Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူတို့အား ကျမ်းစာဖို့ ညွှန်ပြရန်။

    သက်သေခံချက်များကို ရေးသား ဖော်ပြထားရာ၌ အသစ်သော အလင်းတရားကို ဖော်ပြဖို့ မဟုတ်၊ ဖော်ပြပြီးသော မှုတ်သွင်းတော်မူသော သမ္မာတရားတို့ကို စိတ်နှလုံး အပေါ်၌ ထင်ရှားစွာ စွဲမြဲ တည်ရှိစေရန် ဖြစ်သည်။ ဘုရားသခင်ကို လည်းကောင်း၊ လူ အချင်းချင်းတို့၌ လည်းကောင်း လူတို့ ပြုအပ်သော တာဝန် ဝတ္တရားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ထင်ရှားစွာ သီးသန့် ဖော်ပြထားခဲ့လေပြီ၊ သို့ရာတွင် အနည်းငယ်သာ သင်တို့သာလျှင် ပေးတော်မူသော အလင်းတရားကို လိုက်နာ စောင့်ရှောက်ကြသည်။ သမ္မာတရားကို ထပ်မံ၍ မပေးပါ၊ သို့သော် လူအပေါင်းတို့သည် အပြစ်လွတ်ခြင်း အခွင့်ကို မလိုတော့ဘဲ နေရကြမည် အကြောင်း၊ ဘုရားသခင်သည် ပေးထားခဲ့ပြီးသော သမ္မာတရားကြီးများကို သက်သေခံချက်များ အားဖြင့် လွယ်ကူစွာ ရှင်းပြလျက်၊ မိမိ ရွေးချယ်ထားသော နည်းလမ်းအတိုင်း လူတို့၏ စိတ်ကို ထကြွ နိုးကြားစေပြီး ၎င်းတို့ကို စိတ်ထဲ၌ စွဲလမ်းစေရန် လည်းကောင်း သက်သေခံချက်များ ကို လူတို့ ရှေ့၌ ဖော်ပြထားတော်မူပြီ။ သက်သေခံချက်များ တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အထင်အမြင် သေးငယ်သွားအောင် ပြုလုပ်သည် မဟုတ်။ သမ္မာတရာ၏ လွယ်ကူခြင်း အဖြစ်ကို လူအပေါင်းတို့၏ စိတ်ထဲ၌ စွဲလမ်းစေမည် အကြောင်း၊ ၎င်းကို ချီးမြှောက်၍ ၎င်းဘက်သို့ စိတ်ပါလာစေရန် ဖြစ်သည်။25T 665;CCB1 289.1

    ကျမ်းစာ နေရာ၌ အစားသွင်းရန် ဝိညာဉ်တော်ကို ပေးတော်မူသည် မဟုတ် - ဝိညာဉ်တော်ကို သွန်းလောင်းချပေးနိုင်သည် မဟုတ်။ သြဝါဒ နှင့် ဗဟုသုတ အားလုံးကို စစ်ဆေးဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စံနမူနာ ဖြစ်သည်ဟု ကျမ်းစာက အထင်အရှား ဖော်ပြထားသည်။ ဟေရှာယ က၊ “တရားတော်ကို လည်းကောင်း သက်သေခံတော်မူချက်ကို လည်းကောင်း နားထောင်ကြကုန်။ သူတို့ ပြောသော စကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင် သူတို့၌ အာရုဏ် မတက်သေး” ဟု ဖော်ပြထား၏။ (ဟေရှာ၊ ၈: ၂၀။) 3G. C. Introduction p. VII;CCB1 289.2

