Go to full page →

အခန်း (၂၇)—ခေတ်ဝိညာဉ်ရေးနိုးကြားမှုများ မည်သို့အောင်ပွဲဆင်နေသနည်း GCBur 494

နှုတ်ကပတ်တော်ကို အမှန်အတိုင်းဟောကြားသည့်နေရာ တိုင်းတွင် ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်ထံမှလာသော နှုတ် တော်ထွက်စကားများ ဖြစ်ကြောင်း ထင်ရှားစေသည့်ရလဒ်များ ဆက် လက်ဖြစ်ပေါ်ခဲ့ပါသည်။ ဩတ္တပ္ပစိတ်များနိုးကြားလာကြောင်း အပြစ် သားများခံစားရသည်။ GCBur 494.1

ယုံကြည်စိတ်များသည် ၎င်းတို့၏စိတ်နှလုံးတွင် ခိုင်မြဲစွာအမြစ် စွဲလာသည်။ သူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုသိရှိ လာကာ “ဤအသေကောင်မှ ငါ့ကို မည်သူကယ်တင်မည်နည်း” ဟု မေးလာကြသည်။ ရောမ ၇:၂၄။ GCBur 494.2

သူတို့သည် ကပ်တိုင်ကိုမြင်တွေ့လာသောအချိန်တွင် ခရစ်တော်၏ ကောင်းမှုကုသိုလ်မှလွဲ၍ မည်သည့်အရာမမျှ မိမိ တို့၏အပြစ်များကို မဖြေ နိုင်ကြောင်း သဘောပေါက်လာကြသည်။ သူတို့သည် ခရစ်တော်၏ အသွေးတော်အားဖြင့ အတိတ်အပြစ်များကို ဖြေလွှတ်ခြင်းခံကြရသည်။ ရောမ ၃:၂၅။ GCBur 494.3

ဤပုဂ္ဂိုလ်များသည် ယုံကြည်ခြင်းနှင့် နှစ်ခြင်းမင်္ဂလာကို ခံ ယူကာ ကိုယ်တော်၏ခြေတော်ရာများကိုလိုက်လျှောက်ရန်၊ ကိုယ် တော်၏စာရိတ္တ တော်ကိုရောင်ပြန်ဟပ်ရန်၊ ကိုယ်တော်စင်ကြယ်သည့် နည်းတူ မိမိကိုယ်ကို စင်ကြယ်စေရန်၊ သားတော်ကိုယုံကြည်ခြင်း အားဖြင့် အသစ်သော အသက်တာ၌ လျှောက်လှမ်းကြရန် ဝိညာဉ် ရေးနိုးထကြပါသည်။ တစ်ချိန်က မုန်းခဲ့သောအရာများကို ယခု ချစ်၍၊ တစ်ချိန်က ချစ်ခင်နှစ်သက်ခဲ့သောအရာများကို ယခုတွင် မုန်းတီးရွံရှာခဲ့ကြသည်။ မာနကြီးသူများသည် သိမ်မွေ့လာကြပြီး စိတ်ကြီးဝင် မောက်မာသူများသည် တည်ငြိမ်အေးဆေးသော အသက် တာကို ပိုင်ဆိုင်လာကြသည်။ GCBur 494.4

အရက်သမားများသည် အရက်ဖြတ်လာကြပြီး အပျော်ကျူးသူ များလည်း သန့်ရှင်းလာကြသည်။ ခရစ်ယာန်များသည် “ဆံပင်ကျစ် ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြစ်တန်ဆာဆင် ခြင်း မဖြစ်စေဘဲ ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ ငြိမ်သက်ခြင်း သဘောတည်းဟူသော၊ မဖေါက်ပြန်မပျက်စီးတတ်သော၊ တန်ဆာဆင်ခြင်း ရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေ” ရန် ကြိုးစား ခဲ့ကြသည်။ ၁ပေ၊ ၃:၃-၄။ GCBur 495.1

အပြစ်သားများအား လေးနက်တည်ကြည်သောတောင်းဆို မှုများ ပြုခြင်းအားဖြင့် ဝိညာဉ်ရေးနိုးကြားမှုများထင်ရှားစွာဖြစ်ပေါ် လာပါသည်။ GCBur 495.2

ကိုယ်အလိုကိုမလိုက်ဖို့ရန် လက်မတွန့်ဘဲ ခရစ်တော်အတွက် အနစ်နာခံရခြင်း အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည့် အသီး အပွင့်များကို မြင်တွေ့ခဲ့ရ ပါသည်။ ခရစ်တော်၏နာမတော်ကိုဝန်ခံ သူများတွင် အသက်တာအတွင်း အပြင်ပြောင်းလဲမှုများကို တွေ့ကြ ရပါသည်။ ဤအရာများသည် ဘာသာရေး နိုးကြားမှုများ၏ နောက် ပိုင်းအချိန်များ၌ ဖြစ်ခဲ့သော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ် ပါသည်။ GCBur 495.3

