Loading...
Larger font
Smaller font
Copy
Print
Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပဋ္ဌနာပြုခြင်းအခွင့်အရေး

    သဘာဝနှင့် ဗျာဒိတ်တော်အားဖြင့်၎င်း၊ မိမိကိယ်တိုင်စီမံချပေးတော်မူသောအရာများအားဖြင့်၎င်း၊ မိမိ၏ဝိညာဉ် တော်ပြုပြင်တော်မူခြင်းအားဖြင့်၎င်း၊ ဘုရားသခင်သည်ကျွန်ုပ်တို့အားစကားပြောတော်မူ၏။ သို့ရာတွင်ဤအမှုတို့ ဖြင့်မလုံလောက်သေးပါ။ ကျွန်ုပ်တို့ကလည်းမိမိတို့၏စိတ်နှလုံးထဲ၌ရှိသောအရာများကိုဘုရားသခင်အားဖွင့်ပြရ ကြလိမ့်မည်။ဝိညာဉ်အသက်နှင့် အင်အားသတ္တိကိုရရှိရန်ကျွန်ုပ်တို့သည်မိမိတို့ကောင်းကင်ခမည်းတော်နှင့်အ ကယ်ပင်ဆက်သွယ်လျက်ရှိရမည်။ ကျွန်ုပ်တို့၏စိတ်များသည်ဘုရားသခင်ကိုစွဲလန်းနိုင်ကြသည်။ ကျွန်ုပ်တို့ သည်ဘုရားသခင်၏အမှုတော်ကို၎င်း၊ ကရုဏာတော်တို့ကို၎င်း၊ ကောင်းကြီးမင်္ဂလာများကို၎င်းဆင်းခြင်အောက် မေ့နိုင်ကြသည်။ သို့သော်ဤအမှုတို့သည်ဘုရားသခင်နှင့်ပေါင်းသင်းဆက်ဆံခြင်းဖြစ်သည်ဟုလုံးလုံးအဓိပ္ပါယ် မသက်ဝင်ချေ။ ဘုရားသခင်နှင့်ပေါင်းသင်းဆက်ဆံခြင်းအခွင့်ရရှိဘို့ရန်ကျွန်ုပ်တို့သည်မိမိတို့အသက်တာတွင် အကယ်ဖြင့်ပျက်သောအကြောင်းအရာအချို့တို့ကိုဘုရားသခင်အားဖြင့်ပြောပြရကြလိမ့်မည်။SC 127.1

    ဆုတောင်းခြင်းသည်စိတ်နှလုံးထဲ၌ရှိသောအရာတို့ကိုမိတ်ဆွေတဦးအားဖွင့်ပြသကဲ့သို့ ဘုရားသခင် အားဖွင့်ပြခြင်းဖြစ်၏။ ကျွန်ုပ်တို့သည်မည်ကဲ့သို့သောသူများဖြစ်ကြသည်ကိုဘုရားသခင်အားသိရှိတောမူစေဘို့မ လိုပါ။ ဘုရားသခင်ကိုလက်ခံနိုင်မည့်အကြောင်း ကျွန်ုပ်တို့ကိုယ်ကိုပြုပြင်ပေးတော်မူဘို့သာဖြစ်သည်။ ဆု တောင်းခြင်းသည်ဘုရားသခင်ကိုကျွန်ုပ်တို့ထံသို့မယူဆောင်ဘဲကျွန်ုပ်တို့ကိုဘုရားသခင်ထံသို ပို့ဆောင်၏။ သခင်ယေရှုသည်မြေကြီးပေါ်၌ရှိတော်မူစဉ်ကမိမိ၏တပည့်တော်များအားမည်ကဲ့သို့ဆုတောင်းရမည်ကိုသွန် သင်ပေးတော်မူ၏။ မိမိတို့၌နေ့စဉ်လိုသောအရာများကိုဘုရားသခင်အားဘောပြရန်နှင့်မိမိတို့၏စိုးရိမ်ပှုပန်ခြင်းရ သမျှတို့ကိုဘုရားသခင်အပေါ်၌ချထားရန်ကိုယ်တော်ကသူတို့အားညွန်ပြတော်မူ၏။ သူတို့၏တောင်းလျှောက် ချက်များကိုနားညောင်းတော်မူမည်ဟုသူတို့အားပေးတော်မူသောဂတိတော်သည်ကျွန်ုပ်တို့ တွက်လည်းဖြစ်ပေ သည်။SC 127.2

    သခင်ယေရှုကိုယ်တော်တိုင်သည်လူတို့နှင့်အတူနေထိုင်တော်မူစဉ်အခါက၊မကြာခဏဆုတောင်းတော်မူတတ်၏။ ကျွန်ုပ်တို့၏ကယ်တင်ရှင်သည်အလုပ်ဝတ္တရားနှင့် စုံစမ်းနှောင့်ယှက်ခြင်းကိုရင်ဆိုင်နိုင်မည်အကြောင်း ခွန်းအားအသစ်ကိုချပေးတောမူရန်၊ မိမိ၏ခမည်းတော်ထံတောင်းလျှောက်လျက် အသနားခံသောသူဖြစ်လာ တော်မူရာတွင်၊ ကျွန်ုပ်တို့၌လိုသောအရာနှင့်အားနည်းခြင်းရှိသည်နည်းတူ ကိုယ်တော်ျွလည်းထပ်တူထပ်မျှရှိ တော်မူကြောင်းပြ၏။ ကိုယ်တော်သည်အရာခပ်သိမ်း၌ကျွန်ုပ်တို့အဘို့ပုံသက်သေဖြစ်တော်မူ၏။ “ကိုယ်တော် သည်ငါတို့ခံရသည်နည်းတူအမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းကိုခံဘူးသောသူဖြစ်လျက်၊” ကျွန်ုပ်တို့၏အား နည်းခြင်းအမှုများတွင် ကျွန်ုပ်တို၏အစ်ကိုဖြစ်တော်မူ၏။ သို့ရာတွင်အပြစ်နှင့်ကင်းစင်သောအရှင်ဖြစ်သည်အ လျောက်ဒုစရိုက်သည်ကိုယ်တော်ထံသို့မချဉ်ကပ်နိုင်။ ကိုယ်တော်သည်အပြစ်နှင့်ပြည့်ဝသောလောကထဲ၌ ဝိညာဉ်တိုင်လှန်းခြင်းနှင့် ညှင်းဆဲခြင်းနှိပ်စက်ခြင်းတို့ကိုခံရပ်နိုင်တော်မူ၏။ ကိုယ်တော်၏လူဇာတိုအဖြစ်သည် ဆုတောင်းခြင်းကိုလိုသောအရာတခုနှင့်အခွင့်အရေးတခုဖြစ်စေ၏။ ကိုယ်တော်သည်မိမိ၏ခမည်းတော်နှင့်မိဿ ယဖွဲ့ခြင်း၌စိတ်သက်သာခြင်းနှင့်ဝမ်းမြောက်ခြင်းကိုတွေ့ရှိရ၏။ ၎င်းပြင်လူတို့၏ကယ်တင်ရှင်ဖြစ်တော်မူသောဘု ရားသားတော်သည်ဆုတောင်းဘို့လိုကြောင်းကိုသိရှိတော်မူလျှင်၊ အားနည်းအပြစ်ရှိ၍သေတတတ်သောလူ သည်အစဉ်စိတ်အားကြီးစွာ ဆုတောင်းဘို့လိုကြောင်းကိုသာ၍သိသင့်သည်မဟုတ်လော။SC 128.1

    ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့အားကောင်းကြီးမင်္ဂလာများကိုအပြည့်အစုံချပေး တော်မူရန်စောင်းဆိုင်းလျက်ရှိတော်မူ၏။ အတငိးအရှည်မရှိသောမေတ္တာတော်၏စမ်းရေတွင်း၌များစွာရေ သောက်ဘို့အမှုသည် ကျွန်ုပ်တို့၏အခွင့်အရေးဖြစ်သည်။ ကျွန်ုပ်တို့သည်အနည်းငယ်သာဆုတောင်းကြသည် မှာ အဘယ်မျှလောက်အံ့သြဘို့ကောင်းသလဲ။ ဘုရားသခင်၏ သားသမီးတို့တွင်အောက်အကျဆုံးသောသူ၏ ရိုးသားစွာဆုတောင်းချက်ကိုဘုရားသခင်သည်နားညောင်းတော်မူရန်အသင့်ရှိ၍ အလိုရှိတော်မူ၏။ သို့ရာတွင် ကျွန်ုပ်တို့ကား မိမိတို့၏လိုသောအရာကိုဘုရားသခင်အားဘော်ပြနိုင်ရန်စိတ်မပါကြကြောင်းများစွာထင်ရှားပေ သည်။ အနန္တမေတ္တာနှင့်ပြည့်ဝတေယ်မူသောဘုရားသခင်၏စိတ်နှလုံးတော်သည် လူတို့အားတသလျက်၊ သူတို့ တောင်းနိုင်စဉ်းစားနိုင်သည်ထက်ပို၍ သူတို့အားပေးရန်အသင့်ရှိတော်မူသော်လည်း၊ သူတို့သည်အနည်းငယ် သာဆုတောင်းကြ၍ သူတို့၌အနည်းငယ်သာယုံကြည်းခြင်းရှိကြသောအခါ၊ စုံစမ်းခြင်းကိုခံနေရကြသည့်သနား စရာကောင်း၍အားကိုးရာမဲ့ဖြစ်နေသောလူသတ္တဝါတို့ကိုကောင်းကင်တမန်တို့က မည်ကဲ့သို့ထင်မှတ်ရကြလိမ့် မည်နည်း။ ကောင်းကင်တမန်တို့သည်ဘုရားသခင်ရှေ့တော်၌ဦးညွတ်ချ၍အထံတော်သို့ချဉ်းကပ်ရန်နှင့်သက် ကြသည်။ သူတို့သည် ဘုရားသခင်နှင့်ရင်းနှီးစွာဆက်ဆံပေါင်းသင်းရခြင်းအမှုကိုမိမိတို့၏အမြတ်ဆုံးစည်းစိမ်ကဲ့ သို့ထင်မှတ်ကြသည်။ သို့သော်ဘုရားသခင်သာလျှင်ပေးနိုင်တော်မူသောအကူအညီကိုများစွာလိုကြသည့်လော ကသားသမီးတို့ကား ဘုရားသခင်၏ဝိညာဉ်တော်အလင်းမရရှိ၊ ဘုရားသခင်ကိုယ်တော်တိုင်မိမိတို့နှင့်အတူရှိ ခြင်းကိုအလိုမရှိကြဘဲ၊ သွားလာဘို့ရန်စိတ်ကြေနပ်ဟန်ရှိကြပေသည်။SC 129.1

    ဆုတောင်းဘို့သတိမပြုတတ်သောသူတို့၏ပတ်ဝန်းကျင်တွင်နတ်ဆိုး၏မှောင်ရိပ်သည်လွှမ်းမိုးလျက်ရှိ တတ်၏။ ရန်သူကလေသံဖြင့်ပြောဆိုသွေးဆောင်နေခြင်းဖြင့်သူတို့သည် အပြစ်သွေးဆောင်ရာသို့လိုက်ပါသွား တတ်ကြသည်။ဆုတောင်းဘို့ရန်ဘုရားသခင်စီမံထားသောအခွင့်အရေးကိုသူတို့သည်အသုံးမျကြသောကြောင့် ဤကဲ့သို့ဖြစ်ရကြ၏။ ဆု တောင်းခြင်းသည် ယုံကြည်သောသူတို့၏လက်ထဲ၌အနန္တတန်ခိုးရှင်၏အတိုင်းအရှည်မရှိသောဥစ္စာဘဏ္ဍာများ ကိုသိုထားရာကောင်းကင်ဘဏ္ဍာတိုက်ကိုဖွင့်ရန်သော့ဖြစ်သောကြောင့်၊ ဘုရားသခင်၏သားသမီးတို့သည်အ ဘယ်ကြောင့်ဆုတောင်းဘို့ရန်စိတ်ပါဝင်စားခြင်းမရှိကြသလဲ။ မခြားမလပ်ဆုတောင်းခြင်း၊ ဝိရိယနှင့်စောင့်နေ ခြင်းမရှိလျှင်၊ ကျွန်ုပ်တို့သည်တိုး၍သတိမပြုပေါ့လျော့လျက်ဖြေင်ာင့်မှန်သောလမ်းမှလွဲသွားနေကြလိမ့်မည်။ ကန်ုပ်တို့သည်စိတ်အားကြီးစွာတောင်းလျှောက်ခြင်းယုံကြည်ခြင်းအားဖြင့်သွေးဆောင်ခြင်းကိ တားဆီးရန်ကျေး ဇူးတော်နှင့်ခွန်အားကိုမရရှိနိုင်အောင်၊ ရန်သူသည်ကျွန်ုပ်တို့အားကရုဏာတော်ပလ္လင်သို့ချဉ်းကပ်ရာလမ်းကိုအ စဉ်အမြဲပိတ်ဆို့ထားရန်ကြံစည်နေ၏။SC 129.2

    ဘုရားသခင်သည်ကျွန်ုပ်တို့၏ဆုတောင်းသံကိုနားညောင်းတော်မူမည်အကြောင်းကျွန်ုပ်တို့လိ က်နာအပ်သောစည်းကမ်းချက်အချို့ရှိပေသည်။ ပဋ္ဌမဦးဆုံးသောအချက်တခုကား၊ ကျွန်ုပ်တို့သည်ဘုရားသခင်ထံမှမစကူ ညီခြင်းကိုအလိုရှိကြကြောင်းကိုသိနားလည်ရမည်။ထာဝရဘုရားက၊“ရေငတ်သောသူအပေါ်မှ ရေကိုငါသွန်း လောင်း၍သွေ့ခြောက်သောမြေကိုရေလွှမ်းစေမည်” ဟုမိန့်တော်မူ၏။ (ဟေရှာယ၊ ၄၄း၃)ဖြောင့်မတ်ခြင်းတရား ကိုဆာငတ်မွတ်၍ဘုရားသခင်ကိုတမ်းတသောသူတို့သည်အမှန်ပင်ဝပြောခြင်းသို့ရောက်ကြလ မ့်မည်။ စိတ်နှလုံး သည်ဝိညာဉ်တော်၏ပြုပြင်ခြင်းတန်းခိုးကိုလက်ခံရမည်။ သို့မဟုတ်လျှင်ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကိုမရနိုင်။ SC 130.1

    ကျွန်ုပ်တို့၌များစွာအကူအညီလိုနေသောအချက်ပင်လျှင်လုံလောက်သောအကြာင်းရင်းဖြစ်၍ ကျွန်ုပ်တို့ အတွက်၎င်းသည်လျောက်ပတ်သောထောက်ခံချက်ဖြစ်နေ၏။ သို့ရာတွင်ဘုရားသခင်သည် ကျွန်ုပ်တို့အားဤအ ရာများကို ချပေးတော်မူစေရန် ထာဝရဘုရားကို ရှာဖွေရကြမည်။ကိုယ်တော်က၊ “တောင်းကြလော့။ တောင်း လျှင်ရမည်”(မဿဲ၊ ၇း၇) ဟုမိန့်တော်မူ၏။ ၎င်းပြင် “မိမိသားတော်ရင်းကိုမနှမြောဘဲ၊ ငါတို့ရှိ သမျှအဘို့အလို့ငှာစွန့်တော်မူသောသူသည်သားတော်နှင့်တကွခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။” (ရောမ၊ ၈း၃၂)SC 130.2

