Go to full page →

အခန်း (၃၁)—မကောင်းသောနာမ်ဝိညာဉ်များ (ဆိုးယုတ်သောကောင်းကင်တမန်များ) GCBur 554

ဘုရားသခင်၏ ကောင်းကင်တမန်များနှင့် ဆိုးယုတ်သော ကောင်းကင်တမန်များအကြောင်းကို သမ္မာကျမ်းစာတွင် ရှင်းလင်း စွာဖော်ပြထားပါသည်။ ၎င်းပြင် ထိုကောင်းကင်တမန်များသည် လူ သားများ၏ သမိုင်းစဉ်တွင် ပါဝင်ပတ်သက်နေကြပါသည်။ ကယ်တင် ခြင်းခံရသူများကို အလုပ်အကျွေးပြုနေသော ကောင်းကင်တမန်များ ကိုသေဆုံးသူများ၏ ဝိညာဉ်များအဖြစ် အများကမှတ်ယူကြ ပါသည်။ GCBur 554.1

သို့ရာတွင် ထိုကောင်းကင် တမန်များသည် နာမ်ဝိညာဉ်ရိုး ရိုး (ဝါ) ကိုယ်ခန္ဓာမဲ့ဝိညာဉ်များ မဟုတ်ကြောင်းကို သမ္မာကျမ်းစာ ကသက်သေပြထားပါသည်။ ဤကမ္ဘာကြီး စတင်ဖန်ဆင်းသည့် အ ချိန်ကတည်းက “နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်း ဆို၍ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်” ကြသဖြင့် လူသားများကို မဖန်ဆင်းမီကပင် ကောင်းကင် တမန်များသည် ရှိနှင့် ပြီးသားဖြစ်ပါသည်။ (ယောဘ ၃၈:၇)။ GCBur 554.2

လူသားများ အပြစ်တွင်ကျဆုံးပြီးနောက် လူတစ်ဦး တစ်ယောက်မျှ မသေဆုံးမီတွင် ထိုအသက်ကိုပင် ကောင်းကင်တမန် များအား စောင့်ကြပ်စေခဲ့သည်။ လူသားများကို “ကောင်းကင်တ မန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူ” သဖြင့် ကောင်းကင်တမန် များသည် လူတို့ထက်အနည်းငယ်သာလွန် ကြီးမြတ် ပါသည်။ ဆာလံ ၈:၄။ GCBur 554.3

“အတိုင်းမသိများစွာသော ကောင်းကင်တမန်များ၏ အသံကို ငါကြား၏” ဟု ရှင်ယောဟန်ဖွင့်ဆိုခဲ့သည်။ “အတိုင်းမသိများစွာ သောကောင်းကင်တမန်များသည်” “နှုတ်ကပတ်တော်သံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်းဆောင်ရွက်” လျက် ဘုရင်တကာ တို့၏ဘုရင် ရှေ့မှောက်တွင် ခစားနေကြပါသည်။ ဟေဗြဲ ၁၂:၂၂။ ဗျာ၊ ၅:၁၁။ ဆာလံ ၁၀၃:၂၀-၂၁။ “လျှပ်စစ်နွယ်ကဲ့သို့ အရောင် တောက်နေသော” ဘုရားသခင်၏ စေတမန်ဖြစ်သော ကောင်းကင် တမန်များသည် ပျံသန်းရာတွင် အလွန်လျင်မြန် ကြ၏။ ခရစ်တော်၏ သင်္ချိုင်းဂူသို့ရောက်လာသည့် ကောင်းကင်တမန်၏ “မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။---လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍သေမတတ်ဖြစ်ကြ၏။” သနာခရိပ်မင်း သည် ဘုရားသခင်ကိုစော်ကားရုံသာမက ဣသရေလများ အားလည်း ခြိမ်းခြောက်သောအချိန်တွင် “ထာဝရဘုရားသခင်၏ ကောင်းကင် တမန်သည် ထွက်၍ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်း ငါး ထောင်တို့ကို ဒဏ်ခတ်လေ၏။” ယေဇကျေလ ၁:၁၄။ မဿဲ ၂၈:၃- ၄။ ၄ရာ၊ ၁၉:၃၅။ GCBur 555.1

ဘုရားသခင်၏ သားသမီးများအား မေတ္တာပြသည့်အမှုတော် များအတွက်လည်း ကောင်းကင်တမန်များကို စေလွှတ်လေ့ရှိပါသည်။ ကောင်းချီး ပေးမည့်ကတိတော်များနှင့်အတူ အာဗြဟံထံသို့လည်း ကောင်း၊ GCBur 555.2

လောတကိုကယ်ဆယ်ရန် သောဒုံသို့လည်းကောင်း၊ ကန္တာရ ထဲတွင် ရင်ဆိုင် နေရသည့်ဒုက္ခမှကယ်တင်ရန် ဧလိယထံသို့လည်း ကောင်း ပိတ်မိနေသော အခြေအနေမှကယ်တင်ရန် မီးမြင်းရထားနှင့် အတူ ဧလိရှဲထံသို့လည်းကောင်း ခြင်္သေ့စာဖြစ်မည့်ဘေးမှကယ်ရန် ဒံယေလထံသို့လည်းကောင်း၊ ဟေရုဒ်မင်း၏ အကျဉ်းထောင်တွင် သေဘေးနှင့်ရင်ဆိုင်နေရသည့် အခြေအနေမှကယ်တင်ရန် ပေတရု ထံသို့ လည်းကောင်း၊ အကျဉ်းသမားများကိုကယ်တင်ရန် ဖိလိပိမြို့ သို့လည်းကောင်း၊ ညကြီးအချိန်မတော်တွင် ပင်လယ်လှိုင်းလေများ မှကယ်တင်ရန် ပေါလုထံသို့ လည်းကောင်း၊ စိတ်နှလုံးဖွင့်၍ ဧဝံဂေ လိတရားတော်ကိုလက်ခံစေရန် ကောနေလိထံသို့လည်းကောင်း၊ ခရစ် ယာန်မဟုတ်သူတစ်ဦး၏ ကယ်တင်ခြင်း ကိစ္စအတွက် သတင်းစကား သွားရောက်ဟောကြားဖို့ သတိပေးရန် ပေတရုထံသို့လည်းကောင်း ကောင်းကင်တမန်တို့အား စေလွှတ်တော်မူခဲ့ ပါသည်။ ထိုကြောင့် ကောင်းကင်တမန်များသည် ဘုရားသခင်၏ သားသမီး များအား အ လုပ်အကျွေးပြုလျက်ရှိကြောင်း ထင်ရှားနေပါသည်။ GCBur 555.3