Loading...
Larger font
Smaller font
Copy
Print
Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆက်ကပ်ပူဇော်ခြင်း

    “ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင်၊ တွေ့ကြလိမ့်မည်။” (ယေရမိ၊၂၉း၁၃။) ဟူသောအချက်သည်ဘုရားသခင်၏ဂတိတော်ဖြစ်သည်။SC 55.1

    စိတ်နှလုံးကိုဘုရားသခင်အားလုံးလုံးအပ်နှံရမည် သို့မဟုတ်လျှင်၊ ကိုယ်တော်၏ပုံ သဏ္ဍာန်တော်နှင့် တူညီခြင်းအခွင့်ကိုပြန်ရရှိနိုင်မည်အကြောင်းပြောင်းလဲပြုပြင်ခြင်းအခွင့်ကိုဘယ်အခါမျှမပြု လုပ်နိုင်။ ကျွန်ုပ်တို့သည်သဘာဝအားဖြင့်ဘုရားသခင်နှင့်ဆန့်ကျင်လျက်ရှိကြသည်။သန့်ရှင်း သောဝိညာဉ်တော်က ကျွန်ုပ်တို့၏အခြေအနေကို ဤစကားများဖြင့်ဘော်ပြထား၏။ “ထိုဒုစ ရိုက်အပြစ်၌ သေလျက်နေသော” (ဧဖက်၊၂း၂။) “ဦးခေါင်းသည်အနာသက်သာရှိ၏။ နှလုံးသည်လည်းခွန်အားအလျှင်မရှိ။..ကျန်းမာခြင်းမရှိ။” (ဟေရှာယ၊ ၁း၅၊၆။) ကျွန်ုပ်တို့သည် စာတန်၏ကျော့ကွင်း၌ မိနေကြ၏။ “မာရ်နတ်၏အလိုအတိုင်းဘမ်းမိနေကြ၏။” (၂တိမောသေ ၂း၂၆။) ဘုရားသခင်သည်ကျွန်ုပ်တို့အားကျန်းမာစေရန်အလိုရှိတော်မူ၏။ကယ်လွှတ်ရန်အလို ရှိတော်မူ၏။ သို့ရာတွင်ဤကဲ့သို့ပြုဘို့ရန် လုံးလုံးပြုပြင်ပြောင်းလဲခြင်း။ကျွန်ုပ်တို့၏နဂိုရ်အခြေ အခြေအနေတခုလုံးကိုအသစ်ပြုပြင်ခြင်းကိုလိုသေးသောကြောင့်၊ကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို ကိုယ်တော်အားလုံးလုံးအပ်နှံရကြလိမ့်မည်။SC 55.2

    တိုက်ခိုက်ရသောစစ်ပွဲတို့တွင်၊ မိမိကိုယ်နှင့် တိုက်လှန်ရသောစစ်ပွဲသည်အကြီးဆုံးစစ် ပွဲဖြစ်သည်။ မိမိကိုယ်ကိုအပ်နှံခြင်း၊ အလုံးစုံတို့ကိုဘုရားသခင်၏အလိုတော်သို့ အပ်ပေးခြင်း အမှုတွင် ကြီးစွာအားထုတ်ရခြင်းအ လုပ်ကိုလိုပေသည်။သို့ရာတွင်စိတ်ဝိညာဉ်သည်သန့်ရှင်းခြင်းသို့ရောက်ရန်အသစ်ပြုပြင်ခြင်း မခံရခင်၊၎င်းကိုဘုရားသခင်အားဆက်ကပ်အပ်နှံရမည်။SC 55.3

