Go to full page →

အစစ်အမှန်ဖြစ်ခြင်း ChSBur 376

ကျွန်ုပ်တို့တာဝန်ထမ်းဆောင်ရန် ခေါ်ယူတော်မူခြင်းခံရသကဲ့သို့ သတင်းကောင်းတရားကို အလေးအမြတ်ထား၍ လေးနက်စွာအမှုဆောင်ရွက် နေကြသူတို့၏အသက်တာ၌ ဟန်ဆောင်ခြင်းမရှိပါချေ။ လောကကြီးသည် သတ္တမနေ့မြော်လင့်ခြင်းအသင်းကို စောင့်ကြည့်နေသည်။ အဘယ်ကြောင့် ဆိုသော် အသင်းတော်၏ယုံကြည်ချက်ထုတ်ဖော်ခြင်းအကြောင်းနှင့် အဆင့် မြင့်စံနှုန်းကို လောကကြီးကသိထားသည်။ ပြောသည့်အတိုင်း နေထိုင်ခြင်း မရှိဟူ၍ လောကကြီးကမြင်လျှင် အထင်သေးမဲ့ရွဲ့ခြင်းဖြင့် လက်ညှိုးထိုးလာ ကြလိမ့်မည်။ (ChS 227.3) ChSBur 376.2

လူသားတို့၌ ထူးကဲသောဆုကျေးဇူးများ၊ ကောင်းစွာလုပ်နိုင်သော အရည်အချင်း၊ ခမ်းနားခြင်း၊ အရည်အသွေးကောင်းခြင်းတို့ရှိကြ၏။ သို့ရာတွင် ချွတ်ယွင်းချက်တစ်ခု၊ အမှောင်ဒုစရိုက်သို့စိတ်အလိုလိုက်မှုတစ်ရပ်ကြောင့် သင်္ဘောဝမ်းတွင်းကြမ်းခင်းပျဉ်သစ်ချောင်းတစ်ချောင်းကို ပိုးထိုးသလိုလုံးလုံး လျားလျားကပ်ဆိုက်မှုနှင့် ပျက်စီးခြင်းမျိုးဖြင့် သူ၌စရိုက်လက္ခဏာက သက်သေ ပြပါလိမ့်မည်။ (ChS 227.4) ChSBur 376.3

တမန်တော်ရှင်ပေါလုသည် သူနှင့်အတူ ကောင်းကင်ဘုံဝန်းကျင်ကို ယူပြလာခဲ့သည်။ သူနှင့်အပေါင်းအသင်းဝင်သူအားလုံးသည် သူ့ကိုယ်နှင့် ခရစ်တော်ပေါင်းစပ်မှုအရှိန်အဝါကို ကြုံတွေ့ ခံစားကြရသည်။ အမှန်ဆိုရလျှင် သူ၏အသက်ရှင်မှုဘဝသည် သူကြေညာပြောဆိုနေသောသမ္မာတရားကို ပုံနမူနာ ဆောင်ယူပြနေခြင်းဖြစ်သည်။ သူ၏ဟောပြောချက်၌ ယုံကြည်လောက်သော တန်ခိုးကိုပြနေသည်။ သမ္မာတရား၏တန်ခိုးသည် ထိုအရာ၌လည်း မှီနေပါ သည်။ မလေ့ကျက်မိ၊ သတိမမူမိဘဲ သန့်ရှင်းသောအသက်တာ၏သြဇာ သက်ရောက်မှုသည် ခရစ်ယာန်ဘာသာရေးလောက၌ လူအများဘဝင်အကျဆုံး ဒေသနာတရားဖြစ်လာရသည်။ ငြင်းချက်များနှင့်အဖြေထွက်နိုင်သည့်အရာများ သည် ဆန့်ကျင်မှုသက်သက်ကိုသာ နှိုးဆွပေးနိုင်သည်။ သို့ရာတွင် ဘုရားသခင့် အလိုတော်နှင့်ညီသောပုံသက်သေဆောင်ခြင်းသည် လူအပေါင်းတို့ဆီးတားရန် မဖြစ်နိုင်သောတန်ခိုးအစွမ်းတစ်ရပ်အဖြစ် ရှိနေပါ၏။ (ChS 227.5) ChSBur 377.1

မှန်သောစရိုက်လက္ခဏာသည် အပြင်ဘက်မှသွင်းယူပုံဖေါ်ချထား သည်မဟုတ်ပါ။ အတွင်းမှရောင်ခြည်ကဲ့သို့ ဖြာထွက်ပါသည်။ အကယ်၍ ဖြောင့်မတ်ခြင်းလမ်းကို သူတစ်ပါးအား ကျွန်ုပ်တို့လမ်းညွှန်ပြပေးလိုသည်ဖြစ် လျှင် ဖြောင့်မတ်ခြင်း၏အခြေခံသဘောတရားသည် ကျွန်ုပ်တို့၏နှလုံးသား ထဲမှာ အမြတ်တနိုးရှိသည့်အရာဖြစ်နေရမည်။ ယုံကြည်ခြင်းကို ကျွန်ုပ်တို့ ထုတ်ဖေါ်ခြင်းသည် ဘာသာရေးသီအိုရီကို ကြေညာခြင်းဖြစ်၏။ ဤသို့ကျွန်ုပ် တို့၏လက်တွေ့ ဘာသာရေးကိုးကွယ်ခြင်းသည် နှုတ်ကပတ်တော်သစ္စာ၌တည် ၏။ အပြောင်းအလဲမရှိသောအသက်ရှင်ခြင်း၊ သန့်ရှင်းသောဘာသာစကားကို ပြောဆိုခြင်း၊ ဂုဏ်သိက္ခာတည်မြဲခြင်း၊ လှုပ်ရှားလုပ်ဆောင်နေခြင်း၊ စေတနာ စိတ်ထက်သန်ခြင်း၊ ဘုရားသခင်အလိုတော်နှင့်ညီသောနေထိုင်မှုပုံစံရှိခြင်း စသည်ဖြင့် ဤလက္ခဏာများသည် လောကသို့အလင်းပို့လွှတ်ထုတ်ပေးနိုင် သောကြားခံဆက်သွယ်ရေးတန်ဆာပလာများဖြစ်ကြပါ၏။ (ChS 228.1) ChSBur 377.2

ဆုတောင်းခြင်းကို တွန်းအားပေးခြင်းနှင့်အပြောအဟောစကားများ သည် ဈေးပေါသောအသီးဖြစ်၍ မကြာမကြာချည်နှောင်လုပ်ဆောင်နေတတ် ပါသည်။ ကောင်းသောအလုပ်များကို ဦးတည်လုပ်ဆောင်ခြင်းသည် အစစ် အမှန်အကျင့်များဖြစ်သည်။ ဆင်းရဲသားများ၊ မုဆိုးမများနှင့်မိဘမဲ့များအား ထောက်ပံ့ပေးခြင်း၊ ဂရုစိုက်ပေးခြင်းသည် ကောင်းသောသစ်ပင်တစ်ပင်၌ သဘာဝအတိုင်းကြီးထွားသည့်အတိုင်း အသီးကောင်းများသီးကြမည်။ (ChS 228.2) ChSBur 377.3