မှားသောသိပ္ပံ နှ င့် လှည် ပြားသောယုံ ကြည်ချက် များတို့ ၏ကြောက် မက်ဖွယ် သော အန္တရာယ် - နယူးဟန်ရှိုင်း (New Hampshire)၌ ဘုရားသခင်နှင့်ပတ်သက် ပြီး မှားယွင်းသောအတွေးအခေါ်များတို့ကို ဖုံးကွယ်ဟန်ဆောင်ခြင်းထထကြွကြွ ပြုသူတချို့ရှိကြသည်။ ဤလူတို့သည် မိမိတို့၏အတွေးအခေါ်အားဖြင့် အမှန် တရားကိုထိရောက်မှုမပြုလုပ်နိုင်ဘဲ တချို့သောသူတို့ကို အိမ်ထောင်မပြုဘဲ ကာမဆက်ဆံခြင်းဝါဒသို့ပို့ဆောင်စေကြောင်း ကျွန်ုပ်အားအလင်းပေးပါသည်။ ဤပုဂ္ဂိုလ်တို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မှန်းဆသောယုံကြည်ချက်များ ဟောပြောခြင်းဖြင့် ဝိညာဉ်များတို့ကိုသွေးဆောင်လျက်ရှိကြောင်း ကျွန်ုပ်အား ပြသလျက်ရှိသည်။ [Ev 600.1] EvBur 791.1
အခြားအမြင်များအထဲ၌ တစ်ကြိမ်သန့်ရှင်းသောသူသည် အပြစ်မပြု လုပ်နိုင်ကြောင်းကိုကိုင်ဆွဲထားပြီး ဤခံယူချက်ကို ဧဝံဂေလိအစာအဖြစ် သူတို့ ဟောပြောကြပါသည်။ သူတို့၏လှည့်ဖြားသောသြဇာဆန္ဒဖြင့် သူတို့၏မှား သောယုံကြည်ချက်များတို့သည် သူတို့ကိုယ်တိုင်နှင့်အခြားသူများတို့ကို ကြီးမား သောအန္တရာယ်ကိုဖြစ်စေပါသည်။ ဤလှပစွာဖုံးကွယ်ထားသော ယုံကြည်ချက် များတို့၏ဆိုးသွမ်းခြင်းကို မမြင်သောသူတို့အပေါ် သူတို့သည် မှော်ဝိဇ္ဇာ အတတ်၏ တန်ခိုးဖြင့် အောင်မြင်စွာဆွဲဆောင်နိုင်ပါသည်။ ကြီးမားသော ဆိုးသွမ်းမှုများ အကျိုးပေးခဲ့ပြီးဖြစ်ပါသည်။ အားလုံးသန့်ရှင်းသည်ဟူသော အယူဝါဒသည် လမ်းလွဲစေနိုင်သောအန္တရာယ်မည်သည့်အခါမျှမရှိနိုင်ဟု၊ မိမိ တို့ကိုယ်ကိုသန့်ရှင်းသူဟုထင်သူများနှစ်သက်သည့် ယုံကြည်မှုတစ်ခုအဖြစ်သို့ ပို့ဆောင်ပေးပါသည်။ ဤယုံကြည်ခြင်း၏အကျိုးသည် စိတ်နှလုံး၏ဆိုးသော ဆန္ဒများကိုပြည့်စုံစေပြီး သန့်ရှင်းခြင်းရှိသည်ဟု ယုံကြည်ခံယူကြသော်လည်း ဖြူစင်သန့်ရှင်းသောအတွေးနှင့်အကျင့်ဓလေ့မှ ဝေးကွာနေပါသည်။[Ev600.2] EvBur 791.2
ဤအရာသည် အဖြစ်အပျက်များထဲမှ သဘာဝထဲ၌ပျံ့နှံ့နေသော ကိုယ်ခန္ဓာမရှိသည့် ဘုရား၏အယူဝါဒနှင့် ဇာတိသွေးသားသန့်ရှင်းခြင်း၏ အယူဝါဒကို ကျွန်ုပ်အားဆုံးမသွန်သင်ရန်ခေါ်တော်မူသော အဖြစ်အပျက်တစ်ခု တည်းသာဖြစ်သည်။ [Ev 600.3] EvBur 792.1