    ကျွန်ုပ်တို့သည်စိတ်နှလုံးထဲ၌ဒုစရိုက်ကိုငဲ့ကွက်နေလျှင်၊ သိသာထင်ရှားသော အပြစ်တစုံတခုကိုစွဲ မြဲစွာပြုကျင့်နေလျှင်၊ ထာဝရဘုရားသည်ကျွန်ုပ်တို့၏ဆုတောင်းသံကိုနားထောင်တော်မမူ။ သို့သော်နောင် တရ၍နှလုံးကြေကွဲသောသူတို့၏ဆုတောင်းချက်ကိုကား အစဉ်လက်ခံတော်မူ၏။ သိသာထင်ရှားသောအမှား အားလုံးကိုပြင်ပြီးသောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းချက်ကိုနားညောင်းတောင်မူလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်အားထားနိုင်ကြသည်။ ကျွန်ုပ်တို့၏ကုသိုလ်ကောင်းမှု၊ ကိုယ်ကျင့်တရားအားဖြင့်ဘယ်အခါမျှ ဘုရားသခင်ရှေ့တော်၌ကျွန်ုပ်တို့သည်မျက်နှာရကြလိမ့်မည်မဟုတ်။ သခင်ယေရှု၏အဘိုးထိုက်တန်သောအမှု အားဖြင့်ကျွန်ုပ်တို့ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်၏အသွေးတော်သည်ကျွန်ုပ်တို့ကိုဆေးကြောလိမ့် မည်။ သို့ရာတွင်ကျွန်ုပ်တို့ကိုလက်ခံမည့်အကြောင်းလိုက်နာပြုလုပ်စရာအလုပ်တခုကျွန်ုပ်တို့၌ရှိပေသည်။SC 132.1

    စိတ်အားကြီးစွာ ဆုတောင်းခြင်းတွင်အခြားအရည်အချင်းတခုကားယုံကြည်ခြင်းဖြစ်သည်။ “ဘုရားသ ခင်ထံတော်သို့ချဉ်းကပ်သောသူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကိုရှာသောသူတို့အားအ ကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်။”(ဟေဗြဲ၊၁၁း၆) သခင်ယေရှုကမိမိ၏တပည့်တော်တို့အား၊ “သင်တို့ သည်ဆုကျေးဇူးကိုရမည်ဟုယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်”ဟုမိန့်တော်မူ၏။ (မာကု၊ ၁၁း ၂၄။) ကျွန်ုပ်တို့သည်ကိုယ်တော်၏စကားအတိုင်းပြုကြသလော။SC 132.2

    ဂတိဝန်ခံချက်သည်ကျယ်ဝန်း၍အကန့်အသတ်မရှိချေ။ ၎င်းပြင်ဂတိထားတော်မူသောအရှင်သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏။ ကျွန်ုပ်တို့သည်ဆုတောင်းသောအချိန်အခါ၌တောင်းသည်အတိုင်းမရဘဲရှိနေကြသောအခါ၊ ထာဝရဘုရားသည်နားညောင်းတော်မူ၍ကျွန်ုပ်တို့တောင်း ဆိုချက်ကိုလိုက်လျောက်တော်မူမည်ဟုကျွန်ုပ်တို့ကယုံကြည်လျက်ရှိနေကြမည်။ကျွန်ုပ်တို့သည်အလွန်မှားယွင်းလျက်အမြင်ကျဉ်းတတ်ကြသဖြင့်၊ ကျွန်ုပ်တို့အဘို့ကောင်းကြီးမင်္ဂလာမဖြစ်နိုင်သောအရာကိုတခါတရံတောင်း တတ်ကြသည်။ ထိုအခါကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့၏ကောင်းကျိုးအလို့ငှါ အမြတ်ဆုံး သောအရာကိုမေတ္တာနှင့်ချပေးတော်မူသည်။ ၎င်းတို့ကား၊ ကျွန်ုပ်တို့သည်ဘုရားသခင်ထံမှရရှိသောအလင်းတ ရားအားဖြင့်အရာခပ်သိမ်းတို့ကို မိမိတို့၏အခြေအနေမှန်တိုင်းမြင်ရကြလျှင်၊ မိမိတို့ကိုယ်တိုင်ပင်၊ မိမိတို့ကိုယ် တိုင်ပင်အရာများဖြစ်သတည်း။ ကျွန်ုပ်တို့၏ဆုတောင်းချက်များအတိုင်းမရရှိသေးဟုထင်ကြလျှင်၊ ကျွန်ုပ်တို့ သည်ကတိတော်ကိုဆက်လက်စွဲကိုင်ထားရကြမည်။ အကြောင်းမူကားဆုတောင်းသံကိုနားညောင်းတော်မူသော အချိန်သည်ဧကန်အမှန်ပင်ရောက်လာ၍ ကျွန်ုပ်တို့သည်မိမိတို့၌အလိုအပ်ဆုံးသောအရာကိုရရှိကြလိမ့်မည်။ သို့ ရာတွင်ကျွန်ုပ်တို့အလိုရှိသည့်အတိုင်းဆုတောင်းချက်ကိုအစဉ်သဖြင့်လိုက်လျောလိမ့်မည်ဟူသောအချက်သည် အထင်အမြင်မျှသာဖြစ်သည်။ ဘုရားသခင်သည်မမှားနိုင်လောက်အောင်အလွန်ထူးကဲစွာပညာဥာဏ်နှင့်ပြည့်စုံ တော်မူ၍ဖြောင့်မှန်စွာကျင့်သောသူတို့အားကောင်းသောအရာတို့ကိုမပေးဘဲမနေနိုင်လောက်အောင် အလွန်ပင် ကောင်းမြတ်တော်မူ၏။ ထို့ကြောင့်သင်၏ဆုတောင်းချက်ကိုချက်ခြင်းလိုက်လျောတော်မူသည်ကိုမတွေ့ရသော် လည်း၊ ဘုရားသခင်ကိုယုံကြည်အားကိုးရန် စိတ်မပျက်ပါနှင့်။ “တောင်းကြလော့၊ တောင်းလျှင်ရမည်” ဟူသော သေချာသောဂတိတော်ကိုအားကိုးပါ။SC 132.3

    ကျွန်ုပ်တို့သည်ယုံကြည်ခြင်းမရှိသေးဘဲ၊ မိမိတို့ကိုတိုင်သေချာစွာမမြင်နိုင်သေးသောအရာရှိသမျှတို့ကို ယုံမှားခြင်း၊ စိုးရိမ်ခြင်းနှင့်ဆွေးနွေးခြင်း သို့မဟုတ်ဖြေရှင်ခြင်းပြုလျှင်၊ ၎င်းတို့သည်သာ၍ရှုပ်ထွေးခက်ခဲလာလိမ့် မည်၊ သို့ရာတွင်ကျွန်ုပ်တို့သည်မိမိတို့၌အကယ်ပင်ဖြစ်ပျက်နေသည်အတိုင်း၊ မိမိတို့၏အားကိုးရာမဲ့ဖြစ်၍အခြား သူကိုမှီခိုနေရသည့်အဖြစ်ကိုသိနားလည်လျက်ဘုရားသခင်ထံတော်သို့ချဉ်းကပ်ပြီးနောက်အနန္တဥာဏ်တော် နှင့်ပြည့်စုံတော်မူထသော၊ဖန်ဆင်းခြင်းအမှုတွင်အ လုံးစုံတို့ကိုသိမြင်တော်မူထသော၊ မိမိတို့အလိုတော်အတိုင်း၊ နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းတို့ကို စီမံအုပ်ချုပ်တော်မူထသောအရှင်ထာဝရဘုရားအား ကျွန်ုပ်တို့၌လိုသောအရာများကိုနှိမ့်ချခြင်း၊ ယုံကြည်အား ကိုးခြင်းနှင့်ဘော်ပြတောင်းပန်လျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကြွေးကြော်သံကိုနားညောင်းနိုင်၍ကျွန်ုပ်တို့ ၏စိတ်နှလုံးထဲသို့အလင်းတရားကိုထွန်းတောက်စေတော်မူလိမ့်မည်။ စိတ်ပါစွာဆုတောင်းခြင်းဖြင့်ကျွန်ုပ်တို့ သည်အစအဆုံးရှိတော်မူသောအ၇ှင်နှင့်စိတ်သဘောချင်းဆက်သွယ်ခွင့်ရကြလေသည်။ ကျွန်ုပ်တို့၏ရွေးနှုတ် ရှင်သည် ကျွန်ုပ်တို့အပေါ်၌ကြင်နာခြင်း၊ ချစ်ခြင်းနှင့်ငုံ့ကြည့်နေတော်မူသောအချိန်တွင်၊ ကျွန်ုပ်တို့၌ထူးခြား သော အကြောင်းအရာမထင်ရှားသော်လည်း၊ ကိုယ်တော်သည်အကယ်ပင်ထိုသို့ပြုတော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ကိုယ်တွယ်ခြင်းကိုမသိရကြသော်လည်း၊ ကိုယ်တော်သည်မိမိလက်တော်ကို ကျွန်ုပ်တို့အပေါ်၌ ချစ်ခြင်း၊ သနားကြင်နာခြင်းနှင့်တင်ထားလျက်ရှိတော်မူ၏။SC 133.1

