Loading...
Larger font
Smaller font
Copy
Print
Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မြတ်စွာဘဘုရားကိုသိကျွမ်းခြင်းပညာ

    ဘုရားသခင်သည်မိမိကိုယ်တော်တိုင်အကြောင်းကို ကျွန်ုပ်တို့အား ထင်းရှားစေ၇န်သော်လည်း ကောင်း၊ ကျွန်ုပ်တို့အား ကိုယ်တော်တိုင်နှင့်ဆက်ဆံမိတ်သဟာယဖွဲ့စေရန်သော်လည်းကောင်း၊ ရှာကြံနေ တော်မူသော နည်းလမ်းပေါင်းများစွာရှိပေသည်။ သဘာဝလောကသည် ကျွန်ုပ်တို့အားမရပ်မနားဘဲ အာရုံငါးပါးအားဖြင့်ဖေါ်ပြလျက်ရှိ၏။ ပွင့်လင်းသောစိတ်နှလုံးသည် ဘုရားသခင်၏လက်တော်နှင့်ပြုပြင် သောအရာများအားဖြင့် ထင်ရှားသောမေတ္တာတော်နှင့်ဘုန်းတော်အကြောင်းတို့ကိုစွဲမြဲစွာမှတ်မိသတိရလိမ့် မည်။ သဘာဝ၏အရာဝတ္ထုများအားဖြင့် ဘုရားသခင်နှင့်ဆက်သွယ်ရင်းနှီးရခြင်းအမှုကို အသင့်ရှိသော နားဖြင့်ကြားသိနားလည်နိုင်၏။ စိမ်းလန်းသောလယ်ပြင်များ၊ မြင့်မားသောသစ်ပင်ကြီးများ၊ အဖူးအပွင့် များ၊ လွင့်သွားသောမိုးတိမ်များ၊ကျဆင်းသောမိုးရေများ၊မရပ်မနားစီး၍အသံမြည်နေသောချောင်း၊ကောင်ကင်၏ဘုန်းတော်များတို့သည်ကျွန်ုပ်၏စိတ်နှလုံးများအားဘုရားသခင်အကြောင်းကိုကြားပြောလျက်အရာခပ်သိမ်းတို့ကိုဖန်ဆင်းတော်မူသောအရှင်နှင့်အကျွမ်းဝင်ရန် ကျွန်ုပ်တို့အားခေါ်ဖိတ်လျက်ရှိ၏၊SC 112.1

    ကျွန်ုပ်တို့ကယ်တင်ရှင်သည် မိမိ၏အဖိုးထိုက်သောသင်ခန်းစာများကို သဘာဝ၏အရာများနှင့်တွဲ ၍ သွန်သင်တော်မူ၏။လူတို့၏မှုရေးကိစ္စများကြောင့်စိုးရိမ်ပူပန်းခြင်းနှင့်ပြည့်ဝသောအသက်တာ၌ပင်ကိုယ်တော်၏သင်ခန်းစာများကိုမကြာခဏမှတ်မိသတိရစေမည်အကြောင်း၊ သစ်ပင်များ၊ငှက်များ၊လွင်ပြင်များတွင်ရှိပန်းပင်များ၊တောတောင်များ၊ရေကန်၊ရေအိုင်များ၊လှပတင့်တယ်သော ကောင်းကင်တန်ဆာများနှင့်တကွနေ့စဉ်အသက်တာ၏အဖြစ်အပျက်အတွေ့အကြုံများ၊ပတ်ဝန်းကျင်အမှုအခင်းများတို့သည်သမ္မာတရားနှင့်ဆက်သွယ်လျက်ရှိ၏။SC 112.2

    ဘုရားသခင်စီမံတော်မူသောအမှုအရာ၌လည်းကောင်း၊ ကျွန်ုပ်တို့၏လောကီအိမ်များတွင် ပြင်ဆင် ထားသည့်ရိုးသား၍ဆိတ်ငြိမ်သောတင့်တယ်လှပခြင်း၌လည်းကောင်း ဘုရားသခင်၏သားသမီတို့အားစိတ် ဝင်စားနှစ်သက်အားရစေခြင်းငှာ ဘုရားသခင်သည် အလိုရှိတော်မူ၏။ ကိုယ်တော်သည်လှပတင့်တယ် သောအရာများကို နှစ်သက်တော်မူ၍ အပြင်အပအားဖြင့် စိတ်ကိုစွဲလမ်းစေသောအရာအပေါင်းတို့တွင် ကိုယ်တော်သည် အကျင့်စာရိတ္ထ၏တင့်တယ်ခြင်းကို သာ၍နှစ်သက်တော်မူ၏။ ကျွန်ုပ်တို့၌ပန်းပွင့်များ၏ ငြိမ်သက်သောတင့်တယ်ခြင်းကဲ့သို့သော ရိုးသားခြင်းနှင့်ဖြူစင်ခြင်းကိုဖြစ်ပွားစေခြင်းငှာ ဘုရားသခင်သည် အလိုရှိတော်မူ၏။SC 113.1

