လူတိုင်းပါဝင်ရမည့်အခြားအမှုဆောင်ချက်တစ်ရပ်သည် ကလေးများ နှင့်လူငယ်များကို ဥပုသ်စာဖြေကျောင်းထဲသို့ ခေါ်သွင်းစုစည်းရန်ဖြစ်ပါသည်။ လူငယ်မောင်မယ်များသည် သူတို့ချစ်သောကယ်တင်ရှင်အတွက် ဤနည်းဖြင့် ကျွမ်းကျင်စွာအမှုဆောင်နိုင်ကြသည်။ သူတို့သည် ဝိညာဉ်ရေးအလားအလာ ကိုပုံဖေါ်ယူနိုင်ကြသည်။ အသင်းတော်အတွက်လည်း သူတို့အလုပ်လုပ်ပေး နိုင်ကြသည်။ နောက်ဆုံးသောတရားစီရင်ရာနေ့သို့ မရောက်မချင်းကောင်းသော သူ၊ သစ္စာတည်သောသူများကို “သာဓု” ဟူ၍ ခေါ်ဆိုသံကြားလိုက်ကြရ လေသော် ဤကမ္ဘာလောကအကျယ်အပြန့်၊ ကြီးမြတ်ခြင်းများသည် ဘယ်သော အခါမျှသိနိုင်ကြရလိမ့်မည်မဟုတ်ပါ။ (ChS 130.2) ChSBur 215.2