    ကျွန်ုပ်တို့သည်ဘုရားသခင်ထံတော်မှကရုဏာနှင့်ကောင်းကြီးမင်္ဂလာကိုတောင်းလျှောက်ရန်ချဉ်းကပ် ကြသောအခါ၊ ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ချစ်တတ်သောသဘော၊ အပြစ်လွှတ်တ်သောသဘောများရှိရမည်။ ကျွန်ုပ်တို့၌အပြစ်မလွှတ်တတ်သောစိတ်သဘောရှိနေသေလျှင် “သူတပါးသည်အကျွန်ုပ်ကိုပြစ်မှားသောအပြစ် များကိုအကျွန်ုပ်တို့သည်လွှတ်သကဲ့သို့အကျွနု၏အပြစ်များကိုလွှတ်တော်မူပါ” (မဿဲ ၊ ၆း၁၂။) ဟူ၍ကျွန်ုပ်တို့ ဆုတောင်းနိုင်ကြဦးမည်လော။ ကျွန်ုပ်တို့၏ဆုတောင်းသံကိုနားညောင်းတော်မူစေဘို့ ကျွန်ုပ်တို့မြော်လင့်ကြလျှင် ကျွန်ုပ်တို့ကိုယ်တိုင်အပြစ်လွှတ်ခြင်းခံလိုသည့်အတိုင်းသူတပါး၏အပြစ်ကိုလည်းလွှတ်ရကြမည်။SC 134.1

    မခြားမလပ်ကြိုးစား၍ဆုတောင်းခြင်းအမှုသည်လည်းအကျိုးခံစားရခြင်း၏အကြောင်းအရင်းတခုဖြစ်၏။ ကျွန်ုပ်တို့သည်ယုံကြည်ခြင်း၌၎င်း၊ ကိုယ်တွေ့ဗဟုသုတ၌၎င်းတိုးပွားလိုလျှင်၊ အစဉ်အမြဲဆုတောင်းရကြမည်။ ကျွန်ုပ်တို့သည် “ဆုတောင်းပဋ္ဌနာပြုခြင်းအမှုကိုအမြဲပြု၍ကျေးဇူး တော်ကိုချီးမွမ်းလျက်စောင့်ရှောက်ရကြမည်။” (ကောလောသဲ ၊ ၄း ၂။)ရှင်ပေတရုက၊ “သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလိုငှာစောင့်နေကြလော့” ဟုယုံကြည်သောသူတို့အားဆုံးမသြဝါဒပေး၏။ (၁ပေတရု ၊ ၄း၇။) ရှင်ပေါလုက၊ “အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပဋ္ဌနာပြုသောအားဖြင့်သင်တို့တောင်း ပန်လိုသောအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလော့” ဟုညွှန်ကြားထား၏။ (ဖိလိပ္ပိ၊ ၄း ၆။) ရှင်ယုဒက၊ “ချစ်သူတို့၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဆုတောင်းပဋ္ဌနာပြုလျက်၊ ဘုရားသခင်ကိုချစ်ခြင်း မေတ္တာ၌ကိုယ်ကိုစောင့်ရှောက်ကြလော့” ဟုဘောပြထား၏။ (ယုဒ၊ ၂၀၊ ၂၁) မခြားမလပ်ဆုတောင်းခြင်းအမှု သည်လူအားဘုရားသခင်နှင့်အဆက်မပြတ်ဆက်သွယ်စည်းလုံးစေသဖြင့်၊ ဘုရားသခင်အထံတော်မှအသက် သည်ကျွန်ုပ်တို့၏ကိုယ်ထဲသို့ ဝင်ရောက်၍ ကျွန်ုပ်တို့၏အသက်မှသန်းရှင်းဖြူစင်ခြင်းသည်ဘုရားသခင်ထံတော် သို့ရောက်ရှိသွားပြန်၏။SC 134.2

    ဆုတောင်းခြင်းအမှုတွင်ကြိုးစားအားထုတ်ဘို့လိုပေသည်။ သင်အားအဘယ်အရာကမျှ မတားဆီးမ နှောင့်ယှက်ပါစေနှင့်။ သင်၏စိတ်ဝိညာဉ်ကိုသခင်ယေရှုနှင့်အမြဲဆက်ဆံနေစေဘို့ရန် တတ်နိုင်သမျှကြိုးစား အားထုတ်ပါ။ ဆုတောင်းခြင်းအမှုကို ပြုလုပ် မည်နေရာတိုင်းသို့ကြိုးစားပါ။ ဘုရားသခင်နှင့်ဆက်ဆံမိဿဟယ ဖွဲ့ရန်ဧကန်အမှန်ကြိုးစားသောသူတို့သည် ဆုတောင်းစည်းဝေး၌ အမြဲရှိကြ၍မိမိတို့တာဝန်ကိုသစ္စာနှင့်ဆောင် ရွက်ကြလျက်၊မိမိတို့ရရှိနိုင်သောအကျိုးကျေးဇူးများကိုလက်ခံရန်စိတ်အားထက်သန်၊စိတ်စောလျက်ရှိနေကြ သည်ကို တွေ့မြင်နိုင်သည်။ ကောင်းကင်မှ အလင်းရောင်းခြည်ကိုရရှိနိုင်သောနေရာ၌ မိမိတို့ကိုယ်တိုင်ရောက် ရှိနေစေရန် အခွင့်အရေး ရှိသမျှကိုသူတို့သည်တိုး၍ရှာဖွေကြလိမ့်မည်။SC 135.1

    ကျွန်ုပ်တို့သည်အိမ်ထောင်သားများကိုစုရုံး၍ ဆုတောင်းရကြမည်။ ၎င်းပြင်တဦးတည်းတိတ်ဆိတ်စွာ ဆုတောင်းခြင်းအမှုကိုလည်းအထူးသဖြင့်မမေ့လျော့သင့်ပေ။ ၎င်းအမှုသည်ဝိညာဉ်၏အသက်ဖြစ်သည်။ ဆုတောင်းခြင်းအမှုကိုမေ့လျော့သောအခါ၊ ဝိညာဉ်သည်အသက်ရှက်လျက် တိုးပွားဘို့ရန်မတတ်နိုင်။ အိမ်ထောင်နှင့်သို့မဟုတ်လူအများနှင့်ဆုတောင်းခြင်းသည်မလုံလောက်သေး။ ဆိတ် ငြိမ်သောနေရာတွင်ဝိညာဉ်သည်ာကည့်ရှုစစ်ဆေးတော်မူတတ်သောဘုရားသခင်၏မျက်မှောက်တော်၌ မိမိ၏ စိတ်ထဲ၌ရှိသောအရာကိုဖွင့်ပြပါစေ။ လျှို့ဝှက်တိတ်ဆိတ်စွာဆုတောင်းသံကိုနားညောင်း၇န်အသင့်ရှိတော်မူ သောဘုရားသခင်သာလျှင်ကြားနိုင်တော်မူ၏။ ထိုကဲ့သို့သောတောင်းလျှောက်သံများ၏ဝန်တာကိုခြားနားသော နားသည်မခံမယူနိုင်။တိတ်ဆိတ်လျှို့ဝှက်စွာဆုတောင်းခြင်းအမှု၌ပတ်ဝန်းကျင်၏နှေင့်ယှက်မှုများ၊ စိတ်ထကြွ စရာအချက်များမရှိချေ။ ငြိမ်းသက်တည်ကြည်၍စိတ်အားကြီးစွာ တောင်းလျှောက်ခြင်းဖြစ်၍၎င်းသည်ဘုရားသ ခင်ထံအမှန်ရောက်လိမ့်မည်။ မထင်မရှားသောအရာကိုသိမြင်တော်မူ၍စိတ်နှလုံးထဲကထွက်လာသောဆု တောင်းချက်ကိုနားညောင်းရန်အသင့်ရှိတော်မူသောအရှင်ထံတော်မှနှစ်သက်ဘွယ်ဖြစ်၍။ အမြဲတည်နေသော တန်ခိုးသည်အစဉ်ထွက်လာလိမ့်မည်။ တည်ကြည်ရိုးသားသောယုံကြည်ခြင်းဖြင့် ဝိညာဉ်သည်ဘုရားသခင်နှင့် ဆက်ဆံခွင့်ရလျက်၊ စာတန်နှင့်တိုက်ခိုက်ရာတွင်ခွန်အားကိုရရှိတည်မြဲစေရန်မိမိကိုယ်တိုင်ဘုရားသခင်ထံမှ အလင်းရောင်ခြည်များတို့ကိုစုရုံးစေလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ခွန်အားတည်းဟူသောရဲတိုက်ဖြစ် တော်မူ၏။SC 135.2

