Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မည်သူအား အပြစ်ကို ဖော်ပြ ဝန်ချ ရမည်နည်း။

    မိမိ အပြစ်လွတ်ရန် သို့မဟုတ် ဖုံးအုပ်ထားရန် ကြိုးစား၍ ကောင်းကင် စာစောင်များတွင် ဝန်ချ တောင်းပန်ခြင်း၊ ဖြေလွှတ်ခြင်း မရှိဘဲ တည်ရှိနေစေသေးသော သူအပေါင်းတို့အား စာတန်သည် အောင်မြင်လိမ့်မည်။ သူတို့၏ အလုပ်အကိုင်သည် သာ၍ မြင့်မြတ်၍ သူတို့၏ ရာထူးဋ္ဌာနသည် သာ၍ ဂုဏ်အသရေ ရှိလေလေ၊ သူတို့၏ အပြုအမူသည် ဘုရားသခင့် ရှေ့တော်၌ သာ၍ အပြစ်ကြီးလျက် သူတို့၏ ရန်သူကြီးသည် သာ၍ သေချာစွာ အောင်မြင်လေလေ ဖြစ်၏။ ဘုရားသခင်၏ နေ့အတွက် ပြင်ဆင်ခြင်း အမှုကို နှောင့်နှေးစေသော သူသည် ဒုက္ခရောက်သော ကာလ၌ ဖြစ်စေ၊ နောက် ဘယ်အချိန်၌ ဖြစ်စေ၊ ထိုပြင်ဆင်မှုကို မရနိုင်။ ထိုသို့သော သူအပေါင်းတို့၏ အမှုသည် မျှော်လင့်စရာ မရှိချေ။ 6GC 620;CCB1 247.1

    သင်၏ အပြစ် နှင့် အမှားကို မသိသော သူတို့အား သင်သည် ဖော်ပြဝန်ချဖို့ မလို။ မယုံကြည်သော သူတို့သည် ဝမ်းမြောက်ကြမည် အကြောင်း သင်၏ အပြစ်ကို အများ သိရှိစေရန် ဖော်ပြဝန်ချဖို့ သင်၏ တာဝန် မဟုတ်။ သို့ရာတွင် သင့်လျော်သော သူ၊ သင်၏ အမှားကို အခွင့်အရေး မယူသော သူထံ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ဖော်ပြ ဝန်ချ၍ သူတို့အား သင့်အတွက် ဆုတောင်းပေးကြပါစေ။ ထိုအခါ ဘုရားသခင်သည် သင်၏ အမှုကို လက်ခံ၍ သင့်ကို ကျန်းမာ ချမ်းသာစေတော်မူမည်။ သင်၏ ဝိညာဉ်အတွက် ထာဝရကာလအဖို့ သေချာစွာ ပြင်ဆင်ခြင်း ပြုရန် တောင်းပန်သည်ကို လက်ခံပါ။ သင်၏ ကြွားဝါခြင်း၊ စိတ်နေမြင့်ခြင်းတို့ကို ပယ်ရှား၍ ဖြောင့်မှန်သော အလုပ်ကို လုပ်ဆောင်ပါ။ သိုးခြံ တည်းဟူသော အသင်းတော်သို့ ပြန်လာပါ။ သိုးထိန်းကြီးသည် သင့်ကို လက်ခံရန် စောင့်နေတော်မူသည်။ နောင်တရ၍ သင်၏ ရှေးဦးစွာသော အလုပ်များကို လုပ်လျက် ဘုရားသခင့် ရှေ့တော်၌ တစ်ဖန် မျက်နှာရရန် လာရောက်ပါ။72T 296;CCB1 247.2