    စာတန်ကထင်မှတ်စေသည်အတိုင်း၊ ဘုရားသခင်အုပ်ချုပ်စီမံတော်မူခြင်းအမှုသည် မသိမနားမလည်သော ကျိုးနွံခြင်း၊ အကြောင်းမရှိသောစိုးမိုးခြင်းအပေါ်၌အခြေတည်ထားသည် မဟုတ်။ ၎င်းသည်အသိဥာဏ်နှင့်ပြည့်စုံလျက်ဝေဖန်ပိုင်းခြားတတ်သောသြတ္တပ္ပစိတ်ကိုနှိုးဆော် တောင်းပန်လျက်ရှိ၏။ “လာကြ၊ တရားစီရင်ကြကုန်အံ့” ဟုဖန်ဆင်းတော်မူရှင်ကမိမိဖန်ဆင်း တော်မူခဲ့သောသတ္တဝါတို့အားခေါ်ဘိတ်လျက်ရှိတော်မူ၏။ ဘုရားသခင်သည် မိမိ၏သတ္တဝါတို့ အားအတင်းအကြပ်အလိုတော်ကိုဝန်ခံစေရန်ပြုမူတော်မမူပါ။ စဉ်းစားဆင်ခြင်လျက်စိတ်ပါစွာ မပြုသောရိုသေကိုင်းညွတ်ခြင်းအမှုကိုဘုရားသခင်သည်လက်ခံတော်မမူ။ အတင်းအကြပ်ကျိုး နွံစေသောအမှုသည်စိတ်၊ သို့မဟုတ်အကျင့်ဓလေ့ကို အကယ်ပင်တိုးပွားစေသောအမှုကိုပိတ် ပင်လိမ့်မည်၊ ၎င်းသည်လူအားစက်ရုပ်ကဲ့သိုပအလိုရှိရာပြုလုပ်စေသောအရာဖြစ်စေလိမ့်မည်။ ဖန်ဆင်းတော်မူရှင်၏ရည်ရွယ်ချက်ကား ထိုသို့မဟုတ်။ မိမိ၏ဖန်ဆင်းခြင်းတန်ခိုးကိုထင်ရှားစေ ရာတွင်အထွဋ်အထိပ်ဖြစ်သောလူအားအမြင့်မြတ်ဆုံးသောတိုးပွားခြင်းအဖြစ်သို့ရောက်ရှိစေရန် အလိုရှိတော်မူ၏။ ကျွန်ုပ်တို့အားမိမိ၏ကျေးဇူးတော်အားဖြင့်မြင့်မြတ်သောကောင်းကြီးမင်္ဂလာ ကိုခံစားစေဘို့ရန်ဘုရာသခင်သည်ကျွန်ုပ်တို့ရှေ့၌ မြင့်မြတ်သောစံနမူနာကိုထားတော်မူ၏။ ကိုယ်တော်သည် မိမိတို့ကိုယ်ကိုကိုယ်တော်အားဆက်ကပ်ရန်ကျွန်ုပ်တို့အားခေါ်ဘိတ်လျက် နေတော်မူ၏။ ဘုရားသခင်၏သားများတို့ခံစားရသောဘုန်းရှိသောလွတ်လပ်ခွင့်ကိုပါဝင်ခံစား ရရှိရန်ကျွန်ုပ်တို့သည်အပြစ်၏ ချည်နှောင်ခြင်းမှ လွတ်မြောက်ခွင့်ကိုအလိုရှိမရှိကျွန်ုပ်တို့၌ ရွေးချယ်ဘို့တာဝန်သာရှိပေတော့သည်။SC 57.1

