Loading...
Larger font
Smaller font
Copy
Print
Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မြင့်မြတ်သောသူအဖြစ်သို့ကြီးပွားခြင်း

    စိတ်နှလုံးပြောင်းလဲခြင်းအားဖြင့်ကျွန်ုပ်တို့သည်ဘုရားသခင်၏ သားသမီးများဖြစ်လာကြသည်။ ဤပြောင်းလဲခြင်းကိုကျမ်းစာ၌မွေးဖွားခြင်းဟုခေါ်ဆိုထား၏။၎င်းပြင် လယ်ရှင်ကကြဲထားသည့် ကောင်းသောမျိုးစေ့သည်အပင်ပေါက်၍ကြီးပွားလာခြင်းအကြောင်းနှင့်နှိုင်းယှဉ်ထား၏။ ထိုနည်းတူမကြာမီကသခင်ခရစ်တော်ထံသို့ပြောင်းလဲလာကြသောသူတို့သည် သခင်ခရစ်တော်၏ကြီးရင့်သောယောကျာ်း၊မိန်းမများဖြစ်လာသည်တိုင်အောင်ကြီးပွား လာရမည့်ဖွားစသောသူငယ် (၁ပေတရု ၂း၂။ ဧဖက် ၄း၁၅။) များကဲ့သို့ဖြစ်ကြသည်။ (သို့မဟုတ်)လယ်ထဲ၌ကြဲထားသည့်ကောင်းသောမျိုးစေ့ကဲ့သို့ သူတို့သည်ကြီးပွား၍ အသီးများကိုသီးရကြမည်။ဟေရှာယကသူတို့dfသည်“ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ထာဝရဘုရားစိုက်ပျိုးတော်မူသောအပင်ဟူ၍သမုတ်ခြင်းကိုခံကြလိမ့်မည်ဟုဆိုထား၏။(ဟေရှာယ၆၁း၃)။ထိုသို့အားဖြင့်ဝိညာဉ်တော်အသက်နှင့်ဆိုင်သော နက်နဲရာသမ္မာတရားကိုကျွန်ုပ်တို့သည်သာ၍နာလည်စေခြင်းငှာသဘာဝအသက်တာမှပုံပမာ များကိုဖေါ်ပြထား၏။ SC 87.1

    သဘာဝတွင် အငယ်ဆုံးသောအရာဝတ္ထုကလေးကိုပင်အသက်ရှင်စေခြင်းငှာလူ ၏ဥာဏ်သတ္တိ၊အစွမ်းသတ္တိရှိသမျှအားဖြင့်မပြုလုပ်နိုင်။ဘုရားသခင်ကစီမံချပေးထားခဲ့သော သက်တာအားဖြင့်သာလျှင်သစ်ပင်နှင့်တိရစ္ဆာန်တို့သည်အသက်ရှင်နိုင်ကြသည်။ ထိုနည်းတူ ဘုရားသခင်ထံ တော်မှသက်ရောက်သောအသက်အားဖြင့်သာလျှင်လူတို့၏စိတ်နှလုံးထဲ၌ ဝိညာဉ်အသက်သည်ဖြစ်ပွားလာနိုင်၏။ လူသည်ဒုတိယမွေးခြင်း (ယောဟန် ၃း၃)ကိုမခံရလျှင် သခင်ခရစ်တော်ပေးတော်မူသော အသက် ကိုမခံမယူနိုင်။SC 87.2

    အသက်ရှင်ခြင်းကဲ့သို့ ကြီးပွားခြင်းသည်လည်းဖြစ်ပေသည်။ အဖူးများကိုပွင့်စေ၍ အပွင့်များကိုသီးစေတော်မူသောသူသည်ဘုရားသခင်ဖြစ်တော်မူ၏။ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မျိုးစေ့သည်ကြီးပွား၏။ “ဦးစွာအညှောင့်၊ ထိုနောက်အနှံ၊ ထိုနောက်အနှံထဲမှာ အောင်မာသောအဆန်ကိုဖြစ်စေ တတ်။” (မာကု ၄း၂၈)။ ဣသရေလ လူတို့အကြောင်းနှင့်ပတ်သက်၍ပုရောဖက်ဟောရှေက“သူတို့သည်နှင်းပွင့်ကဲ့သို့ပွင့်လိမ့်မည်။....သူတို့သည်မျိုးစေ့သဖွယ်ပြန်ပေါက်၍စပျစ်နွယ်ပင်ကဲ့သို့တိုးပွားလိမ့်မည်” (ဟောရှေ ၁၄း၅၊၇)ဟု ပြောဆိုထား၏။ “နှင်းပင်တို့သည် အဘယ်သို့အားဖြင့်ကြီးပွားသည်ကို ကြည့်ရှု ဆင်ခြင်ကြလော့” ဟုသခင်ယေရှုကလည်း ကျွန်ုပ်တို့အားမှာထားတော်မူ၏။ (လုကာ ၁၂း၂၇။) သစ်ပင်နှင့်ပန်းပင်တို့သည်မိမိတို့ကိုယ်တိုင်၏စိုးရိမ်ပူပန်၊ကြိုးစာအားထုတ်မှုအားဖြင့် ကြီးပွားရတော်မူသော သတ္တိကိုရရှိခြင်းဖြင့်သာလျှင် ကြီးပွားရကြသည်။ ကလေးသူငယ်သည် မိမိကိုယ်တိုင်၏ပူပန်သောကကြိုးစားအားထုတ်မှုအားဖြင့်မိမိ၏အရပ်အမောင်းကိုတိုးပွားစေ လိမ့်မည်မဟုတ်။သင်သည်လည်းမိမိ၏ပူပန်သောကကြိုးစားအားထုတ်မှုအားဖြင့် ဝိညာဉ်ကြီးပွားရေးကိုမရနိုင်။ သစ်ပင်နှင့်ကလေးသူငယ်တို့ သည် မိမိတို့၏ပတ်ဝန်းကျင်ရှိ အသက်ရှင်စေဖို့ပြုပြင်ပေးသောလေ၊နေရောင်ခြည်နှင့်အစားအသောက်တို့ကိုရရှိခြင်းဖြင့်တိုး ပွားကြီးမားလာရပေသည်။သဘာဝကချပေးသောဤအရာတို့သည်တိရစ္ဆာန်နှင့် သစ်ပင်တို့အဖို့ဖြစ်သကဲ့သို့သခင်ခရစ်တော်သည်ကိုယ်တော်ကိုယုံကြည်သောသူတို့အဖို့ဖြစ် တော်မူ၏။ ကိုယ်တော်သည် သူတို့၏ “ထာဝရအလင်း၊” “နေနှင့်အကွယ်အကာ”လည်း ဖြစ်တော်မူ၏။ (ဟေရှာ ၆ဝး၁၉။ ဆာလံ ၈၄း၁၁။) ကိုယ်တော်သည် “နှင်းကဲ့သို့ဣသရေလအ ပေါ်မှာ”နေတော်မူမည်။(ဟောရှေ၁၄း၅)“ ထိုမင်း၏သက်ရောက်ခြင်းသည်ရိတ်သောမြက်ပင် ပေါ်မှာရွာသောမိုးကဲ့သို့ဖြစ်လိမ့်မည်။” (ဆာလံကျမ်း ၇၂း၆။) ကိုယ်တော်သည်အသက်စမ်းရေ “ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောဘုရားသခင်၏မုန့်” ဖြစ်တော်မူ၏။ (ယောဟန် ၆း၃၃)။SC 89.1

