Go to full page →

အလင်းတော်ကိုလူသားများဆန့်ကျင်ခြင်း GCBur 403

ဝိညာဉ်ရေးမှောင်မိုက်ကျချေပြီ။ ဘုရားသခင်ဘက်မှ တစ် ဖက်သတ် ကျေးဇူးတော်ကို ရုတ်သိမ်းသွားသောကြောင့် ဝိညာဉ်ရေး မှောင်မိုက်ကျသည် မဟုတ်ဘဲ လူသားများက အလင်းတော်ကို လက် မခံခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ဘုရားကိုမေ့ကာ လောကီရေးများ၌ သာဦးစားပေးနေသည့် ယုဒလူတို့သည် မေရှိယကြွလာခြင်း ကိုမသိရှိခဲ့ကြချေ။ သူတို့သည် မယုံကြည်သောစိတ်ဖြင့် ကယ်တင်ရှင် အား ငြင်းပယ်ခဲ့ကြသည်။ ဘုရားသခင်သည် ကယ်တင်ခြင်း ဆိုင် ရာကောင်းချီးမင်္ဂလာများမှ ယုဒများကိုပယ်ရှင်းတော်မူ ----- ခဲ့သည်မဟုတ်ဘဲ သမ္မာတရားကိုငြင်းပယ်ခဲ့သောထိုသူများသည် “အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကို အလွဲယူ” ခဲ့ကြ ပါသည်။ ဟေရှာ၊ ၅:၂၀။ GCBur 403.2

ထိုယုဒများသည် ဧဝံဂေလိတရားတော်ကို ငြင်းပယ်ပြီးသည့် နောက် သူတို့နှင့်အတူ ဘုရားသခင်မရှိတော့ကြောင်း ဝန်ခံလျက် ရှေးရိုးကိုးကွယ်မှု စနစ်များကို ဆက်လက်ကျင့်သုံးခဲ့ကြသည်။ ဒံယေ လအနာဂတ္တိကျမ်းက မေရှိယကြွလာမည့်အချိန်နှင့် ကိုယ်တော်ရှင်အ သေခံမည့်အကြောင်းများကို မမှားမယွင်းတိုက်ရိုက်ဖွင့်ဟပြညွှန်ခဲ့ရာ သူတို့စိတ်ဓါတ်ကျပြီး ကြွလာမည့် အချိန်ကို တွက်ချက်ရန် ကြိုးစားသူ များအားလုံးအပေါ် ကျိန်ဒဏ်သင့်စေ မည်ဟု ကြေညာခဲ့ကြပါ သည်။ GCBur 404.1

နောက်ပိုင်းရာစုနှစ်များတွင် ထိုယုဒများသည် ဝိညာဉ်ရေး မျက်စိကွယ်ကာ စိတ်နှလုံးခိုင်မာလျက် ကယ်တင်ခြင်းဆိုင်ရာ မွန် မြတ်သောဖိတ်ခေါ်မှုကို ဂရုမထားကြတော့ချေ။ ဧဝံဂေလိတရား တော်ကောင်းချီးမင်္ဂလာများကို အလေးမထားခဲ့ကြသလို အလင်း တော်ကိုငြင်းပယ် ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်အကြောင်း သတိပေးစကားများ ကိုလည်း လျစ်လျူရှုခဲ့ကြသည်။ GCBur 404.2

မိမိကြိုက်နှစ်သက်သောအရာနှင့် ဖီလာဆန့်ကျင်ဖြစ်နေသော ကြောင့် မိမိလုပ်ဆောင်သင့်သောအရာများကိုလုပ်ဆောင်ရန် ပျက် ကွက်သော သူများသည် နောက်ဆုံး၌ အမှားအမှန်ခွဲခြားနိုင်သည့်အစွမ်း များကို ဆုံးရှုံး ကြလိမ့်မည်။ ထိုသူသည် ဘုရားသခင်နှင့် တသီးတခြား ရှိ နေလေတော့မည်။ ဘုရားသခင်၏ အမှန်တရားကို မထီမဲ့မြင်ပြုသော အသင်းတော်များသည် အမှောင်ထဲတွင်ရှိကြလိမ့်မည်။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာများ လျော့နည်းလာကာ အချင်းချင်းကွဲပြားခြားနားမှု များနှင့်ရင်ဆိုင်ကြရမည်။ အသင်းသားများသည် လောကီကိစ္စများ နောက် ကိုသာလိုက်တော့သဖြင့် နောင်တမရနိုင်တော့သည့် စိတ်နှလုံး ခိုင်မာသူ အပြစ်သားများ ဖြစ်လာပါတော့သည်။ GCBur 404.3