သို့ရာတွင် ခေတ်သစ်ဝိညာဉ်ရေးပြောင်းလဲမှုများမှာ ယခင် ကနှင့် ကွဲပြားခြားနားနေပါသည်။ စိတ်နှလုံးပြောင်းလဲပြီဆိုကာ အ သင်းတော်များ ထဲသို့ အအုပ်လိုက်အသင်းလိုက် လူများဝင်လာကြပါ သည်။ သို့စေကာမူ စစ်မှန်သောဝိညာဉ်ရေးအသက်တာနှင့် ကိုက် ညီသည့် ယုံကြည်ခြင်းတိုးတက်မှုများကိုမူ မတွေ့ရချေ။ တစ်ခဏ တောက်လောင်သော အလင်းကလေးသည် မကြာမီမှာပင် ငြိမ်းသွား ခဲ့ပါသည်။ GCBur 495.4

ရေပန်းစားနေသော ဝိညာဉ်ရေးပြောင်းလဲမှုများသည် အသစ် အဆန်းနှင့် စိတ်လှုပ်ရှားစရာကောင်းသည့် အရာများကို နှစ်သက်သော စိတ်ကို ကျေနပ်စေသည့်စိတ်ဝင်စားမှုများကို မကြာခဏဖြစ်ပေါ်စေ သည်။ GCBur 496.1

ဤနည်းအားဖြင့် ပြောင်းလဲလာသူများ၌ သမ္မာတရားကို နား ထောင်ချင်စိတ် အလွန်နည်းပါးလာသည်။ ဘာသာရေးအခမ်းအနား များ၌ စိတ်အာရုံခံစားစရာ မရှိခဲ့လျှင် ၎င်းတို့သည် ထိုအခမ်းအနား များကို စိတ်မဝင်စားကြတော့ချေ။ GCBur 496.2

အစစ်အမှန်ပြောင်းလဲနေသူများမှာမူ ဘုရားသခင်နှင့်တကွ ထာဝရကာလနှင့်စပ်ဆိုင်သောအရာများကို အသက်တာ၏ အဓိကအရာများအဖြစ် မှတ်ယူကြလိမ့်မည်။ GCBur 496.3

ယနေ့လူကြိုက်များနေသော အသင်းတော်များ၌ ဘုရားသ ခင်အတွက် ဆက်ကပ်အပ်နှံသည့်စိတ်ဓါတ်သည် မည်သည့်နေရာ တွင်ရှိနေသနည်း။ ပြောင်းလဲ၍ အသင်းတော်ထဲရောက်လာသူများ သည်မာနထောင်လွှားဆဲ လောကကိုချစ်နေကြဆဲဖြစ်သည်။ GCBur 496.4

သူတို့သည် မပြောင်းလဲမီ အချိန်ကထက် ပို၍ကိုယ်အလိုကို ငြင်းပယ်လိုသောဆန္ဒနှင့် နှိမ့်ချသိမ်မွေ့သော ခရစ်တော်နောက်သို့ လိုက်ရန် ဆန္ဒမပြင်းထန်လာပါချေ။ ဘုရားတရားနှင့် ပြည့်စုံမှုသည် အသင်းတော်များစွာတို့တွင် ယိုယွင်းလျက်ရှိနေပါသည်။ GCBur 496.5

အသင်းတော်များ၌ ယုံကြည်ခြင်းကွဲပြားခြားနားမှုများရှိ နေသော်ငြားလည်း ထိုအသင်းတော်များထဲတွင် ခရစ်တော်၏ နောက် လိုက်အစစ်များ ရှိနေကြဆဲဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးတ မန်တော်ခေတ်နောက်ပိုင်း တွင် မတွေ့ကြရတော့သည့် ဘုရားတရား ပြည့်စုံမှုဆိုင်ရာ ဝိညာဉ်ရေး ပြောင်းလဲမှုကြီးကို တရားစီရင်ခြင်းမ တိုင်မီတွင် ဘုရားသခင်၏ သားသမီးများ အကြား၌ တွေ့မြင်ကြရ လိမ့်မည်။ GCBur 497.1

ဝိညာဉ်တော်ကို သွန်းလောင်းတော်မူသော အခါ ဘုရား သခင်နှင့်နှုတ်ကပတ်တော်အစား လောကကိုချစ်သည့် အသင်းတော် များမှ လူများစွာတို့ခွဲထွက်လာကြလိမ့်မည်။ တရားဟော ဆရာများ အပါအဝင်လူထုကြီးသည် ကြွလာခြင်းအတွက် ၎င်းတို့ကို ပြင်ဆင် ပေးမည့် ထိုသမ္မာတရားများကို ဝမ်းပန်းတသာ လက်ခံကြလိမ့်မည်။ GCBur 497.2