    ဘုရားသခင်သည်မိမိ၏သားတော်ကိုပြိုင်ဘက်ကင်းသောနည်းဖြင့်စွန့်တော်မူခြင်းအမှုတွင်မြေကြီးကိုလွှမ်းမိုးဝန်းဝိုင်းလျက်ရှိသောလေသည် အကယ်ပင်ရှိသကဲ့သို့ဘုရားသခင် သည်တစ်လောကလုံးကို မိမိ၏ကရုဏာကျေးဇူးတော်တည်းဟူသောအမွှေးအထုံနှင့် လွှမ်းမိုးဝန်းရံစေတော်မူ၏။ဤကဲ့သို့သောအသက်ရှင်စေသည့်အမွှေးအထုံကိုရှုရှိုက်ဖို့အလိုရှိသောသူတို့သည်သခင်ယေရှု၌ကြီးရင့်သောယောကျာ်း၊ မိန်းမများဖြစ်လာသည်တိုင်အောင် အသက်ရှင်လျက် ကြီးပွားကြလိမ့်မည်။SC 90.1

    တောက်ပသောရောင်ခြည်သည်ပန်းပွင့်၏လှပတင့်တယ်ခြင်း၊အချိုးအစားကျနခြင်း အဖြစ်ကိုစုံလင်စွာရရှိစေဖို့ အကူအညီဖြစ်စေနိုင်မည်အကြောင်း၎င်းပန်းပွင့်သည် နေဘက်သို့လှည့်နေရသည်နည်းတူ ကျွန်ုပ်တို့အကျင့်စာရိတ္ထများသည် သခင်ခရစ်တော်၏ အကျင့်စာရိတ္ထကဲ့သို့တိုးပွားစေခြင်းငှာ ကောင်းကင်အလင်းသည်ကျွန်ုပ်တို့အပေါ်သို့ ထွန်းတောက်မည်အကြောင်းကျွန်ုပ်တို့သည်ဖြောင့်မတ်ခြင်းတရား၏ နေမင်းထံသို့မျက်နှာ လှည့်နေရကြမည်။SC 90.2

    သခင်ယေရှုက ထိုနည်းတူပြုရန်သွန်သင်တော်မူလျက်၊ “ငါ၌တည်နေကြလော့၊ ငါသည်လည်းသင်တို့၌တည်နေမည်။စပျစ်ခက်သည်အပင်၌မတည်လျှင်ကိုယ်အလိုအ လျောက်အသီးမသီးနိုင်သကဲ့သို့သင်တို့သည် ငါ၌မတည်လျှင်အသီးမသီးနိုင်ကြ။ ....ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်” (ယောဟန် ၁၅း၎၊၅)ဟု မိန့်တော်မူ၏။ အခက်သည်ကြီးပွား၍ အသီးသီးခြင်းငှာပင်မကြီးပေါ်၌အမှီပြုရသကဲ့သို့ သင်တို့သည်သန့်ရှင်းသောအသက်တာမျိုး၌နေထိုင်ရန်သခင် ခရစ်တော်အပေါ်၌အမှီပြုရကြသည်။ကိုယ်တော်နှင့်ကွာလျှင်သင်တို့သည်အသက်မရှင်နိုင်ကြ။ သွေးဆောင်ခြင်းကိုတားဆီးရန်(သို့မဟုတ်)ကျေးဇူးတော်၌လည်းကောင်း၊ သန့်ရှင်းခြင်း၌ လည်းကောင်းကြီးပွားတိုးတက်လိမ့်မည်။ကိုယ်တော်ထံမှအသက်ကိုရယူလျှင် သင်သည် မညှိုးနွမ်း အသီးမသီးဘဲမနေ၊ မြစ်နားမှာစိုက်ထားသော အပင်ကဲ့သို့ဖြစ်လိမ့်မည်။SC 90.3

