Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သခင်ခရစ်တော်ကဲ့သို့ အကျင့်စာရိတ္တကို ဖြစ်ပေါ်လာစေခြင်း။

    သခင်ခရစ်တော်၏ ဘာသာတရားသည် ၎င်းကို လက်ခံသော သူကို ဘယ်အခါမျှ ယုတ်ညံ့သွားစေခြင်းငှါ မပြု။ သူ့အား ကြမ်းတမ်းခြင်း၊ မယဉ်ကျေးခြင်း၊ ကိုယ်ကို အထင်ကြီးခြင်း၊ အမျက်ထွက်ခြင်း၊ စိတ်နှလုံး ခိုင်မာခြင်း သဘောများ ရှိစေဖို့ မည်သည့်အခါမျှ ပြုလုပ်မပေးပါ။ ၎င်းဘာသာတရားသည် ဆန့်ကျင်ဘက် ပြုပြင်၍ အပြုအမူတို့ကို ယဉ်ကျေး သိမ်မွေ့စေ၍ ဝေဖန် ပိုင်းခြားခြင်းကို သန့်ရှင်း စင်ကြယ်စေလျက် အကြံအစည်များကို ဖြူစင် မြင့်မြတ်စေပြီးလျှင်၊ ၎င်းတို့ကို သခင်ခရစ်တော်၏ အလိုတော်အတိုင်း ဖြစ်လာစေ၏။ မိမိ၏ သားသမီးများအတွက် ဘုရားသခင် စီမံထားတော်မူသော ပုံစံ နမူနာသည် လူတို့က အမြင့်ဆုံး ကြံစည်သမျှထက် သာ၍ မြင့်၏။ ဘုရားသခင်သည် မိမိ၏ ပညတ်တရားတော်တွင် မိမိ၏ သဘောတော်၊ ဂုဏ်တော်ကို ရေးသား ဖော်ပြထားတော်မူ၏။CCB1 278.1

    သခင်ခရစ်တော်နှင့် တူညီခြင်း အမှုသည် ခရစ်ယာန်တို့၏ အကျင့်တွင် ပုံစံ ဖြစ်သည်။ အမြဲသဖြင့် တိုးတက်ရာ လမ်းကို ကျွန်ုပ် ရှေ့၌ ဖွင့်ပြထား၏။ ကျွန်ုပ်တို့ ရရှိဖို့ရန် မျှော်မှန်ထားသော အကျိုးတစ်ခု ရှိသည်။ မှီဖို့ရန် ပုံစံ တစ်ခု ရှိသည်။ ၎င်းတွင် ကောင်းမြတ်၊ ဖြူစင်၊ မြင့်မြတ်သော အရာတိုင်း ပါဝင်၏။ စုံလင်သော အကျင့်ကို ရရှိရန် အမြဲသဖြင့် ကြိုးစား အားထုတ်လျက် ရှေ့သို့ လည်းကောင်း အထက်သို့ လည်းကောင်း အစဉ် တိုးတက် ကြီးပွားအောင် ပြုလုပ်ရကြမည်။28T 63, 64;CCB1 278.2

    ကျွန်ုပ်တို့သည် အသီးအသီး အစဉ်ထာဝရ မိမိတို့၏ အကျင့်ဓလေ့က ပြုပြင်ပေးသည်အတိုင်း ဖြစ်ရကြမည်။ ကောင်းသော အကျင့်ဓလေ့တို့ကို ပုြပြင်၍ နေ့စဉ် တာဝန်တို့ကို ဆောင်ရွက်ရာ၌ သစ္စာရှိသော သူတို့၏ အသက်တာသည် တောက်ပသော အလင်းကဲ့သို့ ဖြစ်လျက် အခြားသော သူတို့၏ အသက် တာ လမ်းခရီးတွင် တောက်ပသော အလင်းရောင်ခြည်ကို ထွန်းလင်းစေလိမ့်မည်။ သို့သော် သစ္စာမရှိသော အကျင့်ဓလေ့မျိုး၌ မွေ့လျော်နေလျှင်၊ ပျော့ညံ့ပျင်းရိ၍ အမှုမထား ဂရုမစိုက်တတ်သော အကျင့် ဓလေ့များကို တိုး၍ ဖြစ်ပေါ်လာစေလျှင်၊ ဤအသက်တာ၌ သန်းခေါင်ယံထက် မှောင်မိုက်သော အမိုက်သည် ဖုံးလွမ်းလာလိမ့်မည်။ ၎င်းပြင် ထိုသို့သော သူအား နောင်ကာလ အသက်တာကို မရရှိနိုင်ရန် တားဆီး ပိတ်ပင်ထားလိမ့်မည်။34T 452;CCB1 278.3

    ထာဝရအသက်နှင့် ဆိုင်သော စကားများကို ဂရုစိုက်သော သူသည် မင်္ဂလာ ရှိ၏။ “သမ္မာတရား၏ ဝိညာဉ်” အားဖြင့် လမ်းပြခြင်း ခံရလျက် သူသည် သမ္မာတရား အပေါင်းထဲသို့ လမ်းညွှန်ခြင်း ခံရလိမ့်မည်။ သူသည် လောက၏ နှစ်သက်ခြင်း၊ ချီးမြှောက်ခြင်း၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည် မဟုတ်။ သို့သော် သူသည် ကောင်းကင် မျက်မှောက်၌ အဖိုးထိုက်တန်လိမ့်မည်။ “ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်း အခွင့်ကို ငါတို့သည် ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါတို့ကိုလည်း မသိကြ။” ၁ ယော၊ ၃: ၁။45T 439;CCB1 279.1