    သင်၏လုံးခြုံးသော အခန်းတွင် ဆိတ်ငြိမ်စွာဆုတောင်းပါ။ သင်သည်နေ့စဉ်လုပ်ငန်းများကိုဆောင်ရွက် နေစဉ် မကြာခဏဘုရားသခင်ထံသို့သင်၏စတ်နှလုံးကိုသက်ရောက်သွားပါစေ။ ထိုနည်းဖြင့်ဧနောက်သည်ဘု ရားသခင်နှင့်အတူသွားလာ၏။ ဤသို့တိတ်ဆိတ်စွာဆုတောင်းခြင်းအမှုသည်ကျေးဇူးတော်ပလ္လင်ရှေ့၌အဘိုး ထိုက်သောနံ့သာပေါင်းအနံ့ကဲ့သို့တတ်လျက်ရှိ၏။ မိမိစိတ်နှလုံးကိုဘုရားသခင်အပေါ်၌ ထိုသို့စွဲမြဲတည်ရှိစေ သောသူကိုစာတန်သည်မအောင်နိုင်ရာ။SC 137.1

    ဘုရားသခင်အားမိမိတို့လိုသောအရာကိုအသနားခံရန်မည်သည့်နေရာ၊ မည်သည့်အချိန်မျှ မသင့်တော် ဟူ၍မရှိချေ။ စိတ်အားကြီးစွာဆုတောင်းလျှင်ကျွန်ုပ်တို့စိတ်၌ ရှိသောအရာကို ဘုရားသခင်ထံ လျှောက် ထားခြင်းအမှုကိုမည်သည့်အရာမျှမတားဆီးနိုင်။ နေဟမိသည်မိမိအလိုရှိသောအရာကိုအာတဇေရဇ်မင်း ကြီးရှေ့တော်၌ လျှောက်ထားနေစဉ်ပြုလုပ်သည်နည်းတူ၊ လမ်း၌လူအစုအဝေးထဲတွင်၎င်း၊ အလုပ်အကိုင် လုပ်နေသည်အခါတွင်၎င်း၊ ကျွန်ုပ်တို့သည်ဘုရားသခံထံအသနားခံလျက်မိမိတို့အားလမ်းပြသွန်သင်တော်မူ ရန်လျှောက်ထားနိုင်ကြသည်။ ကျွန်ုပ်တို့သည်ဘယ်မှာဘဲနေသည်ဖြစ်စေ၊ ဘုရားသခင်နှင့်ရင်းနှီးစွာဆက်သွယ် နိုင်သည်။ သခင်ယေရှုသည်ဝိညာဉ်ထဲ၌ကောင်းကင်မှဧည့်သည်အဖြစ်နှင့်လာရောက်ကိန်းအောင်းနေတော်မူ မည်အကြောင်း၊ ကျွန်ုပ်တို့သည်မိမိတို့၏စိတ်နှလုံးတံခါးကိုဖွင့်ထား၍ခေါ်ဘိတ်ခြင်းပြုရကြမည်။SC 137.2

    ကျွန်ုပ်တို့၏ဝန်းကျင်သည်စွန်းကွက်ပျက်စီးခြင်းနှင့်ပြည့်ဝနေသော်လည်း။ ကျွန်ုပ်တို့သည် ၎င်း၏အနံ့အ သက်ကိုမရှုမရှိုက်ရကြဘဲ၊ ကောင်းကင်မှသန့််ရှင်းသောလေထဲတွင်အသက်ရှင်လျက်နေရကြမည်။ စိတ်ပါစွာဆု တောင်းရာ၌ကျွနု်ပ်တို့၏စိတ်ဝညာဉ်ကိုဘုရားသခင်ထ့မြှင့်တင်ပေးလိုက်ခြင်းဖြင့် ကျွန်ုပတို့သည်မစင်ကြယ်မ သန့်ရှင်းသောတွေးဆကြံစည်ချက်ရှိသမျှတို့ကိုတားဆီးပိတ်ပင်ထားနိုင်ကြသည်။ ဘုရားသခင်၏ထောက်ပံ့ကူညီ ခြင်းနှင့်ကောငးကြီးမင်္ဂလာကိုလက်ခံရန်မိမိတို့၏စိတ်နှလုံးကိုဖွင့်ထားသောသူတို့သည်မြေကြီးပေါ်မှာထက်သာ၍သန့်ရှင်းသောပတ်ဝန်းကျင်တွင်သွားလာကြလိမ့်မည်။ ၎င်းပြင်ကောင်းကင်နှင့်အမြဲဆက်သွယ်လျက်ရှိကြလိမ့် မည်။SC 138.1

    ကျွန်ုပ်တို့သည် သခင်ယေရှုအကြောင်းသာ၍ထင်ရှားစွာ သိမြင်၍ထာဝရကာလ၌ အကယ်ဖြစ်မည့်အ ရာများ၏တန်ဘိုးကိုသာ၍ပြည့်စုံစွာသိနားလည်ဘို့သင့်ပေသည်။ ဘုရားသခင့်သာသမီးတို့၏စိတ်နှလုံးထဲ၌ သန့်ရှင်းသောတင့်တယ်ခြင်းနှင့်ပြည့်ဝရမည်။ ၎င်းပြင်ဤကဲ့သို့ဖြစ်မြောက်စေရန်ကောင်းကင်အရာများကိုဘုရား သခင်ကဖွင့်ပြစေတော်မူဘို့ကျွန်ုပ်တို့ကြိုးစားရကြမည်။SC 138.2

    ဘုရားသခင်သည်ကျွန်ုပ်တို့အားကောင်းကင်အနှံ့အသက်ကိုရှုရိုက်စေဘို့အခွင့်ပြုတော်မူမည်အကြောင်း ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကိုအထက်သို့တက်သွားပါစေ။ ပန်းပွင့်သည်နေဘက်သို့လှည့်နေသည်နည်း တူ၊ မမြော်လင့်သော စုံစမ်းနှောင့်ယှက်ခြင်း အမှုတိုင်းတွင် ကျွန်ုပ်တို့၏ အကြံအစည်များသည် ဘုရားသခင် ဘက်သို့လှည့်နေကြမည်အကြောင်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်နီးကပ်စွာနေသင့်သည်။SC 138.3