လူသားများကို ရန်မူနေသူစာတန်သည် ဤအမှုတော်ကို အ ဟန့်အတား လုပ်လိုရာ ထိုကဲ့သို့သော လှုပ်ရှားမှုကြီး မဖြစ်မီမှာပင် အ တုတစ်ခုကို တီထွင် ထားခြင်းဖြင့် ထိုဝညာဉ်ရေးပြောင်းလဲမှုကို တား ဆီးရန် ကြိုးစားပါလိမ့်မည်။ GCBur 497.3

ဆွဲဆောင်သိမ်းသွင်းနိုင်မည့် အသင်းတော်များတွင် ဘုရားသ ခင်၏အထူးကောင်းချီးများချပေးနေသယောင်ဖြစ်အောင် သူလုပ်ဆောင် လိမ့်မည်။ “ဘုရားသခင်သည် အံ့ဖွယ်ကောင်းအောင် ကောင်းချီးပေး လျက်ရှိသည်” ဟု လူအများက ဝမ်းသာရွှင်မြူးလျက် ကြွေးကြော်လိမ့် မည်။ အမှန်မှာ ထိုအမှုကို အခြားသောဝိညာဉ်က လုပ်ဆောင်နေခြင်းဖြစ် သည်။ စာတန်သည် ဘာသာရေး ဟန်ဆောင်မှုများဖြင့် ခရစ်ယာန်လော က တစ်ခုလုံးအပေါ်ဩဇာလွှမ်းမိုးနိုင်အောင် ကြိုးစားလိမ့်မည်။ လမ်းမှား ပို့ဆောင်ရန်သင့်လျော်သလိုပြင်ဆင်ထားသည့်အမှန်နှင့်အမှားရောစပ် ထားသော စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတစ်ခုကိုဖြစ်အောင် သူကြိုးစား နေခြင်းဖြစ်သည်။ GCBur 497.4

သို့ရာတွင် နှုတ်ကပတ်တော်အလင်းအားဖြင့် ထိုလှုပ်ရှားမှု များ၏ သဘာဝကို ဆုံးဖြတ်ရန်မှာ ခက်ခဲမည်မဟုတ်ချေ။ ကိုယ်အလို ကိုငြင်းကာ လောကနောက်သို့မလိုက်ရန် တောင်းဆိုနေသည့် သွန် သင်ချက်များကို ကျောခိုင်းလျက် သမ္မာကျမ်းစာ၏ သက်သေခံချက် ကိုလျစ်လျူရှုသူများရှိသော နေရာတိုင်း၌ ဘုရားသခင်၏ ကောင်း ချီးမင်္ဂလာများ မကျရောက်မည်မှာ သေချာပါသည်။ “ထိုသူတို့၏ အ ကျင့်ကိုထောက်၍ သူတို့၏သဘောကို သိရလိမ့်မည်” ဆိုသည့် စည်း မျဉ်းအရ ဤလှုပ်ရှားမှုများသည် ဘုရားသခင်၏ ဝိညာဉ်တော်လုပ် ဆောင်မှုမဟုတ်ကြောင်း ထင်ရှားပါသည်။ GCBur 498.1

ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ သမ္မာတရားသည် စာတန်၏လိမ်လည်လှည့်ဖြားမှုများကို ကာကွယ်ရန် ဒိုင်းလွှားတစ်ခု ဖြစ်ပါသည်။ ထိုသမ္မာတရားများကို လျစ်လျူရှုထားခြင်းသည် ကမ္ဘာ တွင်ယနေ့တိုင်ပျံ့နှံ့နေသည်ဒုစရိုက်များအတွက် တံခါးဖွင့်ပေးနေခြင်း ဖြစ်သည်။ GCBur 498.2

ဘုရားသခင့်ပညတ်တော်၏ အရေးပါမှုများကိုလည်း အ တိုင်းအတာတစ်ခုအထိ မျက်ခြည်ပြတ်လျက်ရှိ၏။ ပညတ်တော်အ ပေါ်မှားယွင်းစွာယူဆမှုတစ်ခုသည် အဆင့်နိမ့်ကျလျက်ရှိသော ဘုရား တရားဆိုင်ရာ သန့်ရှင်းခြင်းနှင့် စိတ်နှလုံး ပြောင်းလဲခြင်းများတွင် မှား ယွင်းမှုများကိုဖြစ်စေသည်။ GCBur 498.3

ကျွန်ုပ်တို့ခေတ်၌ ဖြစ်ပေါ်နေသော ဝိညာဉ်ရေးပြောင်းလဲမှု များတွင် ဝိညာဉ်တော်မပါရှိမှု၏ လျှို့ဝှက်ချက်ကို ဤတွင်တွေ့ရ ပါသည်။ GCBur 498.4