အနာဂတ်၌အမှန်တရားသည် လူတို့၏စည်းမျဉ်းဥပဒေများအားဖြင့် အတုပြုလုပ်ခြင်းခံရပေလိမ့်မည်။ လှည့်ဖြားသောယုံကြည်ချက်များတို့ကို လုံခြုံ သောအယူဝါဒများအဖြစ် ဟောပြောကြလိမ့်မည်။ မှားယွင်းသောသိပ္ပံအတတ် သည် ကိုယ်စားလှယ်များအထဲမှတစ်ခုအဖြစ် ကောင်းကင်တရားရုံး၌ မာရ်နတ် သုံးသောအရာဖြစ်ပြီး ယနေ့သူအသုံးပြုလျက်ရှိသည်။ [Ev 600.4] EvBur 792.2
ဘုရားသခင်အတွက်အမှုထမ်းသောသူတို့အား စစ်မှန်သောအရာနေရာ ၌ မှားယွင်းသောအရာကိုလက်မခံကြရန် ကျွန်ုပ်အနူးအညွတ်တောင်းပန်ပါ သည်။ တန်ဖိုးအရှိဆုံးအမှန်တရားအပြည့်အဝပါရှိသည့် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့လက်ထဲ၌ရှိသည်။ ကျွန်ုပ်တို့သည် ထင်မြင်ယူဆချက်၊ သို့မဟုတ် မှားသောစိတ်လှုပ်ရှားခြင်းအတွက်မလိုအပ်ပါ။ အမှန်တရား၏ဆီမီးထွန်းရန် ရွှေခွက်ထဲ၌ ခရစ်တော်၏သွန်သင်ချက်များဟောပြောသကဲ့သို့ ဝိညာဉ်များကို ယုံကြည်၍ ပြောင်းလဲစေနိုင်သည့်အရာ ကျွန်ုပ်တို့၌ရှိပါသည်။ ဤလောက သို့သူလာ၍ဟောပြောရန် ခရစ်တော်၏ရိုးစင်းသောအမှန်တရားများကိုဟော ပြောပါ။ သင့်သတင်းစကား၏တန်ခိုးသည် မိမိအားဖြင့်ကြားနာသူများအတွက် ခံစားစေရန် ပြုလုပ်ပေးလိမ့်မည်။ ကျမ်းစာထဲ၌မပါရှိသော ယုံကြည်ချက်များ၊ သို့မဟုတ် စမ်းသပ်ချက်များတို့ကို မဟောပြောပါနှင့်။ ကျွန်ုပ်တို့၌ဟောပြော ရန် အလွန်ကောင်းပြီးလေးနက်သည့်စမ်းသပ်ချက်များရှိသည်။ “ကျမ်းစာ လာသည်ကား” သည် အိမ်တိုင်းသို့ကျွန်ုပ်တို့သယ်ဆောင်သွားရမည့် စမ်းသပ် ချက်ဖြစ်သည်။ Review and Herald, Jan. 21, 1904. [Ev 600.5] EvBur 792.3
မှားသောယုံကြည်ချက် — ဘုရားသည်အနှစ်သာရတစ်ခု - မှော်အတတ်နှင့်ဆိုင် သောသွန်သင်မှုများသည် ကျွန်ုပ်တို့အထဲ၌ရောက်ရှိနေပြီး၊ အာရုံပြုသောသူ တို့သည် ယုံကြည်ခြင်းကိုတဖြည်းဖြည်းအားနည်းစေပါလိမ့်မည်။ ဘုရားသခင် သည် သဘာဝအားလုံးတို့၌ပျံ့နှံ့နေသော အနှစ်သာရတစ်ခု၏အယူဝါဒသည် မာရ်နတ်၏အရှုပ်ထွေးဆုံးသောအကြံအစည်ဖြစ်သည်။ ၎င်းသည် ဘုရားသခင် ကိုမှားယွင်းစွာဖော်ပြပြီး သူ၏ကြီးမြတ်ခြင်းနှင့်သူ၏ဘုန်းတန်ခိုးကို သိက္ခာ ချခြင်းပင်ဖြစ်သည်။ Ev 601.1] . EvBur 793.1
