Go to full page →

ကမ္ဘာကြီးကိုကိုင်လှုပ်ခဲ့သည့်မြေငလျင်ကြီး GCBur 319

အနာဂတ္တိစကားများကို ပြည့်စုံစေသည့် မကြုံစဖူးသော မြေငလျင်ကြီးသည် ၁၇၅၅ ခုနှစ်တွင် လှုပ်ခဲ့ပါသည်။ ထိုမြေငလျင်ကို လစ္စဘွန်းမြေငလျင်ဟု လူသိများပြီး ဥရောပ၊ အာဖရိကနှင့် အမေ ရိကတိုက်များကိုပင် ထိခိုက်စေခဲ့သည်။ GCBur 319.2

ဂရီးလင့်ဒ်၊ ဝက်စ်အင်းဒီးစ်၊ နောဝေ၊ ဆွီဒင်၊ ဗြိတိန်နှင့် အိုင်ယာလန်အပါအဝင် စတုရန်းမိုင်လေးသန်းထက် မနည်းသော ဧရိယာများကို ထိခိုက်စေခဲ့သည်။ အာဖရိကတွင် လှုပ်သွားသော မြေငလျင်အားသည် ဥရောပမှာလှုပ်ခဲ့သည့် မြေငလျင်အားကဲ့သို့ ပင်ဖြစ်၏။ အယ်ဂျီးရီးယားနိုင်ငံသည် အထိနာခဲ့သည်။ စပိန်ကမ်းရိုး တန်းနှင့် အာဖရိက မြို့ကြီးများသို့တိုင် ထိုမြေငလျင်သည် ထိခိုက်ပျက် စီးစေခဲ့သည်။ ပေါ်တူဂီရှိတောင်ကြီးများသည် အောက်ခြေမှကိုင်လှုပ်သလို ခံခဲ့ရပြီး တချို့တောင်များမှာ ထိပ်မှနေပွင့်ထွက်သွားပြီး နှစ်ခြမ်းကွဲ သွားကာ ဘေးတွင် ရှိသော လျှိုမြောင်များထဲသို့ လွင့်စင်ကျသွားကြ ပါသည်။ မီးလျှံများပင် ဤတောင်ကြီးများမှထွက်နေပါသည်။ GCBur 319.3

လစ္စဘွန်းမြို့တွင်မူ မြေကြီးထဲမှ မိုးချုန်းသံများကဲ့သို့ပေါ်ထွက် လာပြီး မရှေားမနှောင်းမှာပင် မြို့ကြီးတစ်မြို့လုံးခါရမ်းသွားပါတော့ သည်။ ခြောက်မိနစ် အချိန်ကလေးအတွင်းမှာ လူပေါင်း ၆၀၀၀၀ အသက်ဆုံးရှုံးသွားခဲ့ရပါသည်။ ပင်လယ်ရေသည်လည်း ငြိမ်သက် နေရာမှ ရုတ်တရက်ဆိုသလို လှိုင်းများ ထလာကာ ပုံမှန်ရေမျက်နှာ ပြင်ထက် ပေ (၅၀) ခန့်မြင့်တက်လာပါသည်။ GCBur 320.1

မြေငလျင်လှုပ်သောနေ့သည် ဘုရားရှိခိုးကျောင်းများ၌ လူများဝတ်ပြု ကိုးကွယ်သည့်နေ့ဖြစ်နေရာ အသက်ဘေးမှလွတ်မြောက် သွားသူ နည်းလှပါသည်။ ထိုသူများ၏ ကြောက်လန့်နေမှုမှာ စာအား ဖြင့်ရေးပြလို့ မရအောင်ပင် ဆိုးရွားလှသည်။ မျက်ရည်ကျဖို့ပင် မတတ် နိုင်လောက်အောင် ကြောက်နေကြပါသည်။ ကြောက်အားလန့်အား ဖြင့်ရင်ဘတ်များ၊ မျက်နှာများကို ကုတ်ခြစ်ထုရိုက်ကာ ဟိုပြေးဒီပြေး ဖြင့်”မစ္စရီကိုးဒီးယား၊ ကမ္ဘာဆုံးပြီ” ဟု အော်ဟစ်နေကြပါသည်။ GCBur 320.2

မိခင်များသည် ကပ်တိုင်ရုပ်တုများကိုထမ်းလျက် သားသမီး များကို ချန်ထားကာ ဦးတည်ရာကို ပြေးနေကြသည်။ လူများစွာ တို့သည်အကာအကွယ်ရမည်အထင်နှင့် ဘုရား ရှိခိုးကျောင်းများ ထဲသို့ပြေးဝင်ခဲ့ကြသည်။ သို့သော် အချည်းနှီးသာဖြစ်ခဲ့၏။ ထိုသနားစရာသတ္တဝါများသည် ရုပ်တုများ၊ ကပ်တိုင်များ၊ ယဇ်ပလ္လင် များကို ဖက်ယမ်းရင်း အရှင်လတ်လတ်မြေမြှုပ်ခြင်းခံခဲ့ကြရသည်။ GCBur 320.3