Go to full page →

လူသားများကိုယ်စားငြင်းဆိုခြင်း GCBur 545

ကောင်းကင်သားအားလုံးတို့သည် ထင်ရှားပေါ်လွင်လျက် ရှိသော ဘုရားသခင်၏တရားမျှတမှုကို တွေ့မြင်ခဲ့ကြရသည်။…. အပြစ်နယ်မှလူသားများသည် ကယ်တင်ခြင်းနှင့် လက်လှမ်းမမှီသည့် အခြေတွင်ရှိသည်ဟု လူစီဖာဖွင့်ဆိုခဲ့ဖူးပါသည်။ သို့ရာတွင် ပညတ် တော်ဆိုင်ရာပြစ်ဒဏ်စီရင်မှုကို ဘုရားနှင့်တတန်းတည်းဖြစ်သော ယေရှုခရစ်က ခံယူတော်မူခဲ့ပြီဖြစ်သဖြင့် လူသည် အဖိုးအခမပေးဘဲ ခရစ်တော်၏ဖြောင့်မတ် ခြင်းကို လက်ခံရယူကာ နောင်တရသော စိတ်၊ နှိမ့်ချသောစိတ်များဖြင့် စာတန်၏ တန်ခိုးကိုကျော်လွှားကြရန် ဖြစ်သည်။ GCBur 545.2

သို့ရာတွင် လူသားများကိုကယ်တင်ရုံသက်သက်၊ အသေခံ ရန်ခရစ်တော်ဤလောကသို့ကြွလာတော်မူသည်မဟုတ်ပါ။ ဘုရား သခင် ပညတ်တော်သည် ပြောင်းလဲမှုမရှိကြောင်းကိုလည်း ဖော်ပြရန် ကြွလာခြင်း ဖြစ်သည်။ ပညတ်တော်သည် ပြောင်းလဲမှုမရှိကြောင်း ဘုရားသခင့်အုပ်ချုပ်မှု အုတ်မြစ်သည် တရားမျှတခြင်းနှင့် ကရုဏာ တော်ဖြစ်ကြောင်းကို ခရစ်တော်၏ အသေခံခြင်းက သက်သေခံနေ ပါသည်။ GCBur 546.1

အပြစ်တရားအတွက် မည်သည့် ဆင်ခြေဆက်လက်မျှ မပေး နိုင်သည်ကို နောက်ဆုံးတရားစီရင်သောအချိန်တွင် တွေ့မြင်ကြရ လိမ့်မည်။ “အဘယ်ကြောင့် ငါ့ကိုဆန့်ကျင်ပြီး ပုန်ကန်ရတာလဲ” ဟု ကမ္ဘာ့တရားသူကြီးခရစ်တော်က စာတန်အား မေးသောအချိန်တွင် မည်သည့်ဆင်ခြေကိုမျှ သူပေးနိုင်လိမ့်မည်မဟုတ်ချေ။ GCBur 546.2

“အမှုပြီးပြီ” ဟု ခရစ်တော်ဟစ်ကြွေးရာတွင် စာတန်၏ အ သုဘခေါင်းလောင်းကို ထိုးလိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် မဟာ တိုက်လှန်ပွဲ အတွက် ဆုံးဖြတ်ချက်ချခဲ့ချေပြီ။ ဒုစရိုက်ကို အပြစ် မှသုတ်သင်ရန် သေချာသွားချေပြီ။ “မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသော သူနှင့် ဒုစရိုက်ပြုသောသူအပေါင်းတို့သည်-----အဖျားမျှမကျန် ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေထာဝရဘုရား မိန့်တော်မူ၏။” မာလခိ ၄:၁။ GCBur 546.3

အပြစ်ဒုစရိုက်သည် မည်သည့်အခါမျှ ပေါ်ထွန်းလာနိုင် တော့မည် မဟုတ်ချေ။ ဘုရားသခင်၏ပညတ်တော်ကို လွှတ်ခြင်းဆိုင် ရာပညတ်အနေဖြင့် ဂုဏ်ပြုကြလိမ့်မည်။ စစ်ဆေးမှုအသီးသီးတွင် အောင်ပွဲဆင်ခဲ့ကြသည်။ ဝေနေယျသတ္တဝါများသည် ဉာဏ်တော်အ နန္တ၊မေတ္တာတော်အနန္တနှင့် ပြည့်စုံသည့် ကိုယ်တော်ရှင်အား မည် သည့်အခါမျှ ကျောခိုင်းကြတော့မည် မဟုတ်ချေ။ GCBur 547.1

*****