    ကြီးပွားမှုနှင့်ဆိုင်သောတာဝန်အချို့မိမိတို့ကိုယ်တိုင်သာဆောင်ရွက်ရကြမည်ဟု အများသောသူတို့ကထင်မှတ်ကြသည်။သူတို့သည်အပြစ်လွှတ်ခြင်းအတွက်သခင်ခရစ်တော် ကိုယုံကြည်အားကို ကြသော်လည်း ယခုကောင်းမွန်မှန်ကန်စွာအသက်ရှင်စေဖို့ မိမိတို့၏ အစွမ်းသတ္တိကိုအားကိုးနေကြသည်။ သို့သော် ထိုသို့ကြိုးပန်းမှုသည် ပျက်ကွယ်သွားရမည်။ သခင်ယေရှုက၊ “ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်” ဟုမိန့်တော်မူ၏။ ကျေးဇူးတော်၌ ကျွန်ုပ်တို့၏ကြီးပွားခြင်း၊ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်း၊ကျွန်ုပ်တို့၏ အသုံးဝင်သောအဖြစ်မှစ၍ ရှိသမျှတို့သည် သခင်ခရစ်တော်နှင့်ဆက်ဆံ ခြင်း အပေါ်၌အမှီပြုပေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အစအဦးစီရင်တော်မူသော သူမဟုတ်၊ အဆုံးတိုင်အောင် စုံလင်စေတော်မူသောသူလည်း ဖြစ်တော်မူ၏။ အစအဦး၊ အဆုံးနှင့်အစဉ် အမြဲတည်တော်မူသောသူကား သခင်ခရစ်တော်ဖြစ်တော်မူ၏။ အမှန်ပင်ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် အတူ အစအဦးနှင့်အဆုံး၌သာမက လမ်းခရီး၏ခြေလှမ်းတိုင်း၌ရှိတော်မူလိမ့်မည်။ “ငါသည် ထာဝရ ဘုရားကိုအစဉ်မပြတ် မျက်မှောက်ပြု၏။အကြောင်းမူကားငါ့လက်ယာဘက်၌တည်ရှိ တော်မူသည်ဖြစ်၍ငါသည်လှုပ်ရှားခြင်းမရှိရ” ဟု ဒါဝဒ်မင်းကပြောဆိုထားသည်။ (ဆာလံ ၁၆း၈)။SC 91.1

    ကျွန်ုပ်သည်သခင်ခရစ်တော်၌အဘယ်သို့တည်နိုင်ပါမည်နည်းဟုသင်ကမေးသလား။ပဋ္ဌမဦးစွာကိုယ်တော်ကိုလက်ခံစဉ်အခါကပြုသည့်နည်းတူပြုပါ“ထို့ကြောင့်သင်တို့သည် သခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍....ထိုသခင်၌ကျင်လည်ကြလော့”(ကောလောသဲ “၂း၆၊၇)။ “ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားအသက်ရှင်လိမ့်မည်။“(ဟေဗြဲ၁ဝး၃၈)။ သင့်ကိုဘုရားသခင်အဖို့လုံးလုံးဖြစ်စေခြင်းငှာလည်းကောင်း၊ဘုရားသခင်ကိုကိုးကွယ်၍ စကားတော်ကိုလိုက်နာခြင်းငှာလည်းကောင်း၊သင်သည်ဘုရားသခင်အား သင့်ကိုယ်ကိုအပ်ပေး၍သခင်ခရစ်တော်ကိုသင်၏ကယ်တင်ရှင်အဖြစ်လက်ခံပြီး သင့်ကိုယ်တိုင်သင်၏အပြစ်များအတွက်အပြစ်ဖြေလွှတ်ခြင်းအမှုကိုမပြုလုပ်နိုင်။ သင်၏စိတ်နှလုံးကိုမပြောင်းလဲစေနိုင်။သို့ရာတွင် သင့်ကိုယ်ကိုဘုရားသခင်အား၌အပ်ပေးရာ၌ သခင်ခရစ်တော်၏အကျိုးကိုထောက်လျက်ဘုရားသခင်သည်ဤအမှုကိစ္စအားလုံးကို သင်အဖို့ပြုတော်မူခဲ့သည်ကိုသင်သည်ယုံကြည်၏။ယုံကြည်ခြင်းအားဖြင့်သင်သည် ခရစ်တော်ပိုင်ဆိုင်ဖြစ်လာ၏။၎င်းပြင်ယုံကြည်ခြင်းအားဖြင့်သင်သည်သခင်ခရစ်တော်၌ကြီးပွားရလိမ့်မည်။ ပေးခြင်းနှင့်ယူခြင်းအားဖြင့်ဆိုလိုသည်။ သင်၏စိတ်နှလုံး၊ သင်၏အလိုဆန္ဒ၊ သင်၏အလုပ်၊ သင့်ကိုယ်တိုင်မှစ၍ရှိသမျှကို ကိုယ်တော်၏အလိုတော်ကိုလိုက်နာရန် ကိုယ်တော်အားအပ်ပေးရမည်။၎င်းပြင်သင်၏စိတ်နှလုံးထဲ၌ကိန်းအောင်နေစေရန်သော်လည်းကောင်း၊သင်၏ခွန်အား၊သင်၏ဖြောင့်မတ်ခြင်း၊သင်၏ထာဝရအကူအညီဖြစ်စေရန်သော်လည်းကောင်း၊သင့်အားနားထောင်သောတန်ခိုးကိုပေးရန်သော်လည်းကောင်း၊ကောင်းချီးမင်္ဂလာ အပေါင်း၏ပြည့်စုံခြင်းဖြစ်သော သခင်ခရစ်တော်ကို သင်သည် အလုံးစုံခံယူရမည်။SC 91.2

