Go to full page →

အပျော်အပါးလိုက်စားသူများသို့တောင်းဆိုချက် GCBur 604

စိတ်အလိုကိုလိုက်လွန်းသူများ၊ အပျော်အပါးလိုက်စားသူ များနှင့် ရမ္မက်ကြီးသူများကို စာတန်သည် သိမ်မွေ့မှုလျော့နည်းသည့် လှည့်ဖြားမှုများကို အသုံးပြုတတ်ပါသည်။ ထိုသူများသည် ထိုရိုင်း စိုင်းသည့်ပုံစံများတွင် ၎င်းတို့၏ အကြိုက်နှင့်ကိုက်ညီသည့်အရာများ ကိုတွေ့ကြပါသည်။ စာတန်သည် လူအသီးသီးတို့ဖောက်ပြန် လိုသည့်အပြစ်များကို မှတ်သားထားပြီးဖြစ်ရာ လိုလေသေးမရှိအောင် ပြင်ဆင်ပေးပါသည်။ အထူးသဖြင့် လူတို့၏ ကာယ၊ ဉာဏနှင့် စာရိ တ္တပိုင်းဆိုင်ရာအစွမ်းများကို အားနည်းသွားစေရန် ချုပ်တည်း ခြိုးခြံ ခြင်းဆိုင်ရာနိယာမများကို ဖေါက်ဖျက်အောင် စုံစမ်းတတ်ပါသည်။ လူတို့၏ သဘာဝကို လုံးဝရိုင်းစိုင်းသွားစေသည့် ကာမဂုဏ်ခံစားမှု များကို အသုံးချကာ သန်းပေါင်းများစွာသောလူတို့အား သူဖျက်ဆီး နေပါသည်။ GCBur 604.1

“စစ်မှန်သော အသိတရားများက လူတို့အား ဥပဒေပညတ် အလုံးစုံတို့၏ အထက်မှာထားကြောင်း၊ ခပ်သိမ်းသောအရာတို့သည် မှန်ကန်ကြကြောင်း၊ ဘုရားသခင်သည် လူတို့အားပြစ်ဒဏ်စီ ရင်မှာမဟုတ်ကြောင်း၊ အပြစ်တရား တိုင်းသည် အပြစ်ကင်းကြောင်း ၎င်းတို့၏လုပ်ငန်းများကို အဆုံးသတ်ရန် ထိုနံဝိညာဉ်များက ဖွင့်ဆို ပါသည်။ GCBur 604.2

အလိုဆန္ဒသည်သာ အမြင့်ဆုံးဥပဒေ ဖြစ်ကြောင်း၊ လွတ် လပ်မှုသည် ခွင့်ပြုမိန့်လိုင်စင်ဖြင်ကြောင်း၊ လူသည် မိမိအတွက်သာ မိမိ၌တာဝန်ရှိကြောင်း လူတို့ယုံကြည်သောအချိန်တွင် နေရာတကာ တိုင်းတွင် စာရိတ္တပျက်ပြားမှုများဖြစ်ပွားနေသည်ကို မည်သူ အံ့ဩ နေလိမ့်မည်နည်း။ လူအများမှာမူ ကာမဂုဏ်ခံစားမှု၏----- စေ့ဆော်မှုကို လက်ခံနေကြရာ စာတန်သည် ခရစ်တော်၏နောက်လိုက် များစွာကို သိမ်းသွင်းထားပါသည်။ GCBur 604.3

သို့ရာတွင် ထိုကျော့ကွင်းကိုတွေ့ရှိနိုင်ရန် လုံလောက်သော အလင်းဖြင့် ထာဝရဘုရားပြထားပြီးဖြစ်သည်။ နံဝိညာဉ်ဝါဒ၏ အခြေခံသဘောတရား များသည် သမ္မာကျမ်းစာနှင့် လုံးဝဆန့်ကျင် နေပါသည်။ GCBur 605.1

သေလွန်သူများသည် မည်သည့်အရာကိုမျှ မသိတော့ကြောင်း ၎င်းတို့၏ အတွေးအမြင်များ ပျက်စီးသွားပြီဖြစ်ရာ ဤလောကတွင် ဖြစ်ပျက်နေသည့် ပျော်စရာ၊ ဝမ်းနည်း စရာများကို ၎င်းတို့ မခံစားရတော့ကြောင့် သမ္မာကျမ်းစာကဖွင့်ဆိုထားပါသည်။ GCBur 605.2

ထို့အပြင် သေဆုံးသွားသူများ၏ ဝိညာဉ်များနှင့် ဟန်ဆောင် ဆက်သွယ်မှုများကို ထာဝရဘုရားတားမြစ်တော်မူခဲ့သည်။ နတ်ဝင် သည်များကို နတ်ဆိုး၏ဝိညာဉ်များဖြစ်သည်ဟုလည်း သမ္မာကျမ်း စာတွင် ဖွင့်ဆိုထား ပါသည်။ တော၊ ၂၅:၁-၃။ ဆာလံ ၁၀၆:၂၈။ ၁ကော၊ ၁၀:၂၀။ ဗျာ၊ ၁၆:၁၄ တို့ကိုကြည့်ပါ။ နတ်ဝင်သည်များနှင့် ပေါင်းဖက်ခြင်းသည် သေပြစ်ထိုက်သော အမှုဖြစ်သဖြင့် ၎င်းတို့ နှင့်မဆက်ဆံကြရန် သမ္မာကျမ်းစာက တားမြစ်ထားပါသည်။ ဝတ်၊ ၁၉:၃၁။ ၂၀:၂၇။ GCBur 605.3

သို့စေကာမူ နံဝိညာဉ်ဝါဒသည် သိပ္ပံလောကမှအစ အသင်း တော်များထဲသို့ စိမ့်ဝင်လာရုံသာမက ဥပဒေပြုအဖွဲ့ များနှင့်တကွ မင်းပိုင်းစိုးပိုင်းအထိပင် ပေါက်ရောက်နေလျက်ရှိသည်။ ဤလိမ်လည် လှည့်ဖြားမှုကြီးသည် ရှေးပဝေသဏီကတည်းက ရှုတ်ချခြင်း ခံရသည့် စုန်းအတတ်ကို ပုံစံအသစ်ဖြင့် ပြန်လည်အသက်သွင်းပေးထားသည့် အရာတစ်ခုပင်ဖြစ်ပါသည်။ GCBur 605.4

သမ္မာကျမ်းစာက “မကောင်းကိုအကောင်း၊ အကောင်းကို မကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက်အရာ၌ အလင်းကို လည်းကောင်း၊-----အလွဲယူတတ်သောသူတို့သည် အမင်္ဂ လာရှိကြ၏” ဟု ဆိုထားသော်လည်း စာတန်ကမူ “သင်တို့သည် သမ္မာကျမ်းစာနှင့် ဘုရားသခင်ကို ယုံတာ၊ မယုံတာအပထားပြီး ပျော်သ လိုသာနေကြပါ။ ကောင်းကင်နိုင်ငံဟာ သင်တို့ရဲ့အိမ်ဖြစ်တယ်” ဟူ၍ဖွင့်ဆိုနေပါသည်။ (ဟေရှာ၊ ၅:၂၀)။ GCBur 606.1