    သင်၌လိုသောအရာများ၊ သင်၏ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ကြောက်လန့်ခြင်းအမှုများ တို့ကိုဘုရားသခင်ရှေ့တော်၌အမြဲဖွင့်ပြလော့။ သင်သည်ဘုရားသခင်အားဝန်လေး၍ပင်ပန်းခြင်းမဖြစ်စေနိုင်။ သင့်၏ခေါင်းပေါ်၌ရှိသောစံပင်ကိုရေတွက်နိုင်တော်မူသောအရှင်သည်မိမိသားသမီးများ၌လိုသောအရာကိုအမှု မထားဘဲနေတော်မမူပါ။ “ ထာဝရဘုရားသည်အလွန်သနားစုံမက်တော်မူ၏။” (ယာကုပ်၊ ၅း ၁၁။)မေတ္တာတော် နှင့်ပြည့်ဝသောကိုယ်တော်၏နှလုံးသည်ကျွန်ုပ်တို့၏ဝမ်းနည်းခြင်းအမှု၊ ထိုအကြောင်းကိုကျွန်ုပ်တို့ကပြောပြ ရုံမျှပြုခြင်းအမှုတို့အားဖြင့်ထိခိုက်ခြင်းခံရတော်မူ၏။ စိတ်ကိုရှုပ်ထွေးစေသောအရာရှိသမျှတို့ကိုကိုယ်တော်ထံသို့ ယူဆောင်သွားပါ။ ကိုယ်တော်သည်လောကဓါတ်တို့ကိုဆွဲကိုင်ထားလျက်စကြာဝဠာ၏အမှုကိစ္စအပေါင်းတို့ကိုစီ မံအုပ်ချုပ်တော်မူသဖြင့်၊ ဘယ်အရာမျှကိုယ်တော်အဘို့ဝန်လေးသည်မဟုတ်။ ကျွန်ုပ်တို့၏ ငြိမ်းချမ်းရေးနှင့်ဆိုင် သောအမှုတစုံတခုမျှကိုယ်တော်အမှုမထားနိုင်လောက်အောင်သေးငယ်ကြသည်မဟုတ်။ကျွန်ုပ်တို့၏ကိုယ်တွေ့အဖြစ်ပျက်များတွင် ကိုယ်တော်မကြည့်ရှုနိုင်လောက်အောင် မည်သည့်အခန်းမျှမှောင်မိုက်မနေကြပါ။ ကိုယ် တော်မဖြေရှင်းနိုင်လောက်အောင်ခက်ခဲသောအရှုပ်အထွေးများလည်းတစုံတခုမျှမရှိပါ။ ကျွန်ုပ်တို့၏ကောင်းကင် ခမည်းတော်ဂရုစိုက်တော်မမူ သို့မဟုတ် ချက်ခြင်းအရေးမယူဘဲ၊ မည်သည့်ဘေးအန္တရာယ်တစုံတခုမျှမိမိ၏သား သမီးတိုပအပေါ်၌မသက်ရောက်စေရ။ မည်သည့်စိုးရိမ်ပူပန်ခြင်းမျှဝိညာဉ်ကိုမနှောက်ယှက်ရမည်သည့်ဝမ်း မြောက်ခြင်းမျှအားပေးနှိုးဆော်ခြင်းမပြုရ၊ မည်သည့်ရိုးသားစိတ်ပါသောဆုတောင်းချက်မျှနှုတ်မမြွက်ဆိုရ။(ဆာလံကျမ်း၊ ၁၄၇း၃။) မိမိချစ်တော်မူသောသားတော်ကိုစွန့်တော်မူခြင်းအမှု၌မိမိအပြင် အခြားသူအကျိုးမခံ စားဘပ်သကဲ့သို့၊ ဘုရားသခင်နှင့်ဝိညာဉ်အသီးသီးတို့၏ ဆက်သွယ်မှုသည်ထင်ရှားပြည့်စုံလေ၏။SC 139.1

    သခင်ယေရှုက၊ “သင်တို့သည် ငါ၏နာမကိုအမှီပြု၍ဆုတောင်းကြလိမ့်မည်။ သင်တို့အဘို့အလို့ငှါ ငါသည်ခမည်းတော်ကိုတောင်းမည်ဟုမဆို၊ အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်တော်တိုင်သင်တို့ကို ချစ်တော်မူ၏။” (ယောဟန်၊ ၁၆း၂၇။) “ငါသည်သင်တို့ကိုရွေးကောက်သဖြင့်….ငါ၏နာမကိုအမှီပြု၍ ခမည်း တော်မှာ တောင်းသမျှတို့ကိုရမည်အကြောင်းသင်တို့ကိုငါခန့်ထား၏။” ယောဟန်၊ ၁၅း ၁၆။ ဟုမိန့်တော်မူ ၏။ သို့ရာတွင်သခင်ယေရှု၏နာမ၌ဆုတောင်းခြင်းဆိုသည်မှာ၊ ဆုတောင်းပဋ္ဌနာ၏အစနှင့်အဆုံး၌ကိုယ်တော် ၏နာမကိုမြွက်ဆိုရုံသာပြုခြင်းထက်သာသောအမှုတစုံတခုဖြစ်သည်။ ကျွန်ုပ်တို့သည်ကိုယ်တော်၏ဂတိတော် များယုံကြည်လျက်ကိုယ်တော်၏ကျေးဇူးတော်ကိုအားကိုးမှီခို၍ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်နေကြ စဉ်၊ သခင်ယေရှု၏စိတ်သဘောမျိုးနှင့်ဆုတောင်းရမည်ကိုဆိုလိုသည်။SC 141.1

    ကျွန်ုပ်တို့တွင်တချို့တို့သည် ရသေ့၊ ရဟန်းဖြစ်လာ၍ ဘုရားဝတ်ပြုကိုးကွယ်ခြင်းအမှု၌ စိတ်ပါဝင်စား ခြင်းရှိလာရန်၊ လောကထဲမှထွက်လာကြရမည်ဟုဘုရားသခင်ကဆိုလိုတော်မမူပါ။ ကျွန်ုပ်တို့၏အသက်တာ သည်သခင်ခရစ်တော်၏အသက်တာမျိုးနှင့်တူရမည်။ ဆိတ်ကွယ်ရာတောင်ပေါ်နှင့်လူအစုအဝေးတို့အထဲတွင် သွားချေလာချေနှင့်အချိန်ကုန်စေသောအသက်တာမျိုးဖြစ်ရမည်။ ဘာမျှမပြုလုပ်ဘဲဆုတောင်းခြင်းအမှုကိုသာ ပြုနေသောသူသည်မကြာမှီဆုတောင်းခြင်းအမှုကိုရပ်စဲစေလိမ့်မည်။ သို့မဟုတ် သူ၏ဆုတောင်းခြင်းအမှုသည် အပေါ်ယံလုပ်ငန်းမျှသာဖြစ်လာလိမ့်မည်။ လူသည်ပေါင်းသင်ဆက်ဆံရေးအမှုနှင့်ကင်းကွာလျက်ခရစ်ယာန်တို့ ၏တာဝန်နှင့်လက်ဝါးကပ်တိုင်ထမ်းဆောင်းခြင်းအလုပ်မှဝေးကွာနေသောအခါ၊ မိမိတို့အတွကစိတ်အားကြီးစွာ အမှုဆောင်တော်မူသောသခင်ဘုရားအတွက်စိတ်ပါစွာအမှုဆောင်ရွက်ခြင်းမရှိသောအခါ၊ ဆုတောင်းခြင်းတွင် ပါရှိသောအချက်တို့ကိုမေ့လျော့လာကြပြီးလျှင် ဘုရားတရားကိုကြည်ညိုသောစိတ်သဘောကင်းလာ၏။ သူတို့ ၏ဆုတောင်းချက်များသည် မိမိတကိုယ်တည်းနှင့်သာ ဆိုင်လျက် ကိုယ်ကျိုးရှာသောအမှုဖြစ်လာ၏။ သူတို့သည်လူသတ္တဝါတို့၏ဆင်းရဲဒုက္ခ၊ သို့မဟုတ်သခင်ခရစ် တော်၏နိုင်ငံတော်ကိုတည်ထောင်မှုနှင့်စပ်ဆိုင်၍ လိုအပ်သောခွန်အားသတ္တိကိုရရှိရန်ဆုမတောင်းနိုင်ကြ။SC 141.2

