Go to full page →

ဆင်ဂျဲထံသို့ဗျာဒိတ်တော်ရောက်ရှိခြင်း GCBur 388

ဆင်ဂျဲဟုခေါ်သည့် လူးသာအသင်းတော်မှ ကျမ်းတတ်တ ရားဟော ဆရာတစ်ဦးသည် ဂျာမနီပြည်တွင် ထိုယုံကြည်ချက်ကို သွန်သင်နေပါသည်။ ဗျာဒိတ်ကျမ်း ၂၁ ကိုအခြေပြုသည့် တရား ဟောချက် တစ်ခုကိုပြင်ဆင်နေစဉ် ခရစ်တော် ဒုတိယအကြိမ်ကြွလာ ခြင်းနှင့်ဆိုင်သည့် အလင်းသည် သူ့စိတ်ထဲသို့ တိုးဝင်လာပါသည်။ ဗျာဒိတ်ကျမ်းပါ ထိုအနာဂတ္တိစကားကို သူနားလည်လာ ပါသည်။ GCBur 388.1

ထိုမြင်ကွင်းများ၏ အရေးပါမှုနှင့် ဘုန်းအသရေရှိမှုတို့ကြောင်း အခိုက်အတန့်အားဖြင့် သူမဟောရဲသေးသော်လည်း သူ့အား ထင်ရှားစွာသိရှိ နားလည်စေခဲ့ပြန်သောကြောင့် ထိုအနာဂတ္တိစကား များကို စိုက်လိုက်မတ်တတ် လေ့လာခဲ့ရာ အဆုံးတွင် ခရစ်တော်ကြွ လာရန်နီးကပ်နေကြောင်း သူယုံကြည် လာပါသည်။ GCBur 388.2

သူသတ်မှတ်ခဲ့သည့် ဘုရားသခင်ကြွလာမည့်နေ့ရက်သည် နောက်ပိုင်းတွင် ဝီလီယမ်မီလာ သတ်မှတ်ခဲ့သည့်နှစ်များအတွင်းမှာပင် ဖြစ်ပါသည်။ GCBur 388.3

ဆင်ဂျဲရေးသားထုတ်ဝေသည့်စာပေများသည် ၎င်း၏မိခင် နယ်မြေ ဝစ်တင်းဘတ်သာမက ဂျာမနီပြည်အနှံ့အပြားသို ပျံ့နှံ့သွား ခဲ့ရာအခြားတိုင်းပြည်များနှင့် တစ်ချိန်တည်းလောက်မှာပင် ဂျာမနီ ပြည်သည်လည်း မြော်လင့်ခြင်းသတင်းစကားကို ကြားနာခဲ့ကြရ ပါသည်။ GCBur 388.4

ဂွာဆင်သည် ဂျနီဗာ၌ ဒုတိယအကြိမ်ကြွလာခြင်းသတင်း စကာကို ဟောကြားခဲ့သည်။ အမှုတော်ကို စတင်ထမ်းဆောင်စဉ်က သူသည် ဘာသာရေး သွန်သင်ချက်များအပေါ် သံသယရှိခဲ့သူတစ်ဦး ဖြစ်သော်လည်း ငယ်စဉ်တောင်ကျေးကတည်းက အနာဂတ္တိကျမ်း များကို စိတ်ဝင်စားသူတစ်ဦး ဖြစ်ခဲ့သည်။ GCBur 389.1

ရိုးလင်းရေးသားသော “ရှေးခေတ်ရာဇဝင်” (Ancient His- tory) စာအုပ်ကိုဖတ်ပြီးသည့်နောက် ဒံယေလအခန်းကြီး ၂ ကို စိတ်ဝင်စားလာ ပါသည်။ ထိုအနာဂတ္တိစကားများသည် တိတိကျကျ ပြည့်စုံသွားသဖြင့် သူအံ့ဩသွားပါသည်။ သမ္မာကျမ်းစာကို ဘုရား သခင်ပြုပြင်ကြောင်း၊ သက်သေခံတစ်ခုဖြစ်ကြောင်း သူနားလည်ခဲ့ သည်။ ကျိုးကြောင်းဆင်ခြင် သုံးသပရေးဝါဒလောက်နှင့် လူမရောင့် ရဲနိုင်တော့ဘဲ သမ္မာကျမ်းစာကို လေ့လာ သင့်ကြောင်း သူယုံကြည်လာ ပါသည်။ GCBur 389.2