    ကျွန်ုပ်တို့သည် ဘုရားသခင်အား မိမိကိုယ်ကိုဆက်ကပ်ရာ၌၊ ကျွန်ုပ်တို့အား ဘုရားသခင်မှ ခွဲခွာထားမည့်အရာအားလုံးကိုစွန့်ပစ်ပယ်ရှားရကြမည်။ ထို့ကြောင့်ကယ်တင် ရှင်က၊ “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကိုမစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ ဟုမိန့်တော်မူ၏။” (လုကာ၊ ၁၄း၃၁။) စိတ်နှလုံးကိုဘုရားသခင်ထံမှဆွဲငင်သွားသောအရာရှိသမျှတို့ကိုစွန့်ပစ်ရ မည်။ လောကီစည်းစိမ်သည်။ အများသောသူတို့၏ရုပ်ဆင်းတုဖြစ်၏။ ငွေကိုတက်မက်ခြင်း၊ လောကီးလဘဏ္ဍာ၌ကြွယ်ဝလိုသောဆန္ဒရှိခြင်းအမှုတို့ကားသူတို့အားစာတန်နှင့်ဆက်သွယ် ထားသောရွေကြိုးဖြစ်၏။ အခြားသောလူစားကထင်ရှားကျော်စောမှုနှင့်လောကီးဂုဏ်သရေကို မက်မောကြ၏။ ကိုယ်ကျိုးရှာလျက်စည်းစိမ်ခံလိုခြင်း၊ သူတပါးအားကူညီမစရန်တာဝန်နှင့်ကင်း လွတ်စွာနေလိုခြင်းအသက်တာမျိုးကားအခြားသူတို့၏ရုပ်ဆင်းတုဖြစ်၏။ သို့ရာတွင် ဤကဲ့သို့မိ မိအားကျွန်ခံစေခဲ့သောအချည်အနှောင်များကိုပယ်ဖြတ်ရမည်။ ကျွန်ုပ်တို့သည်ဘုရားသခင်အ ဘို့တဝက်၊ လောကဘို့တဝက်မဖြစ်နိုင်။ ကျွန်ုပ်တို့သည်လုံးလုံးဘုရားသခင်၏သားသမီးများမ ဖြစ်ကြလျှင်၊ အကယ်ပင်ဘုရားသခင်၏သားသမီးမဖြစ်ကြချေ။ ဘုရားသခင်ကိုကိုးကွယ်ဝတ်ပြု ကြသည်ဟုပြောဆိုနေကြသော်လည်း၊ ပညတ်တရားတော်ကိုလိုက်နာရန်သော်၎င်း၊ မှန်သော အကျင့်ကိုပြုကျင့်၍ကယ်တင်ခြင်းကိုရရှိစေရန်သော်၎င်း၊ မိမိတို့၏အစွမ်းသတ္တိများကိုအား ကိုးနေကြသေးသောသူများရှိကြသည်။ သူတို့၏စတ်နှလုံးများသည် သခင်ခရစ်တော်၏ မေတ္တာတော်ကိုသိရှိခြင်းဖြင့် အနည်းငယ်မျှ လှုပ်ရှားနူးညွတ်ခြင်းမဖြစ်ကြဘဲ၊ ခရစ်ယာန်အ သက်တာ၏ ဝတ်တရားများကို ကောင်းကင်သို့ဝင်ခွင့်ရရှိရန် ဘုရားသခင်ကမိမိတို့အားပြု စေလိုတော်မူသောအမှုများကဲ့သို့ဆောင်ရွက်လိုကြသည်။ ဤကဲ့သို့သောဘာသာတရား ၌ တန်ဘိုးမရှိ။ သခင်ခရစ်တော်သည်စိတ်နှလုံးထဲ၌ ကိန်းအောင်းတော်မူသောအခါ၊စိတ် ဝိညာဉ်သည် ကိုယ်တော်၏ မေတ္တာတော်နှင့်၎င်း ပြည့်ဝနေသဖြင့်၊ စိတ်နှလုံးသည် ကိုယ်တော် နှင့်ဆက်သွယ်လျက်ရှိလိမ့်မည်။၎င်းပြင်ကိုယ်တော်၏အကြောင်းကိုဆင်ခြင်အောက်မေ့ခြင်းဖြင့် မိမိကိုယ်ကိုမေ့လျော့နေလိမ့်မည်။ပြုမူသောအမှု ရှိသမျှတို့တွင် သခင်ခရစ်တော်၏ မေတ္တာ တော်ကိုထင်ရှားစေလိမ့်မည်။ ဘုရားသခင်၏အနိုင်အထက် ဆွဲငင်တတ်သော မေတ္တာအကြောင်းကိုသိနားလည်သောသူတို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီညွတ်စေ ရန်မည်မျှနည်းစွာပေးအပ်ရမည်နည်းဟုမမေးကြချေ။သူတို့သည် အနိမ့်ဆုံးသောစံနမူနာကို မတောင်းကြချေ။ သို့သော် မိမိတို့အားရွေးနှေုတော်မူသောအရှင်၏ အလိုဆန္ဒနှင့်လုံးလုံးညီ ညွတ်စေရန်ရည်ရွယ်ကြလေ၏။ သူတို့သည် စိတ်အားထက်သန်သောသဘောနှင့်ရှိသမျှကို အပ်နှံကြလျက်၊ မိမိတို့ရှာကြံနေသောအရာနှင့်တန်ဘိုးခြင်းညီမျှသောစိတ်အားကြီးခြင်းလက္ခ ဏာကိုထင်ရှားစေကြ၏။ ချစ်ခြင်းမေတ္တာမရှိဘဲ သခင်ခရစ်တော်၏အကြောင်းကိုဝန်ခံပြောဆို နေခြင်းအမူသည် အပေါ်ယိကစကား အဓိပ္ပါယ်မရှိသောဟန်၊ပင်ပန်းသောဝန်ထုပ်တခုသာဖြစ် ပေသည်။SC 57.2

