစ်ဖက်တွင် ရှိသောနယ်မြေတစ်ခုကို ၎င်းတို့အား ဘုရားသခင်၏ လက်တော်က ညွှန်ပြနေသယောင် ဖြစ်လာသောအခါ ထိုပျူရီတန်များ သည် ဘုရားသခင် စီစဉ်ပေးသောလမ်းအတိုင်း ဆက်လက်လျှောက် လှမ်းခဲ့ကြသည်။ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် နယ်နှင်ဒဏ်များသည် လွတ်လပ်ရေးရရန်လမ်းကို ဖွင့်ပေးခဲ့သည်။ GCBur 305.1

ပျူရီတန်များသည် အင်္ဂလန်အသင်းတော်မှ မဖြစ်မနေခွဲ ထွက်ရတော့မည့်အချိန်သို့ ရောက်သောအခါ “ဘုရားသခင်၏ လွတ် လပ်သော လူသားများအဖြစ် မိမိတို့အား ဘုရားသခင်အသိပေးထား သည့် လမ်းစဉ်များနှင့် အသိပေးထားမည့် လမ်းစဉ်များအတိုင်း အတူတ ကွ လျှောက်လှမ်းကြမည်” ဟု ပဋိညာဉ်တစ်ခုကိုပြုလျက် အချင်း ချင်းပူးပေါင်းခဲ့ကြသည်။ GCBur 305.2

ဤအရာသည် ပရိုတက်စတင့် အယူဝါဒ၏ အရေးပါသော စည်းမျဉ်းဖြစ်သည်။ ထိုအာဂန္တုများသည် ကမ္ဘာသစ်တွင် နေစရာ နေရာကိုရှာရန် ဤရည်ရွယ် ချက်ဖြင့် ဟော်လန်မှ ထွက်ခွာခဲ့ကြပါ သည်။ ၎င်းတို့၏အသင်းအုပ်ဆရာ ဖြစ်သော ဂျွန်ရော်ဘင်ဆင်က ၎င်းတို့အားပြောခဲ့သည့်နှုတ်ဆက်စကားများမှာ- GCBur 305.3

“ခရစ်တော်နောက်မှ ကျွန်တော်လိုက်ခဲ့သောခရီးထက်မဝေး တဲ့ ခရီးတစ်ခုကို ကျွန်တော်နှင့်အတူလိုက်ခဲ့ဖို့ ဘုရားသခင်နှင့်အတူ ကိုယ်တော်ရှင်၏ ကောင်းကင်တမန်များရှေ့တွင် ခင်ဗျားတို့ကို ကျွန်တော် ဖိတ်ခေါ်ပါသည်။ အကယ်၍ ဘုရားသခင်က သင်တို့ကို အခြားနည်းလမ်းများကိုအသုံးပြုပြီး တစ်ခုခုကို ဗျာဒိတ်ပေးခဲ့လျှင် ကျွန်တော့် အမှုတော်အားဖြင့် ပေးတော်မူတဲ့သမ္မာတရားများကို သင် တို့အမြဲတမ်း လက်ခံခဲ့ကြသလို လက်ခံရန်အဆင်သင့်ရှိကြပါ။ အကြောင်းမှာ ဘုရားသခင်၌ သာ၍များသော သမ္မာတရားနှင့် အလင်းများရုတ်တရက်ပေးရန် ရှိနေသေးသည်ဟု ကျွန်တော်ယုံကြည် စိတ်ချနေပါသည်။” GCBur 305.4

“ကျွန်တော်အနေနဲ့တော့ ဘာသာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းရဲ့ အသုံးခံပစ္စည်းများအနေထက်ပိုပြီး ခရီးမရောက်တဲ့ ပြုပြင်ပြောင်းလဲရေး အသင်းတော်တွေရဲ့ အခြေအနေအတွက် ပူဆွေး တသမနေချင်ပါဘူး။ လူးသာရဲ့ နောက်လိုက်တွေဟာ လူးသာမြင် တာထက်ပိုပြီးပြလို့ မမြင်နိုင်ကြသလို ကဲလ်ဗင်းရဲ့ တပည့်တွေက လည်း ဒီလိုပါပဲ။ GCBur 306.1

ဒီဆရာကြီးတွေဟာ သူ့ခေတ်သူ့အခါမှာ အလင်းများကို ထွန်းညှိတောက်ပခဲ့ငြားသော်လည်း ဘုရားသခင် အကြံပြုသလောက် တော့ သူတို့မထိုးဖေါက်နိုင်ခဲ့ကြပါဘူး။ အခုအချိန်မှာသာ သူတို့ အသက်ရှင်နေကြဦးမယ်ဆိုရင်တော့ ပထမအလင်း တရားများကို သူတို့ရယူခဲ့ကြသလို နောက်ထပ်အလင်းတရားများကိုလည်း ဖက်တွယ်ရန်ဆန္ဒပြင်းပြကြပါလိမ့်မယ်။” GCBur 306.2

