Loading...
Larger font
Smaller font
Copy
Print
Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အနန္တတန်ခိုးရှင်၏မေတ္တာတော်

    သဘာဝတွင် ထင်ရှားဘော်ပြထားသောအရာတို့သည် ဘုရားသခင်၏မေတ္တာတော်ကို အတူတကွသက်သေခံကြလေသည်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏အဘ ခမည်းတော်သည် အသက်၊ ဥာဏ်ပညာနှင့် ဝမ်းမြောက်ခြင်း၏ အမြစ်မူဖြစ်တော်မူ၏။ သဘာဝ၏ လှပတင့်တယ်အံ့သြဘွယ်သောအရာဝတ္တု များကိုကြည့်ပါ။ လူသာမက၊ အသက်ရှင်သော သတ္တဝါအပေါင်းတို့၏ လိုအင်ဆန္ဒနှင့် ပျော်မွေ့ခြင်း အဘို့ အံ့သြဘွယ်ကောင်းလောက်အောင် စီမံဖန်တီထားချက်များကိုဆင်ခြင်ကြည့်ပါ။ မြေကြီးကိုစိမ်းလမ်းစိုပြေစေလျက် နှစ်သက်ဘွယ်ဖြစ်စေသောနေရောင်ခြည်နှင့် မိုဃ်းရေ၊ တောင်းများ၊ ပင်လယ်များနှင့် လွင်ပြင်များအားလုံးတို့သည် ဖန်ဆင်းတော်မူသောအရှင်၏ မေတ္တာတော်အကြောင်းကို မြွက်ဆိုကြလေသည်။ မိမိဤသတ္တဝါအပေါင်းတို့အတွက် နေ့စဉ်လိုအပ်သောအရာများကိုထောက်ပံ့တော်မူသော အရှင် ဘုရားသခင်ဖြစ်တော်မူ၏။ တင့်တယ်သောစကားများဖြင့် ဆာလံဆရာက အောက်ပါ အတိုင်းပြောဆိုထား၏၊SC 5.1

    “ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်ကြ၍အချိန်တန်မှ သူတို့ကိုကျွေးမွေးတော်မူ၏။ လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” (ဆာလံကျမ်း၊ ၁၄၅: ၁၅၊ ၁၆)SC 5.2

    ဘုရားသခင်သည်လူကိုလုံးလုံးသန့်ရှင်း၍ ပျော်ရွှင်ဘွယ်ကောင်းသောအဖြစ်၌ ပြုပြင်ဖန်ဆင်းထားတော်မူ၏။ ၎င်းပြင် လှပသောမြေကြီးသည်ဖန်ဆင်းတော်မူသောအရှင်၏ လက်တော်မှ ဖြစ်ပေါ်လာစဉ် အခါက ပျက်စီး ယိုယွင်းခြင်းလက္ခဏာ၊ သို့မဟုတ် ကျိန်ခြင်း၏ အရိပ်အရောင်အနည်းငယ်မျှမပါရှိခဲ့ပါ။ ချစ်ခြင်းမေတ္တာတော်တရားတည်းဟူသောဘုရားသ ခင်၏ ပညတ်တော်ကို လွန်ကျူးခြင်းသည် အမင်္ဂလာနှင့်သေခြင်းကိုယူဆောင်လာလေ၏။ သို့သော်အပြစ်ကြောင့်ခံစားရသောဒုက္ခဆင်းရဲခြင်းများအလယ်၌ ဘုရားသခင်၏မေတ္တာတော် သည် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည်လူ့အကျိုးအလို့ငှာ မြေကြီးအားကျိန်ခြင်းကိုခံစေ တော်မူ၏ဟုရေးသားထား၏။ (ကမ္ဘာဦးကျမ်း၊ ၃:၁၇။) အပြစ်ဒုစရိုက်ကဖြစ်ပေါ်လာစေသော ပျက်စီးယိုယွင်းခြင်းနှင့် ယုတ်ညံ့အောက်ကျသောအခြေမှဆွဲယူဘို့ ဘုရားသခင်၏အကြံအစည် တော်တွင်လိုအပ်သောသင်ရန်စာတခုအဖြစ်နှင့်၊ လူ၏အသက်တာကို ပင်ပန်း၍စိုးရိမ်ကြောင့် ကြဘွယ်ဖြစ်စေသော ခက်ခဲခြင်းများနှင့် စုံစမ်းခြင်းများတည်းဟူသော ဆူးပင်နှင့်တောပင်များ ကိုလူ၏ကောင်းကျိုးအလိုငှါ စီမံထားတော်မူ၏။ ကမ္ဘာမြေကြီးသည်ဆုံးပါးလျက်ရှိသော်လည်း အားလုံးတို့သည်ဝမ်းနည်းခြင်းနှင့်ဒုက္ခဆင်းရဲခြင်းတို့ကိုသက်ရောက်စေသည်မဟုတ်ပါ။ သဘာဝပစ္စည်းများထဲမှာပင် မျှော်လင့်ခြင်း၊ သက်သာခြင်းနှင့်ဆိုင်သော သတင်းစကား များရှိပေသည်။ တောပင်များအပ်ါတွင် ပန်းများပွင့်နေလျက် နှင်းဆီပင်၏ဆူးများကိုလည်း ပန်းပွင့်များက ဖုံးအုပ်ထားလျက်ရှိ၏။SC 5.3

