Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၆။—ဒုက္ခဆင်းရဲ ရောက်သူတို့ အပေါ်၌ ခရစ်ယာန်တို့ ထားအပ်သော သဘော။

    လူသည် ကိုယ်နှင့် စပ်ဆိုင်သော သူကို ချစ်သည် မချစ်သည်ကို ပြရန် အခွင့်အရေးကို ဘုရားသခင်က လူအား ပေးထားတော်မူ၏။ ဘုရားသခင်ကို လည်းကောင်း၊ လူအချင်းချင်းကို လည်းကောင်း အမှန် ချစ်ခင်သော သူကား၊ ဆင်းရဲသူ၊ ဒုက္ခရောက်သူ၊ ဒဏ်ရာရသူ၊ သေခါနီးသော သူတို့အား ကရုဏာကို ပြသော သူ ဖြစ်သည်။ လူ၏ ကိုယ်ခန္ဓာ၌ ဖန်ဆင်းရှင်၏ သန့်ရှင်း ကောင်းမြတ်သော ပုံသဏ္ဍာန်ကို ပြန်၍ ရရှိစေဖို့ ကြိုးစားရန်၊ မိမိ အမှု မထားသော အမှုကို ဆောင်ရွက်ရန် လူတိုင်းအား ဘုရားသခင်က ခေါ်တော်မူ၏။1WM 49;CCB1 251.1

    အခြားသော သူတို့အတွက် ဤအမှုကို ဆောင်ရွက်ရန် ကြိုးပမ်းမှု၊ ကိုယ်ကို ငြင်းပယ်မှု၊ ကိုယ်ကို ဆက်ကပ် ပူဇော်ဖို့ လိုပေသည်။ သို့ရာတွင် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ကျွန်ုပ်တို့အတွက် စွန့်တော်မူရာ၌ ပူဇော်ခြင်း အမှုနှင့် နှိုင်းယှဉ်သော် ကျွန်ုပ်တို့၏ ဆက်ကပ် ပူဇော်ခြင်းသည် မည်မျှ သေးငယ်သနည်း။26T 283;CCB1 251.2

    ထာဝရအသက်ကို အမွေခံရန် လိုက်နာအပ်သော အချက်တို့ကို ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် အလွန် လွယ်ကူသော နည်းဖြင့် ထင်ရှားစွာ ဖော်ပြထားပါသည်။ ဓါးပြတိုက်၍ ဒဏ်ရာရသော သူသည် (လု၊ ၁၀: ၃၀-၃၇) ကျွန်ုပ်တို့ စိတ်ဝင်စား၍ ထောက်ထား ညှာတာလျက် ကျေးဇူးပြုအပ်သော လူတို့ကို ပုံဆောင်ထားသည်။ ဒုက္ခရောက်၍ ဆင်းရဲသော သူတို့ကို ကျွန်ုပ်တို့သည် တွေ့မြင်ရလျက် မည်သူပင် ဖြစ်စေ၊ ကျွန်ုပ်တို့သည် ဂရုမစိုက်ဘဲ နေခဲ့လျှင်၊ ကျွန်ုပ်တို့သည် ထာဝရအသက်ကို ရဖို့ မသေချာနိုင်ချေ။ အကြောင်းမူကား ကျွန်ုပ်တို့အား ဘုရားသခင်က တောင်းဆိုသော အချက်ကို မလိုက်နာသောကြောင့် ဖြစ်သည်။ ကျွန်ုပ်၏ မိတ်ဆွေ၊ ဆွေမျိုး မဟုတ်သောကြောင့် ကျွန်ုပ်တို့သည် လူတို့ကို သနားကြင်နာခြင်း မရှိတတ်ကြ။ နောက်ဆုံး ပညတ်တော် ခြောက်ပါးက မှီခိုနေသော ဒုတိယ ပညတ်ကြီးကို သင်တို့သည် လွန်ကျူးနေ သော သူ ဖြစ်ကြောင်း သိရှိရသည်။ ပညတ် တစ်ချက်၌ လွန်ကျူးသော သူသည် အားလုံးကို လွန်ကျူး၏။ ဆင်းရဲသော သူ နှင့် ဒုက္ခရောက်သော သူတို့ကို ဂရုမစိုက်သော သူတို့သည် ပညတ်တော် ဆယ်ပါးတွင် ပဋ္ဌမ ပညတ် လေးပါးကို ဂရုမစိုက် မနှစ်သက်သော သူများ ဖြစ်ကြ၏။ ရုပ်ဆင်းတုကိုသာ နှစ်သက် စွဲလမ်း၍ ဘုရားသခင်ကို မချီးမြှောက်၊ အမြတ်ဆုံး နေရာ၌ မထားသော သူများ ဖြစ်ကြသည်။33T 524;CCB1 251.3