နတ်ဘုရားကိုယုံကြည်သောအယူဝါဒသည် ဘုရားသခင်၏နှုတ်ကပတ် တော်မှထောက်ခံထားခြင်းမရှိပါ။ ဤအယူဝါဒများတို့သည် ဝိညာဉ်ကိုဖျက်ဆီး သောကိုယ်စားလှယ်များဖြစ်သည်ဟု သူ၏အမှန်တရားအလင်းမှပြသထားပါ သည်။ မည်းမှောင်ခြင်းသည် သူတို့၏အစိတ်အပိုင်းဖြစ်ပြီး ကာမဂုဏ်မက်မော ခြင်းသည် သူတို့၏နယ်ပယ်ဖြစ်သည်။ မူရင်းပင်ကိုယ်စိတ်အလိုဆန္ဒကိုဖြည့်တင်း ပေးပြီး ကျဆင်းခြင်းသို့ရောက်စေရန် ခွင့်ပြုမိန့်ကိုပေးသည်။ ဘုရားသခင်နှင့် ကွဲကွာခြင်းသည် ၎င်းတို့ကိုလက်ခံခြင်း၏အကျိုးရလဒ်ဖြစ်ပါသည်။[Ev 601.2] EvBur 793.2
တန်ခိုးတစ်ခုတည်းသာလျှင် လူတို့၏စိတ်နှလုံးထဲ၌ရှိသော မကောင်း သည့်အရာကိုဖယ်ရှားပေးနိုင်ပြီး၊ ၎င်းသည် ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သည်။ ကပ်တိုင်ပေါ်၌ရိုက်ထားခြင်းခံရသော သူ၏အသွေး တော်အားဖြင့်သာလျှင် အပြစ်ကိုဆေးကြောပေးနိုင်ပါသည်။ သူ၏ကျေးဇူး တော်တစ်ခုတည်းသာလျှင် ကျွန်ုပ်တို့၏မကောင်းသောဗီဇအကျင့်ဓလေ့များကို ခုခံအောင်မြင်ခြင်းပေးနိုင်ပါသည်။ ဘုရားသခင်နှင့်ပတ်သက်သည့်အရာကို မှော်အတတ်နှင့်ဆိုင်သောအယူဝါဒများ ပါဝင်ပတ်သက်၍မရပါ။ အကယ်၍ ဘုရားသခင်သည် အနှစ်သာရတစ်ခုဖြစ်ပြီး သဘာဝတရားအားလုံးအထဲ၌ ပျံ့နှံ့နေပြီး၊ သန့်ရှင်းခြင်းရရှိရန်အတွက် လူအားလုံးအထဲ၌ရှိနေပါက လူတို့ အနေဖြင့် မိမိတို့အထဲ၌ရှိနေသောတန်ခိုးကိုသာလျှင် ပြုစုပျိုးထောင်ရန်ဖြစ် ပါသည်။ EvBur 793.3
ဤအယူဝါဒများတို့၏ယုတ္တိရှိသော ကောက်ချက်ချခြင်းနောက်သို့ လိုက်ခြင်းအားဖြင့် ခရစ်ယာန်ယုံကြည်ချက်အားလုံးတို့ကို ဖျောက်ဖျက်ပစ် လိုက်ပါသည်။ အပြစ်ဖြေခြင်းအတွက် လိုအပ်သည့်အရာများကိုဖယ်ရှားပစ် လိုက်ပြီး လူ့အတွက် မိမိ၏ကယ်တင်ရှင်ကို မိမိကိုယ်တိုင်သာပြုလုပ်လိုက် ပါသည်။ ဘုရားသခင်နှင့်ပတ်သက်သော ဤအယူဝါဒများသည် သူ၏ နှုတ်ကပတ်တော်ကိုဖျက်ဆီး၍မရပါ။ ၎င်းကိုလက်ခံသောသူများတို့အတွက် ကြီးမားသောအန္တရာယ်ထဲတွင်ရှိနေပြီး၊ နောက်ဆုံး၌ ကျမ်းစာတစ်ခုလုံးကို စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ကဲ့သို့ပင်မြင်ပေလိမ့်မည်။ သူတို့သည် ကောင်းသော ပါရမီကို အဆိုးထက်ပိုကောင်းသည်ဟုထင်လိမ့်မည်။ သို့သော် ဘုရားသခင် ၏တန်ခိုးကြီးခြင်းအရာကိုဖယ်ထားပြီး