    နံနက်ချိန်တွင်သင့်ကိုယ်ကိုဘုရားသခင်အားဆက်ကပ်ပူဇော်လော့။ဤအမှုသည်သင်၏ ပထမ ဆုံးအလုပ်ဖြစ်ပါစေ။ “အိုထာဝရဘုရား၊ ကိုယ်တော်အဖို့လုံးလုံးဖြစ်စေခြင်းငှာ အကျွန်ုပ်ကိုလက်ခံတော်မူပါ။အကျွန်ုပ်၏အကြံအစည်ရှိသမျှကိုကိုယ်တော်၏ခြေတော်ရင်း၌ချထားပါ၏။ကိုယ်တော်၏အမှုတော်တွင်ယနေ့အကျွန်ုပ်ကိုအသုံးပြုတော်မူပါ။ အကျွန်ုပ်၌တည် နေတော်မူ၍ အကျွန်ုပ်၏အမှုကိစ္စရှိ သမျှသည် ကိုယ်တော်၌ပြီမြောက်စေပါ” ဟုဆုတောင်းပါ။ ဤအမှုသည်နေ့စဉ်ပြုရသောကိစ္စဖြစ်သည်။နံနက်တိုင်းတစ်နေ့လုံးအတွက်သင့်ကိုယ်ကိုဘုရားသခင်အားဆက်ကပ်ပူဇော်လော့။ကိုယ်တော်စီမံတော်မူသည်အတိုင်း ပြီးမြောက် အောင်ဆောင်ရွက်စေခြင်းငှာ(သို့မဟုတ်)ပယ်ရှားစေခြင်းငှာသင်၏အကြံအစည်ရှိသမျှအား လုံးကိုကိုယ်တော်အားအပ်နှံလော့။ထိုနည်းအားဖြင့်သင်သည်သင်၏အသက်ကိုဘုရားသခင်၏လက်ထဲသို့တစ်နေ့ပြီးတစ်နေ့အပ်နှံလိမ့်မည်။ ၎င်းပြင်ထိုသို့အားဖြင့် သင်၏အသက်တာ သည် သခင်ခရစ်တော်၏ အသက်တာနည်းတူ သာ၍ပြုပြင်ခြင်းခံရလိမ့်မည်။SC 92.1

    သခင်ခရစ်တော်၌တည်သောအသက်တာသည်ငြိမ်းသက်ခြင်းနှင့်ယှဉ်သောအသက်တာဖြစ်၏။အလွန်အမင်းအားရဝမ်းမြောက်ခြင်းစိတ်သဘောမျိုးမရှိသို့သော်တည်မြဲငြိမ်သက် သောယုံကြည်အားထား မှုရှိလိမ့်မည်။ သင်၏မျှော်လင့်ချက်သည် သင့်ကိုယ်တိုင်အပေါ်၌မရှိ၊ သခင်ခရစ်တော်၌သာရှိ၏။သင်၏အားနည်းခြင်းအဖြစ်သည်ကိုယ်တော်၏ခွန်အား၌လည်း ကောင်း၊သင်၏မသိနားမလည်မှုသည်ကိုယ်တော်၏ဥာဏ်ပညာ၌လည်းကောင်း၊ သင်၏အားအင်ချည့်နဲ့ခြင်းအဖြစ်သည် ကိုယ်တော်၏တည်မြဲ သောအင်းအား၌လည်းကောင်း ပူးပေါင်းလာ၏။ထို့ကြောင့်သင်သည်သင်ကိုယ်ကိုမကြည့်ရှုရ။သင့်ကိုယ်တိုင်အကြောင်းကိုသာစိတ်မစွဲလမ်းရ၊ သခင်ခရစ်တော်ကိုသာကြည့်ရှုရမည်။ ကိုယ်တော်၏ မေတ္တာတော်အကြောင်း၊ ကိုယ်တော်၏တင့်တယ်စုံလင်သောသဘောတော်အကြောင်းကိုသာစိတ်စွဲလမ်းရမည်။ ကိုယ်ကိုငြင်းပယ်ခြင်း၊ ကိုယ်ကိုကိုယ်နှိမ့်ချခြင်း၊ သန့်ရှင်းခြင်း၊ ဖြူစင်ခြင်း၊ မတုပြိုင်နိုင်သော မေတ္တာနှင့်ပြည့်စုံခြင်းအမှုတို့၌တည်ရှိနေသောသခင်ခရစ်တော်၏အခြေအနေ၊ ဤအကြောင်းကိုသာလျှင်ဝိညာဉ်တော်သည်ဆင်ခြင်တွေးတောရမည်။ ကိုယ်တော်ကိုချစ်ခြင်း၊ ကိုယ်တော်၏ပုံသက်သေကိုလိုက်လျှောက်ခြင်း၊ကိုယ်တော်အပေါ်၌လုံးလုံးအားကိုခြင်းအား ဖြင့်သင်သည်ကိုယ်တော်၏ပုံသဏ္ဍာန်တော်နှင့်အညီပြုပြင်ပြောင်းလဲခြင်းရှိရမည်။SC 93.1

    သခင်ယေရှုက၊“ငါသည်တည်နေကြလော့”ဟုမိန့်တော်မူ၏။ဤစကားသည်ငြိမ်သက် ခြင်း၊ တည်မြဲခြင်း၊ ယုံကြည်အားထားခြင်းသဘောများသက်ဝင်၏။ တစ်ဖန် ကိုယ်တော်က၊ “ငါ့ထံသို့လာကြလော့၊ငါသည်ချမ်းသာပေးမည်” ဟုမိန့်တော်မူ၏။ (မဿဲ ၁၁း၂၈)။ “ထာဝရဘုရားရှေ့မှာငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။”(ဆာလံ ၃၇း၇)ဟူသော ဆာလံကျမ်းရေးသူ၏စကားများသည်လည်းဤကဲ့သို့ပင်သ ဘောသက်ဝင်၏။ “ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့်ခွန်အားအစွမ်းကိုရကြလိမ့်မည်။” (ဟေရှာယ၊၃ဝး၁၅)ဟုဟေရှာယကကတိထား၏။ဤငြိမ်သက်ခြင်းကိုဘာမျှမလုပ်ကိုင် ဘဲနေခြင်း၌တွေ့ရမည်မဟုတ်။အဘယ်ကြောင့်ဆိုသော်ကယ်တင်ရှင်၏ခေါ်ဖိတ်ခြင်းစကား တော်တွင် အမှုဆောင်ရွက်ရန်ခေါ်ဖိတ်နေခြင်းနှင့်အတူပူးပေါင်းလျက် ငြိမ်သက်ခြင်းကိုကတိ ထားတော်မူ၏။“ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။....သင်တို့စိတ်နှလုံးသည်သက်သာခြင်းကိုရလိမ့်မည်။”(မဿဲ၁၁း၂၉)ဟု သခင်ခရစ်တော်အပေါ်၌ လုံးလုံးတည်နေသောစိတ်နှလုံးသည် ကိုယ်တော်အတွက်အမှုတော်ဆောင်ရွက်ရာတွင်အလွန်ပင်စိတ်အားထက်သန်၍ ထြွကလှုပ်ရှားခြင်းရှိလိမ့်မည်။SC 93.2

