Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ယုံမှားခြင်း ဖြစ်စေခြင်းသည် စာတန်၏ ရည်ရွယ်ချက် ဖြစ်၏။

    အများသော အမှုကိစ္စတို့၌ သက်သေခံချက်များ ကို လုံးလုံး လက်ခံကြသဖြင့်၊ အပြစ်များ နှင့် ကာမဂုဏ် လိုက်စားမှုများကို ပယ်ဖြတ်ကြလျက် ဘုရားသခင် ပေးတော်မူသော အလင်းတရားနှင့် ညီညွတ်စွာ ပြုပြင် ပြောင်းလဲခြင်း အမှုများကို ချက်ချင်း ပြုလုပ်ကြ၏။ အခြားသော ကိစ္စများတွင်၊ အပြစ် ဒုစရိုက်များကို လိုက်စားနေကြပြီးလျှင် သက်သေခံချက်များ ကို ငြင်းပယ်ကြလျက်၊ ၎င်းတို့ကို လက်ခံဖို့ ငြင်းပယ်ခြင်း၏ အကြောင်းရင်း အဖြစ် မမှန်သော ဆင်ခြေများကို အခြားသူတို့အား ပေးကြ၏။ မှန်သော အကြောင်းရင်း ကို မဖော်ပြကြချေ။ နာကျင်စေသော အကျင့်ဓလေ့ကို စွန့်ပယ်ရန် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ခိုင်ခံ့ခြင်း ရှိလျက်၊ စိုးမိုးနေသော အလိုရမ္မက် တည်းဟူသော အကျင့်နှင့် ဆိုင်သော ရဲရင့်ခြင်း ကင်းမဲ့နေခြင်းကြောင့် ဤကဲ့သို့ ဖြစ်ရသည်။CCB1 292.2

    ယုံမှားခြင်းများကို အကြံပေးရန် နှင့်၊ ဘုရားသခင် ပေးတော်မူ၍ အချက်ကျကျ ညွှန်ပြသော သက်သေခံချက်ကို ကန့်ကွက်ချက်များကို စီမံ ကြံစည်ရန် စာတန်၌ အရည်အချင်း ရှိသဖြင့်၊ မယုံကြည်ခြင်း၊ ဆင်ခြေပေးခြင်း၊ စကား ရှောင်ပြောခြင်းတို့သည် ပါရမီ တစ်ခု၊ အသိဉာဏ်၏ အမှတ် လက္ခဏာ တစ်ခု ဖြစ်သည်ဟု အများက ထင်မှတ်ကြ၏။ ယုံမှားခြင်း ရှိလိုသော သူတို့အဖို့ ယုံမှားနိုင်စရာ အကြောင်းများစွာ ရှိပေသည်။ မယုံကြည်ခြင်းအတွက် ဘုရားသခင်သည် အခွင့်အခါ အားလုံးကို ပယ်ရှားဖို့ ကြံစည်တော်မမူ။ ဘုရားသခင်သည် သက်သေကို ပေးတော်မူသဖြင့်၊ နှိမ့်ချသော စိတ်၊ သွန်သင်ပေးလိုသော သဘောနှင့် ၎င်းသက်သေကို သေချာစွာ စစ်ဆေး ကြည့်ရှုလျှင်၊ သက်သေ၏ အရေးကြီးသော သဘောကို လိုက်လျက် ဆုံးဖြတ်ရကြမည်။ ဘုရားသခင်သည် ယုံကြည်စေခြင်းငှါ ပွင့်ပွင့်လင်းလင်း ရှိသော စိတ်သဘောအား၊ လုံလောက်သော သက်သေကို ပေးတော်မူ၏။ သို့ရာတွင် မိမိ၏ သိမ်ငယ် ကျဉ်းမြောင်းသော ဉာဏ်အားဖြင့် အချို့သော အရာတို့ကို ထင်ရှားစွာ မသိနိုင်သောကြောင့်၊ သက်သေ၏ အရေးကြီးသော သဘောတို့မှ လွဲသွားသော သူသည် မယုံကြည်သော အခြေအနေ၊ ယုံမှား သံသယ ဖြစ်နေသော အဖြစ်၌ အတိဒုက္ခရောက်လျက် ရှိနေပြီးလျှင်၊ သင်္ဘောပျက်ရာတွင် ယုံကြည်ခြင်း ကင်းမဲ့နေသော သူကဲ့သို့ ဖြစ်လိမ့်မည်။CCB1 293.1