“သတိရဖို့တစ်ချက်က နှုတ်ကပတ်တော်မှ သင်တို့ကို အ သိပေးလာမည့် မည်သည့်သမ္မာတရားအလင်းကိုမဆို လက်ခံမယ် ဆိုတဲ့ဘုရားရှေ့၊ လူတို့ရှေ့မှာ သင်တို့ပြုခဲ့တဲ့ကတိစကားနဲ့ ပဋိညာဉ်တွေပဲဖြစ်တယ်။ ဒါ့အပြင် ကျွန်တော်လှိုက်လှဲစွာတောင်း ပန်ချင်တာက ကြားနာသိရှိလာတဲ့ အမှန်တရားများကို လက်မခံမီ နှုတ်ကပတ်တော်နဲ့ တိုက်ဆိုင်စစ်ဆေးဖို့ဖြစ်တယ်။ အကြောင်းမှာ ခရစ်ယာန်များအနေနဲ့ သမ္မာကျမ်းစာကို ပြည့်ပြည့်စုံစုံသိကျွမ်းဖို့ တစ်ထိုင်တည်း လေ့လာရုံနဲ့မဖြစ်နိုင်တဲ့အပြင် ဒီလောက်ထူထပ်တဲ့ ခရစ်ယာန်ဆန့်ကျင်ရေးအမှောင်ထုကြီးကို နောက်ကျမှရုန်းထွက် မယ်ဆိုတာလည်း မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်။” GCBur 306.3

ထိုအာဂန္တုများသည် ဩတ္တပ္ပစိတ်လွတ်လပ်ခွင့်ရလိုသည့် ဆန္ဒတစ်ခုတည်းဖြင့် အပင်ပန်းအဆင်းရဲခံကာ ပင်လယ်ကြီးကိုကျော် ဖြတ်ပြီး ခွန်အားရှိသောတိုင်းပြည်တစ်ပြည်ကို တည်ထောင်ခဲ့ကြပါ သည်။ သို့သော် ဘာသာရေးလွတ်လပ်ခွင့်၏ စည်းမျဉ်းကို ထိုအာဂန္တု ကြီးများ နားမလည်ကြ သေးပါ။ သူတို့သည် များစွာအနစ်နာခံပြီး မိမိတို့အတွက် ရယူထားသည့် လွတ်လပ်မှုကို သူတစ်ပါးအား ဝေငှ ရန်အဆင်သင့်မရှိကြသေးချေ။ ဩတ္တပ္ပစိတ်ကို ထိန်းချုပ်ပိုင်ခွင့်နှင့် ဘာသာရေးဖေါက်ပြန်သူများအား ထုတ်ဖေါ်အပြစ်ပေးရန် လုပ်ပိုင် ခွင့်များကို ဘုရားသခင်က အသင်းတော်ကို ပေးအပ်ထားသည်ဆို သည့်ယုံကြည်ချက်သည် အမြစ်စွဲနေသော ရောမ အသင်းတော်၏ အမှားများမှ တစ်ခုဖြစ်နေပါသည်။ GCBur 307.1

ထိုပြုပြင်ပြောင်းလဲရေး သမားများ၌ ရောမအသင်းတော်၏ စိတ်ဓါတ်များရှိနေကြဆဲဖြစ်သည်။ ရဟန်းမင်းက ခရစ်ယာန်လောက ကိုလွှမ်းခြုံထားသည့်ထူထဲသော အမှောင်ထုကြီးသည် လုံးလုံး ကြီးပျောက်လွင့်သွားသည်တော့မဟုတ်သေးပါ။ GCBur 307.2

ထိုနယ်သစ်ထွင်သူများသည် နိုင်ငံရေးနှင့် ဘာသာရေး ပေါင်းစပ်ထားသည့်နိုင်ငံမျိုးကို တည်ထောင်ခဲ့ကာ ဘာသာရေး ဖေါက်ပြန် သူများကို နှိမ်နင်းခွင့်အာဏာကို တရားသူကြီးများအား အပ်နှင်းထားပါသည်။ ဤနည်းအားဖြင့် လောကီဆိုင်ရာအာဏာ တန်ခိုးများသည် အသင်းတော်လက်ထဲတွင် ရှိခဲ့ပါသည်။ ဤလုပ်ရပ် များကြောင့် မရှောင်လွှနိုင်သည့်ရလဒ်တည်းဟူသော နှိပ်စက်ညှဉ်း ပန်းခြင်းကို ဦးတည်နေခဲ့ပါသည်။ GCBur 307.3