    ဘုရားသခင်၏ နှုတ်ကပတ်တော် အပြင် သက်သေခံချက်များအားဖြင့် အသစ်သော အလင်းတရားကို ဘုရားသခင်က ထပ်မံ ပေးတော်မူပြီဟု ထင်မှတ်နေခြင်းဖြင့် ခရစ်ယာန် ညီတစ်ယောက်သည် မိမိ၏ စိတ်ကို ရှုပ်ထွေးစေလိမ့်မည်။ သို့ရာတွင် ဤနေရာ၌ သူသည် မှားသော အလင်းတရားကို ဖော်ပြနေလေပြီ။ လူတို့အား နှုတ်ကပတ်တော်ကို သာ၍ ထင်ရှားစွာ နားလည်စေခြင်းငှါ၊ ဤနည်းအားဖြင့် မိမိ၏ နှုတ်ကပတ်တော်၌ သူတို့၏ စိတ်ကို စွဲလမ်းစေဖို့ ပြုလုပ်ရန် သင့်တော်သည်ဟု ဘုရားသခင်သည် သိမြင်တော်မူခဲ့ပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မှောင်မိုက်ဆုံးသော စိတ်ကိုပင် လင်းစေနိုင်လောက်အောင် အလင်းနှင့် ပြည့်စုံ၏။ ၎င်းပြင် ၎င်းကို နားလည်ခြင်းငှါ အလိုရှိသော သူ တစ်စုံတစ်ယောက်ကိုလည်း ထိုနှုတ်ကပတ်တော်က နားလည်နိုင်သော အခွင့်ကို ပေး၏။ သို့ရာတွင် ဤအရာ အားလုံးကို ဆန့်ကျင်ဘက် ပြုလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာ ဖတ်ရှုနေကြသည်ဟု ဆိုသော သူတို့သည် ၎င်း၏ အထင်ရှားဆုံးသော သြဝါဒများကို ဆန့်ကျင်ဘက် ပြုလျက် ပြုကျင့်နေထိုင်ကြသည်ကို တွေ့ရ၏။ ထိုနောက် ယောက်ျား မိန်းမတို့အား အပြစ်လွှတ်ခြင်း အခွင့်ကို မရှိစေတော့ဘဲ၊ ဘုရားသခင်က၊ ထင်ရှား၍ အချက်ကျသော သက်သေခံချက်များကို ပေးလျက်၊ လိုက်နာရန် သူတို့ ဂရုမစိုက်ဘဲ နေခဲ့ကြသော နှုတ်ကပတ်တော်ထံသို့ သူတို့ကို ပြန်၍ ပို့ဆောင်တော်မူ၏။ မှန်ကန် နေထိုင်ပြုမူသော ဓလေ့များကို ဖြစ်စေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အများနှင့် ဆိုင်သော စည်းကမ်းဥပဒေများစွာပင် ရှိ၏။ သို့ရာတွင် အများနှင့် ဆိုင်၍ လူ အသီးအသီးနှင့် သင့်တော်သော သက်သေခံချက်တို့ကား အထူးသဖြင့် ဤစည်းကမ်း ဥပဒေများကို သတိပြုစေရန် သတ်မှတ်ထားခြင်း ဖြစ်၏။CCB1 290.1

    ကျွန်ုပ်သည် ကျမ်းစာအုပ်ကို ယူ၍ ၎င်း၏ ပတ်လည်တွင် ဘုရားသခင်၏ လူတို့အတွက် ပေးထားသော အသင်းတော်အတွက် သက်သေခံချက်များ ဟူသော စာအုပ် အများကို ချထား၏။ ကျွန်ုပ်ကား၊ ဤနေရာ၌ လူအပေါင်းတို့၏ အမှုကိစ္စ အားလုံးကို တွေ့ဆုံစေလေပြီဟု ပြောဆို၏။ သူတို့ ရှောင်ကြည်ရမည့် အပြစ်များကို ညွှန်ပြထားပြီး သူတို့ အလိုရှိသော အကြံဉာဏ်တို့ကို တွေ့ရှိနိုင်လျက် သူတို့၏ ကိစ္စများနှင့် တူသော အခြား ကိစ္စများအတွက်လည်း ဖော် ပြထားလေပြီ။ ဘုရားသခင်သည် သင့်အား ပညတ် တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း သွန်သင်ပေးဖို့ရန် နှစ်သက်တော်မူ၏။CCB1 290.2

    သို့ရာတွင် သက်သေခံချက်များတွင် မည်သည့်အရာများ ပါရှိသည်ကို အကယ်ပင် သိရှိကြသော သူတို့သည် သင်တို့ အထဲ၌ များစွာ မရှိကြချေ။ သင်သည် ကျမ်းစာ၌ ကျွမ်းကျင်ခြင်း မရှိ။ သင်သည် ကျမ်းစာ၏ စံနမူနာကို မှီအောင် လိုက်ဖို့ အလိုရှိလျက်၊ ခရစ်ယာန်တို့၏ စုံလင်ခြင်း အဖြစ်ကို ရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေချာစွာ လေ့ကျက် ဖတ်ရှုခဲ့လျှင်၊ သင်သည် သက်သေခံချက်များကို လိုလိမ့်မည် မဟုတ်။ ဘုရားသခင် မှုတ်သွင်းတော်မူသော စာအုပ်နှင့် သင်တို့သည် အကျွမ်းဝင်ခြင်းငှါ ဂရုမစိုက် အမှုမထားသောကြောင့်၊ ဘုရားသခင်သည် လွယ်ကူ၍ တိုက်ရိုက် ဖြစ်သော သက်သေခံချက်များအားဖြင့်၊ သင့်ထံသို့ ရောက်ရန် ကြံစည် ကြိုးစားတော်မူလျက်၊ လိုက်နာ စောင့်ရှောက်ဖို့ရန် သင် ဂရုမစိုက်ဘဲ နေခဲ့သော မှုတ်သွင်းထားတော်မူသော နှုတ်ကပတ်တော်ကို သတိပြုရန် သင့်အား ခေါ်ဖိတ်ပြီးလျှင်၊ ၎င်း၏ သန့်ရှင်း မြင့်မြတ်သော သြဝါဒများနှင့် အညီ သင်၏ အသက်တာကို ပြုပြင်ရန် သင့်အား တိုက်တွန်း နှိုးဆော်လျက် နေတော်မူ၏45T 663-665;CCB1 291.1