    သခင်ခရစ်တော်အားရှိသမျှတို့ကိုအပ်နှံခြင်းသည်အလွန်ကြီးသောစွန့်စားပူဇော်ခြင်း ဖြစ်သည်ဟုသင်ထင်ပါသလော့။ သခင်ခရစ်တော်သည်ငါ့အတွက်အဘယ်အရာကိုစွန့်တော်မူ ပြီနည်းဟုသင့်ကိုယ်ကိုသင်မေးမြန်းကြည့်ပါ။ဘုရားသခင်၏သားတော်သည်ကျွန်ုပ်တို့အားရွေး နှုတ်ကယ်တင်ရင်အတွက်၊ အသက်၊ ချစ်ခြင်းမေတ္တာနှင့်ဒုက္ခခံရခြင်းမှစ၍ရှိသမျှတို့ကိုစွန့်တော် မူ၏။ ထိုမျှလောက်ကြီးကျယ်သောမေတ္တာတော်ကြီးနှင့်မထိုက်မတန်သောအရာဖြစ်သည့် ကျွန်ုပ်တို့သည်ကိုယ်တော်အားမိမိတို့၏စိတ်နှလုံးကိုမပေးအပ်ဘဲနေလျှင်သင့်တော်နိုင်ပါလား ကျွန်ုပ်၏အသက်တာတွင်အချိန်ရှိသမျှကိုယ်တော်၏ကျေးဇူးတော်ကြောင့်ရရှိသောကောင်း ကြီးမင်္ဂလာကိုကျွန်ုပ်တို့သည်ခံစားနေခဲ့ရကြပြီး။ ၎င်းပြင်ဤအကြောင်းကြောင့်ပင်ကျွန်ုပ်တို့ လွတ်မြောက်လာခဲ့ကြသောမိုက်မဲခြင်းနှင့်ဒုက္ခဆင်းရဲ၏အနက်ကိုကျွန်ုပ်တို့သည်လုံးလုံးမသိ နားမလည်နိုင်ကြပေ။ ကျွန်ုပ်တို့၏အပြစ်များကထိုးဖေါက်ခဲ့သောကိုယ်တော်ကိုမြော်ကြည့် လျက်နှင့်ပင်၊ ကိုယ်တော်၏ မေတ္တာတော်နှင့်စွန့်စားပူဇော်တော်မူခြင်းအမှုရှိသမျှတို့ကို ကျွန်ုပ်တို့သည်ငြင်းပယ်လိုသောဆန္ဒရှိနိုင်ကြပါမည်လား။ ဘုန်းတော်နှင့်ပြည့်ဝတော်မူသော သခင်ဘုရား၏အကန့်အသတ်မရှိ သော နှိမ့်ချခြင်းကိုထောက်ရှုလျက်ကျွန်ုပ်တို့သည်တိုက်လှန်ခြင်းကိုယ်ကိုကိုယ်ရှုတ်ချခြင်းအားဖြင့် သာထာဝရအသက်ကို ဝင်စားနိုင်သည်ဖြစ်သောကြောင့်၊ ကျွန်ုပ်တို့သည်ညည်းညူရကြမည် လော။SC 59.1