လူသားတို့၏ဘုရားမပါ၊ တန်ဖိုးမရှိ သည့်တန်ခိုးအပေါ် သူတို့၏အားကိုးမှုကိုထားရှိကြပါသည်။ တန်ခိုးအမှန်မရှိ သည့် ကူညီခြင်းမပေးနိုင်သော လူသားများ၏အလိုသည် ဆိုးသွမ်းခြင်းကို ခုခံအောင်မြင်ခြင်းမရှိပါ။ ဝိညာဉ်၏အကာအကွယ်များပျက်စီးကုန်သည်။ လူတို့၌အပြစ်ကိုကာကွယ်နိုင်သည့် ကာဆီးမည့်အရာမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သူ၏ဝိညာဉ်ကိုတစ်ကြိမ်ငြင်းပယ်သည်နှင့် ကျွန်ုပ်တို့ သည် မည်မျှအပြစ်နွံထဲသို့နစ်မြုပ်သွားလိမ့်မည်ကိုမသိနိုင်ပါ။ [Ev 601.4] EvBur 794.1
ဤမှော်အတတ်နှင့်ဆိုင်သည့်အယူဝါဒများကို ဆက်လက်၍ဆွဲကိုင် ထားသောသူများတို့သည် မိမိတို့၏ခရစ်ယာန်ဗဟုသုတများကို ဧကန်အမှန် ဖျက်ဆီးပြီး၊ ဘုရားသခင်နှင့်ပြန်လည်၍ဆက်သွယ်မှုပြုရန်ခက်ခဲပြီး ထာဝရ အသက်ပင်ဆုံးရှုံးကြမည်ဖြစ်ပါသည်။ [Ev 602.1] EvBur 795.1
ဘုရားသခင်နှင့်သဘာဝတို့အပေါ်သံသယစိတ်ဖြစ်ပေါ်ရန် ကမ္ဘာပေါ်ရှိ နေရာအနှံ့လှည့်စားပြောဆိုခြင်းတို့သည် ကျဆုံးခဲ့သောကျမ်းစာကိုလေ့လာသူ၊ လူတို့သည် အမှန်တရားကိုရရှိရန်လိုအပ်ကြောင်းသိရှိသူ၊ ကမ္ဘာပေါ်ကျရောက် လာမည့်အရာအတွက် လူတို့အားပြင်ဆင်မှုပြုရန်ပေးသည့် ကြီးမားသော အမှန်တရားများမှ လူတို့၏စိတ်ကိုမည်ကဲ့သို့လမ်းကြောင်းပြောင်းလိုက်ရန် လေ့လာထားသူ ကျွန်ုပ်တို့၏ရန်သူမာရ်နတ်၏ထက်မြက်သောဉာဏ်အားဖြင့် ဖြစ်သည်။ [Ev 602.2] EvBur 795.2
ဖောက်ပြန်ခြင်း၊ မှော်အတတ်၊ အိမ်ထောင်မပြုဘဲကာမဆက်ဆံခြင်း ဝါဒတို့မှ ဘုရားသခင်နှင့်ပတ်သက်သည့် ဤစိတ်ကူးယဉ်ရှိသောအမြင်များ တို့၏အကျိုးသက်ရောက်မှုများတို့ကို ကျွန်ုပ်မြင်ခဲ့ရပါသည်။ ဤသွန်သင် ချက်များဖြစ်သည့် အိမ်ထောင်မပြုဘဲကာမဆက်ဆံခြင်းအစဉ်အလာသည် အထူးလျှို့ဝှက်ပြီး၊ ပထမ၌ ၎င်း၏စစ်မှန်သောစာရိတ္တကို ပြတ်သားစွာဖော်ပြ ရန်ခက်ခဲခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်အားမဖော်ပြမချင်း မည်ကဲ့သို့ အမည်ခေါ်ရမည်ကို ကျွန်ုပ်မသိပါ။ သို့သော် ၎င်းကိုမသန့်ရှင်းသောဝိညာဉ် ရေး၏မေတ္တာဟုခေါ်ရန် ကျွန်ုပ်အားညွှန်ကြားပါသည်။ Testimonies, vol. 8, pp. 291, 292. (1904) [Ev 602.3] EvBur 795.3