    ကျွန်ုပ်တို့သာနားထောင်ကြလျှင် ဘုရားသခင်ဖန်ဆင်းထားတော်မူသောအမှုအရာများတို့ သည် ကျွန်ုပ်တို့အားနားထောင်ခြင်း၊ ယုံကြည်အားကိုးခြင်းတို့နှင့်သက်ဆိုင်သောသင်ခန်းစာများကို သွန် သင်ပေးကြလိမ့်မည်။ လာဟာပြင်ကြီးထဲတွင် အရာမထင်သောလမ်းကြောင်း၌စီမံခန့်ခွဲထားသောခရီလမ်း ကို ကာလအဆက်ဆက်လျှောက်လိုက်နေကြသော ကြယ်နက္ခတ်တာရာများမှ အသေးဆုံးသောအဏုမြူ တိုင်အောင် သဘာဝ၏အရာဝတ္ထုများတို့သည် ဖန်ဆင်းရှင်၏အလိုတော်ကိုလိုက်နာကြ၏။ ၎င်းပြင် ဘုရားသခင်သည် အရာခပ်သိမ်းကိုကြည့်ရှုပြုစုတော်မူ၍ ဖန်ဆင်းထားတော်မူသမျှတို့ကို အစဉ်ထောက်မ ထားတော်မူ၏။ အလွန်အကျယ်ပြန့်သောစကြဝဠာကြီးတစ်ဝန်းလုံးတွင်ရှိ မရေမတွက်နိုင်သောကမ္ဘာများ တို့ကို ဆွဲကိုင်ထားတော်မူသောအရှင်သည်ကြောက်ရွံ့ခြင်းမရှိဘဲ ရိုးသားသောသီချင်းကိုဆိုသောငှက် ကလေးကိုပင်တစ်ချိန်တည်း၌ စောင့်ရှောက်ကျွေးမွေးတော်မူ၏။ သူတို့သည်ဆုတောင်းသောအခါမှာကဲ့သို့ မိမိတို့၏နေ့စဉ်လုပ်ငန်းဆောင်တာကိုပြုလုပ်ရန်ထွက်သွားသော အခါ ညဥ့်၌အိပ်ပျော်နေစဉ်အခါနှင့်နံနက် အိပ်ရာမှထသောအခါြွကယ်ဝချမ်းသာသောသူသည် မိမိ၏ခမ်းနားသောအိမ်ကြီး၌ စားသောက်ပွဲကျင်းပ နေစဉ်အခါ(သို့မဟုတ်)ဆင်းရဲသူသည်အနည်းငယ်သောစားစရာကိုသုံးဆောင်ရန် မိမိသားသမီးများနှင့် အတူစုံရုံးသောအခါ အသီးသီးသောသူတို့အား ကောင်းကင်ခမည်းတော်သည် ကြင်နာစောင့်ရှောက်လျက် နေတော်မူ၏။ ဘုရားသခင်ဂရုမစိုက်ဘဲနေသောမျက်ရည်တစ်ပေါက်မျှမရှိ၊ ကိုယ်တော်သတိမမူသော အပြုံးတစ်ချက်မျှမရှိ။SC 113.2

    ကျွန်ုပ်တို့ကသာ ဤအချက်ကိုလုံးလုံးယုံကြည်လျှင်မဖြစ်သင့်သောစိုးရိမ်ကြောင့်ကြခြင်းအပေါင်း တို့သည် ကွယ်ပျောက်သွားကြလိမ့်မည်။ ကျွန်ုပ်တို့၏အသက်တာများသည် ယခုကဲ့သို့စိတ်ပျက်ခြင်းအမှု များနှင့်ပြည့်ဝနေလိမ့်မည်မဟုတ်။ အကြောင်းမူကား စိုးရိမ်ပူပန်းခြင်းအမျိုးစုံတို့အားဖြင့် ရှုပ်ထွေးခြင်းဖြစ် တော်မမူသော( သို့မဟုတ်) သူတို့၏ဝန်ထုပ်များအားဖြင့် လွှမ်းမိုးသွားတော်မမူ ဘုရားသခင်၏လက်တော် ထဲ၌ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အရာခပ်သိမ်းတို့သည်တည်ရှိနေကြ၏။ ထိုအခါကျွန်ုပ်တို့သည် ဝိညာဉ်ငြိမ်သက်ခြင်းအခွင့်ကို ခံစားရကြလိမ့်မည်။ အများသောသူတို့သည် ကြာမြင့်စွာ ထိုအခွင့်ကိုမရရှိ ဘဲနေခဲ့ကြပြီ။SC 115.1