    ဘုရားသခင်၏အမှုတော်တွင်ကျွန်ုပ်တို့အချင်းချင်းတို့ကို အားပေးတိုက်တွန်းခြင်းငှါ ပေါင်းသင်းဆက် ဆံခြင်းအခွင့်ကိုအမှုမထားဘဲနေသောအခါကျွန်ုပ်တို့သည်ဆုံးရှုံးခြင်းခံရကြသည်။ နှုတ်ကပတ်တော်၏သမ္မာတ ရားများသည် ကျွန်ုပ်တို့၏စိတ်ထဲ၌ထင်ရှားခြင်းမရှိ၊ အဓိပ္ပါယ်လေးနက်ခြင်းမရှိတော့ချေ။ ကျွန်ုပ်တို့၏စိတ်နှလုံး များသည်၎င်းတို့၏သန့်ရှင်းစေခြင်းတန်ခိုးအားဖြင့်ထွန်းတောက်နိုးကြားခြင်းအမှုကိုရပ်စဲစေ၍ ကျွန်ုပ်တို့သည်ဝိ ညာဉ်ရေး၌ဆုတ်ယုတ်အားနည်းသွားကြ၏။ ကျွန်ုပ်တို့သည်ခရစ်ယာန်အချင်ချင်းပေါင်းသင်းဆက်ဆံရာတွင် အချင်းချင်းအပေါ်၌ထောက်ထားညာတာခြင်းသဘောမရှိလျှင်များစွာဆုံးရှံ့ခြင်းခံရကြ၏။ မိမိအဘို့သာအရာရာ ကိုပိတ်ပင်ထားသောသူသည်ဘုရားသခင်စီမံခန့်ထားသောနေရာကိုဆက်ခံနေသောသူမဟုတ်။ ကျွန်ုပ်တို့စိတ် ထဲ၌ပေါင်းသင်းဆက်ဆံခြင်းတိုးပွားလာစေရန်ပြုပြင်ပျိုးထောင်ပေးခြင်းဖြင့်ကျွန်ုပ်တို့သည်အခြားသောသူတို့ အားထောက်ထားစာနာလာတတ်ကြသည်။ ၎င်းပြင် ထိုသို့အားဖြင့် ဘရားသခင်၏ အမှုတော်တွင် ကျွန်ုပ်တို့ အား ကြီးပြွး၍ ခွန်အားနှင့်ပြည့်စုံလာစေလေ၏။SC 142.1

    ခရစ်ယာန်တို့သည် အတူတကွစည်းလုံးညီညွတ်စွာ ဆက်ဆံလျက်အချင်းချင်းတို့အားဘုရားသခင်၏ မေတ္တာတော်အကြောင်း၊ ရွေးနှုတ်ခြင်းနှင့်ဆိုင်သည့် အဘိုးထိုက်သောသမ္မာတရားများအကြောင်းကိုပြောပြ ကြလျှင်၊ သူတို့ကိုယ်တိုင်၏စိတ်နှလုံးများသည်ခွန်အားအသစ်နှင့်ပြည့်ဝလာလျက်၊ အချင်းချင်းတို့ကိုလည်းအား ပြည့်စေကြလိမ့်မည်။ ကျွန်ုပ်တို့သည်မိမိတို့၏ကောင်းကင်ခမည်းတော် အကြောင်းကို နေ့စဉ်ပိုမိုသိနားလည်လာ လျက် ကိုယ်တော်၏ကျေးဇူးတော်ကြောင့်၊ အသစ်သောကိုယ်တွေ့အဖြစ်အပျက်ကိုရရှိကြလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည်ကိုယ်တော်၏မေတ္တာတော်အကြောင်းကို ပြောပြကြလိမ့်မည်။ ၎င်းပြင်ဤသို့ပြုနေကြစဉ် ကျွန်ုပ်တို့၏ စိတ်နှလုံးတို့သည် ပူနွေးလာလျက်အားပြည့်လာကြလိမ့်မည်။ ကျွန်ုပ်တို့သည် သခင်ယေရှု အကြောင်းကိုသာ၍စဉ်းစား ဆင်ခြင်လျက် ပြောကြ၍ မိမိတို့အကြောင်း အနည်းငယ်သာစဉ်းစားလျက် ပြောဆိုကြလလျှင်၊ ကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်သည်သာ၍ကြာမြင့်စွာနေတော်မူခွင့်ရလိမ့်မည်။SC 142.2

    ဘုရားသခင်သည်ကျွန်ုပ်တို့ကိုစောင့်ရှောက်တော်မူကြောင်းထင်ရှားသောသက်သေများရှိသလောက် ကျွန်ုပ်တို့သည်ဘုရားသခင်၏ကြောင်းကိုမကြာခဏစဉ်းစားဆင်ခြင်ကြလျှင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အစဉ်သဖြင့်စွတ်စွဲလန်းလျက် ဘုရားသခင်အကြောင်း၏အကြောင်းကိုပြော၍ ဘုရားသခင်အကြောင်းကိုချီးမွမ်း ရန်နှစ်သက်ကြလိမ့်မည်။ ကျွန်ုပ်တို့ သည်မိမိတို့၏ မိတ်ဆွေများကိုသာ၍ချစ်ခင် နှစ်သက်သဖြင့် သူတို့၏အ ကြောင်းကို ပြောပြတတ်ကြသည်။ သူတို့နှင့်အတူတကွ ကျွန်ုပ်တို့သည်ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းအမှုတို့ကို ဝေငှခံယူတတ်ကြသည်။ သို့သော်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လောကီးမိတ်ဆွေများကို ချစ်ခင်သည်ထက် ဘုရားသခင်ကိုချစ်ခင်ရန် သာလွန်ကြီးကျယ်သောအကြောင်းရင်းရှီပေသည်။ ၎င်းပြင်ကျွန်ုပ်တို့၏ အကြံအစည်များတွင် ဘုရားသခင်ကိုရှေးဦးစွာထားခြင်း၊ ဘုရားသခင်၏ ကရုဏာတော်အကြောင်းနှင့်တန်ခိုး တော်အကြောင်း ပြောပြခြင်းအမှုတို့သည် လောကတွင် အမှန်ကန်ဆုံးသောအရာဖြစ်ရပေမည်။ ကျွန်ုပ်တို့ ၌ ဘုရားသခင်အား ပြန်ပေးစရာဘာမျှမရှိရလောက်အောင်၊ ကျွန်ုပ်တို့သည်ဘုရားသခင်ချပေးတော်မူသောများစွာ သောဆုကျေးဇူးများကိုသာ အလွန်အမင် စွဲလမ်းမက်မောနေစေရန်ဘုရားသခင်၏အကြံရှိတော်မူသည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏အကြောင်းကို အစဉ်အမြဲသတိရလျက် ကောင်းကင်ကျေးဇူးရှင်နှင့်ကျွန်ုပ်တို့အား မေတ္တာနှင့်ကျေးဇူးတင်တတ်သောသဘောတည်းဟူသော အနှောင်အဖွဲ့များအားဖြင့် စည်းလုံးထားစေရန်ဖြစ် ပေသည်။ ကျွန်ုပ်တို့သည်ကမ္ဘမြေကြီး၏နိမ့်သောလွင်ပြင်များတွင် အလွန်နီးကပ်စွာနေကြသည်။ “ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ချဉ်းကပ်ကြသော သူတို့ကိုအစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူသော” (ဟေဗြဲ ၊ ၇း ၂၅။) သခင် ခရစ်တော်၏မျက်နှာတော်တွင် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်ကိုထွန်းတောက်စေသ့်အထက်သန့်ရှင်း ရာအရပ်၏တန်ခါးကိုဖင့်ရန်ကျွန်ုပ်တို့သည် အထက်သို့မြော်ကြည့်ကြကုန်အံ့။SC 143.1

    “လူသားတို့၌ပြုတော်မူသောကရုဏာတော်နှင့်အံ့ဘွယ်သောအမှုတော်တို့ကိုထောက်၍” (ဆာလံကျမ်း ၁၀၇း ၈။) ကျွန်ုပ်တို့သည်ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းသင့်ကြသည်။ ဘုရားဝတ်ပြုကိုးကွယ်ရေး အမှုတွင် ကျွန်ုပ်တို့ကသာ တောင်းလျှောက်၍ခံယူနေခြင်းအမှုများမရှိစေသင့်။ ကျွန်ုပ်တို့သည် မိမိတို့၌ လိုသော အရာများကိုသာအမြဲစဉ်းစားမနေကြပါနှင့်။ ၎င်းပြင်ကျွန်ုပ်တို့ခံစားရသောအကျိုးကျေးဇူးများကိုသာဘယ်အခါမျှ တွေးတောမနေပါနှင့်။ ကျွန်ုပ်တို့သည်တစုံတခုသောအရာအတွက်အလွန်အမင်ဆုတောင်းကြသည်မဟုတ်။ သို့ ရာတွင်အနည်းငယ်သောကျေးဇေူးတော်ကိုချီးမွမ်းတတ်ကြသည်၊ ကျွန်ုပ်တို့သည်ဘုရားသခင်၏ကရုဏာတော် ကိုအမြဲသဖြင့်ခံယူရရှိနေကြသော်လည်း၊ ကျွန်ုပ်တို့သည်ကျေးဇူးဆက်ခြင်းလက္ခဏာကိုအနည်းငယ်လောက် သာပြတတ်ကြသည်တကား၊ ကျွန်ုပ်တို့အဘို့ ဘုရားသခင်ပြုတော်မူသောအမူများအတွက် ကျေးဇူးတော်ကိုအ နည်းငယ်သာချီးမွမ်းတတ်ကြသည်တကား။SC 144.1

