Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသင်းတော်၏ အကြံဉာဏ်ကို ငြင်းပယ်သော သူတို့အတွက် အသင်းတော်၏ တာဝန်။

    သခင်ခရစ်တော်က ဖော်ပြတော်မူသော သွန်သင်ချက်တို့ကို သစ္စာနှင့် လိုက်နာခြင်း မပြုမီတိုင်အောင်၊ မှားယွင်းသော သူ၏ နာမည်ကို အသင်း တော်၏ စာရင်းမှ ထုတ်ပယ်ရမည်ဟု မည်သည့် အသင်းတော် အမှုဆောင် တစ်ယောက်ကမျှ အကြံမပေးရ၊ မည်သည့် ကော်မတီကမျှ ထောက်ခံ ပြောဆိုခြင်း မပြုရ၊ မည်သည့် အသင်းတော်ကမျှ သဘောတူကြောင်း မပြရ။ ဤသွန်သင်ချက်ကို လိုက်နာပြီးသောအခါ၊ အသင်းတော်သည် ဘုရားသခင် ရှေ့တော်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်၏။ ထိုနောက် မကောင်းသော အမှုကို မကောင်းသည်အတိုင်း ထင်ရှားစေရမည်။ ၎င်းပြင် ထိုအမှုကို ပြန့်ပွား မသွားစေရန် ပယ်ရှားရမည်။ အသင်းတော်သည် ဘုရားသခင် ရှေ့တော်၌ ညစ်ညူးခြင်း ကင်းလျက် သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်လုံကို ဝတ်လျက် ရှိမည် အကြောင်း အသင်းတော်၏ ကျန်းမာရေး နှင့် ဖြူစင်ရေးကို ထိန်းသိမ်း စောင့်ရှောက်ရမည်။CCB1 244.4

    မှားယွင်းသော သူသည် နောင်တရ၍ သခင်ခရစ်တော်၏ ဆုံးမ သွန်သင်ခြင်းကို ဝန်ခံလျှင်၊ သူ့ကို တစ်ဖန် ပြန်၍ စစ်ဆေး စုံစမ်းရမည်။ သူသည် နောင်တမရ၊ အသင်းတော်၏ အပြင်ဘက်၌ပင် ရှိနေသေးလျှင်၊ ဘုရားသခင်၏ ကျွန်တို့သည် သူ့အတွက် ကျိုးစား၍ အမှုဆောင်ရွက်ရန် တာဝန် ရှိသေးသည်။ သူ့အား တစ်ဖန် ပြန်၍ နောင်တရစေရန် သူ့အတွက် စိတ်အားကြီးစွာ ကြိုးစားဆောင်ရွက်ရကြမည်။ ၎င်းပြင် သူ၏ အပြစ်သည် တိုးပွား ကြီးကျယ်လာသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပြုပြင်ခြင်းကို ခံယူ၍ အပြစ်ကို ဝန်ချ တောင်းပန်လျက် စွန့်ပစ်ခြင်းအားဖြင့် နောင်တရခြင်း၏ သက်သေကို ပြလျှင်၊ သူ၏ အပြစ်ကို လွှတ်ပြီးလျှင်၊ အသင်းတော်ထဲသို့ ပြန်၍ လက်ခံရကြမည်။ သူ၏ ညီအစ်ကိုတို့သည် သူ့အား မှန်သော လမ်းကို လိုက်ဖို့ တိုက်တွန်း နှိုးဆော်ကြလျက်၊ သူတို့သည်လည်း သွေးဆောင်ခြင်း ခံရ၍ သူ၏ နေရာ၌ ရှိနေခဲ့လျှင် ပြုမူခြင်း ခံလိုသည် နည်းတူ သူ့ကိုလည်း ပြုမူကြလော့။CCB1 245.1

    “ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက် ရှိလိမ့်မည်။” ငယ်၊ ၁၈။CCB1 245.2