    ကမ္ဘာမြေကြီး၏နှစ်သက်ဖွယ်သော လှပတင့်တယ်ခြင်းအကြောင်းကို သင်၏အာရုံငါးပါးအားဖြင့် သိရှိရသောအခါ နောင်ကာလ၏ဖြစ်ပေါ်လာမည့်အပြစ်ကြောင့် ယိုယွင်းပျက်စီးခြင်းနှင့်သေခြင်းတို့သည် မရှိရာ။ ၎င်းပြင် သဘာဝမျက်နှာပေါ်တွင် ကျိန်းခြင်းအရိပ်အရောင်များကိုမတွေ့ရတော့ချေ။ ကယ်တင် ခြင်းခံရမည့်သူတို့နေစရာအရပ်ကို စိတ်ကူးဖြင့်တွေးကြည့်ကြပါ။ သင်၏စိတ်ထဲ၌ အကောင်းတွေးနိုင်သည် ထက်ထိုအရပ်၏ ဘုန်းစည်းစိမ်သည် သာ၍ခမ်းနားထွန်းတောက်လိမ့်မည်။ သဘာဝတွင် ဘုရားသခင်ချ ပေးတော်မူသည့်အမျိုးမျိုးသောလက်ဆောင်များ၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည် ကိုအမှိန်ဆုံး အခြေအနေ၌သာမြင်ရကြသေး၏။ ကျမ်းစာ၌ ဤကဲ့သို့ရေးသားထား၏။ “ဘုရားသခင်ကိုချစ် သောလူတို့အဖို့အလိုငှာ ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့်မကြံစည်သေး။” (၁ကောရန်သု ၂း၉)။SC 115.2

    လင်္ကာဆရာနှင့်သဘာဝလေ့လာသူတို့သည် သဘာဝအကြောင်းများစွာရေးသားဖေါ်ပြထားကြ သည်။ သို့ရာတွင် မိမိခမည်းတော်၏လက်တော်နှင့်ပြုပြင်တော်မူသောအရာများကို မှတ်မိသတိရ၍ ပန်း ပွင့်များ၊ သစ်ပင်ကလေးများနှင့်သစ်ပင်ကြီးများတွင် ကိုယ်တော်၏မေတ္တာတော်ကိုသိမြင်ရကြသောကြောင့် ကမ္ဘာမြေကြီး၏လှပတင့်တယ်ခြင်း၌ အထူးနှစ်သက်စိတ်ဝင်စားခြင်းရှိလျှက် 0x158င်း၏အကျိုးကိုခံစားရသူ သည်ခရစ်ယာန်ဖြစ်သည်။ တောင်နှင့်လွင်ပြင်၊ မြစ်နှင့်ပင်လယ်တို့ကို လူအားဘုရား၏မေတ္တာတော်ကိုဖေါ် ပြသောအရာများကဲ့သို့ သဘောမထားသောသူတစ်ယောက်မျှ၊ င်း၏ထူးခြားခြင်းအဓိပ္ပါယ်ကို လုံးလုံးနှစ် သက်စိတ်ဝင်စားခြင်းမရှိနိုင်။SC 116.1

    မိမိကိုယ်တိုင် ကြည့်ရှုစီမံတော်မူသောအရာများအားဖြင့်လည်းကောင်း၊ စိတ်နှလုံးထဲ၌ပြုပြင်စီမံ တော်မူသော မိမိ၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အားစကားပြော တော်မူ၏။ ကျွန်ုပ်တို့၏စိတ်နှလုံးများကသာ ဝေဖန်ပိုင်းခြားသိနားလည်လိုလျှင် ကျွန်ုပ်တို့၏အခြေအနေ နှင့်ပတ်ဝန်းကျင်၏အခြေအနေများ၌လည်းကောင်း၊ ကျွန်ုပ်တို့ပတ်လည်၌ နေ့စဉ်ပြောင်းလဲဖြစ်ပေါ်နေ သောအမှုများ၌လည်းကောင်း အဖိုးထိုက်သောသင်ခန်းစာများကို ကျွန်ုပ်တို့တွေ့မြင်နိုင်ကြသည်။ ဘုရား သခင်၏စောင့်ရှောက်ပြုစုခြင်းအမှုများကိုစစ်ဆေးလျက် ဆာလံဆရာက “ပထဝီမြေကြီးသည် ထာဝရ ဘုရား၏ကျေးဇူးတော်နှင့်ပြည့်ဝလျက်ရှိ၏။ ” (ဆာလံကျမ်း ၃၃း၅)။ “အကြင်သူသည်ပညာရှိ၏။ ထိုသူ သည် ဤအမှုအရာကိုပြင်ဆင်၍ ထာဝရဘုရား၏ကရုဏာကျေးဇူးတော်ကိုနားလည်လိမ့်မည်။” (ဆာလံ ကျမ်း ၁ဝ၇း၄၃) ဟုဖေါ်ပြထား၏။SC 116.2

    ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိ၏နှုတ်ကပါဌ်တော်(သမ္မာကျမ်းစာ)ထဲမှတစ်ဆင့် စကားပြော တော်မူ၏။ ဤနေရာ၌ ဘုရားသခင်သဘောတော်၊ ဂုဏ်အင်္ဂါတော်အကြောင်း၊ လူတို့နှင့်မိမိကိုယ်တော် တိုင် ဆက်သွယ်ပြုလုပ်တော်မူသော အမှုအရာအကြောင်းနှင့်ရွေးနုတ်ခြင်းအမှုတော်ကြီးအကြောင်းတို့ကို ထင်ထင်ရှားရှား ကျွန်ုပ်တို့အား ဖေါ်ပြထားတော်မူ၏။ ဤနေရာ၌ရှေးဘိုးဘေးများ၊ ပုရောဖက်များနှင့် အခြားသန့်ရှင်းသောရှေးလူကြီးများတို့၏ရာဇဝင်ကို ကျွန်ုပ်တို့အားထင်ရှားစွာဖွင့်ပြထားတော်မူ၏။ “သူတို့ သည် ငါတို့ကဲ့သို့သောလောကဓံတရား၌ကျင်လည်သောသူ” (ယာကုပ် ၅း၁၇)။ များဖြစ်ကြ၏။ သူတို့ သည်ကျွန်ုပ်တို့နည်းတူ အားလျော့စိတ်ပျက်ဖွယ်အမှုများကို မည်ကဲ့သို့ ကြိုးစာတိုက်လှန်ခဲ့ကြ၍ ကျွန်ုပ်တို့ ခံရသည်နည်းတူ စုံစမ်းသွေးဆောင်ခြင်းကို မည်ကဲ့သို့ခံရလျက် ဆုံးရှုံးခဲ့ကြသော်လည်း ရဲရင့်သောစိတ်ရှိ လာပြန်လျက် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အောင်မြင်လာကြကြောင်းကို ကျွန်ုပ်တို့သိမြင်ရကြသည်။ ၎င်းပြင်ထိုသို့သိမြင်လာရကြသဖြင့် ကျွန်ုပ်တို့သည်ဖြောင့်မတ်ခြင်းတရားကိုရရှိရန် ကြိုးစားအား ထုတ်ကြရာတွင် ရဲရင့်ခြင်းနှင့်ပြည့်စုံလာကြသည်။ သူတို့အားတွေ့ကြုံစေတော်မူခဲ့သောအဖိုးတန်ဗဟုသုတ များအကြောင်း၊ သူတို့ခံစားရမည့်အလင်းတရား၊ မေတ္တာနှင့်ကောင်းချီးမင်္ဂလာများအကြောင်း၊ သူတို့အား ချပေးသောဆုကျေးဇူးအားဖြင့် သူတို့ပြုလုပ်ခဲ့သောအလုပ်အကြောင်းတို့ကို ကျွန်ုပ်တို့ဖတ်ရကြသောအခါ သူတို့ကိုနှိုးဆောင်တိုက်တွန်းသောသဘောသည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ သန့်ရှင်းသောတုပြိုင်ခြင်း သဘောတည်းဟူသောမီးလျှံကို တောက်လောင်စေလျက် အကျင့်စာရိတ္ထတွင် သူတို့ကဲ့သို့ဖြစ်လိုသောဆန္ဒ၊ သူတို့နည်းတူ ဘုရားသခင်နှင့်အတူ သွားလာလိုသောဆန္ဒကိုဖြစ်ပေါ်လာစေ၏။SC 117.1

    သခင်ယေရှုက ဓမ္မဟောင်းကျမ်းနှင့်ပတ်သက်၍ “ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။” ဟုမိန့် တော်မူရာ၌၊ (ယောဟန် ၅း၃၉)။ ဓမ္မသစ်ကျမ်းက ကိုယ်တော်၏အကြောင်းကို မည်မျှလောက်သာ၍ မှန် ကန်စွာသက်သေခံလိမ့်မည်နည်း။ ကျွန်ုပ်တို့သည် ထာဝရအသက်ကိုရအံ့သောငှာ အာရုံစူးစိုက်ကာ မျှော်လင့်နေကြသောရွေးနုတ်ရှင်ကား၊ ထိုကျမ်းများ၌သက်သေခံထားသော ကိုယ်တော်ပင်ဖြစ်တော်မူ၏။ ကျမ်းစာတစ်အုပ်လုံးက ကိုယ်တော်၏အကြောင်းသက်သေခံသည်မှာ မှန်ပါသည်။ “ဖန်ဆင်းတော်မူခြင်း နှင့်ကင်းသောအရာတစ်စုံတစ်ခုမျှမရှိ” (ယောဟန် ၁း၃)။ သောကြောင့် ဖန်းဆင်းခြင်းအကြောင်းရေးမှတ် ထားသောပထမမှတ်တမ်းမှစ၍ “ငါသည်အလျင်အမြန်လာမည်” (ဗျာဒိတ်ကျမ်း ၂၂း၁၂) ဟူသော အဆုံး သတ်ကတိတော်တိုင်အောင်ကျွန်ုပ်တို့သည် ကိုယ်တော်၏အလုပ်အကိုင်များအကြောင်းကိုဖတ်ရ၍ ကိုယ်တော်၏စကားသံတော်ကိုကြားနေကြရသည်။ သင်သည်ကယ်တင်ရှင်နှင့်အကျွမ်းဝင်လာလိုလျှင် သမ္မာကျမ်းစာတော်မြတ်ကိုသေချာစွာလေ့ကျက်ပါ။SC 117.2

    စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်၏နှုတ်ကပါဌ်တော်နှင့်ပြည့်ပါစေ။ ၎င်းသည်ပြင်းထန်သော သင်၏ငတ်မွတ်ခြင်းကို ပြေစေသောအသက်ရေဖြစ်၏။ ၎င်းသည်ကောင်းကင်မှလာသောအသက်မုန့်ဖြစ် ၏။ သခင်ယေရှုက၊ “လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ” (ယော ဟန် ၆း၅၃) ဟုမိန့်တော်မူ၏။ တဖန်ကိုယ်တော်က မိမိကိုယ်တိုင်အကြောင်းနှင့်ပတ်သက်၍ “ငါပြော သောစကားသည်ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။” (ယော ၆း၆၃)။ ဟုရှင်းလင်းစွာဖေါ်ပြထားတော်မူ ၏။ ကျွန်ုပ်တို့ကိုယ်ကာယသည် ကျွန်ုပ်တို့စားသောက်သောအဟာရမှဖြစ်ပေါ်လာ၏။ ၎င်း ကာယနှင့် ဆိုင်သောမှုရေးကိစ္စနည်းတူ ဝိညာဉ်ရေးကိစ္စတွင်လည်းဖြစ်ပေသည်။ ကျွန်ုပ်တို့ဆင်ခြင်အောက်မေ့သော အရာအပေါ်၌အမှီပြု၍ ကျွန်ုပ်တို့၏ဝိညာဉ်ရေးသည် အစွမ်းသတ္တိနှင့်ခွန်အားကိုရရှိလိမ့်မည်။SC 118.1

    ရွေးနုတ်ခြင်းအကြောင်းသည် ကောင်းကင်တမန်များစေ့စေ့ကြည့်ရှုနားလည်လိုသောအချက်တစ်ခု ဖြစ်သည်။၎င်းမကုန်ဆုံးနိုင်သောထာဝရကာလအဆက်ဆက်ရွေးနုတ်ခြင်းခံရသူတို့သိကျွမ်းနားလည် သောအချက်နှင့်သီဆိြုွေကးကြော်နေသောအကြောင်းအရာဖြစ်လိမ့်မည်။ ၎င်းအကြောင်းကို ယခု သေချာစွာဆင်ခြင်လေ့လာဖို့မသင့်လျော်သလော။ သခင်ယေရှု၏အနန္တကရုဏာတော်နှင့်မေတ္တာတော်၊ ၎င်းပြင်ကျွန်ုပ်တို့အတွက် ပြုပြင်တော်မူသောအသက်စွန့်ခြင်းအမှုကို လေးနက်ကြည်ညိုမြတ်နိုးစွာဖြင့် ဆင်ခြင်သတိရဖို့သင့်ပေသည်။ ကျွန်ုပ်တို့ကိုရွေးနုတ်တော်မူ၍ ကြားဖျန်ဖြေမှုကို ပြုနေတော်မူသောအရှင် ၏သဘောတော်ကို ကျွန်ုပ်တို့သည် စိတ်ထဲ၌စွဲမြဲစွာမှတ်သားလျက်နေရကြမည်။ မိမိ၏လူတို့ကိုအပြစ်မှ ကယ်နုတ်ရန်ြွကလာတော်မူသောအရှင်၏အမှုတော်ကို ကျွန်ုပ်တို့သည် ဆင်ခြင်အောက်မေ့လျက်နေရကြ မည်။ ကျွန်ုပ်တို့သည် ကောင်းကင်နှင့်ဆိုင်သောအကြောင်းအရာကြီးများကို ထိုသို့ကြည့်ရှုဆင်ခြင်ကြ သောအခါ ကျွန်ုပ်တို့၏ယုံကြည်ြခင်းနှင့်မေတ္တာသည် သာ၍ခိုင်ခံ့တည်မြဲလာပြီး ကျွန်ုပ်တို့၏ဆုတောင်း ချက်များသည် ယုံကြည်ခြင်း၊ ချစ်ခြင်းတို့နှင့် သာ၍ရောနှောရမည်ဖြစ်သောကြောင့် င်းတို့သည်သိသာ ထင်ရှား၍ စိတ်အားတက်ဖွယ်ဖြစ်လိမ့်မည်။ သခင်ယေရှု၌သာ၍ယုံကြည်ကိုးစာခြင်းနှင့် ကိုယ်တော်အား ဖြင့် ဘုရားသခင်ထံချဉ်းကပ်သောသူတို့ကိုကယ်တင်ခြင်ငှာ အဆုံးတိုင်အောင်တတ်စွမ်းနိုင်တော်မူသော ကိုယ်တော်၏ဘုန်းတော်၌ နေ့စဉ်ကိုယ်တို်င်ခံစားရသော ဗဟုသုတကိုရရှိကြလိမ့်မည်။SC 118.2