    ပွင့်စပြုနေသော အဖူးနှင့်ပေါက်စပြုနေသော မြက်ပင်၏ထိပ်ဖျားအသီးသီးတို့အပေါ် တွင် “ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟူသောအချက်ကိုရေးထားလျက်ရှိ၏။ နှစ်သက်ဖွယ်ရာကောင်းသောငှက်များတို့သည် မိမိတို့၏သာယာသောသီချင်းသံများကိုလေထဲ ၌ပေါ်ထွက်လာစေကြ၏။ နူးညံ့လျက် ရောင်စုံအဆင်းနှင့်ပြည့်စုံသောပန်းများသည် စုံစုံလင် လင်ပွင့်လာလျက် မိမိတို့အနံ့အသက်များအားဖြင့်လေကိုမွှေးကြိုင်နေစေ၏။ သစ်တောကြီးများ တွင် အလွန်မြင့်လျက် စိမ်းလမ်းစိုပြေသောအရွက်များ၊ အကိုင်းအခက်များနှင့်ဝေဆာအုပ်ဆိုင်း နေသော သစ်ပင်ကြီးများတည်ရှိနေ၏။ ဤအရာအားလုံးတို့သည် ကျွန်ုပ် တို့အဘ ဘုရားသခင်၏သိမ်မွေ့နူးညံ့စွာစောင့်ရှောက်ပြုစုခြင်းအကြောင်း၊မိမိ၏သားသမီးများ ကို အားရဝမ်းမြောက်ရွှင်မြူးစေဘို့ရန် ကိုယ်တော်တိုင်အလိုရှိတော်မူကြောင်းတို့ကို သက်သေခံကြ၏။SC 6.1

    ဘုရားသခင်၏နှ တ်ကပတ်တော်သည် ဘုရားသခင်၏ဂုဏ်တော်၊ သဘောတော်အကြောင်းကိုထင်ရှားစေ၏။ ဘုရားသခင်ကိုယ်တော်တိုင်အနန္တမေတ္တာတော်နှင့် ကရုဏာတော်အကြောင်းကို ဘော်ပြထားတော်မူခဲ့ပြီ။မောရှေသည်“ကိုယ်တော်၏ဘုန်းတော်ကို အကျွန်ုပ်အားပြတော်မူပါ” ဟုတောင်းလျှောက်သောအခါ၊ ထဝရဘုရားက၊ “ငါ၏ကောင်း မွန်ခြင်းရှိသမျှကိုသင့်ရှေ့၌ငါရှောက်သွားစေမည်”ဟုပြန်၍မိန့်တော်မူ၏။ (ထွက်မြောက်ရာကျမ်း၊ ၃၃: ၁၈၊ ၁၉။) ဤအရာသည်ဘုရားသခင်၏ဘုန်းတော်ဖြစ်ပေသည်။ ထာဝရဘုရားသည် မောရှေ၏အရှေ့၌ကြွသွားတော်မူ၍ “ထာဝရဘုရား၊ ထာဝရားဘုရား ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်း၊ ကျေးဇူးတော် တရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကြူးခြင်း၊ ပြစ်မှားခြင်း အပြစ်တို့ကို ဖြေလွှတ်တော်မူ၏” (ထွက်မြောက်ရာကျမ်း၊ ၃၄း ၆၊၇။) ထာဝရဘုရား၌စိတ်ရှည် သောသဘော၊ ကျေးဇူးပြုချင်သောသဘောရှိတော်မူ၏။” (ယောနဝတ္ထု၊ ၄း၂) “အကြောင်းမူ ကား၊ ကိုယ်တော်သည်ကရုဏာ၌မွေ့လျော်သောကြောင့်တည်း။” (မိက္ခာအနာဂတ္တိကျမ်း၊ ၇း၁၈)SC 7.1