    ဘုရားသခင်၏ လူတို့အား သက်သေခံချက်များ၌ ယုံကြည်ခြင်း အားနည်းသွားစေရန် ပြုလုပ်ခြင်းသည် စာတန်၏ အကြံအစည် ဖြစ်သည်။ စာတန်သည် မိမိ၏ တိုက်လှန်ပွဲကို မည်ကဲ့သို့ ကျင်းပရမည်ကို သိရှိ၏။ လုပ်ငန်း၏ အထွဋ်တွင် ရှိသော သူတို့အား မနာလိုခြင်း၊ စိတ်မကျေနပ်ခြင်း ရှိစေရန် နှိုးဆော် တိုက်တွန်းခြင်းငှါ စာတန်သည် စိတ်ကို ပြုပြင်ပေး၏။ နောက်တစ်ဖန် ဆုကျေးဇူးများ အကြောင်းကို စစ်ဆေး မေးမြန်းကြ၏။ နောက်တစ်ဖန် သူတို့သည် အနည်းမျှသာ အရေးယူလျက် ရူပါရုံအားဖြင့် ဖော်ပြသော သွန်သင်ချက်များကို ဂရုမစိုက်ဘဲ နေကြ၏။ ထိုနောက် ကျွန်ုပ်တို့ ယုံကြည်ခြင်း၏ အရေးကြီးသော အချက်၊ ကျွန်ုပ်တို့ အခြေအနေ၌ မှီခို အားထားရာများတို့နှင့် ပတ်သက်၍ ယုံမှားခြင်း ရှိလာ၏။ ထိုနောက် သမ္မာကျမ်းစာကို ယုံမှားလာကြပြီးလျှင် ပျက်စီးခြင်းသို့ ရောက်သွားကြလေ၏။ တစ်ခါက ယုံကြည်ခဲ့သော သက်သေခံချက်များ ကို ယုံမှား၍ စွန့်ပယ်သောအခါ၊ လှည့်ဖြားခြင်း ခံရသော သူတို့သည် ဤနေရာ၌သာ ရပ်၍ မနေကြသည်ကို စာတန်သည် သိရှိ၏။ ၎င်းပြင် သူတို့အား ထင်ရှားစွာ ပုန်ကန်စေခြင်းငှါ သူသည် နှစ်ဆမျှ ကြိုးပမ်းလျက် တိုက်တွန်း အားပေးသဖြင့်၊ ထိုပုန်ကန်မှုကို ပြင်၍ မရတော့ဘဲ၊ သူတို့သည် အဆုံး၌ ပျက်စီးခြင်းသို့ ရောက်ရကြလေ၏။ ဘုရားသခင်၏ အမှုတော်နှင့် စပ်ဆိုင်၍ ယုံမှား သံသယ ရှိခြင်း၊ မယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ အားမကိုးသော သဘော နှင့် ရက်စက်စွာ မနာလိုခြင်း သဘောများကို မွေးမြူခြင်းအားဖြင့် လည်းကောင်း၊ သူတို့သည် လုံးလုံး လှည့်ဖြားခြင်း ခံရအံ့သောငှါ ပြင်ဆင်လျက် နေကြသည်။ သူတို့၏ အမှားများကို ပြောပြ၍ သူတို့၏ အပြစ်များကို ဆုံးမ ဖော်ပြဝံ့သော သူတို့အား သူတို့သည် အလွန် အမျက်ဒေါသထွက်လျက် သူတို့ကို ဆန့်ကျင်ဘက် ပြုကြ၏။CCB1 293.2

    သက်သေခံချက်များကို ထင်ရှားစွာ ငြင်းပယ်ကြသော သူ သို့မဟုတ် ၎င်းတို့ အကြောင်းနှင့် စပ်ဆိုင်၍ ယုံမှားခြင်း ရှိနေကြသော သူတို့သည် ထိုသူများသာ ဖြစ်ကြသည် မဟုတ်။ အလင်းတရားကို ဂရုမစိုက်ခြင်းသည် ၎င်းကို ငြင်းပယ်ခြင်း ဖြစ်၏။CCB1 294.1

    သင်သည် သက်သေခံချက်များ ၌ ယုံကြည် အားထားခြင်း မရှိလျှင်၊ သင်သည် ကျမ်းစာ၏ သမ္မာတရားများမှ ဝေးကွာစွာ မျောသွားနေလိမ့်မည်။ အများသော သူတို့သည် ဆင်ခြေပေး၍ ယုံမှားသော အခြေအနေ၌ ရှိကြလိမ့်မည်ဟု ကျွန်ုပ်သည် စိုးရိမ်လျက် ရှိခဲ့ပြီ။ ထိုကြောင့် သင်တို့၏ ဝိညာဉ်အတွက် ကျွန်ုပ်သည် စိတ်ပူပန်လျက် သင်တို့အား သတိပေးလိုပါသည်။ လူ မည်မျှသည် သတိပေးစကားကို ဂရုစိုက် သတိပြုကြလိမ့်မည်နည်း။65T 672-680CCB1 294.2