    ကျွန်ုပ်တို့သည် ကယ်တင်ရှင်၏ စုံလင်ခြင်းအကြောင်းများကို ဆင်ခြင်အောက်မေ့ကြသောအခါ ကိုယ်တော်၏သန့်ရှင်းသောပုံသဏ္ဍာန်မျိုးတွင် လုံးလုံးအသစ်ပြုပြင်ခြင်းခံရဖို့ အလိုရှိလာကြလိမ့်မည်။ ကျွန်ုပ်တို့ကြည်ညိုကိုးကွယ်သောအရှင်နှင့်တူညီလာရန် ဝိညာဉ်၏ငတ်မွတ်ဆာလောင်ခြင်း ရှိလာလိမ့်မည် ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏အကြောင်းကို သာ၍ဆင်ခြင်းစဉ်းစာလေ ကျွန်ုပ်တို့သည် ကိုယ်တော် ၏အကြောင်းကို သူတစ်ပါးတို့အား သာ၍ပြေပြလျက်လောကအားကိုယ်တော်၏အကြောင်းကို သာ၍ ဖေါ်ပြလေလေဖြစ်၏။SC 120.1

    ကျမ်းစာတော်မြတ်သည် စာပေလိုက်စားသူတို့အဖို့သာဖြစ်သည်မဟုတ်။ သာမညလူများအတွက် စီမံကြံစည်ထားတော်မူ၏။ ကယ်တင်ခြင်းအတွက်လိုအပ်သောသမ္မာတရားကြီးများသည် နေမွန်းတည့် အချိန်ကဲ့သို့ထင်ရှားကြသည်း။ ၎င်းပြင် ထင်းရှားစွာဖေါ်ပြထားသောဘုရားသခင်၏အလိုတော်အစား မိမိ ဝေဖန်ချက်ကိုသာ လိုက်နာသောသူတို့မှလွဲ၍ မည်သူမဆို မှားယွင်း၍ လမ်းလွဲသွားလိမ့်မည်မဟုတ်။SC 121.1

    ကျမ်းစာက မည်ကဲ့သို့သွန်သင်သည့်အကြောင်း လူတစ်စုံတစ်ယောက်၏သက်သေခံချက်ကို ကျွန်ုပ်တို့သည်မယူအပ်ဘဲ မိမိတို့ကိုယ်တိုင်သိရှိရန် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို လေ့ကျက်ရကြမည်။ ကျွန်ုပ်တို့သည်မိမိတို့ကိုယ်တိုင်စဉ်စားဆင်ခြင်ရမည့်အမှုကိုအခြားသူတို့အားပြုလုပ်ခိုင်းလျှင်ကျွန်ုပ်တို့၏ခွန်အာသတ္တိများသည်ချို့တဲ့၍အရည်အချင်းများသည်ကျုံ့သွားလိမ့်မည်။များစွာစိတ်လန်းလာစေဖို့သင့်သောအကြောအရာကြီများကိုလေ့လာမှုချွတ်ယွင်းခြင်းအားဖြင့်ဘုရားသခင်၏နှုတ်ကပါဌ်တော်တွင်ရှိသည့်လေးနက်သောအနက်အဓိပ္ပါယ်ကိုဆွဲထုတ်နိုင်သောအစွမ်းသတ္တိကိုယုတ်လျော့သွားစေလောက်အောင်စိတ်မြင့်မြတ်သောသတ္တိများ သည်သေးသိမ်သွားလိမ့်မည်။ကျမ်းချက်တစ်ခုနှင့်တစ်ခု၊ဝိညာဉ်ရေးနှင့်ဆိုင်သောအကြောင်းအရာတစ်ချက်နှင့်တစ်ချက်နှိုင်းယှဉ်လျက် ကျမ်းစာတော်မြတ်၏ အကြောင်းအရာများတွင် တစ်ခုနှင့်တစ်ခုဆက်သွယ်မှုတို့ကို စုံစမ်းရှာဖွေရာတွင် စိတ်ကိုအသုံးပြုလျှင် ၎င်းသည် ကျယ်ဝန်းလာလိမ့်မည်။SC 121.2