    မိမိကိုယ်၌သာ စိတ်စွဲလမ်းနေသောအခါ ခွန်အားနှင့်အသက်၏အခြေအမြစ်ဖြစ်သော သခင်ခရစ်တော်ထံမှဝေးကွာလျက်ရှိနေသည်။သို့ဖြစ်၍လူတို့အားသခင်ခရစ်တော်ကိုဂရုမစိုက်စေခြင်းငှာစာတန်သည်အမြဲကြိုးစာလျက်ရှိ၍ထိုနည်းအားဖြင့်ဝိညာဉ်ကိုသခင်ခရစ်တော်နှင့် ဆက်ဆံရင်းနှီးခြင်းမရှိစေရန်ပိတ်ပင်တားဆီး၏။လောကီကာမဂုဏ်ပျော်မွေ့ခြင်းအသက်တာ၏စိုးရိမ်ကြောင့်ကြခြင်း၊ပူဆွေးခြင်း၊သူတစ်ပါး၏အပြစ်ကိုရှာခြင်း၊ကိုယ်တိုင်၏အပြစ်နှင့်မစုံ လင်သောအဖြစ်ကိုကြည့်နေခြင်းစသောအရာတစ်စုံတစ်ခု၊(သို့မဟုတ်)ဤအရာအားလုံး တို့အားဖြင့်စိတ်ကိုလွဲသွားစေရန်သူသည်ကြံစည်ကြိုးစားလိမ့်မည်။သူ၏သွေးဆောင်ကြံစည်မှုအားဖြင့်လမ်းလွဲကိုမလိုက်ပါနှင့်။ဧကန်အမှန်ပင်ဖြောင့်မှန်သောစိတ်သဘောရှိ၍ဘုရားသခင်အတွက်အသက်ရှင်ဖို့အလိုရှိသောသူများအားမိမိတို့၏အပြစ်များနှင့်အားနည်းခြင်းအဖြစ်များကိုစိတ်စွဲလမ်းစေရန်စာတန်သည်မကြာခဏသွေးဆောင်၍ထိုသို့အားဖြင့်သူတို့ အားသခင်ခရစ်တော်ထံမှခွာလျက်မိမိ၏အကြံအောင်မြင်စေဖို့ရန် သူသည်မျှော်လင့်၏။ ကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကိုသာဗဟိုထားလျက်မိမိတို့သည် ကယ်တင်ခြင်းခံရပါမည်လားဟု စိုးရိမ်ပူပန်နေဖို့မသင့်ပေ။ဤအရာရှိသမျှတို့သည်ကျွန်ုပ်တို့ခွန်အား၏အခြေအမြစ်ဖြစ်သောအရှင်ထံမှဝိညာဉ်တို့ကိုလမ်းလွှဲသွားစေတတ်၏။သင်၏စိတ်ဝိညာဉ်ကိုဘု ဘုရားသခင်၌သာစွဲလမ်း၍အားကိုးပါစေ။သခင်ယေရှုအကြောင်းကိုသာဆင်ခြင်လျက်ပြောဆိုပါ။ ကိုယ်တော်၌စွဲလမ်းရာတွင် ကိုယ်ကိုသာကြည့်တတ်သော စိတ်ကိုပယ်ပျောက်သွားပါစေ။ ယုံမှားခြင်းရှိသမျှကိုဖယ်ရှားပါ။စိုးရိမ်ခြင်းရှိသမျှကိုဖျောက်ဖျက်လိုက်ပါ။ “အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည်ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သောအသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်အားဖြင့်တည်၏။ သားတော်သည်ငါ့ကိုချစ်၍ ငါ့အဖို့ကိုယ်ကိုကိုယ်စွန့်တော်မူ၏။” ဟု ရှင်ပေါလုကဲ့သို့ပြောဆိုပါ။ (ဂလာတိ၊၂း၂ဝ)ဘုရားသခင်၌အားကိုးအားထားခြင်းရှိလော့။သင်အပ်ပေးထားပြီးသောအရာကို ဘုရားသခင် သည် စောင့်ရှောက်ပြုစုနိုင်တော်မူ၏။ သင်သည် သင့်ကိုယ်ကိုဘုရားသခင်၏ လက်တော်ထဲ၌အပ်နှံထားလျှင်သင့်ကိုချစ်တော်မူသောကိုယ်တော်အားဖြင့် ဘုရားသခင်သည် သင့်အားနှိမ်းနင်းနေသူ၏လက်မှ သာ၍ကယ်တင်တော်မူလိမ့်မည်။SC 94.1