ခရစ်တော်ကြွလာရန် အလွန်နီးကပ်ပြီဖြစ်ကြောင်း သူယုံကြည် လာပါသည်။ သို့ဖြင့် ထိုသတင်းစကား၏ အရေးပါမှုကြောင့် လူထုရှေ့ တွင် တင်ပြရန် သူဆန္ဒပြင်းပြလာပါသည်။ သို့ရာတွင် ဒံယေလနာ ဂတ္တိကျမ်းကို နားမလည်နိုင်ကြပါဟူသော ရေပန်းစားနေသည့် ခံယူ ချက်သည် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်နေပါသည်။ မိဘ များထံသို့ သတင်းစကား ရောက်ရှိရန် ကလေးများနှင့် အစပြုမည်ဟု ဂျနီဗာတွင် ဖားရယ်လုပ်ဆောင် ခဲ့သလိုလုပ်ဆောင်ရန် နောက်ဆုံးတွင် သူဆုံးဖြတ်ခဲ့ပါသည်။ “ကလေးပရိသတ်ကို ကျွန်တော်အရင်စုမယ်။ ဒီအ ဖွဲ့ဟာ ကြီးလာမယ်။ ကျွန်တော်ပြောတာကို နားထောင်လာမယ်။ နှစ်ခြိုက်စိတ်ဝင်စားလာပြီး သူတို့ နားလည်သဘောပေါက်ကာ မိဘတွေ ကို ရှင်းပြလာမယ်ဆိုရင် ဒုတိယအဆင့် အနေနဲ့ လူကြီးတွေကို စုစည်းပြီး အတူတကွထိုင်ကာလေ့လာကြမယ်။ ဒါတွေလုပ်ပြီးတာနဲ့ အမှုတော် ဟာလည်း အောင်မြင်စွာပြီးစီးသွားပြီပေါ့” ဟု သူရှင်းပြခဲ့ပါသည်။ GCBur 389.3

ကလေးငယ်များကို သူဟောကြားသွန်သင်နေစဉ် အသက်ကြီး သူ မျာကလည်း လာရောက်နားထောင်ကြပါသည်။ သူ၏ဘုရားဝတ်ပြု ခန်း ကလေးသည် အရာရှိများ၊ ပညာတတ်များ၊ ဧည့်သည်များ ဂျနီဗာသို့လာရောက် လည်ပတ်နေကြသည့် နိုင်ငံခြားဧည့်သည်များ နှင့်ပြည့်နေပါသည်။ ဤနည်းအားဖြင့် ထိုသတင်းစကားသည် အခြား နေရာများသို့ ပျံ့နှံ့သွားခဲ့ ပါသည်။ GCBur 390.1

အနာဂတ္တိကျမ်းများကို ပိုမိုလေ့လာမှုများရှိလာရန် မျှော်လင့် ချက်ဖြင့် အားပေးထောက်ခံမှုရနေသည့် ဂွာဆင်သည် သင်ခန်းစာ များကို ပုံနှိပ်ထုတ်ဝေ ခဲ့ပါသည်။ သူသည်နောက်ပိုင်းတွင် ကျမ်းစာ ကျောင်းတစ်ခု၌ ဆရာဖြစ်လာခဲ့ပါသည်။ GCBur 390.2

တနင်္ဂနွေနေ့များမှာလည်း အမေးအဖြေပုံစံမျိုးဖြင့် ကလေး ငယ်များအား ကျမ်းစာသင်ပေးဆဲ ဖြစ်ပါသည်။ သူသည် ပါမောက္ခ၏ ထိုင်ခုံမှလည်းကောင်း၊ ပုံနှိပ်တိုက်မှလည်းကောင်း၊ ကျောင်းဆရာ တစ်ဦး အနေဖြင့်လည်းကောင်း ခရစ်တော်ကြွလာခြင်းဆိုင်ရာ အနာ ဂတ္တိစကားများကို လူအများအား နှစ်ပေါင်းများစွာသွန်သင်ဟော ကြားခဲ့ပါသည်။ GCBur 390.3