    ကာလ အဆက်ဆက်တိုင်းတွင် ဤဖော်ပြချက်သည် အတည် ဖြစ်ရမည်။ သခင်ခရစ်တော်၏ ကိုယ်စား ပြုလုပ်ဆောင်ရွက်ရန် အသင်းတော်ပေါ် ၌ အခွင့်တန်ခိုးကို ပေးအပ်ထားတော်မူ၏။ မိမိ၏ လူတို့အထဲတွင် နေရာတကျ ရှိခြင်း၊ စည်းကမ်းသေဝပ်ခြင်း ရှိစေရန် ထိန်းသိမ်းပေးဖို့ အသင်းတော်သည် ဘုရားသခင်၏ ကိုယ်စားတော် ဖြစ်၏။ အသင်းတော်၏ တိုးပွားရေး၊ သန့်ရှင်းရေး နှင့် နေရာတကျ ရှိရေးနှင့် ဆိုင်သော ပြဿနာ အပေါင်းကို ဆုံးဖြတ်ဖို့ရန် သခင်ဘုရားသည် အသင်းတော်အား အခွင့်တန်ခိုးကို ပေးအပ်တော်မူပြီ။ မထိုက်တန်သော သူ၊ သခင်ခရစ်တော်ကဲ့သို့ မကျင့်ခြင်းဖြင့် ပယ်ရှားရန် တာဝန်သည် အသင်းတော်ပေါ်၌ တည်ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဖော်ပြထားသော ညွှန်ကြားချက်များနှင့် အညီ အသင်းတော်က ပြုမူသမျှသော အမှုတို့ကို ကောင်းကင်တွင် အတည် ဖြစ်စေလိမ့်မည်။CCB1 245.3

    အလွန် အရေးကြီးသော ကိစ္စများသည် အသင်းတော်အားဖြင့် ဆုံးဖြတ်ရန် ရောက်ရှိလာတတ်ကြသည်။ မိမိ၏ လူများကို လမ်းပြရန် ဘုရားသခင် ခန့်ထားတော်မူသော သင်းအုပ်ဆရာများတို့သည် မိမိတို့၏ တာဝန်ကို ဆောင်ရွက်ပြီးကြသောအခါ၊ ထိုကိစ္စ တစ်ခုလုံးကို ဆုံးဖြတ်ရာ၌ ညီညွတ်ခြင်း ရှိဖို့ရန် ၎င်းကို အသင်းတော်အား တင်ပြရကြမည်။CCB1 246.1

    မိမိ၏ တပည့်တော်တို့သည် အချင်းချင်းတို့ အပေါ်၌ ပြုမူရာတွင် သတိကြီးစွာ ထားဖို့ ထာဝရဘုရားသည် အလိုရှိတော်မူ၏။ သူတို့သည် မြှင့်တင်ပေးရမည်၊ ပြန်၍ ပြုပြင်ပေးရမည်၊ ကျန်းမာ ချမ်းသာစေရမည်။ သို့ရာတွင် အသင်းတော်၌ သင့်တော်သော စည်းကမ်းဥပဒေတို့ကို ဂရုမစိုက်ဘဲ မနေအပ်။ အသင်းသားများတို့သည် ကျောင်းတွင် ရှိနေကြသော တပည့်များကဲ့သို့ မိမိတို့ ကိုယ်ကို သဘောထားရကြလျက်၊ မိမိတို့အား အထက်မှ ခေါ်တော်မူသည်အတိုင်း သင့်တော် ထိုက်တန်သော အကျင့်များကို မည်ကဲ့သို့ ဖြစ်ပေါ်လာစေရန် သင်ကြား လေ့လာရကြမည်။ မြေကြီးပေါ်၌ ရှိသော အသင်းတော်တွင် ဘုရားသခင်၏ သားသမီးတို့သည် ကောင်းကင် အသင်းတော်တွင် ပြန်၍ စည်းလုံးခြင်း အမှုကြီးအတွက် ပြင်ဆင်ထားရကြမည်။ ဤမြေကြီးပေါ်၌ သခင်ခရစ်တော်နှင့် ညီညွတ်စွာ နေထိုင် ပြုမူကြသူတို့သည် ရွေးနှုတ်ခြင်း ခံရသော အိမ်ထောင်တွင် ထာဝရကာလ အသက်ရှင်စွာ နေထိုင်ဖို့ မျှော်လင့်နိုင်ကြသည်။57T 262-264;CCB1 246.2