Go to full page →

လူအပေါင်းတို့၏ကံကြမ္မာကိုဆုံးဖြတ်ချက်ချခြင်း GCBur 529

ခရစ်တော်မိုးတိမ်စီး၍ ကြွမလာမီကလေးတွင် ကရုဏာတော် အချိန်သည် ကုန်ဆုံးသွားပါသည်။ ကိုယ်တော်သည် ထိုအချိန်ကို မှန်းမျှော်ကာ “မတရားသောသူသည် မတရားသဖြင့်ပြုနေဦး။ ညစ် ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့် မတ်စေဦး။ GCBur 529.5

သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ငါသည်အလျင်အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။” ဗျာ၊ ၂၂:၁၁-၁၂။ GCBur 530.1

လူသားများသည် စားလျက်၊ သောက်လျက်၊ ဆောက်လျက်၊ စိုက်ပျိုးလျက် သတိမမူဘဲရှိစဉ်တွင် ကောင်းကင်ဗိမာန်တော်၌ အ ပြီးသတ် စီရင်ချက်ချမှတ်တော်မူလိမ့်မည်။ နောဧသည် သင်္ဘောထဲ သို့ဝင်သွားပြီးနောက် ရေလွှမ်းမိုးခြင်းမတိုင်မီ (၇) ရက်အချိန်အတွင်း နောဧအား သင်္ဘောထဲတွင် လည်းကောင်း၊ ဘုရားမဲ့သူများအား သင်္ဘောအပြင်တွင်လည်းကောင်း ကန့်သတ်ထားစဉ် ထိုလူများသည် အပျော်အပါးကိုလိုက်စားကာ တရားစီရင် ခြင်းဆိုင်ရာ သတိပေးစ ကားများကို ပြက်ရယ် “ပြုကြသည်နည်းတူ လူသားကြွလာသောအ ခါ၌ဖြစ်လိမ့်မည်။” မဿဲ ၂၄:၃၉။ GCBur 530.2

ညသန်းခေါင်အချိန် တိတ်တဆိတ်သူခိုးလာသကဲ့သို့ “အ ဘယ်အချိန်၌လာမည်ကို သင်တို့မသိ သောကြောင့် စောင့်နေကြလော့။ (သို့မဟုတ်) အမှတ်တမဲ့လာ၍ သင်တို့ အိပ်ပျော်နေသည်ကိုတွေ့လိမ့် မည်။” မာကု ၁၃:၃၅-၃၆။ GCBur 530.3

စောင့်နေရသည်ကိုငြီးငွေ့ကာ လောကအပျော်အပါးများ နောက်သို့ လိုက်သွားသည့်သူများသည် အန္တရာယ်ကြီးအေသာအခြေအ နေနှင့်ရင်ဆိုင်ကြ ရလိမ့်မည်။ စီးပွားရေးသမားများသည် အမြတ်စွန်း ရရှိရေးအတွက်သာ လုံးပမ်းနေစဉ် ပျော်ပါးလိုသူများသည် အပျော် GCBur 530.4

အပါးလိုက်စားနေစဉ် ဖက်ရှင်အလှမယ်များသည် အလှပြင်ဆင် နေကြစဉ် “သင့်ကို ချိန်ခွင်နှင့်ချိန်၍ လျော့ကြောင်းကို တွေ့မြင် တော်မူပြီ” ဟု ထာဝရ ဘုရားသည် ၎င်းတို့ကို စီရင်ချက်ချတော်မူ လိမ့်မည်။ ဒံယေလ ၅:၂၇။ GCBur 531.1

*****