    ကောင်းကင်မြေကြီးပေါ်ရှိမရေမတွက်နိုင်သော လက္ခဏာသက်သေများအားဖြင့် ဘုရားသခင်သည်ကျွန်ုပ်တို့၏စိတ်နှလုံးကိုမိမိထံတော်သို့ဆွဲငင်တုပ်နှောင်တော်မူ၏။ လူတို့၏စိတ်နှလုံးဖြင့်သိရှိနိုင်သောသဘာဝ၏ဝတ္ထုပစ္စည်းများနှင့်အနက်နဲဆုံး၊ နူးညံ့သိမ်မွေ့ ဆုံးသောလောကချည်နှောင်ဆက်သွယ်ရာများအားဖြင့်ဘုရာသခင်သည် မိမိကိုယ်တော်တိုင် ကိုကျွန်ုပ်တို့အား ထင်ရှားဘော်ပြတော်မူရန် ကြံစည်တော်မူခဲ့ပြီ။ သို့ရာတွင်ဤအရာများအား ဖြင့်ဘုရားသခင်၏မေတ္တာတော်ကိုစုံလင်စွာမထင်ရှားစေနိုင်သေးပါ။ ဤသက်သေလက္ခဏာ အပေါင်းတို့ကိုထင်ရှားစွာဘော်ပြ ထားတော်မူသော်လည်း၊ လူတို့သည်ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်မြော်ကြည့်လျက်၊ ကိုယ်တော်သည်ပြင်းထန်၍ အပြစ်လွတ်တော်မမူသော ဘုရားဖြစ်သည်ဟု ထင်မြင်ကြမည်အကြောင်း၊ ကောင်းမြတ်သောအရာ၏ရန်သူသည်လူတို့၏ စိတ်သဘောကိုအမိုက်အမှောင်နှင့်ဖုံးလွမ်းစေ၏။ လူတို့သည်ဘုရားသခင်အားခက်ထန်ကြမ်း ကြုတ်သောတရားသူကြီ၊ စေ့စပ်သေခြာ၍ကြမ်းတမ်းသောမြီရှင်ကဲ့သို့ထင်မှတ်စေရန်စာတန် သည်လူများကို သွေးဆောင်တတ်၏။ ဖန်ဆင်းရှင်သည်လူများတို့အားတရားစီရင်နိုင်မည့်အ ကြောင်း၊ ငြူစူသောမျက်နှာထားနှင့်လူတို့၏မှားယွင်းချက်များ၊ ယိုယွင်းချက်များတို့ကို စစ်ဆေးရှာဖွေရန် ချောင်းမြောင်းလျက်နေသောသူကဲ့သို့စာတန်က သရုပ်ပေါ်အောင် ဖေါ်ပြ၏။ ဘုရားသခင်၏အနန္တမေတ္တာတော်ကိုလောကအားဘော်ပြခြင်းဖြင့် ဤမှောင်ရိပ်ကို ဖယ်ရှားဘို့ရန်သခင်ယေရှုသည်လူတို့အထဲ၌လာရောက် နေထိုင်ခဲ့တော်မူ၏။SC 7.2

    ခမည်းတော်အကြောင်းကိုထင်ရှားစေခြင်းငှာ ဘုရားသခင၏သားတော်သည် ကောင်း ကင်မှဆင်းသက်တော်မူ၏။ “ဘုရားသခင်ကိုအဘယ်သူမျှမမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသောတပါးတည်းသောသားတော်သည် ဘုရာသခင်ကိုထင်ရှား တော်မူပြီ။” (ယောဟန်ခရစ်ဝင်၊ ၁း၁၈။) “သားတော်နှင့်သားတော်သည်လင်းစေသောသူမှ တပါးအဘယ်သူမျှခမည်းတော်ကိုမသိ။” (မဿဲခရစ်ဝင်၊ ၁၁း ၂၇။) တယောက်သောတပည့် တော်က၊ “ခမည်းတော်ကိုအကျွန်ုပ်တို့အားပြတော်မူဘာ”ဟုလျှောက်ထားသောအခါ၊ ယေရှုက၊ “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီမှ သင်သည်ငါ့ကိုမသိ သေးသလော။ ငါ့ကိုမြင်သောသူသည်ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါဟုသင်သည်အဘယ်သို့ဆိုရသနည်း” ဟုပြန်၍မိန့်တော်မူ၏။ (ယောဟန်ခရစ်ဝင်၊ ၁၄း ၈၊၉)SC 9.1