    ရှေးအခါကာလ၌ ၊ဣသရေလလူတို့သည်ဘုရားသခင်အားဝတ်ပြုရန်စုရုံးကြသောအခါ၊ ထာဝရဘုရား က၊ “ထိုအရပ်၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ စားရကြမည်။ ပြုလေရာရာ၌၊ သင်တို့၏ဘုရား သခင်ထာဝရဘုရားကောင်းကြီးပေးတော်မူသဖြင့်၊ ကိုယ်တိုင်မှစ၍အိမ်သူအိမ်သားတို့သည်ရွှင်လန်းခြင်းကိုပြုရ ကြမည်” (တရားဟောရာကျမ်း၊ ၁၂း ၇။) ဟုဣသရေလလူတို့အားမှာထားတော်မူ၏။ ဘုရားသခင်၏ဘုန်းတော် ကိုထင်ရှားစေရန် ပြုရသောအမှုတို့ကို ဝမ်းနည်းခြင်း၊ စိတ်ပျက်ညိုးငယ်ခြင်းမရှိဘဲ၊ အားရဝမ်းမြောက်ခြင်း၊ ချီး မွမ်းသီချင်းကိုဆိုခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းအမှုတို့ဖြင့် ပြုအပ်ပေသည်။SC 144.2

    ကျွန်ုပ်တို့၏ ဘုရားသခင်သည်သနားခြင်းကရုဏာနှင့်ပြည့်စုံတော်မူသောခမည်းတော်ဖြစ်တော်မူ၏။ ဘုရားသခင်အားဝတ်ပြုရခြင်းအမှုတို့ကိုစိတ်ပျက်ညိုးငယ်ပူဆွေးဘွယ်ရာ အမှုကိစ္စကဲ့သို့သဘောမထားအပ်ပေ။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ခြင်းနှင့် ဘုရားသခင်၏အမှုတော်တွင်ပါဝင်ဆောင်ရွက်ခွင့်ရခြင်းတို့ကိုနှစ် သက်ပျော်မွေ့ဘွယ်အမှုများဖြစ်စေရမည်။ ဘုရားသခင်သည် မိမိ၏သားသမီးများအတွက်အလွန်ကြီးကျယ်သော ကယ်တင်ခြင်းအမှုကြီးကို စီမံခွဲခန့်ထားသည့်အလျောက်၊ သူတို့သည်ဘုရားသခင်ကို ကိုးကွယ်ရာ၌၊ မိမိအား ခက်ထန်ကြမ်းကြုတ်သောလုပ်ငန်းအုပ်ချုပ်သူကဲ့သို့သဘောထားစေရန်ဘုရားသခင်သည်အလိုရှိတော်မမူ။ ဘုရားသခင်သည် သူတို့၏အကောင်းဆုံးမိတ်ဆွေဖြစ်တော်မူ။ ၎င်းပြင်သူတို့သည်ဘုရားသခင်ကိုဝတ်ပြုကိုး ကွယ်ကြသောအခါ၊ ဘုရားသခင်သည် သူတို့နှင့်အတူရှိတော်မူလျက်သူတို့အားကောင်းကြီးပေး၊ သက်သာစေ တောမူပြီးလျှင်သူတို့၏စိတ်နှလုံးထဲ၌ ဝမ်းမြောက်ခြင်း၊ ချစ်ခြင်းနှင့်ပြည့်ဝစေတော်မူ၏။ ဘုရားသခင်၏ သား သမီးတို့အား၊ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ရာ၌ စိတ်သက်သာခြင်းအခွင့်ကိုရရှိစေရန်သော၎င်း၊ မိမိအမှုတော် ကိုဆောင်ရွက်ရာ၌ခက်ခဲသောအရာများထက် ပျော်မွေ့ဘွယ်ဖြစ်သောအရာများကိုရှာဖွေစေရန်သော၎င်း ထာ ဝရဘုရားသည်အလိုရှိတောမှု၏။ ဘုရားသခင်အားဝတ်ပြုရန်လာကြသော သူအပေါင်းတို့သည် ဘုရားသခင်၏ စောင့်ရှောက်ပြုစုခြင်းအမှုနှင့်ဘုရားသခင်၏မေတ္တာတော်အကြောင်းဆင်ခြင်အောက်မေ့လျက်မိမိတို့၏နေ့စဉ်အသက်တာ၏ လုပ်ငန်းရှီသမျှတွင် အားရဝမ်းမြောက်ခြင်းရှိ၍အရာခပ်သိမ်းတို့တွင် ဖြောင့်မတ်၊ သစ္စာရှိစွာနှင့် ဆောင်ရွက်ရန် ကောင်းမြတ်သောဂုဏ်အသရေကိုရရှိနိုင်မည်အကြောင်းထာဝရဘုရားသည်အလိုရှိတော်မူ၏။SC 145.1

    ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်ပတ်လည်းတွင်စုရုံးရကြမည်။ ဆင်ခြင်အောက်မေ့ရာ၌၎င်း၊ စကား ပြောဆိုရာ၌၎င်း၊ ဝမ်းမြောက်ဘွယ်အကောင်းဆုံးသောစိတ်ထကြွမှုတို့၌၎င်း သခင်ခရစ်တော်၏အကြောင်းနှင့် လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းကိုခံရသောကိုယ်တော်၏အကြောင်း တို့သည်အကြီးဆုံးအချက်ဖြစ်ပါစေ။ ဘုရားသခင်ထံတော်မှ ကျွန်ုပ်တို့ရရှိသောကောင်းကြေီးမင်္ဂလာရှီသမျှ တို့ကို အမြဲဆင်ခြင်အောက်မေ့လျက်နေရကြမည်။ ၎င်းပြင်ကျွန်ုပ်တို့သည်ကိုယ်တော်၏ မဟာမေတ္တတော်အ ကြောင်းကိုကောင်းစွာသိနားလည်လာကြသောခါ၊ ကျွန်ုပ်တို့အတွက်လက်ဝါးကပ်တိုင်၌ရိုက်ထားခြင်းခံရသော လက်တော်များထဲသို့အရာခပ်သိမ်းရှိသမျှတို့ကိုကျွန်ုပ်တို့သ်အပ်နှံထားဘို့ အလိုရှိကြလိမ့်မည်။SC 145.2

    ကျေးဇူးတော် ချီးမွမ်းခြင်း တောင်ပံများအားဖြင့် ဝိညာဉ်သည်ကောင်းကင်နှင့်သာ၍နီးကပ်စွာတက် ရောက်သွားနိုင်လိမ့်မည်။ ကောင်းကင်ဗိမာန်တော်ဝင်းထဲ၌ဘုရားသခင်သည်သီချင်းနှင့်တူရိယာများအားဖြင့် ချီးမွမ်းလျက်ဝတ်ပြုကိုးကွယ်ခြင်းကိုခံယူတော်မ၏။ ၎င်းပြင်ကျွန်ုပ်တို့သည်ကျေးဇူးတင်သောသဘောကိုဘော်ပြ နေကြသောအခါ၊ ကျွန်ုပ်တို့၏ကိုးကွယ်နည်းသည် ကောင်းသင်သားတို့၏ဝတ်ပြုနည်းလောက်နီးစပ်လာလေ၏။ “ကျေးဇူးချီးမွမ်းခြင်း၊ယဇ်ကိုပူဇော်သောသူသည်ဘုရားသခင်၏ဘုန်းကိုထင်ရှားစေသောသူဖြစ်၏။” (ဆာလံကျမ်း၊ ၅၀း၂၃။) မိမိတို့ဖန်ဆင်းရှင်ရှေ့တော်သို့ရိုသေသောဝမ်းမြောက်ခြင်း၊ “ကျေးဇူးတော်ကိုချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းနှင့်” ကျွန်ုပ်တို့ချဉ်းကပ်ကြစို့။ (ဟေရှာယ၊ ၅၁း ၃။)ူSC 146.1