    သခင်ခရစ်တော်သည်လူဇာတိအဖြစ်ကိုမိမိကိုယ်၌ယူဆောင်တော်မူသောအခါ ကိုယ်တော်သည်မေတ္တာအနှောင်အဖွဲ့အားဖြင့်မိမိကိုယ်တော်တိုင်ကိုသတ္တဝါနှင့်ချည်နှောင် ထားတော်မူ၏။သူ၏အလိုဆန္ဒမရှိဘဲမည်သည့်တန်ခိုးမျှ၎င်းအနှောင်အဖွဲ့ကိုမဖျက်ဆီးနိုင်ချေ။ ကျွန်ုပ်တို့အားဤအနှောင်အဖွဲ့ကိုပယ်ဖျက်ရန်သခင်ခရစ်တော်ထံမှကျွန်ုပ်တို့အားကွဲကွာစေလိုသောဆန္ဒဖြစ်ပေါ်လာစေရန်စာတန်သည်ဖြားယောင်းလှည့်ဖြားခြင်းအမှုကိုအမြဲပြုလုပ်လိမ့်မည် ကျွန်ုပ်တို့သည်အခြားသောသခင်ကိုရွေးချယ်ဖို့သွေးဆောင်ခြင်းမခံရမည်အကြောင်း ဤနေရာ၌ ကျွန်ုပ်တို့သည် သတိနှင့်စောင့်ကြည့်နေဖို့၊ ကြိုးစားအား ထုတ်ဖို့လိုပေသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် သခင်ခရစ်တော်ကိုအစဉ်စိုက်ကြည့်နေကြစို့။ ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်တို့ကိုစောင့်ထိန်းတော်မူမည်။သခင်ယေရှုကိုကြည်ရှုခြင်းဖြင့် ကျွန်ုပ်တို့သည်ဘေးကင်းလုံခြုံကြလိမ့်မည်။အဘယ်အရာမျှကိုယ်တော်၏လက်တော်ထဲမှနှုတ် ယူမသွားနိုင်ချေ။အစဉ် အမြဲကိုယ်တော်ကိုကြည့်ရှုခြင်းဖြင့်၊ “ဝိညာဉ်တော်တရား၏အရှင်သည် ရောင်ခြည်တော်ကိုလွှတ်တော်မူသည်အတိုင်းငါတို့သည်ဘုန်းအသရေကိုတိုးပွား၍ ပုံသဏ္ဍာန်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏။” (၂ကောရန်သု ၃း၁၈)။SC 95.1

    ထိုသို့သို့အားဖြင့်ရှေးဦးတပည့်တော်တို့သည်ကယ်တင်ရှင်သခင်၏ပုံသဏ္ဍာန်တော်ကို မိမိတို့ကိုယ်၌ရရှိကြ၏။ထိုတပည့်တော်တို့သည်သခင်ယေရှုမိန့်တော်မူသောစကားများကိုကြားရကြသောအခါမိမိတို့ကိုယ်၌ကိုယ်တော်ကိုအလိုရှိနေကြောင်းသိမြင်လာကြ၏။ သူတို့သည်ကိုယ်တော်ကိုရှာဖွေတွေ့ ရှိကြလျက်၊ ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။ သူတို့သည်ကိုယ်တော်နှင့်အတူအိမ်ထဲ၌လည်းကောင်း၊စားပွဲ၌လည်းကောင်း၊ဆိတ်ညံရာအရပ်၌လည်းကောင်း၊လယ်ပြင်ထဲ၌လည်းကောင်းရှိကြ၏။တပည့်များသည်ဆရာနှင့်ရှိသကဲ့သို့သူတို့သည်ကိုယ်တော်နှင့်အတူရှိလျက်ကိုယ်တော်၏နှုတ်တော်မှသန့်ရှင်းသောသမ္မာတရား၏သင် ခန်းစာများကိုနေ့စဉ်ခံယူရရှိကြ၏။အစေခံသည်မိမိ၏သခင်ကိုကြည့်သကဲသို့မိမိတို့၏တာဝန်ကိုသိနားလည်ရန်သူတို့သည်ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။ထိုတပည့်တော်တို့သည်“ငါတို့ကဲ့သို့သောလောကဓံတရား၌ကျင်လည်သောလူများဖြစ်ကြ၏။”(ယာ၅း၁၇)။ သူတို့သည်အပြစ်နှင့်တိုက်လှန်ရသောအလားတူစစ်ပွဲမျိုးကိုလည်းကြုံတွေ့ခံရကြ၏။သူတို့သည်သန့်ရှင်းသောအသက်တာမျိုး၌နေထိုင်ရန်အလားတူကျေးဇူးတော်ကိုလည်းအလိုရှိခဲ့ကြ၏။SC 96.1

    သခင်ခရစ်တော်နှင့်အတူဆုံးသောသူဖြစ်၍ကိုယ်တော်ကိုချစ်ခင်တော်မူသောယော ဟန်ပင်ထိုနှစ်သက်ဖွယ်အကျင့်စာရိတ္ထမျိုးနှင့်ဇာတိအားဖြင့်မပြည့်စုံပေ။သူသည်ကိုယ်ကျိုးကို ရှာ၍ ဂုဏ်အသရေကို မက်မောသည်သာမက အနစ်နာခံရသောအခါ၌ အလွန်စိတ်မြန်၍ ဒေါသထွက်လွယ်သောသူဖြစ်၏။သို့သော်ကိုယ်တော်အရှင်၏သဘောတော်ကို သူ့အားထင်ရှားစွာဖေါ်ပြထားသောအခါမိမိ၏ချို့တဲ့သောအဖြစ်ကိုမြင်၍မိမိကိုယ်ကိုနှိမ့်ချလေ၏။ဘုရားသခင့်သားတော်၏နေ့စဉ်အသက်တာ၌ခွန်အားနှင့်သည်းခံခြင်းသဘော၊ ဘုန်းတန်ခိုးနှင့်နူးညံ့သိမ်းမွေ့ခြင်းသဘော၊မြင့်မြတ်ခြင်းနှင့်နှိမ့်ချခြင်းသဘောတို့ကို သူသည် တွေ့မြင်ရခြင်းအားဖြင့် သူ၏စိတ်ဝိညာဉ်သည် အံ့သြမြတ်နိုးခြင်း၊ ချစ်ခင်နှစ်သက်ခြင်းသဘော များနှင့်ပြည့်ဝလာ၏။မိမိသခင်ကိုချစ်ခင်ရာ၌ကိုယ်ကျိုးကိုရှာတတ်သောစိတ်များပျောက်ပျက်သွားသည်တိုင်အောင်တစ်နေ့ပြီးတစ်နေ့သူ၏စိတ်နှလုံးသည်သခင်ခရစ်တော်ထံသို့ ဆွဲဆောင်သွားခြင်းခံရလေ၏။သူ၏စိတ်မြန်ဒေါသထွက်လွယ်သောသဘော၊ ဂုဏ်အသရေကိုမက်မောသောသဘောများတို့ကိုသခင်ခရစ်တော်၏ပြုပြင်တတ်သော တန်ခိုးလက်ထဲသို့အပ်နှံလေ၏။သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ပြောင်းလဲပေးလေ ပြီ။သခင်ယေရှုနှင့်ဆက်ဆံပေါင်းသင်းရခြင်းဖြင့်အမှန်ခံစားရသောအကျိုးကားဤအရာပင်ဖြစ်၏။သခင်ခရစ်တော်သည်ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ကိန်းအောင်းတော်မူသောအခါ လူ၏အခြေအနေတစ်ခုလုံးသည်ပြောင်းလဲ၍ အသစ်ဖြစ်လာ၏။ သခင်ခရစ်တော်၏ဝိညာဉ်၊ ကိုယ်တော် ၏မေတ္တာတော်သည် စိတ်နှလုံးကိုနူးညံ့စေ၏။ ဝိညာဉ်ကိုနှိမ့်ချစေ၏။၎င်း ပြင် အကြံစည်နှင့်လိုအင်ဆန္ဒများကိုဘုရားသခင်နှင့်ကောင်းကင်သို့တက်ကြွသွားတော်မူသောအ ခါမိမိ၏တပည့်တော်တို့နှင့်အတူ ကိုယ်တော်သည်တည်ရှိနေတော်မူသေးကြောင်းသိရှိရကြ၏။ ၎င်းပြင်အကြံအစည်နှင့်လိုအင်ဆန္ဒများကိုဘုရားသခင်နှင့်ကောင်းကင်ထံသို့မြှင့်တင်ပို့ပေး၏။SC 96.2