    မြေကြီးပေါ်၌ မိမိပြုလုပ်ဆောင်ရွက်ရမည့် အမှုတော်အကြောင်းကိုဘော်ပြရာတွင် ယေရှ က၊ထာဝရဘုရားသည် “ဆင်းရဲသားတို့အားဝမ်းမြောက်စရာသတင်းကိုကြားပြောစေ ခြင်းငှာ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာ၎င်း၊ ဘမ်းသွားချုပ် ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်စေခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံရသောသူတို့ ကိုကယ်စေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီ” ဟုမိန့်တော်မူ၏။ (လုကာခရစ်ဝင်၊ ၄း၁၈၊၁၉) ဤသည်ကားကိုယ်တော်၏အမှုတော်တည်း။ ကိုယ်တော်သည်ကျေးဇူးပြုလျက်မာရ်နတ်ညှင်း ဆဲသောသူအပေါင်းတို့အားချမ်းသာကိုပေးလျက်လှည့်လည်တော်မူ၏။ တရွာလုံးတွင်မည် သည့်အိမ်၌မျှအဖျားရောဂါကြောင့်ငိုးကျွေးမြည်တမ်းနေရသောသူများမရှိသလောက်ဖြစ်ပေ၏။ အကြောင်းမူကားကိုယ်တော်သည်ထိုရွာများကိုဖြတ်ကျော်သွား၍ လူအပေါင်းတို့၏ရောဂါဝေ ဒနာများကိုချမ်းသာပေးတော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား၏ဘိသိက်ကိုခံယူရရှိ ကြောင်း မိမိ၏အမှုတော်အားဖြင့်ထင်ရှားစေ၏။ မိမိ၏အသက်တာတွင်အမှုအသီးသီး၌ မေတ္တာ၊ကရုဏာနှင့်သနားခြင်းကို ထင်ရှားစေ၏။ လူတို့၏သာသမီး၊ ကလေးသူငယ်များအ ပေါ်၌ ကြင်နာထောက်ထားတတ်သောသဘောနှင့်ပြည့်ဝတော်မူ၏။ လူတို့၌လိုအပ်သောအ ချက်ကိုဖြည့်စွက်အံ့သောငှါ၊ကိုယ်တော်သည်လူ့ဇာတိအဖြစ်ကိုခံယူတော်မူ၏။ အဆင်းရဲဆုံးနှင့် အရုတ်ညံ့ဆုံးသောသူတို့သည်ကိုယ်တော်ထံသို့ချဉ်းကပ်ရန်မကြောက်ရွံ့ကြချေ။ ကလေးသူ ငယ်များပင်လျှင်ကိုယ်တော်ထံသို့တက်လျက် တည်ကြည်၍မေတ္တာနှင့် တောက်ပနေသော မျက်နှာတော်ကိုဖူးမြင်ကြလေ၏။SC 9.2

    သခင်ယေရှ သည်သမ္မာတရားနှင့်ဆိုင်သောစကားတခွန်းကိုမျှတင်းကြပ်စွာမိန့်မွက် တော်မမူ။ အစဉ်သဖြင့်မေတ္တာနှင့်ဘော်ပြတော်မူတတ်၏။ ကိုယ်တော်သည်လူများတို့နှင့်စကား စမြည်ပြောဆိုမိန့်မြွက်တော်မူရာတွင်၊ အထူးသေချာတိကျစွာပြောဆိုတတ်ခြင်း၊ ဆင်ခြင်ကြင် နာစွာလူများကိုဂရုစိုက်တင်ခြင်းအမှုတို့ကိုပြုလေ့ရှိတော်မူ၏။ ကိုယ်တော်သည်ဘယ်သော အခါမျှကြမ်းတမ်းစွာပြုတော်မမူ၊မလိုဘဲပြင်းထန်သောစကားကိုမိန့်တော်မမူ။ ထိခိုက်လွယ် တတ်သောဝိညာဉ်အားဘယ်သောအခါမျှမလိုသောဝေဒနာကိုသက်ရောက်စေတော်မမူ။ လူတို့၏အား နည်းခြင်းအဖြစ်ကို ဘယ်သောအခါမျှအပြစ်တင်တော်မမူ။ ကိုယ်တော်သည်မှန် ကန်သောတရားကိုဘော်ပြရာတွင် အစဉ်သဖြင့်မေတ္တာတော်ကိုပြတော်မူ၏။ ကိုယ်တော်သည် လျှို့ဝှက်လည့်ဖြားခြင်း၊ ယုံမှားခြင်းနှင့်ဒုစရိုက်ပြုခြင်းအမှုတို့ကို အပြစ်တင်ဆုံးမတော်မူသော် လည်း၊ ပြင်းထန်သောစကားကိုမိန့်တော်မူစဉ်တွင်မျက်ရည်ကျတော်မူတတ်၏။ မိမိနှစ်သက်တော်မူသောမြို့ဖြစ်သော်လည်း၊ ကိုယ်တော်ကို၎င်း၊ လမ်းခရီး၊ သမ္မာတရားနှင့် အသက်ကို၎င်း ငြင်းပယ်သော ယေရုရှလင်မြို့အတွက် ကိုယ်တော်သည်ငိုကြွေးတော်မူခဲ့၏။ သူတို့သည်ကယ်တင်ရှင်းတည်ဟူသောကိုယ်တော်ကိုပယ်ကြသော်လည်း၊ ကိုယ်တော်သည် သူတို့ကိုသနားကြင်နာစွာ ထောက်ထားစာနာတော်မူ၏။ ကိုယ်တော်၏အသက်တာသည် မိမိ ကိုယ်ကိုငြင်းပယ်စွန့်စား၍သူတပါးအတွက်ထောက်ထားညှာတာသောအသက်တာဖြစ်ပေ သည်။ ဝိညာဉ်တိုင်းသည် ကိုယ်တော်၏မျက်မှောက်တွင်အဘိုးထိုက်တန်ကြပေသည်။ ကိုယ်တော်သည်ဘုရား၏ဂိုဏ်တော်မျိုးနှင့်ပြည့်စုံတော်မူသောပုဂ္ဂိုလ်ဖြစ်တော်မူသော်လည်း၊ ဘုရားသခင်၏အိမ်ထောင်သား အသီးသီးတို့အား အလွန်ကြင်နာစွာထောက်ထားစာနာလျက် မစကူညီရန်မိမိကိုယ်ကိုညွတ်တော်မူတတ်၏။ လူအပေါင်းတို့သည် မိမိကယ်တင်ရန်တာဝန် ဝတ္တရားရှိနေသောဝိညာဉ်များဖြစ်ကြသည်ကိုသိမြင်တော်မူ၏။ SC 10.1

