Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သက်သေခံချက်များကို ၎င်းတို့၏ အသီး (အကျိုး) များဖြင စစ်ဆေးကြည့်ရှုခြင်း။

    သက်သေခံချက်များကို ၎င်းတို့၏ အသီး (အကျိုး) များဖြင့် စစ်ဆေး စမ်းသပ်ကြည့်ပါစေ။ ၎င်းတို့ သွန်သင်သော သြဝါဒ၏ သဘောများကား အဘယ်သို့နည်း။ ၎င်းတို့၏ သြဇာလွှမ်းမိုးခြင်း၏ အကျိုးကား အဘယ်အရာများ ဖြစ်ခဲ့သနည်း။ ဤကဲ့သို့ ပြုလုပ်ရန် အလိုရှိသော သူ အပေါင်းတို့သည် ဤရူပါရုံများ၏ အသီး (အကျိုး) များနှင့် အကျွမ်းဝင်နိုင်ကြသည်။ ဘုရားသခင်သည် သူတို့အား အသက်ရှင်နေစေသေး၍ စာတန်၏ ခွန်အားများကို လည်းကောင်း၊ စာတန်အား ကူညီနေကြသော လူတို့၏ သြဇာ အာဏာများကို လည်းကောင်း တိုက်လှန်ရန် ခွန်အားနှင့် ပြည့်စုံစေခြင်းငှါ သင့်တော်သည်ဟု ဘုရားသခင်က သိမြင်တော်မူ၏။CCB1 291.2

    ဘုရားသခင်သည် မိမိ အသင်းတော်၏ အမှားများကို ဆုံးမ၍၊ သူတို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေလျက်၊ အသင်းတော်ကို သွန်သင်တော်မူ၏။ သို့မ ဟုတ် သွန်သင်ခြင်း မပြုဘဲ နေတော်မူ၏။ ဤအမှုသည် ဘုရားသခင်၏ အလုပ် ဖြစ်သည်။ သို့မဟုတ် ဘုရားသခင်၏ အလုပ် မဟုတ်ဘဲ ဖြစ်နေလိမ့်မည်။ ဘုရားသခင်သည် စာတန်နှင့် ပူးပေါင်းလျက် မည်သည့် အမှုကိုမျှ ပြုတော်မမူ။ ကျွန်ုပ် လုပ်ငန်းတွင် ဘုရားသခင်၏ တံဆိပ်၊ သို့မဟုတ် စာတန်၏ တံဆိပ် ပါရှိရမည်။ ဤကိစ္စ၌ တစ်ဝက်စီ ပါရှိသော အလုပ်မျိုး မဟုတ်။ သက်သေခံချက်များသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သက်ဆိုင်ရမည်။ သို့မဟုတ် နတ်ဆိုးနှင့် သက်ဆိုင်ရမည်။CCB1 291.3

    ထာဝရဘုရားသည် မိမိ ကိုယ်တော်တိုင်ကို ပရောဖက် ဟောသော စကားချက် သဘောအားဖြင့် ဖော်ပြ ထင်ရှားစေတော်မူသောအခါ၊ ပစ္စုပ္ပန် နှင့် အနာဂတ် ကာလများသည် ကျွန်ုပ်၏ အရှေ့၌ ပေါ်လာကြလေပြီ။ ကျွန်ုပ်တစ်ခါမျှ မမြင်ခဲ့ဖူးသော မျက်နှာများကို ပြတော်မူလျက်၊ နောက် နှစ်ပေါင်းများစွာကြာမှ သူတို့ကို တွေ့မြင်ရသောအခါ၊ သူတို့ကို ကျွန်ုပ် သိရှိ၏။ ကျွန်ုပ်သည် အိပ်နေရာမှ နိုးလာပြီးလျှင် လွန်ခဲ့သောအခါက ကျွန်ုပ်၏ စိတ်ထဲ၌ ဖော်ပြခဲ့သော အကြောင်းအရာတို့ကို ထင်ရှားစွာ မြင်နေရရာ၊ ၎င်းပြင် ကျွန်ုပ်သည် သန်းခေါ်ယံ၌ စာများကို ရေးခဲ့သဖြင့်၊ ထိုစာတို့သည် တိုင်းပြည်ကြီးကို ဖြတ်ကျော် ရောက်ရှိသွားကြလျက်၊ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်၍ ကြီးကျယ်သော ဒုက္ခကြီးကို အရေးဆိုက်ရာ အချိန်တွင် ကယ်ဆယ်ခဲ့လေပြီ။ ဤအမှုသည် နှစ်ပေါင်းများစွာ ကျွန်ုပ်၏ လုပ်ငန်း ဖြစ်၏။ ဤအမှုသည် နှစ်ပေါင်းများစွာ ကျွန်ုပ်၏ လုပ်ငန်း ဖြစ်၏။ ကျွန်ုပ် မထင်မိသော အမှားများကို ဆုံးမ သွန်သင်ရန် တန်ခိုး တစ်ခုက ကျွန်ုပ်အား တိုက်တွန်းခဲ့ပြီ။ ဤအမှုသည် အထက်မှ ဖြစ်သလော၊ အောက်မှ ဖြစ်သလော။55T 671;CCB1 292.1