    သခင်ခရစ်တော်သည်ကောင်းကင်သို့တက်ကြွသွားတော်မူသောအခါ၊မိမိ၏တပည့် တော်နှင့်အတူကိုယ်တော်သည်တည်ရှိနေတော်မူသေးကြောင်းသိရှိရ၏။ကိုယ်တော်သည် မေတ္တာနှင့်လည်းကောင်း၊အလင်းတရားနှင့်လည်းကောင်းပြည့်ဝလျက်၊သူတို့နှင့်အတူ ကိုယ်တိုင်နေတော်မူခြင်းဖြစ်၏။သူတို့နှင့်အတူလမ်းလျှောက်၊ စကားပြော၊ ဆုတောင်းတော်မူ၍ သူတို့အားမျှော်လင့်ရာစကားကိုမိန့်တော်မူလျက်သူတို့၏စိတ်နှလုံးကိုသက်သာစေတော်မူ သောကယ်တင်ရှင်သခင်ယေရှုသည်မိမိ၏နှုတ်တော်မှငြိမ်သက်ခြင်းသတင်းစကားကို မိန့်တော်မူလျက်နေစဉ်ကောင်းကင်သို့ယူဆောင်ခြင်းကိုခံတော်မူ၍ကောင်းကင်တမန်များပါဝင် သောမိုးတိမ်သည်ကိုယ်တော်ကိုခံယူလျက်နေစဉ် ကိုယ်တော်၏စကားသံကိုဤသို့ကြားရ၏။ “ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင်သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်”(မဿဲ၂၈း၂ဝ)။ ကိုယ်တော်သည် ကောင်းကင်သို့လူ၏ပုံသဏ္ဍာန်ကိုဆောင်လျက်တက်ကြွတော်မူ၏။ကိုယ်တော်သည်ဘုရားသ ခင်၏ပလ္လင်တော်ရှေ့တွင်သူတို့၏မိတ်ဆွေနှင့်ကယ်တင်ရှင်အဖြစ်နှင့်ပင်တည်ရှိနေသေး သည်ကိုလည်းကောင်း၊ကိုယ်တော်၏ထောက်ထားစာနာခြင်းအမှုများသည်မပြောင်းလဲဘဲရှိနေသေးသည်ကိုလည်းကောင်း၊ကိုယ်တော်သည်ဝေဒနာခံစားရသောလူပုံသဏ္ဍာန်ကိုပင်ဆောင်လျက်နေတော်မူသေးသည်ကိုလည်းကောင်းသူတို့သည်သိရှိကြ၏။မိမိရွေးချယ်တော်မူသောသူတို့အဖို့ပေးတော်မူခဲ့သောအဖိုးအခကိုသတိရစေရန်မိမိ၏လက်နှင်ခြေထောက်တို့တွင်ရှိဒဏ်ရာများကိုပြလျက်ကိုယ်တော်သည်အဖိုး ထိုက်သောမိမိအသွေးတော်၏ ကုသိုလ်ကောင်းမှုများကို ဘုရားသခင်၏ရှေ့တော်၌ဆက်သလျက်နေတော်မူ၏။ကိုယ်တော်သည် သူတို့အတွက်နေစရာအရပ်များကိုပြင်ဆင်ရန်ကောင်းကင်သို့တက်ကြွသွားး၍တစ်ဖန်ကြွလာ ပြီးလျှင် သူတို့ကိုကိုယ်တော်ထံသို့သိမ်းဆည်းတော်မူလိမ့်မည်ဟု သူတို့သိရှိကြ၏။SC 97.1