    ထိုကဲ့သို့သောအရာသည်ကိုယ်တော်၏အသက်တာ၌ ထင်ရှားသောကိုယ်တော်၏ သဘောတော်ဖြစ်ပေသည်။ ဤအရာသည်ပင်ဘုရားသခင်၏သားသမီးများထံသို့စီးဆင်းလျက် ရှိလေ၏။ ကြင်နာသနားတတ်သောကယ်တင်ရှင်သခင်ယေရှုသည် “ကိုယ်ခန္ဓာ၌ပေါ်ထွန်း တော်မူသော”ဘုရားပင်ဖြစ်တော်မူ၏။ (၁ တိမောသေ၊ ၃း၁၆)။SC 11.1

    ကျွန်ုပ်တို့ကိုရွေးနှ တ်ကယ်ဆယ်တော်မူရန်သခင်ယေရှုသည်လူတို့တွင်နေထိုင်လျက် ဒုက္ခဆင်းရဲကိုခံ၍အသေခံတော်မူ၏။ ကျွန်ုပ်တို့သည်ထာဝရ ဝမ်းမြောက်ခြင်းအခွင့်ကိုခံစား ထိုက်သောသူများ ဖြစ်ကြမည် အကြောင်း၊ ကိုယ်တော်သည်”ငြိုငြင်သောသူ”ဖြစ်လာတော်မူ၏။ ဘုရားသခင်သည်ကရုဏာတော်၊ သစ္စာတော်နှင့်ပြည့်စုံတော်မူ၍ မိမိချစ်မြတ်နိုးတော်မူသောသားတော်ကိုမပြောပြနိုင်လောက်အောင်ဘုန်းတော်နှင့်ပြည့်ဝသေ ကမ္ဘာတစ်ခုမှအပြစ်ကြောင့်ပျက်စီးယိုယွင်းလျက်သေခြင်း၏အရိပ်နှင့်ကျိန်ခြင်းကြောင့်မှောင် မိုက်နေသောကမ္ဘာတခုသို့ရောက်လာတော်မူစေရန်ခွင့်ပြုတော်မူ၏။ ဘုရားသခင်သည်ကိုယ် တော်အားမိမိ၏မေတ္တာတော်ရင်ခွင်ထဲမှ၎င်း၊ ကောင်းကင်တမန်တို့၏ ရိုသေကိုင်းညွတ်ခြင်းကို ခံစားရာနေရာမှ၎င်း၊ ရှုတ်ချခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း၊ဒုက္ခဆင်းရဲခြင်း၊ မနာလိုငြူစူခြင်းနှင့် သေခြင်းကိုခံစေရန် ထွက်ခွာလာစေဖို့ခွင့်ပြုတော်မူ၏။ “ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေ သောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍၊ သူခံရသောဒဏ်ချက်အားဖြင့်ငါတို့သည်အနာ ပျောက်လျက်ရှိ၏။” (ဟေရှာယ၊၅၃း၅။) ကိုယ်တော်ကိုတော်ထဲ၌၎င်း၊ဂေသရှေမန် ဥယျာဉ် ၌၎င်း၊ လက်ဝါးကပ်တိုင်တော်ပေါ်၌၎င်းကြည့်ရှုကြပါ။ စွန်းကွက်ခြင်းကင်းတော်မူသောဘုရား သခင်၏သားတော်သည် မိမိကိုယ်တော်တိုင်အပြစ်၏ဝန်ထုပ်ကိုဆောင်ယူတော်မူ၏။ ဘုရားသခင်နှင့်အတူရှိတော်မူခဲ့သောကိုယ်တော်သည်လူနှင့်ဘုရားသခင်စပ်ကြားတွင်အပြစ်ဒ စရိုက်ကဖန်တီးခဲ့သောကြောက်မက်ဘွယ်ခွဲခွာရခြင်းအမှုကြီးကို မိမိ၏စိတ်ဝိညာဉ်ထဲ၌ကောင်း စွာတွေ့မြင်တော်မူ၏။ ဤအဖြစ်ကြောင့် ကိုယ်တော်၏ နှုတ်တော်မ“အကျွန်ုပ်ဘုရား၊ အကျွန်ုပ် ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း”ဟူသောဝေဒနာပြင်းစွာနှင့် ကြွေးကြော်သံသည်ထွက်ပေါ်လာရ၏။ (မဿဲ၊ ၂၇း၄၆။) ဘုရားသားတော်၏နှစ်လုံးကိုကွယ် သွားစေသောအရာသည်ကား အပြစ်၏ဝန်ထုတ်၊ ၎င်း၏ကြောက်မက်ဘွယ်ကြီးကျယ်သောအမှု ကြီးအကြောင်းကိုသိမြင်ရခြင်း၊ ဘုရားသခင်ထံတော်မှအပြစ်ကြောင့်မိမိ၏ဝိညာဉ်သည်ခွဲခွာ လာရခြင်းအကြောင်းများဖြစ်ပေသည်။SC 11.2