    ကျမ်းစာကိုလေ့ကျက်ခြင်းထက် အဘယ်အရာမျှဝေဖန်ပိုင်းခြားတတ်သောဥာဏ်ကိုမတိုးပွားစေပါ။ ကျမ်းစာတော်မြတ်၏ကျယ်ဝန်း၍ဂုဏ်သရေတိုးတက်စေသော သမ္မာတရားများလောက် အဘယ်စာအုပ်မျှ ဆင်ခြင်ဥာဏ်ကိုမြှင့်တင်ပေး၍ ဥာဏ်စွမ်းများကိုအားဖြည့်စေရန် တန်ခိုးနှင့်မပြည့်စုံကြချေ။ ဘုရားသခင် ၏နှုတ်ကပါဌ်တော်ကိုလေ့ကျက်သင့်သည်အတိုင်း လေ့ကျက်ကြလျှင် လူတို့၌ယခုကာလတွင်တွေ့နိုင်ခဲ့ သည့်အမြင်ကျယ်သောစိတ်၊ မြင့်မြတ်သောအကျင့်စာရိတ္ထ ၊ ခိုင်ခံ့တည်မြဲသောရည်ရွယ်ချက်များနှင့်ပြည့်စုံ ကြလိမ့်မည်။SC 121.3

    သို့ရာတွင် ကျမ်းစာကိုအလျင်အမြန်ဖတ်ရှုခြင်းအားဖြင့် အနည်းသာအကျိုးခံစားရသည်။ တစ်စုံ တစ်ယောက်သည် ကျမ်းစာတစ်အုပ်လုံးကိုကုန်အောင်ဖတ်နိုင်လိမ့်မည်။ သို့ရာတွင်သူသည် ၎င်း၏တင့်တယ်ခြင်းကိုမမြင်(သို့မဟုတ်)၎င်း၏နက်နဲလှိျု့ဝှက်သောအဓိပ္ပါယ်တို့ကိုမသိနားမလည်ချေ။ ကျမ်းချက်တစ် ချက်၏ အနက်အဓိပ္ပါယ်သည် စိတ်ထဲ၌ထင်းရှားရှင်းလင်းလာ၍ ကယ်တင်ခြင်းအကြံတော်နှင့် ၎င်း၏ဆက်သွယ်မှုသည် ထင်ရှားသိသာလာသည်တိုင်အောင် ၎င်းကျမ်းချက်ကိုလေ့ကျက်ဖတ်ရှုခြင်းသည် သေချာသောရည်ရွယ်ချက်မရှိ။အကယ်ပင်သွန်သင်သြဝါဒပေးခြင်းကိုဖတ်သွားခြင်းထက်သာ၍အကျိုးရှိပေ သည်။သင်၏ကျမ်းစာအုပ်ကို သင်နှင်အတူတကွရှိပါစေ။ ၎င်းပြင်သင်၌အခွင့်သာသေအခါဖတ်ကြည့် ပါ။ ကျမ်းချက်ကိုသင်၏စိတ်ထဲ၌ စွဲမြဲစွာမှတ်ထားပါ။ သင်သည် လမ်းလျှောက်သွားနေစဉ်ပင် ကျမ်းချက် တစ်ချက်ကိုဖတ်၍ ၎င်းအကြောင်းကို ဆင်ခြင်တွေးတောနိုင်သည်။ ထိုနည်းအားဖြင့် ၎င်းကိုသင်၏စိတ်ထဲ ၌စွဲမှတ်စေနိုင်၏။SC 122.1

    ကျွန်ုပ်တို့သည်စိတ်ပါစွာဂရုစိုက်ခြင်း၊ဆုတောင်းခြင်းမရှိဘဲလေ့ကျက်လျှင်ပညာကိုမရရှိနိုင်။သမ္မာကျမ်းစာ၏အခိျု့အပိုင်းများသည်အယူအဆမမှားစေနိုင်လောက်အောင်လွယ်ကူလွန်းလှပေသည်။သို့ရာတွငရုတ်တရက်ကြည့်ရှုလိုက်ရုံဖြင့် အဓိပ္ပါယ်မပေါ်လွင်နိုင်သေးသောအခြားအချက်များရှိသေး သည်။ ကျမ်းစာတစ်ချက်ကို အခြားကျမ်းစာတစ်ချက်နှင့်နှိုင်းယှဉ်ကြည့်ရမည်။သေသေချာချာစစ်ဆေးရှာဖွေစူးမ်း၍ဆုတောင်းနှင့်ပြန်စဉ်းစားဆင်ခြင်ရမည်။ဤကဲ့သို့လေ့ကျင့်ဖတ်ရှုခြင်းသည်ပြန်၍အကျိုးများစွာဖြစ်ပေါ်လာစေမည်။မြေကြီးမျက်နှာပြင် အောက်၌ကွယ်ဝှက်နေသောအဖိုးတန်သတ္တုများ၏အကြောများကိုသတ္တုတွင်းတူးသူသည် တွေ့ရှိရသည်နည်းတူ ဘုရားသခင်၏နှုတ်ကပါဌ်ကျမ်းစာကို ဝှက်ထားသောဘဏ္ဍာကဲ့သို့ကြိုးစား၍ရှာဖွေစူးစမ်းသောသူသည် သတိနှင့်မရှာသောသူတို့ထံမှ ကွယ်ဝှက် နေသည့် အဖိုးအများဆုံးထိုက်တန်သောသမ္မာတရားများကို တွေ့ရှိရလိမ့်မည်။ ဝိညာဉ်တော် တိုက်တွန်းနှိုးဆော်ခြင်းဖြင့်ရေးသာထားသောနှုတ်ပါဌ်စကားများကိုစိတ်နှလုံးထဲ၌ဆင်ခြင်အောက်မေ့လျှင်၎င်းတို့သည်အသက်စမ်းရေတွင်းမှစီးဆင်သောစမ်းရေနှင့်တူကြလိမ့်မည်။SC 122.2