    သခင်ခရစ်တော်သည် သင်၏ ရွေးနှုတ်ရှင် ဖြစ်တော်မူ၏။ သင်၏ နှိမ့်ချသော ဝန်ချ တောင်းပန်ခြင်းကို ကိုယ်တော်သည် အခွင့်အရေးယူလျက် သင့်ကို အပြစ်တင်တော်မမူ။ သင် တစ်ယောက်တည်းနှင့် ဆိုင်သော အပြစ် ဖြစ်လျှင် သခင်ခရစ်တော်အား ဝန်ချ တောင်းပန်လော့။ ကိုယ်တော်သည် ဘုရားသခင် နှင့် လူ စပ်ကြားတွင် တစ်ဦးတည်းသော ဖြန်ဖြေသူ ဖြစ်တော်မူ၏။ “တစ်စုံတစ်ယောက်သော သူသည် ဒုစရိုက်ကို ပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ် တည်ဟူသော ငါတို့ အမှုဆောင် သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ၁ ယောဟန်၊ ၂: ၁။ သင်သည် ဆယ်ဖို့တစ်ဖို့ နှင့် အလှူငွေတို့ကို ဘုရားသခင်အား မပေးဘဲ နေခြင်းဖြင့် အပြစ်ပြုလျှင်၊ ဘုရားသခင် နှင့် အသင်းတော်အား မိမိ အပြစ်ကို ဖော်ပြ ဝန်ခံလော့။ ထိုနောက်၊ “ဆယ်ဖို့တစ်ဖို့ ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်းကြလော့” ဟူသော အမိန့်တော်ကို သင့်အား ပေးထားတော်မူသည်ကို ဂရုစိုက်လော့။ မာလခိ၊ ၃: ၁၀။ 8CH 374;CCB1 247.3

    ဘုရားသခင်၏ လူများတို့သည် အချင်းချင်း နားလည်မှု ရှိလျက် ဆောင်ရွက်ရကြမည်။ ထင်ရှားသော အပြစ် ရှိသမျှကို ဝန်ချ တောင်းပန်ခြင်း မပြုမီတိုင်အောင် သူတို့သည် စိတ်ကျေနပ်ခြင်း ရှိရကြမည် မဟုတ်။ ထိုနောက်မှ သခင်ယေရှုသည် သူတို့ကို လက်ခံတော်မူသည်ဟု ယုံကြည်ခြင်းသည် သူတို့၏ အခွင့်အရေး နှင့် တာဝန် ဖြစ်ပါသည်။ အခြားသော သူတို့သည် မှောင်မိုက်ထဲသို့ တိုးဝင်သွား၍ သူတို့အတွက် အောင်မြင်ခြင်း အခွင့်ကို ခံစားရကြသည်ကို သူတို့သည် စောင့်ဆိုင်းမနေရ။ ထိုသို့သော ခံစားရမှုသည် စည်းဝေးပြီးသည်တိုင်အောင်သာ ကြရှည်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို စိတ် အထင်အတိုင်း မဟုတ်ဘဲ၊ သဘာဝ အခြေခံတရားအတိုင်း ကိုးကွယ်ဝတ်ပြုရမည်။ နံနက် နှင့် ညတိုင်း သင်၏ အိမ်ထောင်တွင် သင့်တို့ ကိုယ်တိုင်အတွက် အောင်မြင်ခြင်းကို ရအောင် ကြိုးစားပါ။ သင်၏ နေ့စဉ် လုပ်ငန်းအားဖြင့် ဤအမှုကို မတားဆီးပါစေနှင့်။ ဆုတောင်းရန် အချိန်ထားပါ၊ ၎င်းပြင် ဆုတောင်းစဉ်၊ ဘုရားသခင်သည် သင့် စကားကို နားညောင်းတော်မူကြောင်း ယုံကြည်ပါ။ ယုံကြည်ခြင်းကို သင်၏ ဆုတောင်းခြင်းနှင့် ရောနှောထားပါ။ သင်၏ ဆုတောင်းခြင်းကို ချက်ချင်း နားညောင်းတော်မူကြောင်း သင်သည် အမြဲ မသိရှိနိုင်။ သို့သော် ထိုအခါ၌ ယုံကြည်ခြင်းကို စုံစမ်းတော်မူတတ်၏။CCB1 248.1