    သို့ရာတွင်၊ ခမည်းတော်၏စိတ်နှလုံးတော်ထဲ၌ ချစ်ခြင်းမေတ္တာတော်နှင့်ပြည့်စုံသောသ ဘောကိုလူ့အပေါ်တွင်ဖြစ်ပေါ်လာစေရန်သော်၎င်း၊ ကယ်ဆယ်လိုသောအလိုဆန္ဒဖြစ်ပေါ်လာ စေရန်သော်၎င်း၊ ဤကသို့ကြီးကျယ်သောပူဇော်စွန့်စားခြင်းအမှုကြီးကိုပြုတော်မူသည်မဟုတ်။ အလျှင်းပင်မဟုတ်ပါ။ “ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူ သည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏။” (ယောဟန်၊ ၃း၁၆) ကြီးမြတ်သောအပြစ် ဖြေခြင်းအမှုကိုပြုရသောကြောင့်ခမည်းတော်သည်ကျွန်ုပ်တို့ကိုချစ်တော်မူသည်မဟုတ်။ ဘုရားသခင်သည်ကျွန်ုပ်တို့ကိုချစ်တော်မူကြောင့်သာအပြစ်ဖြေခြင်းအမှုကိုစီမံတော်မူခဲ့၏။ ဘုရားသခင်သည် မိမိ၏အနန္တမေတ္တာတော်ရေစင်ကို ကျဆုံးနေသော လောကကြီးအပေါ်သို့ သွန်းလောင်းနိုင်မည့်အကြောင်းသခင်ယေရှုသည် ကြားဖြန်ဖြေသူဖြစ်တော်မူ၏။ “ဘုရားသခင်သည်ခရစ်တော်အထဲ၌တည်နေလျက်လောကီသားတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိတ်သဟာရဖွဲ့စေတော်မူ၏။”(၂ကော၊ ၅း၁၉။)ဘုရားသခင်သည်မိမိသားတော် နှင့်အတူဒုက္ခခံတော်မူ၏။ ဂေသရှေမန်ဥယျာဉ်တွင်ဝေဒနာခံစားနေတော်မူစဉ်အခါ၌၎င်း၊ ကရာ နီကုန်းတော်ပေါ်မှာအသေခံတော်မူသောအခါ၌၎င်း အနန္တမေတ္တာရှင်၏နှလုံးတော်သည်ကျွန်ုပ် တို့အားရွေးနှုတ်ရန် အခကိုဆပ်ပေးတော်မူခဲ့ပြီ။SC 12.1

    သခင်ယေရှုက၊ “ငါသည်ကိုယ်အသက်ကိုစွန့်၍နောက်တဖန်ယူဦးမည်ဖြစ်သော ကြောင့်၊ ငါ့ခမည်းတော်သည်ငါ့ကိုချစ်တော်မူ၏။”ဟုမိန့်တော်မူ၏။(ယောဟန်၊၁၀း ၁၇) တနည်းအားဖြင့်၊ “ငါ့ခမည်းတော်သည် သင်တို့ကိုချစ်တော်မူသောကြောင့်၊ သင်တို့ကို ရွေးနုတ်ရန်ငါ့အသက်ကိုစွန့်ခြင်းအတွက်ငါ့ကိုသာ၍ပင်ချစ်တော်မူ၏။ ငါ့အသက်ကိုအပ်နှံခြင်း၊ သင်တို့လွန်ကြူးခြင်းအပြစ်တည်းဟူသောအကြွေးများကိုခံယူခြင်းအားဖြင့်၊ သင်တို့၏ကိုယ်စား နှင့်အာမခံဖြစ်လာရာ၌ခမည်းတော်သည် ငါ့ကိုသာ၍ချစ်ခင်တော်မူ၏။ အကြောင်းမူကား၊ ငါ၏စွန့်စားဆက်ပက်ခြင်းမှုအားဖြင့် ဘုရားသခင်သည်တရားသောသူဖြစ်လာနိုင်တော်မူ၏။ ထိုမျှမကသေးသခင်ယေရှုကို ယုံကြည်သောသူအားဖြောင့်မတ်ရာသို့ရောက်စေတော်မူသော သူ ဖြစ်လာနိုင်တော်မူသေး၏။”ဟုဆိုလေ၏။SC 13.1