    သနားခြင်း ဂရုဏာ နှင့် ဖြောင့်မတ်ခြင်း မရှိသော သူ၊ ဆင်းရဲသော သူကို ဂရုမစိုက်သော သူ၊ ဒုက္ခရောက်နေသော သူတို့ကို အမှုမထားသော သူ၊ ကြင်နာ ယဉ်ကျေးခြင်း မရှိသော သူကား အကျင့်စာရိတ္တ တိုးပွားခြင်း ရှိလာရန် ဘုရားသခင်သည် သူ နှင့်အတူ ပြုမူဆောင်ရွက်ခြင်းငှါ မဖြစ်နိုင်အောင် ပြုကျင့်နေသည်ဟု ကျောက်ပေါ်တွင် သံကလောင်ဖြင့် ရေးသကဲ့သို့ သြတ္တပ္ပစိတ် ပေါ်တွင် ရေးထားရမည်။ ကျွန်ုပ်တို့၏ အကျိုးကျေးဇူး နှင့် အခွင့်အရေးတို့ကို အခြား သူတို့၏ ဒုက္ခဆင်းရဲခြင်းကို သက်သာစေဖို့ အသုံးချခြင်းဖြင့် ထိုကဲ့သို့ အခြားသူတို့အား ကြင်နာစွာ ထောက်ထားကြသောအခါ၊ စိတ်နှလုံးကို ပြုပြင်ခြင်း အမှုသည် သာ၍ လွယ်ကူစွာ ပြီးမြောက်သွားလေ၏။ ကျွန်ုပ်တို့အတွက် ရသမျှကို စုဆောင်း သိုလှောင်ထားခြင်း အမှုသည် စိတ်ဝိညာဉ်ကို ဆင်းရဲစေတတ်၏။ သို့ရာတွင် သခင်ခရစ်တော်၏ နည်းမျိုးဖြင့် ဆောင်ရွက်လျက် ဘုရားသခင်က ဆောင်ရွက်ရန် ပေးအပ်ထားသော အလုပ်ကို ဆောင်ရွက်ကြမည့် သူတို့သည် သခင်ခရစ်တော်၏ သဘောတော်မျိုး အားလုံးကို ရဖို့ အသင့် ရှိကြသည်။46T 262;CCB1 252.1

    ကယ်တင်ရှင်သည် အဆင့်အတန်း နှင့် ဇာတ် (မျိုးရိုး) လောကီဂုဏ် နှင့် စည်းစိမ်ကို အရေးယူတော်မမူ။ အကျင့်စာရိတ္တ နှင့် ရည်ရွယ်ချက်၌ စိတ်စွဲလမ်းမှု ရှိခြင်းကို ကိုယ်တော်သည် အလွန် တန်ဖိုးထားတော်မူ၏။ ခွန်အားကြီးသော သူ၊ လောကတွင် မျက်နှာရသော သူတို့နှင့် ကိုယ်တော်သည် အတူ ရှိတော်မမူ။ အသက်ရှင်သော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသော ကိုယ်တော်သည် ဆုံးရှုံးနေသော သူကို ချီမရန် မိမိ ကိုယ်ကို ညွတ်တော်မူ၏။ ဂတိဝန်ခံချက်များ၊ စိတ်ချစရာ စကားများအားဖြင့် ပျောက်ဆုံး ပျက်စီးနေသော ဝိညာဉ်ကို ရရှိရန် ကိုယ်တော်သည် ရှာကြံ ကြိုးစားတော်မူ၏။ ကိုယ်တော်၏ တပည့်တော်များတွင် မည်သူ ကြင်နာ သနား၍ ထောက်ထား စာနာခြင်း ရှိ သည်ကို ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် စောင့်ကြည့်နေကြသည်။ ဘုရားသခင်၏ လူတို့တွင် မည်သူသည် သခင်ယေရှု၏ မေတ္တာတော်ကို ထင်ရှားစေမည်နည်းဟု သူတို့သည် စောင့်ကြည့်နေကြသည်။56T 268;CCB1 252.2

    ဘုရားသခင်သည် သင်၏ စွန့်ကြဲပေးကမ်းမှုကိုသာ အလိုရှိတော်မူသည် မဟုတ်၊ သင်၏ ဝမ်းမြောက် ရွှင်မြူးသော မျက်နှာ၊ သင်၏ မျှော်လင့်ဖွယ် စကားများနှင့် စိတ်ပါစွာ လက်ဆွဲနှုတ်ဆက်ခြင်းကိုလည်း ပြစေဖို့ အလိုရှိတော်မူ၏။ သခင်ဘုရား၏ ဆင်းရဲဒုက္ခရောက်သူတို့ကို သွားရောက် ကြည့်ရှုစဉ်၊ မျှော်လင့်ရာ မဲ့သော သူတို့ကို သင် တွေ့ရလိမ့်မည်။ သူတို့အား မျှော်လင့်ခြင်း ဝမ်းမြောက်ခြင်း တည်းဟူသော နေရောင်ခြည်ကို ပြန်ရရှိစေဖို့ ကြိုးစားပါ။ အသက်မုန့်ကို လိုသော သူများ ရှိကြသည်။ သူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြပါ။ အခြားသူတို့သည် စိတ်ဝိညာဉ်၌ ရောဂါ သက်ရောက်နေ၍ လောကီ ဆေးဝါး သို့မဟုတ် ဆရာဝန်ဖြင့် ကျန်းမာခြင်းသို့ မရောက်နိုင်။ ဤသူတို့အတွက် ဆုတောင်းပေး၍ သခင်ယေရှုထံ သူတို့ကို ယူဆောင်လာပါ။66T 277;CCB1 253.1