    မာနစိတ်ရှိသောသူအများတို့က ဘုရားသခင်သည်ကျွန်ုပ်ကိုလက်ခံတော်မူကြောင်း အသေချာမသိရခင်၊ ကျွန်ုပ်သည်အဘယ်အတွက်ကြောင့်နောင်တရလျက်နှိမ့်ချခြင်းနှင့်ဘုရား သခင်ထံကိုသွားဘို့လိုသလဲဟုမေးကြသည်။ သင်အားကျွန်ုပ်ကသခင်ခရစ်တော်ထံသို့ညွန် ပြပါသည်၊ ကိုယ်တော်သည်အပြစ်ကင်းတော်ူသည်သာမက၊ ကောင်းကင်တွင်မင်းသားဖြစ် တော်မူ၏။ သို့ရာတွင်လူအတွက် အပြစ်ရှိသောသူဖြစ်လာတော်မူ၏။ “ကိုယ်တော်သည်မတ ရားသောသူတို့နှင့်ရေတွက်ဝင်ခြင်းသို့ရောက်သဖြင့်၊ လူများတို့၏အပြစ်ကိုဆောင်ရွက်၍၊ မ တရားသောသူတို့အဘို့တောင်းပန်တော်မူ၏။” (ဟေရှာယ ၊၅၃း၁၂။)SC 60.1

    သို့ရာတွင်ကျွန်ုပ်တို့သည်ရှိသမျှတို့ကိုအပ်ပေးကြသောအခါ၊ မည်သည့်အရာများကို ကျွန်ုပ်တို့သည်စွန့်ရကြသနည်း။ သခင်ယေရှုသည်မိမိအသွေးတော်နှင့်ဆေးကြော၍ ဖြူစင်စေ လျက်မိမိ၏ မနှိုင်းယှဉ်နိုင်သောမေတ္တာတော်ဖြင့်ကယ်ဆယ်မည်အကြောင်း ကိုယ်တော်အားအ ပြစ်နှင့်ညစ်ညူးနေသောနှလုံးကိုအပ်ပေးရမည်။ သို့သော်ရှိသမျှကိုစွန့်ရန်ခက်ခဲသည်ဟုလူတို့ ကထင်မှတ်ကြသည်။ ဤကဲ့သို့ပြောဆိုသည်ကိုကြားရ၍၎င်းအကြောင်းကိုရေးသားဘော်ပြရန် ကျွန်ုပ်သည် ရှက်ပါသည်။SC 60.2

    ကျွန်ုပ်တို့၌ထိန်းသိမ်းထားဘို့အကောင်းဆုံးအရာကိုအပ်စေရန်ဘုရာသခင်အလိုတော် မရှိပါ။ ကိုယ်တော်ပြုတော်မူသမျှသောအရာတို့မှာလည်း၊ မိမိ၏သားသမီးများ၏နောင်ကောင်း ကျိုးအတွက်သာပြုတော်မူ၏။သခင်ခရစ်တော်ကိုမရွေးချယ်သေးသောသူတို့ကိုယ်တိုင်ရှာဖွေ နေကြသောအရာများထက်သာ၍ကောင်းသောအရာကိုသူတို့အားပေးတော်မူရန်သခင်ခရစ် တော်၌ရှိတော်မူသည်ကို သူတို့သည်သိရှိအပ်ပေသည်၊ လူသည်ဘုရားသခင်၏အလိုတော်နှင့် ဆန့်ကျင်သောအမှုများကိုကြံစည်ပြုလုပ်နေသောခါ၊သူသည်မိမိ၏စိတ်ဝိညာဉ်အားအကြီ ကျယ်ဆုံးသောထိခိုက်နာကျင်မှုနျင့်မတရားသောအမှုကိုပြုလျက်နေလေသည်။ ဘယ်အရာ သည်အကောင်းဆုံးဖြစ်သည်ကို သိရှိလျက်မိမိဖန်ဆင်းထားသောသတ္တဝါများ၏ကောင်း ကျိုးအတွက်စီမံထားတော်မူသောအရှင်ကတားမြစ်ထားသောလမ်းတွင်ဧကန်အမှန်ပျော်မွေ့ ခြင်းကိုမတွေ့ရှိနိုင်။ အပြစ်ဒုစရိုက်၏ လမ်းကားဆင်းရဲဒုက္ခနှင့် ပျက်စီးခြင်းသို့ပို့သောလမ်း တည်း။SC 60.3