    ကိုယ်တော်တက်ြွကသွားတော်မူပြီးနောက်သူတို့သည်စုရုံးကြသောအခါသူတို့အလိုရှိ သောအရာ များသည် သခင်ယေရှု၏ နာမတော်အားဖြင့် ခမည်းတော်ထံတောင်းလျှောက်ရန် စိတ်အားထက်သန်ကြလေ၏။သူတို့သည်ရိုသေကြောက်ရွံ့ခြင်းနှင့်ဦးညွှတ်ဆုတောင်းကြစဉ် အောက်ပါကတိကိုပြန်၍မြွက်ဆိုကြ၏။“သင်တို့သည်ငါနာမကိုအမှီပြု၍ခမည်းတော်မှာဆု တောင်းသမျှတို့ကို ခမည်းတော်သည်ပေးတော် မူမည်။ ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည်အဘယ်ဆုကိုမျှမတောင်းကြသေး။သင်တို့သည်ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင်ရကြလိမ့်မည်။” (ယောန် ၁၆း၂၃၊၂၄)။ “အသေခံ၍ ခံသည်သာမက သေခြင်းမှထမြောက်၍ ဘုရားသခင်၏လက်ယာ တော်ဘက်၌နေလျက်၊ ငါတို့အဖို့ ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။” (ရောမ ၈း၃၄)ဟူသော ပြင်းထန်သည့်ထုချေချက်နှင့် သူတို့သည် ယုံကြည်ခြင်းလက်ကိုသာ၍ မြင့်စွာကမ်းလှမ်းကြလေ၏။သခင်ခရစ်တော်က“ထိုသူသည်သင်တို့ နှင့်အတူနေမည်”ဟုမိန့်တော်မူသည်အတိုင်း ပင်တော်ကုတ္တေပွဲ၌ ဥပဇ္ဈာယ် ဆရာသည် သင်တို့နှင့်အတူရှိနေတော်မူ၏။ ၎င်းပြင် ကိုယ်တော်ကထပ်မံ၍ “ငါသွားလျှင်၊ သင်တို့အကျိုး ရှိလိမ့်မည်။ အကြောင်းမူကား ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည်သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူ ကိုသင်တို့ဆီသို့စေလွှတ်မည်” ဟုမိန့်တော်မူ၏။ (ယောဟန် ၁၄း၁၇။) ထိုအခါမှစ၍ သခင်ခရစ်တော် သည်မိမိသားသမီးတို့၏စိတ်ထဲ၌ ဝိညာဉ်တော်အားဖြင့် အစဉ်အမြဲကိန်းအောင်နေတော်မူရမည်။ယခုသူတို့သည်ကိုယ်တော်နှင့်ဆက်ဆ့ပေါင်းသင်းရ ခြင်းအမှုကားမြေကြီးပေါ်၌ရှိစဉ်သူတို့နှင့်အတူကိုယ်တော်တိုင်နေထိုင်သွားလာခဲ့ရသည်ထက်သာ၍ နီးကပ်၏။ မိမိတို့အထဲ၌ ကိန်းအောင်းနေတော်မူသော သခင် ခရစ်တော်၏အလင်း၊ မေတ္တာနှင့်တန်ခိုးတော်တို့သည်သူတို့အားဖြင့်ထွန်းတောက်ထင်ရှားသဖြင့်၎င်းတို့ကိုမြင်ရသောလူများတို့သည် “အံ့သြ၍နေကြ၏။ ထိုသူတို့သည် အထက်ကယေရှုနှင့်အတူရှိသည်ကို သတိရကြ၏။” (တမန်တော် ၄း၁၃)။SC 98.1

    ရှေးဦးတပည့်တော်တို့အတွက်ခရစ်တော်သည်ဖြစ်ခဲ့သမျှသောအရာတို့သည် ယခုခတ်ကာလရှိ မိမိ၏သားသမီးများအတွက်လည်းဖြစ်စေဖို့ကိုယ်တော်ကအလိုရှိတော်မူ၏။ အကြောင်းမူကားမိမိ၏ပတ်လည်၌တပည့်တော်အနည်းငယ်ကိုစုဝေးစေလျက်နောက်ဆုံအ ကြိမ်ဆုတောင်းရာတွင်ကိုယ်တော်က၊“ထိုသူတို့အဖို့သာအကျွန်ုပ်တိုဆုတောင်းသည်မဟုတ်ပါ။ သူတို့ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကိုယုံ ကြည်သောသူတို့အဖို့ကိုလည်းဆုတောင်းပါ၏။” ဟုမိန့်တော်မူခဲ့ပြီ။ (ယောဟန် ၁၇း၂ဝ)။SC 99.1

    သခင်ယေရှုသည် ကျွနုပ်တို့အတွက် ဆုတောင်းတော်မူ၍ ကိုယ်တော်သည် ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းရှိသကဲ့သို့ကျွန်ုပ်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်စေမည်အကြောင်းကိုယ်တော်ကတောင်းလျှောက်တော်မူ၏။မည်မျှစည်းလုံးခြင်းဖြစ်သနည်း။“သားတော် သည်မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။” “ငါပြုသောအမူတို့ကားငါ၌တည်သောခ မည်းတော်သည် ပြုတော်မူ၏။” (ယောဟန် ၅း၁၉။ ၁၄း၁ဝ။)ဟု ကယ်တင်ရှင်သည် မိမိကိုယ်တိုင်၏အကြောင်းကို အစွဲပြု လျက်မိန့်တော်မူ၏။ ထိုအခါ သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌တည်နေတော်မူလျှင်သင်တို့သည် “အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်းသင်တို့အထဲ၌စေတနာအားဖြင့်ကိုယ်တော်သည်ပြုပြင် တော်မူလိမ့်မည်။” (ဖိ ၂း၁၃)။ ကိုယ်တော်ဆောင်၇ွက်တော်မူနည်းတူ ကျွန်ုပ်တို့သည်လည်း ဆောင်ရွက်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏သဘောမျိုးကိုပင် ထင်ရှာစေ ကြလိမ့်မည်။ ထိုနည်းအားဖြင့် ကိုယ်တော်ကိုချစ်ခင်နှစ်သက်၍ ကိုယ်တော်၌တည်နေခြင်းဖြင့် ကျွန်ုပ်တို့သည်“ဦးခေါင်းတည်းဟူသောခရစ်တော်မှအရာရာ၌ကြီးပွားကြမည်အကြောင်းတည်း။” (ဧဖက် ၄း၁၅။)SC 99.2