    ဘုရားသားတော်မှတပါးမည်သူမျှကျွန်ုပ်တို့အား ရွေးနှုတ်ခြင်းအမှုကိုပြီးမြောက်အောင် မလုပ်နိုင်ခြေ။ အကြောင်းမူကား ခမည်းတော်၏ရင်ခွင်တော်၌ရှိနေခဲ့သောသူသာလျှင်ထိုအပြု အမှုကိုပြုရန်ခမည်းတော်အားတောင်းဆိုနိုင်တော်မူ၏။ ဘုရားသခင်မေတ္တာတော်၏အနံ အလျား၊ အမြင့်ကို သိနားလည်တော်မူသောသူသာလျှင်၊ ၎င်းမေတ္တာကိုထင်ရှားစေနိုင်တော် မူ၏။ ကျဆုံးသောလူတို့အတွက်သခင်ခရစ်တော်ပြုတော်မူသောအကန့်အသတ်မရှိသောစွန့်စာခြင်း မှတပါးမည်သည့်အရာမျှပျောက်ဆုံးသောလူသတ္တဝါတို့အပေါ်၌ထားတော်မူသောခမည်းတော် ၏မေတ္တာတော်ကိုမဘော်ပြနိုင်ချေ။SC 14.1

    “ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” ဘုရားသခင်ကိုယ်တော်အားလူတို့တွင်နေထိုင်ရန်၊ သူတို့ ၏အပြစ်ကိုယူဆောင်ရန်နှင့် သူတို့၏ယဇ်ပူဇော်သက္ကာအဖြစ်နှင့်အသေခံရန်သာစွန့်တော်မူ သည်မဟုတ်၊ ဘုရားသခင်သည်ကိုယ်တော်ကိုကျဆုံးသောလူမျိုးအားပေးအပ်တော်မူ၏။ သခင်ခရစ်တော်သည် လူတို့စိတ်ပါဝင်စား၍လိုသောအရာများအကြောင်းကိုမိမိကိုယ်တော် တိုင်အထင်အရှားသိရှိတော်မူရမည်၊ ဘုရားသခင်နှင့်အတူရှိတော်မူခဲ့သောပုဂ္ဂိုလ်တစ်ပါးဖြစ်သူ ကိုယ်တော်သည် ဘယ်သောအခါမျှပျက်စီးမသွားနိုင်သောအချည်အနှောင်အားဖြင့်လူ၏သား သမီးများနှင့်ဆက်သွယ်လျက်ရှိတော်မူပြီ။ သခင်ယေရှုသည် “သူတို့ကိုညီအစ်ကိုဟူ၍ခေါ် ခြင်းငှာရှက်ကြောက်တော်မမူ။”(ဟေဗြဲ၊ ၂း၁၁။) ကိုယ်တော်သည်ကျွန်ုပ်တို့၏ယဇ်ပူဇော်သက္ကာ ကျွန်ုပ်တို့၏အမှုဆောင်၊ ကျွန်ုပ်တို့၏အစ်ကို၊ခမည်းတော်၏ပလ္လင်တော်ရှေ့တွင်လူ၏ပုံသဏ္ဍာန် ကိုဆောင်လျက် ထာဝရကာလအဆက်ဆက် မိမိရွေးနုတ်တော်မူသောလူမျိုးနှင့်အတူနေတော် မူသောသူတည်းဟူသောလူသားဖြစ်တော်မူ၏။ ၎င်းပြင်လူသည်အပြစ်ကြောင့်ပျက်စီး ယိုယွင်း နေသောအဖြစ်နှင့် ယုတ်ညံ့သောအခြေအနေမှ ထွက် မြောက်လာနိုင်မည့်အကြောင်း၊ ၎င်းပြင်ဘုရားသခင်၏မေတ္တာတော်ကိုတဖန်ပြန်၍ထင်ရှားစေ လျက်၊သန့်ရှင်းခြင်းချမ်းသာကိုဝေငှပေးကမ်းနိုင်မည်အကြောင်း၊ ကိုယ်တော်သည်ဤကဲ့သို့ သောအရာအားလုံးဖြစ်တော်မူ၏။SC 14.2