    ဘုရားသခင်သည် မိမိ၏သားသမီးများ၌ဒုက္ခရောက်နေသည်ကိုကြည့်မြင်လိုတော်မူ သည်ဟူသောထင်မြင်ချက်သည်မှားပေသည်။ လူ၏ပျော်ရွှင်ရေးအတွက်ကောင်းကင်တဝှမ်း လုံးကပင်စိတ်ဝင်စားလျက်ရှိကြ၏။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် မိမိ၏သတ္တဝါ များအတွက်ပျော်ရွှင်စရာလမ်းများကိုပိတ်ထားတော်မမူ။ ကျွန်ုပ်တို့အားဒုက္ခဆင်းရဲနှင့်စိတ်ပျက် ခြင်းသို့ရောက်စေလျက်ပျော်မွေ့ခြင်းနှင့်ကောင်းကင်တံခါးကိုပိတ်ထားသောအရာများကိုရှောင် ကြဉ်စေရန် ဘုရားသခင်ကကျွန်ုပ်တို့အားသတိပေးတော်မူ၏၊ လောက၏ရွေးနှုတ်ရှင်သည်လူ များအားမိမိတို့နဂိုရ်အခြေအနေအတိုင်း၊ မိမိတို့၌ လိုနေသောအဖြစ်၊ မစုံလင်သောအဖြစ်၊ အားနည်းသောအဖြစ်များ၌ပင်လက်ခံတော်မူ၏၊ ကိုယ်တော်သည်မိမိ၏အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကိုအပြစ်မှဆေးကြောလျက်ရွေးနှုတ်တော်မူသည်သာမက၊ ကိုယ်တော်၏ထမ်းပိုးနှင့် ဝန်ထုတ်ကိုထမ်းဆောင်ရန်အလိုရှိသောသူအပေါင်းတို့တောင့်တသောအရာကိုဖြည့်စွက်ပေး ကမ်းတော်မူလိမ့်မည်။ အသက်မုန့်အတွက်ကိုယ်တော်ထံလာသောသူအပေါင်းတို့အားငြိမ် သက်ခြင်းချမ်းသာကိုပေးဘို့ရန်ကိုယ်တော်သည်ရည်ရွယ်တော်မူ၏။ နားမထောင်သောသူတို့ ဘယ်အခါမျှမရရှိနိုင်သောကောင်းကြီးမင်္ဂလာ၏မြင့်မြတ်သောအခြေသို့ကျွန်ုပ်တို့အားပို့ဆောင် သောတာဝန်များကိုသာကျွန်ုပ်တို့အားဆောင်ရွက်စေရန်ကိုယ်တော်သည်အလိုရှိတော်မူ၏။ လူ၏အမှန်ပျော်မွေ့ဘွယ်အသက်တာကား မိမိ၏စိတ်နှလုံးထဲ၌ ဘုန်းအသရေကိုမြော်လင့်ခြင်း တည်းဟူသောသခင်ခရစ်တော်ကိုတည်နေစေတော်မူခြင်းတည်း။SC 61.1