    ဆုမတောင်းဘဲဘယ်ခါမျှ ကျမ်းစာကိုဖတ်ရှုလေ့ကျက်ခြင်းမပြုရ။ ကျမ်းစာအုပ်ကိုမဖွင့်မီ သန့်ရှင်း သောဝိညာဉ်တော်၏ ပြုပြင်လမ်ပြခြင်းတန်ခိုးကိုရရှိရန် ကျွန်ုပ်တို့သည် ဆုတောင်းရကြမည်။ နာသနေလ သည် သခင်ယေရှုထံလာသောအခါ ကယ်တင်ရှင်က၊ “လှည့်ဖြားခြင်းအပြစ်နှင့်ကင်းလွတ်သောဣသရေ လလူစစ်ကိုကြည်ရှုလော့” ဟုမိန့်တော်မူ၏။ နာသနလကလည်း၊ “ကိုယ်တော်သည်အဘယ်သို့သောအား ဖြင့်အကျွန်ုပ်ကိုသိတော်မူသနည်း” ဟုပြန်၍မေးလျှောက်သော်၊ သခင်ယေရှုက၊ “ဖိလိပ္ပု၊ ငါသည် သင့်ကို မခေါ်မီ သင်သည် သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကိုမြင်သည်” ဟုပြန်၍မိန့်တော်မူ၏။ (ယောဟန် ၁း၄၇၊၄၈)။ သမ္မာတရားသည် အဘယ်အရာဖြစ်သည်ကိုနားလည်မည်အကြောင်း အလင်းတရားကိုရရှိရန် ကျွန်ုပ်တို့သည် သခင်ယေရှုကိုရှာကြလျှင် ကိုယ်တော်သည်ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းသောကျွန်ုပ် တို့ကိုလည်း မြင်တော်မူလိမ့်မည်။ အလင်းနှင့်ပြည့်ဝသော လောကမှကောင်းကင်တမန်တို့သည် ဘုရား သခင်၏လမ်းပြစောင့်ရှောက်ခြင်းကို နှိမ့်ချသောစိတ်နှလုံးဖြင့်ရှာဖွေသောသူတို့နှင့်အတူ ရှိလိမ့်မည်။SC 123.1

    သန့်ရှင်းသောဝိညာဉ်တော်သည် ကယ်တင်ရှင်ကိုချီးမြှောက်၍ဘုန်းတော်ကိုထင်းရှားစေတော်မူ၏၊ သခင်ခရစ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအဖြစ်၌ သန့်စင်ခြင်းကိုလည်းကောင်း၊ ကိုယ်တော်အားဖြင့် ကျွန်ုပ်တို့ရရှိသောကယ်တင်ခြင်းအမှုကြီးကိုလည်းကောင်း ဖေါ်ပြခြင်းသည် ၎င်း၏ အလုပ်ဖြစ်သည်။ သခင်ယေရှုက၊ “ထိုသူသည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖေါ်ပြလိမ့်မည်” ဟုမိန့်တော်မူ၏။ (ယောဟန် ၁၆း၁၄)။ သမ္မာတရား၏ဝိညာဉ်သာလျှင် ဘုရားသခင်၏သမ္မာတရားကို အကျိုး ဖြစ်ထွန်းစေအောင် သွန်သင်တော်မူသောဆရာဖြစ်သည်။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူသတ္တဝါတို့အတွက် စွန့်တော်မူ၍ မိမိ၏ဝိညာဉ်တော်အား လူတို့၏ဆရာနှင့်အစဉ်အဆက်လမ်းပြသူ အဖြစ်ခန့်အပ်ထားတော်မူသည့်အတွက်ကြောင့် ဘုရားသခင်သည် လူသတ္တဝါတို့အား မည်မျှလောက်ဂရု စိုက်အရေးယူရတော်မူမည်နည်း။SC 123.2