    ကျွန်ုပ်တို့အားရွေးနှုတ်ရန်အတွက် ပေးရသောအဘိုးအခ၊ ကျွန်ုပ်တို့အတွက်မိမိသား တော်အားအသေခံစေရန်ပေးတော်မူရာ၌ကောင်းကင်ခမည်းတော်၏ အတိုင်းမရှိသောစွန့် စားခြင်းအမှုကိုထောက်ရှုခြင်းဖြင့်၊ ကျွန်ုပ်တို့သည် သခင်ခရစ်တော်အားဖြင့်မည်ကဲ့သို့သော သူများဖြစ်လာနိုင်ကြသည်အကြောင်း၊ကျွန်ုပ်တို့သည်မြင့်မြတ်သောထင်မြင်ချက်ကိုရရှိသင့် ကြသည်။ ဝိညာဉ်တော်ကိုခံယူရရှိသော တမန်တော်ယောဟန်သည်ပျက်စီးနေသောလူမျိုးအ ပေါ်၌ထားတော်မူသောခမည်းတော်၏မေတ္တာတော်၏အန၊ံ အလျား၊ အမြင့်တို့ကိုသိမြင်ရ သောအခါ၊သူသည်အလွန်ကြည်ညို၍ရိုသေလျက်ရှိသဖြင့်၊ ဤမေတ္တာတော်၏မြင့်မြတ် ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းအကြောင်းကို သင့်တော်သောစကားဖြင့် ဘော်ပြခြင်းငှါမတတ်နိုင် သောကြောင့်၊ ၎င်းမေတ္တာတော်ကိုထောက်ရှုကြည့်ရန် သူကလောကအားခေါ်၍ပြောပြလျက် နေ၏။ “ဘုရားသခင်၏သားတော်ဟုခေါ်ခြင်းအခွင့်ကိုငါတို့သည်ရမည့်အကြောင်း၊ဘုရားသခင် သည်ငါတို့ကိုဘယ်မျှလောက်ချစ်တော်မူသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။”(၁ ယောဟန်၊၃း၁) လူတို့အဘို့ဤအချက်သည်အဘယ်မျှလောက်အဘိုးတန်သောအချက်ဖြစ်သလဲ။တရားတော ကိုလွန်းကျူးခြင်းအားဖြင့်လူ၏သားများတို့သည် စာတန်၏ကျေးကျွန်များဖြစ်လာကြရ၏။ သခင်ခရစ်တော်တည်းဟူသောအပြစ်ဖြေရာယဇ်ပူဇော်သက္ကာ၌ယုံကြည်ခြင်းအားဖြင့်အာဒံ ၏သားများသည်ဘုရားသခင်၏သားများဖြစ်လာနိုင်ကြသည်။ သခင်ခရစ်တော်သည်လူ၏ ဇာတိကိုခံယူခြင်းဖြင့် လူသတ္တဝါတို့အားချီးမြှောက်တော်မူ၏။ ကျဆုံးသောလူများတို့သည် သခင်ခရစ်တော်နှင့်ဆက်သွယ်ရခြင်းဖြင့်၊ “ဘုရားသခင်၏သား” ဟုဧကန်အမှန်ခေါ်ဝေါ် ခြင်းကိုခံထိုက်သောအခြေအနေသို့ရောက်ရှိလာကြသည်။SC 15.1

    ထိုကဲ့သို့သောမေတ္တာသည်နှိုင်းရှင်၍မရနိုင်သောအရာဖြစ်သည်။ ကောင်းကင်ဘုရင်၏ သားသမီးများဘာတကား။ အဘိုးထိုက်သောဂတိတော်ပါတကား။ အလွန်နက်နဲစွာဆင်ခြင်ဘို့ ကောင်းသောအချက်ပါတကား။ ဘုရားသခင်ကိုမချစ်သောလောကအတွက်ဘုရာသခင်၏အ တုမရှိသောမေတ္တာတော်ပါတကား။ ၎င်းအကြောင်းကိုဆင်ခြင်ခြင်းအားဖြင့်၊ စိတ်ဝိညာဉ်ကို အောင်မြင်နိုင်လျက်စိတ်သဘောအားဘုရားသခင်၏ အလိုတော်ကိုဝန်ခံစေ၏။ လက်ဝါးကပ်တိုင်၏အလင်းတရားတွင်ဘုရားသခင်၏သဘောတော်အကြောင်းကိုကျွန်ုတို့သည် တိုး၍ဆင်ခြင်လေ့ကျက်ကြသောအခါ၊ ကျွန်ုပ်တို့သည်ကရုဏာတော်၊ ကြင်နာသနားတတ် သောသဘော၊ ၎င်းပြင်မျှတခြင်း၊ တရားသဖြင့် စီရင်ခြင်းနှင့်ရောနှောနေသောအပြစ်လွှတ် တတ်သောသဘောတို့ကိုသာ၍ သိမြင်ရကြသည်။ ထိုမှတပါးအတိုင်းမရှိသောမေတ္တာတော်နှင့် လမ်းမှားနေသော မိမိ၏ကလေးအပေါ်၌ သက်ရောက်တတ်သော ထောက်ထားစာနာခြင်း ထက်သာလွန်သောကြင်နာသနားခြင်းကရုဏာတော်၏မရေမတွက်နိုင်သောသက်သေများကိ ကျွန်ုပ်တို့သည်သာ၍ထင်ရှားစွာသိမြင်လာကြလေသည်SC 16.1

    Larger font
    Smaller font
    Copy
    Print
    Contents