    ကျွန်ုပ်သည်ဘုရားသခင်အားမိမိကိုယ်ကိုမည်ကဲ့သို့အပ်နှံရမည်နည်းဟုအများသောသူ တို့ကမေးကြသည်။ သင်သည်မိမိကိုယ်ကိုကိုယ်တော်အားအပ်ပေးလိုက်သည်။ သို့ရာတွင်သင် သည်အကျင့်တရား၌အားနည်း၍ယုံမှားခြင်း၏အစေကိုခံနေရလျက်အပြစ်နှင့်ပြည့်ဝသောသင့် အသက်တာ၏အကျင့်ဆိုးများအားဖြင့်အုပ်စိုးခြင်းခံနေရသည်၊ သင်၏ဂတိများနှင့်စိတ်ပြဌာန်း ချက်များသည် သဲနှင့်လုပ်သောကြိုးကဲ့သို့ဖြစ်ကြသည်။သင်သည်သင်၏အကြံအစည်၊စိတ်အ လိုဆန္ဒ၊လိုလားချက်များတို့ကိုမထိန်းသိမ်းနိုင်ချေ။ သင်၏ဂတိဝန်ခံချက်များပျက်ကွက်သွား သည်ကိုသိရသောအခါ၊ သင်သည်သင်၏စိတ်ကိုပင်အားကိုယ်းခြင်းနည်းလာလျက်ဘုရားသ ခင်သည်သင့်ကိုလက်မခံနိုင်ဟုသင်အားထင်မှတ်စေ၏။ သို့သော်သင်သည်စိတ်ပျက်ဘို့မသင့်။ သင်သိလိုသောအရာသည်စိတ်အလိုဆန္ဒ၏မှန်ကန်သောနှိုးဆော်ခြင်းသတ္တိဖြစ်သည်။ ဤအ ရာသည်လူ၏သဘာဝသဘော၌စိုးမိုးနေသောသတ္တိ၊ ဆုံးဖြတ်ရွေးချယ်နိုင်သောသတ္တိပင်ဖြစ် သည်။ အရာရာတိုင်းသည်စိတ်ဆန္ဒ၏မှန်သောအပြုအမူအပေါ်၌တည်ရှိ၏။ ဘုရားသခင်သည် လူအားရွေးချယ်နိုင်သောသတ္တိကိုပေးတော်မူ၏။ ၎င်းသည်သူတို့အသုံးပြုရမည့်အရာဖြစ်သည်။ သင်သည်သင်၏စိတ်နှလုံးကိုမပြောင်းလဲနိုင်။ သင့်၏စိတ်နှလုံးထဲ၌ရှိသောချစ်ခင်နှစ်သက် သောသဘောများကိုဘုရားသခင်အားသင်ကိုယ်တိုင်မပေးအပ်နိုင်။ သို့ရာတွင်သင်သည်ဘု ရားသခင်ကိုကိုးကွယ်ရန်ရွေးချယ်နိုင်သည်။ သင်၏စိတ်အလိုဆန္ဒကိုဘုရားသခင်အားပေးအပ် နိုင်၏။ ထိုအခါသင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့်ဘုရားသခင်သည်ပြုပြင်တော်မူမည်။ထိုနည်းအားဖြင့်သင်တို့၏စိတ်နှ လုံးသည်သခင်ခရစ်တော်၏ဝိညာဉ်တော်လက်အောက်၌အုပ်စိုးခြင်းကိုခံနေရလိမ့်မည်။ သင်၏စိတ်သည်ကိုယ်တော်အပေါ်၌သာစွဲလန်းနေ၍ သင်၏အကြံအစည်များသည်ကိုယ်တော် ၏အလိုတော်နှင့်ညီညွတ်လိမ့်မည်။SC 62.1

    ကောင်းမြတ်ခြင်းနှင့်သန့်ရှင်းခြင်းကိုလိုလားသောစိတ်သည်ကောင်းပါသည်။သို့ရာတွင် ထိုမျှနှင့်တင်းတိမ်နေလျှင်အကျိုးပေးလိမ့်မည်မဟုတ်။ခရစ်ယာန်ဖြစ်ဘို့ရန်မြော်လင့်တောင့် နေစဉ်အခါမှာပင်အများသောသူတို့သည်ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်။ သူတို့သည်ဘုရား သခင်အားမိမိတို့၏စိတ်ဆန္ဒကိုအပ်နှံသောအခြေအနေတိုင်အောင်မရောက်ကြချေ။ သူတို့ သည်ယခုခရစ်ယာန်ဖြစ်ဘို့မရွေးချယ်ကြသေး။SC 63.1

    အလိုဆန္ဒကိုမှန်ကန်စွာအသုံးချခြင်းအားဖြင့်၊သင်၏အသက်တာတွင်လုံးလုံးပြောင်းလဲ ခြင်းဖြစ်လာလိမ့်မည်။သင်၏အလိုဆန္ဒကိုသခင်ခရစ်တော်အားအပ်နှံခြင်းအားဖြင့်၊ သင်သည် အထွဋ်အမြတ်၊ အာဏာစက်တို့ထက်သာ၍မြင့်မြတ်သောအဏာတန်ခိုးရှိသောသူနှင့်မိတ်ဖွဲ့ ရလေပြီ။ သင်အားတည်ကြည်မြဲမြံစေရန်သင်သည်ကောင်းကင်မှခွန်အားကိုရရှိလိမ့်မည်။ ၎င်းပြင်ထိုသို့ဘုရားသခင်အားအမြဲအပ်နှံထားခြင်းဖြင့်၊ သင်သည်အသစ်သောအသက်၊ ယုံကြည်ခြင်းနှင့်ပြည့်ဝသောအသက်၌အသက်ရှင်နေနိုင်လိမ့်မည်။SC 63.2